သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဗာဂ်ီးနီးယားနဲ႔ မယ္ရီလန္းျပည္နည္က ျမန္မာႏြယ္ဖြားေတြ ကန္ သမၼတေရြးေကာက္ပြဲမွာ မဲေပးၾက


ႏိုဝင္ဘာလ (၃)ရက္ Virginia ျပည္နယ္က မဲဆႏၵရွင္မ်ား မဲေပး

(Zawgyi/Unicode)

ႏိုဝင္ဘာလ (၃)ရက္ အဂၤါေန႔ မွာ က်င္းပတဲ့ အေမရိကန္သမၼတ ေ႐ြးေကာက္ပြဲေန႔မွာ သက္ဆိုင္ရာ မဲ႐ုံးေတြကို လူကိုယ္တိုင္ သြားေရာက္မဲထည့္ၾကတဲ့ ဗာဂ်ီးနီးယားနယ္က ျမန္မာႏြယ္ဖြားတခ်ိဳ႕ရဲ႕ အေတြ႕အႀကဳံေတြကို မအင္ၾကင္းႏိုင္က သြားေရာက္ေမးျမန္း တင္ဆက္ထားပါတယ္။

ဗာဂ်ီနီးယားျပည္နယ္က မဲ႐ုံးေတြဖြင့္လွစ္ခ်ိန္ဟာ နံနက္ (၆)နာရီကေန ည (၇)နာရီထိျဖစ္ပါတယ္။ မဲ႐ုံေတြဖြင့္ဖြင့္ျခင္း မဲေပးဖို႔ တန္းစီေနတဲ့ သူေတြ အမ်ားအျပားရွိေပမယ့္ ေနာက္ပိုင္းမွာေတာ့ မဲ႐ုံေတြမွာ လူေတြသိပ္မရွိေတာ့ပါဘူး။ အေၾကာင္းအရင္းကလည္း ဗာဂ်ီးျပည္နယ္မွာ မဲေပးသူ ၅၀% ေက်ာ္ဟာ ႀကိဳတင္မဲေတြ ေပးထားၾကၿပီလို႔လည္းျဖစ္ပါတယ္။ အဂၤါေန႔ နံနက္ ၈ နာရီပတ္ဝန္းက်င္ေလာက္ က်မေရာက္ရွိခဲ့တဲ့ Loudoun Countyစတာလင္ၿမိဳ႕ Potomac မူလတန္းေက်ာင္းက မဲ႐ုံမွာဆိုရင္ ရာသီဥတုက ေလေတြတိုက္ၿပီး ေအးေနေပမယ့္မဲလာေပးၾကသူေတြ တဖြဲဖြဲေတြ႕ျမင္ခဲ့ရၿပီး၊ တန္းစီစရာမလိုပဲ တခါတည္း မဲေပးႏိုင္ၾကတာ ေတြ႕ခဲ့ရပါတယ္။ အဲဒီမွာ လာၿပီး မဲေပးတဲ့ ျမန္မာႏြယ္ဖြားတခ်ိဳ႕လည္း ရွိပါတယ္။

“ေမး။ ။ ကိုသားႀကီးေရ အခုဒီ သမၼတ ေရြးေကာက္ပြဲေပါ့ေနာ္ အခု မဲရံုကို ကိုယ္တိုင္လာၿပီးေတာ့ မဲေပးတဲ့ အေတြ႔အႀကံဳကို ေျပာျပပါဦးရွင့္။

