သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရြးေကာက္ပဲြျပည္ပဝင္ေႏွာက္မႈမ်ား ကန္လံုျခံဳေရးတာဝန္ရွိသူေတြ ကာကြယ္ခဲ့


Indiana ျပည္နယ္ Indianapolis ၿမိဳ႕က မဲရံုတခုမွာ မဲေပးေနသူတဦး။ (ႏိုဝင္ဘာ ၀၃၊ ၂၀၂၀)

[Zawgyi/Unicode]

အေမရိကန္ျပည္ေထာင္စုမွာ အဂၤါေန႔ကက်င္းပတဲ့ ေရြးေကာက္ပြဲေတြနဲ႔ ပတ္သက္ၿပီး ျပည္ပႏုိင္ငံတခ်ဳိ႕က မမွန္မကန္သတင္းေတြျဖန္႔ၿပီးေတာ့ ဝင္ေႏွာက္ဖို႔ ႀကိဳးစားတာေတြ ရွိခဲ့ေပမဲ့လည္း ကာကြယ္ႏုိ္င္ခဲ့တယ္လုိ႔ အေမရိကန္ လံုျခံဳေရးနဲ႔ ေထာက္လွမ္းေရးဆိုင္ရာ တာဝန္ရွိသူေတြကေျပာပါတယ္။

ေရြးေကာက္ပြဲကို ဝင္ေႏွာက္ဖို႔ ႀကိဳးစားတဲ့လုပ္ရပ္ေတြေၾကာင့္ ထိခုိက္္မႈေတြျဖစ္မလာခင္မွာ ထိထိေရာက္ေရာက္ တားဆီးႏုိင္ခဲ့တယ္လုိ႔ အေမရိကန္၊ ဆိုင္ဘာလံုျခံဳေရးကြပ္ကဲမႈဌာနခ်ဳပ္ အႀကီးအကဲ ဗိုလ္ခ်ဳပ္ႀကီး Paul Nakasone ကေျပာပါတယ္။

"က်ေနာ္တို႔ ေရြးေကာက္ပြဲေတြမွာ ရန္ဘက္ေတြက ဝင္ၿပီး မေႏွာက္ယွက္ႏုိင္ေအာင္ လြန္ခဲ့တဲ့ သီတင္းပတ္ေတြနဲ႔ လေတြအတြင္း လုပ္ေဆာင္ခဲ့တာေတြအေပၚ က်ေနာ္ အခုိင္အမာ ယံုၾကည္စိတ္ခ်ပါတယ္။" လို႔ ဗိုလ္ခ်ဳပ္ႀကီး Nakasone က အဂၤါေန႔ ထုတ္ျပန္ခ်က္တခုမွာ ေျပာထားပါတယ္။ သူဟာ အေမရိကန္ လံုျခံဳေရးေအဂ်င္စီ NSA ရဲ႕ ၫႊန္ၾကားေရးမွဴးလည္းျဖစ္ပါတယ္။

"က်ေနာ္တုိ႔ရဲ႕ ဒီမိုကေရစီနည္းက် လုပ္ငန္းစဥ္ေတြကို ၿခိမ္းေျခာက္လာတယ္ဆိုရင္ က်ေနာ္တုိ႔ကလည္း တန္းတူတံု႔ျပန္မွာပါ" လို႔ Nakasone ကဆိုၿပီး အနာဂတ္မွာ တိုက္ခိုက္မႈေတြ ရွိလာမယ္ဆိုရင္လည္း အျပင္းအထန္ တံု႔ျပန္ခံရမွာပဲလို႔ ေျပာပါတယ္။

"က်ေနာ္တို႔လုပ္ငန္းက ႏိုဝင္ဘာလ ၃ ရက္ေန႔မွာ အဆံုးသတ္သြားမွာ မဟုတ္ပါဘူး၊ ဝင္ေႏွာက္ဖို႔ ႀကိဳးစားတဲ့ ဘယ္္ႏုိင္ငံကိုပဲျဖစ္ျဖစ္၊ ဘယ္သူ႔ကိုပဲျဖစ္ျဖစ္ က်ေနာ္တုိ႔ တုံ႔ျပန္သြားမွာပါ။" လို႔ Nakasone ကေျပာပါတယ္။

အေမရိကန္ေရြးေကာက္ပြဲကာလနဲ႔ ေရြးေကာက္ပဲြၿပီးကာလမွာ ဝင္ေႏွာက္ဖို႔ ႀကိဳးစားတဲ့ႏုိင္ငံေတြဟာ ႐ုရွား၊ အီရန္နဲ႔ တ႐ုတ္တို႔သာ မဟုတ္ဘူးလုိ႔ တန္ျပန္ေထာက္လွမ္းေရး တာဝန္ရွိသူေတြကေျပာပါတယ္။

