သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္ေရြးေကာက္ပဲြရလဒ္ မဲေရတြက္ေနဆဲ


Philadelphia ျပည္နယ္မွာ ေရြးေကာက္ပဲြတာဝန္ရွိသူေတြ ဆႏၵမဲမ်ား ေရတြက္ေနတဲ့ ျမင္ကြင္း။ (ႏိုဝင္ဘာ ၀၃၊ ၂၀၂၀၀

[Zawgyi/Unicode]

အေမရိကန္ျပည္ေထာင္စုမွာ ေရြးေကာက္ပြဲရလဒ္ေတြကို ေရတြက္ေနဆဲျဖစ္ၿပီး ေနာက္ ၄ ႏွစ္အတြက္ ဘယ္သူ သမၼတျဖစ္လာမလဲဆိုတာ မေရမရာ ျဖစ္ေနပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေဘးေၾကာင့္ စာတိုက္ကေန ႀကိဳတင္ေပးခဲ့ၾကတဲ့ မဲေတြကို ျပည္နယ္အေတာ္မ်ားမ်ားမွာ ေရတြက္ေနဆဲ ျဖစ္တာေၾကာင့္လည္း ရလဒ္ကို ခန္႔မွန္းဖို႔ ခက္ေနတာပါ။

မဲေရတြက္ေနဆဲ ျပည္နယ္အမ်ားစုမွာ လတ္တေလာ ထြက္လာၿပီးသေလာက္ ရလဒ္ေတြအရ သမၼတထရမ့္ပ္က ဦးေဆာင္ေနေပမဲ့လို႔ မေရတြက္ရေသးတဲ့ မဲေတြ အမ်ားအျပား က်န္ေနပါေသးတယ္။ အဲဒီမဲေတြ ၿပိဳင္ဘက္ ဂိ်ဳး ဘိုင္ဒန္ကို ေထာက္ခံမဲေတြ ျဖစ္လာႏိုင္ဖြယ္လည္း ရွိေနတာပါ။ ဒီလို မေသခ်ာမႈေတြ ရွိေနခ်ိန္မွာပဲ သမၼတ ေဒၚနယ္ထရမ့္ပ္က ဗုဒၶဟူးေန႔ အေစာပိုင္း အိမ္ျဖဴေတာ္မွာ သတင္းစာရွင္းလင္းပြဲလုပ္ၿပီး သူ အႏိုင္ရမွာ ေသခ်ာတယ္လို႔ ေျပာခဲ့သလို မဲေရတြက္ေနတာေတြ ရပ္ပစ္လိုက္ဖို႔ တရားရံုးခ်ဳပ္ကို ေတာင္းဆိုမယ္လို႔ ေျပာပါတယ္။

"အခုဟာက ႏိုင္ငံအတြက္ တကယ့္မသမာမႈၾကီး တခုလိုျဖစ္ေနၿပီိ။" လို႔ သမၼတ Trump က မဲေတြဆက္ၿပီိး ေရတြက္ေနေသးတဲ့ အေျခအေနကို ကန္႔ကြက္ေျပာၾကားရင္း "တကယ္တမ္းေျပာရရင္ က်ေနာ္အႏိုင္ရၿပီးသားျဖစ္ေနၿပီ။" လို႔ ဆက္ေျပာသြားခဲ့ပါတယ္။

အိမ္ျဖဴေတာ္ကေန သမၼတထရမ့္ပ္ အဲဒီလိုမေျပာခင္ အေစာပိုင္းအခ်ိန္မွာ ဒီမုိကရက္သမၼတေလာင္း ဂ်ဳိး ဘိုင္ဒန္က သူ႔အေပၚ ေထာက္ခံသူေတြကို သူေနထိုင္တဲ့ Delaware ျပည္နယ္၊ Wilmington ၿမိဳ႕ကေန မိန္႔ခြန္းေျပာၾကားခဲ့ပါတယ္။

"ယံုၾကည္စိတ္ ဆက္ေမြးၾကပါ၊ က်ေနာ္တို႔ အႏုိင္ရမွာပါ၊ ေက်းဇူးတင္ပါတယ္။" လို႔ မစၥတာဘိုင္ဒန္က ေျပာပါတယ္။

အႏိုင္အရံႈး ဆံုးျဖတ္ရာမွာ အေရးပါတဲ့ အဓိက ျပည္နယ္ေတြမွာ မဲေရတြက္တာ မၿပီးေသးသလို လတ္တေလာမွာေတာ့ ဒီျပည္နယ္အမ်ားစုမွာ သမၼတ Trump က ဦးေဆာင္ေနေပမဲ့ မဲေတြ အားလံုး ေရတြက္ၿပီးခ်ိန္အထိ စိတ္ရွည္ရွည္ ေစာင့္ၾကဖို႔၊ ေနာက္ဆံုးရလဒ္က သူသာႏိုင္မွာ ျဖစ္တယ္ဆိုၿပီး မစၥတာဘိုင္ဒန္က ေျပာသြားပါတယ္။