ေျဖ။ ။ က်ေနာ္အေမရိကန္မွာ Vote လုပ္တာ ၃ ႀကိမ္ေျမာက္ရွိၿပီေပါ့ေနာ္ ။ ေနာက္တခုက အရင္တုန္းကဆိုရင္ ဒီေန႔မွာ လူေတြက အရမ္းမ်ားတယ္။ ဒီေန႔က်ေတာ့ ႀကိဳတင္မဲေတြက ေတာ္ေတာ္ Vote လုပ္ထားေတာ့ က်ေနာ္တို႔ထင္တာ လူအမ်ားႀကီးေစာင့္ရမယ္ထင္တာ လူက ရွင္းရွင္းလင္းလင္းနဲ႔ ေပးရတာလည္း အရမ္းေကာင္းတယ္ ၊ စည္းစနစ္လည္း အရမ္းက်တယ္။ အရမ္းကို ေပ်ာ္တယ္ေပါ့ေနာ္ ဒီမဲေပးရတာ 2020 မဲေပးရတာက အျပိဳင္အဆိုင္ႏွစ္ေပါ့ေလ ။ ၃ ႏွစ္ထဲမွာ ဒီႏွစ္က အရမ္းကို အျပိဳင္အဆိုင္ႏွစ္ျဖစ္တဲ့အတြက္ က်ေနာ္မဲေပးရတာ အရမ္းကို စိတ္အားထက္သန္ပါတယ္။”

အလားတူ ကိုသားႀကီးနဲ႔အတူ မဲလာေပးတဲ့ ဇနီးျဖစ္သူ မၾကည္ၾကည္ေဆြကလည္းလူကိုယ္တိုင္ မဲေပးရတဲ့ အေၾကာင္းအရင္းကို အခုလိုေျပာျပပါတယ္။

“အမတို႔ကေတာ့ ဘိုင္ဒင္ကို ရေစခ်င္တယ္ေပါေ့န္ာ။ ဒါေပမယ့္ မဲေတြကေတာ့ မေရတြက္ေသးသမွ်ေတာ့ မသိဘူးေပါ့ေနာ္။ အခုဟာကေတာ့ ဟိုဘက္နဲ႔ ဒီဘက္ကေတာ့ မတိမ္းမယိမ္း ရွိေနေတာ့ အကုန္လံုး သိတဲ့ result ကို ၾကည့္ရမွာေပါ့ေနာ္။”

ဗာဂ်ီနီးယားျပည္နယ္မွာေတာ့ မဲဆႏၵရွင္အမ်ားစုဟာ ဒီမိုကရက္သမၼတေလာင္း ဂ်ိဳးဘိုင္ဒန္ကို မဲေပးၾကတာ ေတြ႕ရပါတယ္။ ေနာက္ထပ္ မဲ ႐ုံျဖစ္တဲ့ Fall Church က ကြန္ျမဴနီတီ စင္တာကို သြားၾကည့္တဲ့အခါမွာ ကိုယ္တိုင္လာေရာက္မဲေပးတဲ့ ျမန္မာႏြယ္ဖြားတခ်ိဳ႕ကိုလည္း ေတြ႕ဆုံေမးျမန္းခြင့္ရခဲ့ပါတယ္။ ဆူရွီလုပ္ငန္းရွင္ ကိုငယ္ကေတာ့ ဘယ္သူကို မဲထည့္ခဲ့သလဲဆိုတာ အခုလို ဗြီအိုေအကိုေျပာပါတယ္။

“ က်ေနာ္ကေတာ့ ဒီမိုကရက္ပါတီကိုပဲ ႀကိဳက္တဲ့အတြက္ က်ေနာ္တို႔ ဒီမုိကရက္ပါတီက ႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ မဲေပးတာ ဒီေန႔မနက္မွာ က်ေနာ္တို႔ ၁၀ နာရီေလာက္ ေရာက္တာ လူေတာ္ေတာ္ေလး ရွင္းပါတယ္။ ဘာလို႔လဲဆိုေတာ့ ႀကိဳတင္မဲေတြ ေပးထားၾကတာ အမ်ားႀကီးဆိုေတာ့ က်ေနာ္တို႔ သိပ္ၿပီးေတာ့ တန္းစီစရာမလိုပဲနဲ႔ လြယ္လြယ္ကူကူပဲ မဲေပးခဲ့ပါတယ္။”

