(Zawgyi/Unicode)
အေမရိကန္ရဲ႕ လက္ရွိ သမၼတ Donald Trump ကို ေနာက္ေလးႏွစ္ အတြက္ သမၼတ အျဖစ္ ဆက္ၿပီး ထားမလား ဒါမွမဟုတ္လည္း ဒုတိယ သမၼတေဟာင္း Joe Biden ကို ေရြးခ်ယ္မလားဆိုတာကို ဆံုးျဖတ္ဖို႔ အတြက္ အဂၤါေန႔မွာ သန္းေပါင္းမ်ားစြာေသာ အေမရိကန္ေတြ မဲထြက္ထည့္ၾကပါတယ္။
ေရြးေကာက္ပြဲေန႔ ျဖစ္တဲ႔ အဂၤါေန႔ အေစာပိုင္းမွာေတာ့ မစၥတာ Biden က Delaware ခရစ္ယာန္ ဘုရားေက်ာင္း လူထု ၀တ္ျပဳဆုေတာင္းပြဲကို တက္ေရာက္ၿပီး ေရြးေကာက္ပြဲေန႔ကို စတင္ပါတယ္။ သူ ငယ္စဥ္က ေနထိုင္ခဲ႔ရာ Pennsylvania ျပည္နယ္ Scranton ၿမိဳ႕ကို သြားေရာက္စဥ္ အတြင္းမွာေတာ့ သမၼတ ေရြးေကာက္ပြဲ ၀င္ရတာက အေမရိကန္ရဲ႕ စံတန္ဖိုးေတြကို ျပန္လည္ အသက္သြင္းဖို႔ ျဖစ္တယ္လို႔ မစၥတာ Biden က ေထာက္ခံသူေတြကို ေျပာဆိုခဲ႔ပါတယ္။ Pennsylvania က တျခား ၿမိဳ႕ ၂ ခုကိုလည္း သြားေရာက္ခဲ႔ၿပီးေနာက္ မစၥတာ Biden က ညေနခင္း မိန္႔ခြန္းေျပာမယ့္ Delaware ကိုျပန္ပါတယ္။
သမၼတ Donald Trump ကေတာ့ Fox & Friends အစီအစဥ္ ေမးျမန္းခန္းနဲ႔ အဂၤါေန႔ မနက္ခင္းကို စတင္ခဲ႔ပါတယ္။ ေအာင္ပြဲ ထြက္လာရင္ ထြက္လာတဲ႔ အခါမွာ သူ႔ အေနနဲ႔ အႏုိင္ရသူ ျဖစ္ေၾကာင္း ေၾကညာပါမယ္လို႔ ေျပာဆိုခဲ႔ပါတယ္။
၀ါရွင္တန္ ၿမိဳ႕ျပင္က သူ႔ရဲ႕ ေရြးေကာက္ပြဲဆိုင္ရာ ရံုးခ်ဳပ္ကို သမၼတ Trump သြားေရာက္ခဲ႔ၿပီးေနာက္ အိမ္ျဖဴေတာ္ကို ျပန္ခဲ႔ပါတယ္။ အရံႈး ဒါမွမဟုတ္လည္း အႏုိင္ မိန္႔ခြန္း အတြက္ သူ႔အေနနဲ႔ စဥ္းစားခ်က္ မရွိေၾကာင္း ေရြးေကာက္ပြဲ စည္းရံုးေရး ဌာနခ်ဳပ္မွာ သမၼတ Trump က ေျပာခဲ႔ပါတယ္။ဒီႏွစ္ခုထဲက တခုဘဲ လုပ္ရဖို႔ ေမွ်ာ္လင့္ေၾကာင္း၊ အႏိုင္ရတာက လြယ္ကူေၾကာင္း၊ အရံႈးကေတာ့ ဘယ္ေတာ့မွ မလြယ္ကူေၾကာင္း သူ႔အတြက္ေတာ့ မလြယ္ဘူးလို႔လည္း ေျပာပါတယ္။ ႏုိင္ငံကို ဦးေဆာင္ႏုိင္တဲ႔ အရည္အခ်င္း မရွိဘူးဆိုၿပီး သမၼတေလာင္း ၂ ဦးစလံုးတို႔ကေတာ့ ဒီရက္ပိုင္း အတြင္းမွာဘဲ အျပန္အလွန္ စြပ္စြဲေနၾကတာပါ။
အေမရိကန္ ျပည္ေထာင္စုမွာ ကိုရိုနာဗိုင္းရပ္စ္ ကပ္ေဘးေရာဂါ ပ်ံ႕ႏွံ႔ ျဖစ္ပြားေနတဲ႔ ကာလအတြင္း ေရြးေကာက္ပြဲ အတြက္ ႀကိဳတင္မဲေပးသူက ၉၉ သန္းေက်ာ္ ရွိပါတယ္။ ဒါဟာဆိုရင္ ၂၀၁၆ ေရြးေကာက္ပြဲက မဲထည့္သူ စုစုေပါင္း ၁၃၉ သန္းရဲ႕ သံုးပံု ၂ ပံုေက်ာ္ အေရအတြက္ ျဖစ္ပါတယ္။
.....
ကန်သမ္မတရွေးကောက်ပွဲ အရှိန်ရဆဲ
(Unicode)
အမေရိကန်ရဲ့ လက်ရှိ သမ္မတ Donald Trump ကို နောက်လေးနှစ် အတွက် သမ္မတ အဖြစ် ဆက်ပြီး ထားမလား ဒါမှမဟုတ်လည်း ဒုတိယ သမ္မတဟောင်း Joe Biden ကို ရွေးချယ်မလားဆိုတာကို ဆုံးဖြတ်ဖို့ အတွက် အင်္ဂါနေ့မှာ သန်းပေါင်းများစွာသော အမေရိကန်တွေ မဲထွက်ထည့်ကြပါတယ်။
ရွေးကောက်ပွဲနေ့ ဖြစ်တဲ့ အင်္ဂါနေ့ အစောပိုင်းမှာတော့ မစ္စတာ Biden က Delaware ခရစ်ယာန် ဘုရားကျောင်း လူထု ဝတ်ပြုဆုတောင်းပွဲကို တက်ရောက်ပြီး ရွေးကောက်ပွဲနေ့ကို စတင်ပါတယ်။ သူ ငယ်စဉ်က နေထိုင်ခဲ့ရာ Pennsylvania ပြည်နယ် Scranton မြို့ကို သွားရောက်စဉ် အတွင်းမှာတော့ သမ္မတ ရွေးကောက်ပွဲ ဝင်ရတာက အမေရိကန်ရဲ့ စံတန်ဖိုးတွေကို ပြန်လည် အသက်သွင်းဖို့ ဖြစ်တယ်လို့ မစ္စတာ Biden က ထောက်ခံသူတွေကို ပြောဆိုခဲ့ပါတယ်။ Pennsylvania က တခြား မြို့ ၂ ခုကိုလည်း သွားရောက်ခဲ့ပြီးနောက် မစ္စတာ Biden က ညနေခင်း မိန့်ခွန်းပြောမယ့် Delaware ကိုပြန်ပါတယ်။
သမ္မတ Donald Trump ကတော့ Fox & Friends အစီအစဉ် မေးမြန်းခန်းနဲ့ အင်္ဂါနေ့ မနက်ခင်းကို စတင်ခဲ့ပါတယ်။ အောင်ပွဲ ထွက်လာရင် ထွက်လာတဲ့ အခါမှာ သူ့ အနေနဲ့ အနိုင်ရသူ ဖြစ်ကြောင်း ကြေညာပါမယ်လို့ ပြောဆိုခဲ့ပါတယ်။
ဝါရှင်တန် မြို့ပြင်က သူ့ရဲ့ ရွေးကောက်ပွဲဆိုင်ရာ ရုံးချုပ်ကို သမ္မတ Trump သွားရောက်ခဲ့ပြီးနောက် အိမ်ဖြူတော်ကို ပြန်ခဲ့ပါတယ်။ အရှုံး ဒါမှမဟုတ်လည်း အနိုင် မိန့်ခွန်း အတွက် သူ့အနေနဲ့ စဉ်းစားချက် မရှိကြောင်း ရွေးကောက်ပွဲ စည်းရုံးရေး ဌာနချုပ်မှာ သမ္မတ Trump က ပြောခဲ့ပါတယ်။ဒီနှစ်ခုထဲက တခုဘဲ လုပ်ရဖို့ မျှော်လင့်ကြောင်း၊ အနိုင်ရတာက လွယ်ကူကြောင်း၊ အရှုံးကတော့ ဘယ်တော့မှ မလွယ်ကူကြောင်း သူ့အတွက်တော့ မလွယ်ဘူးလို့လည်း ပြောပါတယ်။ နိုင်ငံကို ဦးဆောင်နိုင်တဲ့ အရည်အချင်း မရှိဘူးဆိုပြီး သမ္မတလောင်း ၂ ဦးစလုံးတို့ကတော့ ဒီရက်ပိုင်း အတွင်းမှာဘဲ အပြန်အလှန် စွပ်စွဲနေကြတာပါ။
အမေရိကန် ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးရောဂါ ပျံ့နှံ့ ဖြစ်ပွားနေတဲ့ ကာလအတွင်း ရွေးကောက်ပွဲ အတွက် ကြိုတင်မဲပေးသူက ၉၉ သန်းကျော် ရှိပါတယ်။ ဒါဟာဆိုရင် ၂၀၁၆ ရွေးကောက်ပွဲက မဲထည့်သူ စုစုပေါင်း ၁၃၉ သန်းရဲ့ သုံးပုံ ၂ ပုံကျော် အရေအတွက် ဖြစ်ပါတယ်။