အေမရိကန္မဟာမိတ္ေတြျဖစ္တဲ့ ေဆာ္ဒီအာေရးဘီးယားနဲ႔ တူရကီလို၊ ရန္ဘက္ေတြျဖစ္တဲ့ က်ဴးဘားနဲ႔ ဗင္နီဇြဲလားတို႔လို ႏုိင္ငံေတြအပါအဝင္ ႏုိင္ငံ ၃၀ ေလာက္အထိ ရွိတယ္လို႔ တာဝန္ရွိသူေတြကေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရွေးကောက်ပွဲပြည်ပဝင်နှောက်မှုများ ကန်လုံခြုံရေးတာဝန်ရှိသူတွေ ကာကွယ်ခဲ့

အမေရိကန်ပြည်ထောင်စုမှာ အင်္ဂါနေ့ကကျင်းပတဲ့ ရွေးကောက်ပွဲတွေနဲ့ ပတ်သက်ပြီး ပြည်ပနိုင်ငံတချို့က မမှန်မကန်သတင်းတွေဖြန့်ပြီးတော့ ဝင်နှောက်ဖို့ ကြိုးစားတာတွေ ရှိခဲ့ပေမဲ့လည်း ကာကွယ်နိုင်ခဲ့တယ်လို့ အမေရိကန် လုံခြုံရေးနဲ့ ထောက်လှမ်းရေးဆိုင်ရာ တာဝန်ရှိသူတွေကပြောပါတယ်။

ရွေးကောက်ပွဲကို ဝင်နှောက်ဖို့ ကြိုးစားတဲ့လုပ်ရပ်တွေကြောင့် ထိခိုက်မှုတွေဖြစ်မလာခင်မှာ ထိထိရောက်ရောက် တားဆီးနိုင်ခဲ့တယ်လို့ အမေရိကန်၊ ဆိုင်ဘာလုံခြုံရေးကွပ်ကဲမှုဌာနချုပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး Paul Nakasone ကပြောပါတယ်။

"ကျနော်တို့ ရွေးကောက်ပွဲတွေမှာ ရန်ဘက်တွေက ဝင်ပြီး မနှောက်ယှက်နိုင်အောင် လွန်ခဲ့တဲ့ သီတင်းပတ်တွေနဲ့ လတွေအတွင်း လုပ်ဆောင်ခဲ့တာတွေအပေါ် ကျနော် အခိုင်အမာ ယုံကြည်စိတ်ချပါတယ်။" လို့ ဗိုလ်ချုပ်ကြီး Nakasone က အင်္ဂါနေ့ ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။ သူဟာ အမေရိကန် လုံခြုံရေးအေဂျင်စီ NSA ရဲ့ ညွှန်ကြားရေးမှူးလည်းဖြစ်ပါတယ်။

"ကျနော်တို့ရဲ့ ဒီမိုကရေစီနည်းကျ လုပ်ငန်းစဉ်တွေကို ခြိမ်းခြောက်လာတယ်ဆိုရင် ကျနော်တို့ကလည်း တန်းတူတုံ့ပြန်မှာပါ" လို့ Nakasone ကဆိုပြီး အနာဂတ်မှာ တိုက်ခိုက်မှုတွေ ရှိလာမယ်ဆိုရင်လည်း အပြင်းအထန် တုံ့ပြန်ခံရမှာပဲလို့ ပြောပါတယ်။

"ကျနော်တို့လုပ်ငန်းက နိုဝင်ဘာလ ၃ ရက်နေ့မှာ အဆုံးသတ်သွားမှာ မဟုတ်ပါဘူး၊ ဝင်နှောက်ဖို့ ကြိုးစားတဲ့ ဘယ်နိုင်ငံကိုပဲဖြစ်ဖြစ်၊ ဘယ်သူ့ကိုပဲဖြစ်ဖြစ် ကျနော်တို့ တုံ့ပြန်သွားမှာပါ။" လို့ Nakasone ကပြောပါတယ်။

အမေရိကန်ရွေးကောက်ပွဲကာလနဲ့ ရွေးကောက်ပွဲပြီးကာလမှာ ဝင်နှောက်ဖို့ ကြိုးစားတဲ့နိုင်ငံတွေဟာ ရုရှား၊ အီရန်နဲ့ တရုတ်တို့သာ မဟုတ်ဘူးလို့ တန်ပြန်ထောက်လှမ်းရေး တာဝန်ရှိသူတွေကပြောပါတယ်။

အမေရိကန်မဟာမိတ်တွေဖြစ်တဲ့ ဆော်ဒီအာရေးဘီးယားနဲ့ တူရကီလို၊ ရန်ဘက်တွေဖြစ်တဲ့ ကျူးဘားနဲ့ ဗင်နီဇွဲလားတို့လို နိုင်ငံတွေအပါအဝင် နိုင်ငံ ၃၀ လောက်အထိ ရှိတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG