သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္ သမၼတေရြးေကာက္ပဲြနဲ႔ ျမန္မာႏြယ္ဖြား မဲဆႏၵရွင္မ်ား


ေအာင္တိုဘာ ၂၈ ရက္ေန႔က ႀကိဳတင္မဲ ထည့္သူမ်ား

(Zawgyi/Unicode)

နို၀င္ဘာလ ၃ ရက္ ေဒသစံေတာ္ခ်ိန္ နံနက္ခင္းအေစာပိုင္းကစတင္ၿပီး မဲရံုေတြ ဖြင့္လွစ္ေတာ့မယ့္ အဂၤါေန႔ အေမရိကန္သမၼတေရြးေကာက္ပဲြအတြက္ ျမန္မာႏြယ္ဖြားေတြထဲမွာလည္း အသဲၾကားက မဲတျပားခံယူခ်က္နဲ႔ မဲထည့္မယ့္သူေတြ၊ ႀကိဳတင္မဲထည့္ခဲ့သူေတြရွိသလုိ၊ သမၼတေလာင္း ႏွစ္ဦးလံုးကို မႀကိဳက္တဲ့အတြက္ မဲမထည့္ပဲ ေနတဲ့ သူေတြရွိေနၾကပါတယ္။ အေမရိကန္ေရြးေကာက္ပဲြ ေနာက္ဆံုးအေျခအေနေတြကို မအင္ၾကင္းႏိုင္က တင္ျပမွာပါ။

ေမရီလန္း ျပည္နယ္မွာ ႏွစ္ေပါင္း ၃၀ ၾကာေနထိုင္ေနတဲ့ ျမန္မာနြယ္ဖြား ကိုယဥ္ေထြးကေတာ့ သူ႔သက္တမ္းတေလ်ာက္ ဒီတႀကိမ္ သမၼတေရြးေကာက္ပဲြက အထူးျခားဆံုးျဖစ္သလို ေနာက္ဆံုးအခ်ိန္ထိ သမၼတေလာင္း ႏွစ္ဦး အၿပိဳင္အဆိုင္ မဲဆြယ္ေနတဲ့ အေျခအေနအေပၚ သူ႔ရဲ႕ အျမင္ကို ဗီြအိုေအကို အခုလိုေျပာပါတယ္။