ကိုဗစ္-၁၉ကပ္ေရာဂါကာကြယ္ေရး သတ္မွတ္ခ်က္ စည္းမ်ဥ္းစည္းကမ္းေတြအတိုင္း မဲ႐ုံေတြက လိုက္နာေဆာင္႐ြက္တာေတြ႕ရေၾကာင္း မဲလာေပးတဲ့ မနီမာက ေျပာပါတယ္။

“လုပ္ေပးထားပါတယ္ ညီမေရ ထံုးစံအတိုင္းပဲေပါ့ေနာ္ ။တေယာက္နဲ႔ တေယာက္ ၆ ေပ အကြာရပ္ရတယ္၊ ၿပီးေတာ့ တခါသံုး ေဘာပင္ေလးေတြ သူတို႔ေပးထားေတာ့ အဲဒီေဘာပင္ေလးေတြ ေရး၊ ေရးၿပီးရင္ လႊင့္ပစ္ေပါ့ေနာ္ ။ အကုန္လံုး စည္းစနစ္တက်နဲ႔ အကုန္လံုး Hand sanitizer ေတြအကုန္ထားေပးထားေတာ့ေလ ။ အကုန္လံုးအဆင္ေျပပါတယ္ညီမေရ ကာကြယ္ေရးအတြက္ က်န္းမာေရးအတြက္ေပ့ါေလ။”

ေမရီလန္းျပည္နယ္က ခ်င္းတိုင္းရင္းသား ဇိုသုန္းမႈန္ကလည္း ဒီတႀကိမ္ သမၼတ ေ႐ြးေကာက္ပြဲအတြက္ ခ်င္း အေတာ္မ်ားမ်ား အရင္ကထက္စာရင္ မဲထည့္တာေတြ႕ရတယ္လို႔ ဗီြအိုေအကိုေျပာပါတယ္။

“က်ေနာ္တို႔ ခ်င္းေတြ ေတာ္ေတာ္ေလး မဲေပးၾကတယ္။ က်ေနာ္တို႔လည္း ေဆြးေႏြးၾကတယ္ က်ေနာ္တို႔ ဒီ အေမရိကန္မွာ ေနေပမယ့္ က်ေနာ္တို႔ ျမန္မာႏိုင္ငံကိုလည္း စိတ္၀င္စားတယ္။ အဓိက US Foreign policy ႏိုင္ငံျခားေရး ေပၚလစီ အဲဒါလည္း စဥ္းစားေတာ့ က်ေနာ္တို႔ တခ်ိဳ႕ကေတာ့ အခု Joe Biden တက္လာမယ္ဆိုရင္ ပိုၿပီးေတာ့ ၀ါရွင္တန္ ဒီစီနဲ႔ က်ေနာ္တို႔ ျမန္မာႏိုင္ငံ ဆက္ဆံေရးက ပိုေကာင္းမယ္လို႔ ေမွ်ာ္လင့္သူေတြရွိတယ္။ ခရစ္ယာန္ဘာသာေရးရႈေထာင့္နဲ႔ၾကည့္ၿပီးေတာ့ လက္ရွိ သမၼတ ဘက္ကို အားသာတဲ့သူေတြလည္း ရွိတယ္လို႔ က်ေနာ္သံုးသပ္တယ္။”

အခု အေမရိကန္သမၼတ ေရြးေကာက္ပဲြအတြက္ ႀကိဳတင္မဲေပးသူေပါင္း သန္း ၁၀၀ ေက်ာ္ရွိေနပါတယ္။ ဒါဟာ ၂၀၁၆ခုႏွစ္က သမၼတေရြးေကာက္ပဲြမွာမဲထည့္သူစုစုေပါင္းရဲ႕ ၇၀% ေက်ာ္ရွိေနတယ္လို႔ အေမရိကန္သတင္းဌာနေတြက ေဖၚျပခဲ့ၾကပါတယ္။

