သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ရွေးကောက်ပွဲအချက်အလက် လူမှုကွန်ယက်မီဒီယာတွေစောင့်ကြပ်မည်


smartphone နဲ့ Facebook သုံးနေသူ တဦး။ (သြဂုတ် ၂၁၊ ၂၀၁၈)
smartphone နဲ့ Facebook သုံးနေသူ တဦး။ (သြဂုတ် ၂၁၊ ၂၀၁၈)

[Zawgyi/Unicode]

အမေရိကန်သမ္မတ ရွေးကောက်ပွဲ ကျင်းကနေတာနဲ့အတူ Twitter, Facebook စတဲ့လူမှုကွန်ယက်တွေနဲ့ Online ပေါ်မှာ အချက်အလက်ရှာဖွေပေးတဲ့ Google website တို့က ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သတင်းမှားတွေ မပြန့်ရေးအတွက် စောင့်ကြည့်ပြီး အချက်အလက်အမှားတွေကို တားဆီးနိုင်ဖို့ ဆောင်ရွက်နေကြပါတယ်။

နိုင်ငံခြားအစိုးရတွေအတွက် ဆောင်ရွက်သူတွေက ဒီလူမှုကွန်ယက်တွေ၊ website တွေကိုသုံးပြီး ၂၀၁၆ အမေရိကန် ရွေးကောက်ပွဲ ရလဒ်တွေ အပြောင်းအလဲဖြစ်အောင် သတင်းမှားတွေဖြန့်ခဲ့တဲ့ အထောက်အထားတွေ ရှိထားတာကြောင့် အခုတခေါက်ရွေးကောက်ပွဲမှာ ထပ်မဖြစ်အောင် ကာကွယ်ဖို့ လူမှုကွန်ယက်ကုမ္ပဏီကြီးတွေ ကြိုးစားနေကြတာဖြစ်ပါတယ်။

Twitter လူမှုကွန်ယက်ပေါ်မှာ ရေးသားဖော်ပြကြတဲ့ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စတွေနဲ့ပါတ်သက်လို့ တချို့အချက်တွေ မှားတယ်ဆိုတာမျိုး Twitter က လုပ်ပေးထားသလို ရွေးကောက်ပွဲ တရားဝင်ရလဒ် ထွက်မလာသေးခင် ကိုယ်စားလှယ်လောင်းတွေဘက်က သူတို့အနိုင်ရတယ်ဆိုတဲ့ ဖော်ပြချက်မျိုး Twitter ပေါ်မှာ ရေးသားခွင့်မပြုဘူးလို့ Twitter ကုမ္ပဏီက ပြောကြားထားပါတယ်။

Facebook ကလည်း break-glass လို့ဆိုတဲ့နည်းနဲ့ သတင်းမှားတွေကို တုံ့ပြန်မယ်လို့ ပြောထားပါတယ်။ အတိအကျဘယ်လိုလုပ်သလဲ မပြောပေမဲ့ သီရိလင်္ကာနဲ့ မြန်မာနိုင်ငံတို့မှာ လုပ်သလို ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်အမှားတွေ၊ အကြမ်းဖက်မှုအားပေးတဲ့ အသုံးအနှုန်းတွေပါတဲ့ Post တွေကို ဖော်ပြလို့ မရအောင် ဖယ်ရှားတာ၊ သတင်းမှား Post တွေ ထပ်ဆင့်ဖော်ပြလို့ မရအောင်လုပ်တာမျိုး Facebook ကဆောင်ရွက်လိမ့်မယ်လို့ Wall Street Journal သတင်းမှာ ဖော်ပြပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]






XS
SM
MD
LG