“ က်ေနာ္အခုဆိုရင္ ႀကိဳတင္မဲကို ေပးခဲ့တယ္ေပါ့ေနာ္။ က်ေနာ္ကိုယ္လိုခ်င္တဲ့ ကိုယ့္မဲတျပားကလည္း အဖိုးတန္တယ္ဆိုတာ ကိုယ့္ မဲတျပား မဆံုးရႈံးေအာင္ ႀကိဳတင္မဲကိုသြားေပးလိုက္တယ္။ အခုလက္ရွိအေျခအေန က်ေနာ္တို႔တြက္ၾကည့္ရင္ သတင္းေတြထဲမွာလာတာဆိုရင္ သူတို႔က အျပိဳင္အဆိုင္ျဖစ္ေနတယ္။ ဒါေပမယ့္လည္း အခုတြက္ျပတဲ့ ပံုစံုအရဆိုရင္ ႀကိဳတင္မဲက လြန္ခဲ့တဲ့ အခ်ိန္ကာလမွာ ေပးတဲ့ ႀကိဳတင္မဲနဲ႔ အခုလက္ရွိ ေပးတဲ့ ႀကိဳတင္မဲက ဒီႏွစ္က အံ႔ၾသေလာက္ေအာင္ ႀကိဳတင္မဲက ပိုၿပီး မ်ားျပားတာေတြ႔တယ္။ အဲဒါဘာေၾကာင့္လဲဆိုေတာ့ အခုလက္ရွိ သမၼတရဲ႕ လုပ္ရပ္ေတြ၊ သမၼတ လုပ္ပံု ကိုင္ပံုေတြေပါ့ေနာ္ ၊ COVID 19 နဲ႔ ပတ္သက္တာေတြေရာ က်ေနာ္တို႔ လူျဖဴလူမဲ ျပႆနာေတြေရာမွာ သူ႔ကိုင္တြယ္ပံုေတြက နည္းနည္း ညံ႔ဖ်င္းလို႔ ဆိုၿပီးေတာ့ ဟိုးအရင္တုန္းက မေပးဘူးတဲ့ လူေတြကအစ ေခ်ာင္ၾကိဳေခ်ာင္ၾကားမွာ ရွိတဲ့လူေတြကအစ ၾကိဳတင္မဲေတြနဲ႔ လာေရာက္ၿပီးေပးတာကို ျမင္ေတြ႔ရတယ္။ ဒါေတာ့ က်ေတာ္တို႔ အျမင္မဟုတ္ဘူးေပါ့။ သတင္းဌာနေတြေပါ့ေနာ္။ က်ေနာ္ကေတာ့ ဘာပဲျဖစ္ျဖစ္ ကိုယ္လိုုခ်င္တဲ့ အရာတခုကို ရမလား ဆိုတဲ့ အရာမ်ိဳးနဲ႔ က်ေနာ္ေတာ့ေပးတယ္။ ေအာင္ျမင္မယ္လို႔ ေမွ်ာ္လင့္တယ္။ ဒါေပမယ့္လည္း ၂၀၁၆ မွာျဖစ္သလိုေပ့ါေနာ္ ဒီလိုပဲ ၂၀၁၆ တုန္းကလည္း popular vote အရေတာ့ Hillary Clinton ႏိုင္မယ္ဆိုတာ တကယ္လည္း ျဖစ္လည္းျဖစ္သြားေရာ Republican ပါတီက Donald Trump ရသြားတယ္။ အခုလည္း ဒီလိုပဲ အျပာက ဦးေဆာင္ေနတယ္ ၊ အနီက ေနာက္ကလိုက္တယ္။ တခ်ိဳ႕ အရမ္း tight ျဖစ္တဲ့ေနရာေတြမွာေတာ့ အနီက ဦးေဆာင္ေနတယ္ေပါ့ေနာ္။ ဆိုေတာ့ ျဖစ္ေစခ်င္တဲ့ ဆႏၵကေတာ့ က်ေနာ့္အေနနဲ႔ ျမန္မာႏြယ္ဖြား အကုန္လံုးေတာ့ မပါပါဘူး။ က်ေနာ့္အေနနဲ႔ ျဖစ္ေစခ်င္တာကေတာ့ က်ေနာ္တို႔ လိုခ်င္တဲ့ ႏိုင္ဖို႔ပဲ ဆုေတာင္းေနရတယ္ေပါ့ေနာ္။”

ဒီမိုကရက္ ဒါမွမဟုတ္ ရီပါပလင္ကန္ ဘယ္ပါတီ အႏိုင္ရမလဲဆိုတာ ခန္႔မွန္းရခက္တဲ့ swing state ျပည္နယ္တခုျဖစ္တဲ့ Pennsylvania မွာ ေနထိုင္တဲ့ အေသးစားလုပ္ငန္းရွင္ မခိုင္ေငြႏွင္းေဇာ္ကေတာ့ စာတိုက္ကေန ႀကိဳတင္မဲေပးခဲ့ၿပီးပါၿပီ။ သမၼတေလာင္းႏွစ္ဦး မဲအႏိုင္ရေရး အႀကိတ္အနယ္ျဖစ္ေနတဲ့ သူတို႔ ျပည္နယ္ ေနာက္ဆံုးအေျခအေနကိုလည္း အခုလုိေျပာျပပါတယ္။

“Pennsylvania ျပည္နယ္က အမသိတဲ့အတိုင္းပဲ ဒီ US က ျပည္နယ္ ၅၀ မွာ swing state ျပည္နယ္အေနနဲ႔ သတ္မွတ္ထားတာေပါ့ေနာ္။ အျပာလည္း ျဖစ္ႏိုင္တယ္။ အနီလည္း ျဖစ္ႏိုင္တယ္။ ၿပီးခဲ့တဲ့ ေရြးေကာက္ပြဲတုန္းက အနီျဖစ္သြားတာေပါ့ေနာ္ Republican ႏိုင္သြားတာေပါ့ေနာ္။ ဒါေပမယ့္ ဒီတေခါက္ ျပန္ၿပီးေတာ့လည္း အျပာျဖစ္သြားႏိုင္တယ္ေပါ့ေနာ္။ swing state ဆိုေတာ့ အဲဒီေတာ့ ဒီလို State မ်ိဳးမွာ ကိုယ္က မဲေပးရတယ္ဆိုေတာ့ ကိုယ့္မဲတျပားက အဖိုးတန္တယ္လို႔လည္း ကိုယ့္ကိုယ္ကို ခံစားမိပါတယ္။ ကိုယ္ေပးေပး မေပးေပး ဘာထူးမွာလဲ ဆိုတဲ့ စိတ္နဲ႔ ရွိတဲ့ သူငယ္ခ်င္းေတြလည္း ရွိတာေပါ့ေနာ္။ ဒါေပမယ့္ က်မကေတာ့ ကိုယ့္ရဲ႕ ျပည္သူတေယာက္အေနနဲ႔ လုပ္ရမယ့္ တာ၀န္အေနနဲ႔ မဲေပးခဲ့ပါတယ္။

ေမး။ ။ အဲဒီေတာ့ အခုအခ်ိန္အထိ သမၼတေလာင္း ၂ ေယာက္ အႀကိတ္အနယ္ ယွဥ္ၿပိဳင္ေနရတဲ့ အေနအထားက ဘာေၾကာင့္ျဖစ္ေနတာလဲရွင့္။

ေျဖ။ ။ အရင္ဆံုး လက္ရွိသမၼတကေတာ့ အျမဲတမ္း Popular ျဖစ္တာေပါ့ေနာ္။ အေမရိကန္ သမၼတ ေတြရဲ႕ ရာဇ၀င္ကို ၾကည့္မယ္ဆိုရင္ ဘယ္အခ်ိန္ပဲ သမၼတ ေရြးေကာက္ပြဲလုပ္လုပ္ လက္ရွိ Sitting president ကေတာ့ ပိုၿပီးေတာ့ Popular ျဖစ္တာေပါ့ေနာ္။ ဆိုေတာ့ Joe Biden ဘာေၾကာင့္ မဲ Pennsylvania မွာ မသာေနသလဲဆိုေတာ့ Trump ကို Support လုပ္တဲ့ သူ႔ base ကလည္း Strong ျဖစ္တာကို။ သူကိုင္တြယ္ပံုကို သေဘာမက်တာ အမ်ားႀကီးရွိတယ္။ ဒါေပမယ့္ တဖက္မွာလည္း Joe Biden တက္လာရင္ Tax က တိုးလာမယ္ ဆိုၿပီးေတာ့ ထင္တဲ့လူေတြလည္း အမ်ားႀကီးရွိတယ္ေပါ့။ ဒါက သူ႔ Policy မွာလည္း အဲဒီအတိုင္း ပြင့္ပြင့္လင္းလင္းေျပာထားတာကို ။ အခြန္တိုးၿပီးေကာက္ရမယ္တဲ့ အဲဒါမွ တျခား လုိအပ္တဲ့ေနရာေတြမွာ ပိုၿပီးေတာ့ အစိုးရ ဘ႑ာေငြအျဖစ္ သံုးႏိုင္မယ္ဆိုၿပီးေတာ့ သူကလည္း ခ်ျပထားေတာ့ အခု COVID ျဖစ္လိုက္တဲ့အခါမွာဆိုရင္ က်မတို႔လိုမ်ိဳး လုပ္ငန္းငယ္ေလးေတြ ပိုင္တဲ့သူေတြ ေနာက္တခုက လက္လုပ္လက္စားေတြ အရမ္းကို ထိခိုက္ရပါတယ္။ အဲလိုအခ်ိန္မ်ိဳးမွာ ကိုယ့္ရဲ႕ အခြန္ေတြကို ထပ္ၿပီးေတာ့ ကိုယ့္အခြန္ေတြကို ဘယ္သူကမွ ေပးခ်င္မွာမဟုတ္ပါဘူး။ ဆိုေတာ့ အဲဒါ အရမ္းအေရးႀကီးတယ္လို႔ ထင္ပါတယ္။”

အရင္ သမၼတေရြးေကာက္ပဲြတုန္းက သမၼတ ထရမ့္ အႏိုင္ရခဲ့တဲ့ ဖေလာ္ရီဒါ ျပည္နယ္ဟာ အခုဆိုရင္သူ႔အတြက္ ေမွ်ာ္လင့္ခ်က္ေတြရွိေနဆဲျဖစ္ပါတယ္။ အဲဒီမွာ ေနထိုင္တဲ့ ျမန္မာႏြယ္ဖြား အဆိုေတာ္ ေမျမတ္ႏိုးခင္ကေတာ့ သမၼတေလာင္း ႏွစ္ဦးလံုးကို မႀကိဳက္တဲ့ အတြက္ မဲေပးမွာ မဟုတ္ဘူးလို႔ ဗီြအိုေအကိုေျပာပါတယ္။

“ Trump ကိုက်ေတာ့ နညး္နည္း သူ႔ေျပာပံုဆိုပံုေတြကို တခါတေလက်ရင္ နည္းနည္းရိုင္းတယ္လို႔ ခံစားရတယ္။ ဒါေပမယ့္ သူ႔ေကာင္းတဲ့တခ်က္ကေတာ့ လုပ္ရဲ ကိုင္ရဲတယ္ေပါ့ေနာ္။ ဒါေပမယ့္ သူ႔ကို အႀကိဳက္ႀကီးလားဆိုေတာ့ မႀကိဳက္ဘူး အဲဒါအမွန္ေျပာျပတာ။ ဒီဘက္က Biden က်ေတာ့ ႀကိဳက္တယ္ ဒါေပမယ့္ သူက အရမ္း soft ျဖစ္တယ္၊ ၿပီးေတာ့ သူ႔ သိပ္ၿပီး အသက္ႀကီးေနၿပီ သိပ္ၿပီးေတာ့ က်န္းမာေရး မေကာင္းဘူးလို႔ ၾကားတယ္ ။ ဆိုေတာ့ ညီမက သူ႔ကို Personal အရေပါ့ေနာ္ သူ႔အသက္အရြယ္ေရာ ဘာေရာ က်ေတာ့ ညီမ မႀကိဳက္ျပန္ဘူး ။ အဲဒါေၾကာင့္မို႔လို႔ ဒီႏွစ္ေတာ့ ဘယ္သူမွ ကုိ မေပးပါဘူး။

ေမး။ ။ အဲဒီေတာ့ သမၼတေလာာင္းေတြရဲ႕ မူ၀ါဒေတြ ေပၚလစီေတြနဲ႔ ပတ္သက္ၿပီးေတာ့ အခု ေရြးေကာက္ပြဲ ၿပီးလို႔ ဘယ္သူပဲ တက္လာတက္လာ ညီမကေတာ့ လက္ခံမယ္ဆိုတဲ့ သေဘာလား။

ေျဖ။ ။ညီမအျမင္အရေျပာမယ္ဆိုရင္ အခြန္ တက္လာမယ့္ကိစၥကေတာ့ ညီမလည္း မႀကိဳက္ဘူး။ ဘယ္ျပည္သူမွ ႀကိဳက္မွာ မဟုတ္ဘူး ။ သူကေျပာေနတာကေတာ့ Middle class ကို တက္မယ္လို႔ ေျပာတယ္။ ဘယ္လိုပဲ ျဖစ္ျဖစ္ Middle ပဲျဖစ္ျဖစ္ High ပဲ ျဖစ္ျဖစ္ Tax တက္တယ္ဆိုတာက သိပ္ေတာ့ မေကာင္းဘူးေပါ့ေနာ္ ဒါေပမယ့္ တခုရွိတာက ညီမတို႔ေတြအကုန္လံုးက COVID 19 ေၾကာင့္ ျပည္သူေတြကို တေယာက္ကို ၁၂၀၀ ေပးတာတို႔ဆိုရင္ သူတို႔ budget ကလည္း နည္းေကာင္းနည္းသြားမယ္ေပါ့ေနာ္ အဲဒါေၾကာင့္ တက္တာလားေပါ့။ Trump ကေတာ့ လုပ္ရဲကိုင္ရဲတဲ့ စိတ္ကို ညီမႀကိဳက္တယ္ ၊ သူ စီးပြားေရးအရ China နဲ႔ ပတ္သက္တာကိုလည္း ညီမေျပာရရင္ ၈၀% ညီမႀကိဳက္တယ္ သူလုပ္တာကို။ ဒါေပမယ့္ သူက နည္းနည္းရိုင္းတဲ့အတြက္ ညီမ မႀကိဳက္ဘူး ။ ဒါေပမယ့္ ဘယ္သူပဲ တက္တက္ ညီမတို႔ေတြက လူအမ်ားႀကီးေရြးတဲ့ သူျဖစ္တဲ့အတြက္ လက္ခံရမွာပဲေလေနာ္။ ၄ ႏွစ္ကေတာ့ ဘယ္သူပဲ တက္တက္ Trump ပဲ တက္တက္ Biden ပဲ တက္တက္ လက္ခံရမွာပဲ။”

တနဂၤေနြေန႔က ထုတ္ျပန္တဲ့ႀကိဳတင္မဲရလာဒ္ေတြအရ ဒီမိုကရက္ သမၼတေလာင္း ဂ်ဳိးဘိုင္ဒန္က ၄% ကေန ၁၀% အတြင္း ဘယ္ေနရာမွမဆို သိသိသာသာေရွ႕က ဦးေဆာင္ေနေၾကာင္း အေမရိကန္သတင္းဌာနေတြက ေဖၚျပခဲ့ၾကပါတယ္။ ဒါေပမယ့္လည္း သမၼတ ထရမ့္အတြက္ အဓိကျပည္နယ္ေတြမွာ အသာစီးရေနတာေတြရွိေနပါတယ္။ ဖေလာ္ရီဒါမွာ သမၼတ ထရမ့္ မဲ အႏိုင္ရရင္ ဂ်ဳိးဘိုင္ဒန္အတြက္ Pennsylvania, Michigan နဲ႔ Wisconsin ျပည္နယ္ေတြကို အဓိက ထားရေတာ့မွာျဖစ္တယ္လို႔ အေမရိကန္ သတင္းဌာနေတြက သံုးသပ္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

အမေရိကန် သမ္မတရွေးကောက်ပွဲနဲ့ မြန်မာနွယ်ဖွား မဲဆန္ဒရှင်များ

(Unicode)

နိုဝင်ဘာလ ၃ ရက် ဒေသစံတော်ချိန် နံနက်ခင်းအစောပိုင်းကစတင်ပြီး မဲရုံတွေ ဖွင့်လှစ်တော့မယ့် အင်္ဂါနေ့ အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် မြန်မာနွယ်ဖွားတွေထဲမှာလည်း အသဲကြားက မဲတပြားခံယူချက်နဲ့ မဲထည့်မယ့်သူတွေ၊ ကြိုတင်မဲထည့်ခဲ့သူတွေရှိသလို၊ သမ္မတလောင်း နှစ်ဦးလုံးကို မကြိုက်တဲ့အတွက် မဲမထည့်ပဲ နေတဲ့ သူတွေရှိနေကြပါတယ်။ အမေရိကန်ရွေးကောက်ပွဲ နောက်ဆုံးအခြေအနေတွေကို မအင်ကြင်းနိုင်က တင်ပြမှာပါ။

မေရီလန်း ပြည်နယ်မှာ နှစ်ပေါင်း ၃၀ ကြာနေထိုင်နေတဲ့ မြန်မာနွယ်ဖွား ကိုယဉ်ထွေးကတော့ သူ့သက်တမ်းတလျောက် ဒီတကြိမ် သမ္မတရွေးကောက်ပွဲက အထူးခြားဆုံးဖြစ်သလို နောက်ဆုံးအချိန်ထိ သမ္မတလောင်း နှစ်ဦး အပြိုင်အဆိုင် မဲဆွယ်နေတဲ့ အခြေအနေအပေါ် သူ့ရဲ့ အမြင်ကို ဗွီအိုအေကို အခုလိုပြောပါတယ်။

“ ကျနော်အခုဆိုရင် ကြိုတင်မဲကို ပေးခဲ့တယ်ပေါ့နော်။ ကျနော်ကိုယ်လိုချင်တဲ့ ကိုယ့်မဲတပြားကလည်း အဖိုးတန်တယ်ဆိုတာ ကိုယ့် မဲတပြား မဆုံးရှုံးအောင် ကြိုတင်မဲကိုသွားပေးလိုက်တယ်။ အခုလက်ရှိအခြေအနေ ကျနော်တို့တွက်ကြည့်ရင် သတင်းတွေထဲမှာလာတာဆိုရင် သူတို့က အပြိုင်အဆိုင်ဖြစ်နေတယ်။ ဒါပေမယ့်လည်း အခုတွက်ပြတဲ့ ပုံစုံအရဆိုရင် ကြိုတင်မဲက လွန်ခဲ့တဲ့ အချိန်ကာလမှာ ပေးတဲ့ ကြိုတင်မဲနဲ့ အခုလက်ရှိ ပေးတဲ့ ကြိုတင်မဲက ဒီနှစ်က အံ့သြလောက်အောင် ကြိုတင်မဲက ပိုပြီး များပြားတာတွေ့တယ်။ အဲဒါဘာကြောင့်လဲဆိုတော့ အခုလက်ရှိ သမ္မတရဲ့ လုပ်ရပ်တွေ၊ သမ္မတ လုပ်ပုံ ကိုင်ပုံတွေပေါ့နော် ၊ COVID 19 နဲ့ ပတ်သက်တာတွေရော ကျနော်တို့ လူဖြူလူမဲ ပြဿနာတွေရောမှာ သူ့ကိုင်တွယ်ပုံတွေက နည်းနည်း ညံ့ဖျင်းလို့ ဆိုပြီးတော့ ဟိုးအရင်တုန်းက မပေးဘူးတဲ့ လူတွေကအစ ချောင်ကြိုချောင်ကြားမှာ ရှိတဲ့လူတွေကအစ ကြိုတင်မဲတွေနဲ့ လာရောက်ပြီးပေးတာကို မြင်တွေ့ရတယ်။ ဒါတော့ ကျတော်တို့ အမြင်မဟုတ်ဘူးပေါ့။ သတင်းဌာနတွေပေါ့နော်။ ကျနော်ကတော့ ဘာပဲဖြစ်ဖြစ် ကိုယ်လိုချင်တဲ့ အရာတခုကို ရမလား ဆိုတဲ့ အရာမျိုးနဲ့ ကျနော်တော့ပေးတယ်။ အောင်မြင်မယ်လို့ မျှော်လင့်တယ်။ ဒါပေမယ့်လည်း ၂၀၁၆ မှာဖြစ်သလိုပေ့ါနော် ဒီလိုပဲ ၂၀၁၆ တုန်းကလည်း popular vote အရတော့ Hillary Clinton နိုင်မယ်ဆိုတာ တကယ်လည်း ဖြစ်လည်းဖြစ်သွားရော Republican ပါတီက Donald Trump ရသွားတယ်။ အခုလည်း ဒီလိုပဲ အပြာက ဦးဆောင်နေတယ် ၊ အနီက နောက်ကလိုက်တယ်။ တချို့ အရမ်း tight ဖြစ်တဲ့နေရာတွေမှာတော့ အနီက ဦးဆောင်နေတယ်ပေါ့နော်။ ဆိုတော့ ဖြစ်စေချင်တဲ့ ဆန္ဒကတော့ ကျနော့်အနေနဲ့ မြန်မာနွယ်ဖွား အကုန်လုံးတော့ မပါပါဘူး။ ကျနော့်အနေနဲ့ ဖြစ်စေချင်တာကတော့ ကျနော်တို့ လိုချင်တဲ့ နိုင်ဖို့ပဲ ဆုတောင်းနေရတယ်ပေါ့နော်။”

ဒီမိုကရက် ဒါမှမဟုတ် ရီပါပလင်ကန် ဘယ်ပါတီ အနိုင်ရမလဲဆိုတာ ခန့်မှန်းရခက်တဲ့ swing state ပြည်နယ်တခုဖြစ်တဲ့ Pennsylvania မှာ နေထိုင်တဲ့ အသေးစားလုပ်ငန်းရှင် မခိုင်ငွေနှင်းဇော်ကတော့ စာတိုက်ကနေ ကြိုတင်မဲပေးခဲ့ပြီးပါပြီ။ သမ္မတလောင်းနှစ်ဦး မဲအနိုင်ရရေး အကြိတ်အနယ်ဖြစ်နေတဲ့ သူတို့ ပြည်နယ် နောက်ဆုံးအခြေအနေကိုလည်း အခုလိုပြောပြပါတယ်။

“Pennsylvania ပြည်နယ်က အမသိတဲ့အတိုင်းပဲ ဒီ US က ပြည်နယ် ၅၀ မှာ swing state ပြည်နယ်အနေနဲ့ သတ်မှတ်ထားတာပေါ့နော်။ အပြာလည်း ဖြစ်နိုင်တယ်။ အနီလည်း ဖြစ်နိုင်တယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက အနီဖြစ်သွားတာပေါ့နော် Republican နိုင်သွားတာပေါ့နော်။ ဒါပေမယ့် ဒီတခေါက် ပြန်ပြီးတော့လည်း အပြာဖြစ်သွားနိုင်တယ်ပေါ့နော်။ swing state ဆိုတော့ အဲဒီတော့ ဒီလို State မျိုးမှာ ကိုယ်က မဲပေးရတယ်ဆိုတော့ ကိုယ့်မဲတပြားက အဖိုးတန်တယ်လို့လည်း ကိုယ့်ကိုယ်ကို ခံစားမိပါတယ်။ ကိုယ်ပေးပေး မပေးပေး ဘာထူးမှာလဲ ဆိုတဲ့ စိတ်နဲ့ ရှိတဲ့ သူငယ်ချင်းတွေလည်း ရှိတာပေါ့နော်။ ဒါပေမယ့် ကျမကတော့ ကိုယ့်ရဲ့ ပြည်သူတယောက်အနေနဲ့ လုပ်ရမယ့် တာဝန်အနေနဲ့ မဲပေးခဲ့ပါတယ်။

မေး။ ။ အဲဒီတော့ အခုအချိန်အထိ သမ္မတလောင်း ၂ ယောက် အကြိတ်အနယ် ယှဉ်ပြိုင်နေရတဲ့ အနေအထားက ဘာကြောင့်ဖြစ်နေတာလဲရှင့်။

ဖြေ။ ။ အရင်ဆုံး လက်ရှိသမ္မတကတော့ အမြဲတမ်း Popular ဖြစ်တာပေါ့နော်။ အမေရိကန် သမ္မတ တွေရဲ့ ရာဇဝင်ကို ကြည့်မယ်ဆိုရင် ဘယ်အချိန်ပဲ သမ္မတ ရွေးကောက်ပွဲလုပ်လုပ် လက်ရှိ Sitting president ကတော့ ပိုပြီးတော့ Popular ဖြစ်တာပေါ့နော်။ ဆိုတော့ Joe Biden ဘာကြောင့် မဲ Pennsylvania မှာ မသာနေသလဲဆိုတော့ Trump ကို Support လုပ်တဲ့ သူ့ base ကလည်း Strong ဖြစ်တာကို။ သူကိုင်တွယ်ပုံကို သဘောမကျတာ အများကြီးရှိတယ်။ ဒါပေမယ့် တဖက်မှာလည်း Joe Biden တက်လာရင် Tax က တိုးလာမယ် ဆိုပြီးတော့ ထင်တဲ့လူတွေလည်း အများကြီးရှိတယ်ပေါ့။ ဒါက သူ့ Policy မှာလည်း အဲဒီအတိုင်း ပွင့်ပွင့်လင်းလင်းပြောထားတာကို ။ အခွန်တိုးပြီးကောက်ရမယ်တဲ့ အဲဒါမှ တခြား လိုအပ်တဲ့နေရာတွေမှာ ပိုပြီးတော့ အစိုးရ ဘဏ္ဍာငွေအဖြစ် သုံးနိုင်မယ်ဆိုပြီးတော့ သူကလည်း ချပြထားတော့ အခု COVID ဖြစ်လိုက်တဲ့အခါမှာဆိုရင် ကျမတို့လိုမျိုး လုပ်ငန်းငယ်လေးတွေ ပိုင်တဲ့သူတွေ နောက်တခုက လက်လုပ်လက်စားတွေ အရမ်းကို ထိခိုက်ရပါတယ်။ အဲလိုအချိန်မျိုးမှာ ကိုယ့်ရဲ့ အခွန်တွေကို ထပ်ပြီးတော့ ကိုယ့်အခွန်တွေကို ဘယ်သူကမှ ပေးချင်မှာမဟုတ်ပါဘူး။ ဆိုတော့ အဲဒါ အရမ်းအရေးကြီးတယ်လို့ ထင်ပါတယ်။”

အရင် သမ္မတရွေးကောက်ပွဲတုန်းက သမ္မတ ထရမ့် အနိုင်ရခဲ့တဲ့ ဖလော်ရီဒါ ပြည်နယ်ဟာ အခုဆိုရင်သူ့အတွက် မျှော်လင့်ချက်တွေရှိနေဆဲဖြစ်ပါတယ်။ အဲဒီမှာ နေထိုင်တဲ့ မြန်မာနွယ်ဖွား အဆိုတော် မေမြတ်နိုးခင်ကတော့ သမ္မတလောင်း နှစ်ဦးလုံးကို မကြိုက်တဲ့ အတွက် မဲပေးမှာ မဟုတ်ဘူးလို့ ဗွီအိုအေကိုပြောပါတယ်။

“ Trump ကိုကျတော့ နည်းနည်း သူ့ပြောပုံဆိုပုံတွေကို တခါတလေကျရင် နည်းနည်းရိုင်းတယ်လို့ ခံစားရတယ်။ ဒါပေမယ့် သူ့ကောင်းတဲ့တချက်ကတော့ လုပ်ရဲ ကိုင်ရဲတယ်ပေါ့နော်။ ဒါပေမယ့် သူ့ကို အကြိုက်ကြီးလားဆိုတော့ မကြိုက်ဘူး အဲဒါအမှန်ပြောပြတာ။ ဒီဘက်က Biden ကျတော့ ကြိုက်တယ် ဒါပေမယ့် သူက အရမ်း soft ဖြစ်တယ်၊ ပြီးတော့ သူ့ သိပ်ပြီး အသက်ကြီးနေပြီ သိပ်ပြီးတော့ ကျန်းမာရေး မကောင်းဘူးလို့ ကြားတယ် ။ ဆိုတော့ ညီမက သူ့ကို Personal အရပေါ့နော် သူ့အသက်အရွယ်ရော ဘာရော ကျတော့ ညီမ မကြိုက်ပြန်ဘူး ။ အဲဒါကြောင့်မို့လို့ ဒီနှစ်တော့ ဘယ်သူမှ ကို မပေးပါဘူး။

မေး။ ။ အဲဒီတော့ သမ္မတလောာင်းတွေရဲ့ မူဝါဒတွေ ပေါ်လစီတွေနဲ့ ပတ်သက်ပြီးတော့ အခု ရွေးကောက်ပွဲ ပြီးလို့ ဘယ်သူပဲ တက်လာတက်လာ ညီမကတော့ လက်ခံမယ်ဆိုတဲ့ သဘောလား။

ဖြေ။ ။ညီမအမြင်အရပြောမယ်ဆိုရင် အခွန် တက်လာမယ့်ကိစ္စကတော့ ညီမလည်း မကြိုက်ဘူး။ ဘယ်ပြည်သူမှ ကြိုက်မှာ မဟုတ်ဘူး ။ သူကပြောနေတာကတော့ Middle class ကို တက်မယ်လို့ ပြောတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် Middle ပဲဖြစ်ဖြစ် High ပဲ ဖြစ်ဖြစ် Tax တက်တယ်ဆိုတာက သိပ်တော့ မကောင်းဘူးပေါ့နော် ဒါပေမယ့် တခုရှိတာက ညီမတို့တွေအကုန်လုံးက COVID 19 ကြောင့် ပြည်သူတွေကို တယောက်ကို ၁၂၀၀ ပေးတာတို့ဆိုရင် သူတို့ budget ကလည်း နည်းကောင်းနည်းသွားမယ်ပေါ့နော် အဲဒါကြောင့် တက်တာလားပေါ့။ Trump ကတော့ လုပ်ရဲကိုင်ရဲတဲ့ စိတ်ကို ညီမကြိုက်တယ် ၊ သူ စီးပွားရေးအရ China နဲ့ ပတ်သက်တာကိုလည်း ညီမပြောရရင် ၈၀% ညီမကြိုက်တယ် သူလုပ်တာကို။ ဒါပေမယ့် သူက နည်းနည်းရိုင်းတဲ့အတွက် ညီမ မကြိုက်ဘူး ။ ဒါပေမယ့် ဘယ်သူပဲ တက်တက် ညီမတို့တွေက လူအများကြီးရွေးတဲ့ သူဖြစ်တဲ့အတွက် လက်ခံရမှာပဲလေနော်။ ၄ နှစ်ကတော့ ဘယ်သူပဲ တက်တက် Trump ပဲ တက်တက် Biden ပဲ တက်တက် လက်ခံရမှာပဲ။”

တနင်္ဂနွေနေ့က ထုတ်ပြန်တဲ့ကြိုတင်မဲရလာဒ်တွေအရ ဒီမိုကရက် သမ္မတလောင်း ဂျိုးဘိုင်ဒန်က ၄% ကနေ ၁၀% အတွင်း ဘယ်နေရာမှမဆို သိသိသာသာရှေ့က ဦးဆောင်နေကြောင်း အမေရိကန်သတင်းဌာနတွေက ဖေါ်ပြခဲ့ကြပါတယ်။ ဒါပေမယ့်လည်း သမ္မတ ထရမ့်အတွက် အဓိကပြည်နယ်တွေမှာ အသာစီးရနေတာတွေရှိနေပါတယ်။ ဖလော်ရီဒါမှာ သမ္မတ ထရမ့် မဲ အနိုင်ရရင် ဂျိုးဘိုင်ဒန်အတွက် Pennsylvania, Michigan နဲ့ Wisconsin ပြည်နယ်တွေကို အဓိက ထားရတော့မှာဖြစ်တယ်လို့ အမေရိကန် သတင်းဌာနတွေက သုံးသပ်နေကြပါတယ်။

XS
SM
MD
LG