အေမရိကန္ လူငယ္အမ်ားအျပားမဲထည့္ၾကတဲ့ အေၾကာင္းအရင္းက Black live matter လိုမ်ဳိး လူမ်ဳိးေရးခဲြျခားမႈ ဆန္႔က်င္တဲ့ ႏိုင္ငံေရး ႏုိးၾကားမႈ ေတြ၊အျမင္ေတြ က်ယ္လာၾကလို႔ျဖစ္တယ္လို႔ လည္း သံုးသပ္ခ်က္ေတြရွိေနပါတယ္။

စာတိုက္က တဆင့္ ႀကိဳတင္မဲေတြ ေပးတဲ့ေနရာမွာ အမွားအယြင္းေတြရွိေနတာ၊ အဂၤါေန႔က တခ်ဳိ႕ျပည္နယ္ မဲရံုေတြမွာ မဲေပးတဲ့ စက္ခ်ဳိ႕ယြင္းမႈေတြ စတဲ့ အခက္အခဲေတြ ရွိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

(Unicode)

နိုဝင်ဘာလ (၃)ရက် အင်္ဂါနေ့ မှာ ကျင်းပတဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲနေ့မှာ သက်ဆိုင်ရာ မဲရုံးတွေကို လူကိုယ်တိုင် သွားရောက်မဲထည့်ကြတဲ့ ဗာဂျီးနီးယားနယ်က မြန်မာနွယ်ဖွားတချို့ရဲ့ အတွေ့အကြုံတွေကို မအင်ကြင်းနိုင်က သွားရောက်မေးမြန်း တင်ဆက်ထားပါတယ်။

ဗာဂျီနီးယားပြည်နယ်က မဲရုံးတွေဖွင့်လှစ်ချိန်ဟာ နံနက် (၆)နာရီကနေ ည (၇)နာရီထိဖြစ်ပါတယ်။ မဲရုံတွေဖွင့်ဖွင့်ခြင်း မဲပေးဖို့ တန်းစီနေတဲ့ သူတွေ အများအပြားရှိပေမယ့် နောက်ပိုင်းမှာတော့ မဲရုံတွေမှာ လူတွေသိပ်မရှိတော့ပါဘူး။ အကြောင်းအရင်းကလည်း ဗာဂျီးပြည်နယ်မှာ မဲပေးသူ ၅၀% ကျော်ဟာ ကြိုတင်မဲတွေ ပေးထားကြပြီလို့လည်းဖြစ်ပါတယ်။ အင်္ဂါနေ့ နံနက် ၈ နာရီပတ်ဝန်းကျင်လောက် ကျမရောက်ရှိခဲ့တဲ့ Loudoun Countyစတာလင်မြို့ Potomac မူလတန်းကျောင်းက မဲရုံမှာဆိုရင် ရာသီဥတုက လေတွေတိုက်ပြီး အေးနေပေမယ့်မဲလာပေးကြသူတွေ တဖွဲဖွဲတွေ့မြင်ခဲ့ရပြီး၊ တန်းစီစရာမလိုပဲ တခါတည်း မဲပေးနိုင်ကြတာ တွေ့ခဲ့ရပါတယ်။ အဲဒီမှာ လာပြီး မဲပေးတဲ့ မြန်မာနွယ်ဖွားတချို့လည်း ရှိပါတယ်။

“မေး။ ။ ကိုသားကြီးရေ အခုဒီ သမ္မတ ရွေးကောက်ပွဲပေါ့နော် အခု မဲရုံကို ကိုယ်တိုင်လာပြီးတော့ မဲပေးတဲ့ အတွေ့အကြုံကို ပြောပြပါဦးရှင့်။

ဖြေ။ ။ ကျနော်အမေရိကန်မှာ Vote လုပ်တာ ၃ ကြိမ်မြောက်ရှိပြီပေါ့နော် ။ နောက်တခုက အရင်တုန်းကဆိုရင် ဒီနေ့မှာ လူတွေက အရမ်းများတယ်။ ဒီနေ့ကျတော့ ကြိုတင်မဲတွေက တော်တော် Vote လုပ်ထားတော့ ကျနော်တို့ထင်တာ လူအများကြီးစောင့်ရမယ်ထင်တာ လူက ရှင်းရှင်းလင်းလင်းနဲ့ ပေးရတာလည်း အရမ်းကောင်းတယ် ၊ စည်းစနစ်လည်း အရမ်းကျတယ်။ အရမ်းကို ပျော်တယ်ပေါ့နော် ဒီမဲပေးရတာ 2020 မဲပေးရတာက အပြိုင်အဆိုင်နှစ်ပေါ့လေ ။ ၃ နှစ်ထဲမှာ ဒီနှစ်က အရမ်းကို အပြိုင်အဆိုင်နှစ်ဖြစ်တဲ့အတွက် ကျနော်မဲပေးရတာ အရမ်းကို စိတ်အားထက်သန်ပါတယ်။”

အလားတူ ကိုသားကြီးနဲ့အတူ မဲလာပေးတဲ့ ဇနီးဖြစ်သူ မကြည်ကြည်ဆွေကလည်းလူကိုယ်တိုင် မဲပေးရတဲ့ အကြောင်းအရင်းကို အခုလိုပြောပြပါတယ်။

“အမတို့ကတော့ ဘိုင်ဒင်ကို ရစေချင်တယ်ပေါေ့န်ာ။ ဒါပေမယ့် မဲတွေကတော့ မရေတွက်သေးသမျှတော့ မသိဘူးပေါ့နော်။ အခုဟာကတော့ ဟိုဘက်နဲ့ ဒီဘက်ကတော့ မတိမ်းမယိမ်း ရှိနေတော့ အကုန်လုံး သိတဲ့ result ကို ကြည့်ရမှာပေါ့နော်။”

ဗာဂျီနီးယားပြည်နယ်မှာတော့ မဲဆန္ဒရှင်အများစုဟာ ဒီမိုကရက်သမ္မတလောင်း ဂျိုးဘိုင်ဒန်ကို မဲပေးကြတာ တွေ့ရပါတယ်။ နောက်ထပ် မဲ ရုံဖြစ်တဲ့ Fall Church က ကွန်မြူနီတီ စင်တာကို သွားကြည့်တဲ့အခါမှာ ကိုယ်တိုင်လာရောက်မဲပေးတဲ့ မြန်မာနွယ်ဖွားတချို့ကိုလည်း တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါတယ်။ ဆူရှီလုပ်ငန်းရှင် ကိုငယ်ကတော့ ဘယ်သူကို မဲထည့်ခဲ့သလဲဆိုတာ အခုလို ဗွီအိုအေကိုပြောပါတယ်။

“ ကျနော်ကတော့ ဒီမိုကရက်ပါတီကိုပဲ ကြိုက်တဲ့အတွက် ကျနော်တို့ ဒီမိုကရက်ပါတီက နိုင်မယ်လို့ မျှော်လင့်ပါတယ်။ မဲပေးတာ ဒီနေ့မနက်မှာ ကျနော်တို့ ၁၀ နာရီလောက် ရောက်တာ လူတော်တော်လေး ရှင်းပါတယ်။ ဘာလို့လဲဆိုတော့ ကြိုတင်မဲတွေ ပေးထားကြတာ အများကြီးဆိုတော့ ကျနော်တို့ သိပ်ပြီးတော့ တန်းစီစရာမလိုပဲနဲ့ လွယ်လွယ်ကူကူပဲ မဲပေးခဲ့ပါတယ်။”

ကိုဗစ်-၁၉ကပ်ရောဂါကာကွယ်ရေး သတ်မှတ်ချက် စည်းမျဉ်းစည်းကမ်းတွေအတိုင်း မဲရုံတွေက လိုက်နာဆောင်ရွက်တာတွေ့ရကြောင်း မဲလာပေးတဲ့ မနီမာက ပြောပါတယ်။

“လုပ်ပေးထားပါတယ် ညီမရေ ထုံးစံအတိုင်းပဲပေါ့နော် ။တယောက်နဲ့ တယောက် ၆ ပေ အကွာရပ်ရတယ်၊ ပြီးတော့ တခါသုံး ဘောပင်လေးတွေ သူတို့ပေးထားတော့ အဲဒီဘောပင်လေးတွေ ရေး၊ ရေးပြီးရင် လွှင့်ပစ်ပေါ့နော် ။ အကုန်လုံး စည်းစနစ်တကျနဲ့ အကုန်လုံး Hand sanitizer တွေအကုန်ထားပေးထားတော့လေ ။ အကုန်လုံးအဆင်ပြေပါတယ်ညီမရေ ကာကွယ်ရေးအတွက် ကျန်းမာရေးအတွက်ပေ့ါလေ။”

မေရီလန်းပြည်နယ်က ချင်းတိုင်းရင်းသား ဇိုသုန်းမှုန်ကလည်း ဒီတကြိမ် သမ္မတ ရွေးကောက်ပွဲအတွက် ချင်း အတော်များများ အရင်ကထက်စာရင် မဲထည့်တာတွေ့ရတယ်လို့ ဗွီအိုအေကိုပြောပါတယ်။

“ကျနော်တို့ ချင်းတွေ တော်တော်လေး မဲပေးကြတယ်။ ကျနော်တို့လည်း ဆွေးနွေးကြတယ် ကျနော်တို့ ဒီ အမေရိကန်မှာ နေပေမယ့် ကျနော်တို့ မြန်မာနိုင်ငံကိုလည်း စိတ်ဝင်စားတယ်။ အဓိက US Foreign policy နိုင်ငံခြားရေး ပေါ်လစီ အဲဒါလည်း စဉ်းစားတော့ ကျနော်တို့ တချို့ကတော့ အခု Joe Biden တက်လာမယ်ဆိုရင် ပိုပြီးတော့ ဝါရှင်တန် ဒီစီနဲ့ ကျနော်တို့ မြန်မာနိုင်ငံ ဆက်ဆံရေးက ပိုကောင်းမယ်လို့ မျှော်လင့်သူတွေရှိတယ်။ ခရစ်ယာန်ဘာသာရေးရှုထောင့်နဲ့ကြည့်ပြီးတော့ လက်ရှိ သမ္မတ ဘက်ကို အားသာတဲ့သူတွေလည်း ရှိတယ်လို့ ကျနော်သုံးသပ်တယ်။”

အခု အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးသူပေါင်း သန်း ၁၀၀ ကျော်ရှိနေပါတယ်။ ဒါဟာ ၂၀၁၆ခုနှစ်က သမ္မတရွေးကောက်ပွဲမှာမဲထည့်သူစုစုပေါင်းရဲ့ ၇၀% ကျော်ရှိနေတယ်လို့ အမေရိကန်သတင်းဌာနတွေက ဖေါ်ပြခဲ့ကြပါတယ်။

အမေရိကန် လူငယ်အများအပြားမဲထည့်ကြတဲ့ အကြောင်းအရင်းက Black live matter လိုမျိုး လူမျိုးရေးခွဲခြားမှု ဆန့်ကျင်တဲ့ နိုင်ငံရေး နိုးကြားမှု တွေ၊အမြင်တွေ ကျယ်လာကြလို့ဖြစ်တယ်လို့ လည်း သုံးသပ်ချက်တွေရှိနေပါတယ်။

စာတိုက်က တဆင့် ကြိုတင်မဲတွေ ပေးတဲ့နေရာမှာ အမှားအယွင်းတွေရှိနေတာ၊ အင်္ဂါနေ့က တချို့ပြည်နယ် မဲရုံတွေမှာ မဲပေးတဲ့ စက်ချို့ယွင်းမှုတွေ စတဲ့ အခက်အခဲတွေ ရှိခဲ့ပါတယ်။

XS
SM
MD
LG