ကန္ေရြးေကာက္ပဲြရလဒ္ မဲေရတြက္ေနဆဲ
please wait

No media source currently available

0:00 0:01:29 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကန်ရွေးကောက်ပွဲရလဒ် မဲရေတွက်နေဆဲ

အမေရိကန်ပြည်ထောင်စုမှာ ရွေးကောက်ပွဲရလဒ်တွေကို ရေတွက်နေဆဲဖြစ်ပြီး နောက် ၄ နှစ်အတွက် ဘယ်သူ သမ္မတဖြစ်လာမလဲဆိုတာ မရေမရာ ဖြစ်နေပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် စာတိုက်ကနေ ကြိုတင်ပေးခဲ့ကြတဲ့ မဲတွေကို ပြည်နယ်အတော်များများမှာ ရေတွက်နေဆဲ ဖြစ်တာကြောင့်လည်း ရလဒ်ကို ခန့်မှန်းဖို့ ခက်နေတာပါ။

မဲရေတွက်နေဆဲ ပြည်နယ်အများစုမှာ လတ်တလော ထွက်လာပြီးသလောက် ရလဒ်တွေအရ သမ္မတထရမ့်ပ်က ဦးဆောင်နေပေမဲ့လို့ မရေတွက်ရသေးတဲ့ မဲတွေ အများအပြား ကျန်နေပါသေးတယ်။ အဲဒီမဲတွေ ပြိုင်ဘက် ဂျိုး ဘိုင်ဒန်ကို ထောက်ခံမဲတွေ ဖြစ်လာနိုင်ဖွယ်လည်း ရှိနေတာပါ။ ဒီလို မသေချာမှုတွေ ရှိနေချိန်မှာပဲ သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဗုဒ္ဓဟူးနေ့ အစောပိုင်း အိမ်ဖြူတော်မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး သူ အနိုင်ရမှာ သေချာတယ်လို့ ပြောခဲ့သလို မဲရေတွက်နေတာတွေ ရပ်ပစ်လိုက်ဖို့ တရားရုံးချုပ်ကို တောင်းဆိုမယ်လို့ ပြောပါတယ်။

"အခုဟာက နိုင်ငံအတွက် တကယ့်မသမာမှုကြီး တခုလိုဖြစ်နေပြီ။" လို့ သမ္မတ Trump က မဲတွေဆက်ပြီး ရေတွက်နေသေးတဲ့ အခြေအနေကို ကန့်ကွက်ပြောကြားရင်း "တကယ်တမ်းပြောရရင် ကျနော်အနိုင်ရပြီးသားဖြစ်နေပြီ။" လို့ ဆက်ပြောသွားခဲ့ပါတယ်။

အိမ်ဖြူတော်ကနေ သမ္မတထရမ့်ပ် အဲဒီလိုမပြောခင် အစောပိုင်းအချိန်မှာ ဒီမိုကရက်သမ္မတလောင်း ဂျိုး ဘိုင်ဒန်က သူ့အပေါ် ထောက်ခံသူတွေကို သူနေထိုင်တဲ့ Delaware ပြည်နယ်၊ Wilmington မြို့ကနေ မိန့်ခွန်းပြောကြားခဲ့ပါတယ်။

"ယုံကြည်စိတ် ဆက်မွေးကြပါ၊ ကျနော်တို့ အနိုင်ရမှာပါ၊ ကျေးဇူးတင်ပါတယ်။" လို့ မစ္စတာဘိုင်ဒန်က ပြောပါတယ်။

အနိုင်အရှုံး ဆုံးဖြတ်ရာမှာ အရေးပါတဲ့ အဓိက ပြည်နယ်တွေမှာ မဲရေတွက်တာ မပြီးသေးသလို လတ်တလောမှာတော့ ဒီပြည်နယ်အများစုမှာ သမ္မတ Trump က ဦးဆောင်နေပေမဲ့ မဲတွေ အားလုံး ရေတွက်ပြီးချိန်အထိ စိတ်ရှည်ရှည် စောင့်ကြဖို့၊ နောက်ဆုံးရလဒ်က သူသာနိုင်မှာ ဖြစ်တယ်ဆိုပြီး မစ္စတာဘိုင်ဒန်က ပြောသွားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG