သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္ေရြးေကာက္ပဲြ ျမန္မာႏိုင္ငံေရးသက္ေရာက္မႈ (ေဒါက္တာတင္ေမာင္သန္းႏွင့္ေမးျမန္းျခင္း)


ႏိုဝင္ဘာလ ၃ ရက္ေန႔က Virginia ျပည္နယ္ Springfield ၿမိဳ႕ရွိ မဲရံုတခုမွာ မဲေပးဖို႔ တန္းစီေနၾကသူမ်ား။ (ႏိုဝင္ဘာ ၀၃၊ ၂၀၂၀)

[Zawgyi/Unicode]

အေမရိကန္ေ႐ြးေကာက္ပြဲရလဒ္ကေန ျမန္မာႏိုင္ငံအေပၚ သက္ေရာက္လာႏိုင္တဲ့အေျခအေနေတြကို ၾကည့္ရေအာင္ပါ။ လက္႐ွိအသံလႊင့္ေနခ်ိန္အထိ အေမရိကန္ ေ႐ြးေကာက္ပဲြရဲ႕ ေနာက္ဆံုးရလဒ္ေတြ တရားဝင္ထြက္မလာေသးပါဘူး။ ဒါေပမဲ့ ျဖစ္လာႏိုင္တဲ့သက္ေရာက္မႈေတြနဲ႔ပတ္သက္လို႔ ျမန္မာ့ႏိုင္ငံေရးသံုးသပ္သူ ဦးတင္ေမာင္သန္းက ခုလိုသံုးသပ္ျပပါတယ္။

ဦးတင္ေမာင္သန္း။ ။ ေယဘူယ်အားျဖင့္ေတာ့ Trump က ႏိုင္ငံျခားေရးကိုေတာ့ သိပ္စိတ္မဝင္စားဘူး။ ဒါေပမဲ့ တရုတ္ကိုေတာ့ စိတ္ဝင္စားတယ္။ တျခားႏိုင္ငံေတြကိုလည္း ဒီမိုကေရစီျဖစ္ေပၚ တိုးတက္မႈနဲ႔ ပတ္သက္ၿပီးေတာ့လည္း စိတ္ဝင္စားမႈနည္းတယ္။ အဲဒီေတာ့ ဒီမိုကရက္ပါတီက Biden တို႔ကေတာ့ ကမၻာမွာ ဒီမိုကေရစီျဖစ္ေပၚေရးကလည္း အလားတူ အေရးေပးတဲ့ ကိစၥတခု ျဖစ္တယ္။ ဒါေၾကာင့္ ဒီမိုကေရစီ လႈပ္ရွားမႈအတြက္ဆိုလို႔ရွိရင္ေတာ့ ဒီမိုကရက္ပါတီသမၼတေလာင္း ျဖစ္တဲ့ Biden တက္လာတာကေတာ့ ျမန္မာ့ဒီမိုကေရစီအေရးကို အမ်ားၾကီး အေထာက္အကူျပဳလိမ့္မယ္လို႔ ထင္တယ္။ လူ႔အခြင့္အေရးကိစၥေတြမွာလည္း အေထာက္အကူ ျပဳလိမ့္မယ္လို႔ထင္တယ္။

မစုျမတ္မြန္။ ။ အဲဒီေတာ့ တကယ္လို႔ ဆရာေျပာခဲ့သလိုပဲ ဒီမိုကရက္တစ္သမၼတေလာင္း Joe Biden သာ သမၼတျဖစ္လာၿပီး အေမရိကန္မွာ အစိုးရသစ္ ျဖစ္လာမယ္ဆိုရင္ ဒီ ျမန္မာႏိုင္ငံအေပၚထားတဲ့ မူဝါဒ အေျပာင္းအလဲေတြက ဘယ္လို အေျပာင္းလဲေတြ ျဖစ္လာမယ္လို႔ ဆရာသံုးသပ္ပါလဲရွင့္။

ဦးတင္ေမာင္သန္း။ ။ ေယဘူယ်အားျဖင့္ေတာ့ အထူးသျဖင့္ ျမန္မာႏို္င္ငံနဲ႔ ပတ္သက္ေနတဲ့ ကိစၥက တရုတ္နဲ႔ ဆက္ဆံေရးကိစၥတခုရွိမယ္... ေဒသတြင္း မဟာဗ်ဴဟာအရေပါ့။ ေနာက္တခုက ရခိုင္ေျမာက္ပိုင္း ကိစၥ တခုရွိမယ္ေပါ့။ ေဒသတြင္း မဟာဗ်ဴဟာအရ ေျပာရလို႔ရွိရင္ေတာ့ တရုတ္ကို ျပန္ၿပီး ဟန္ခ်က္ ခ်ိန္ညိွဖို႔ဆိုတာက ဒီမိုကရက္နဲ႔ ရီပတ္ဘလီကန္ ၾကားမွာ သိပ္ေတာ့ အကြာဟရွိလွမယ္မထင္ဘူး။ ႏွစ္ခုစလံုးက မ်ားေသာအားျဖင့္ ျမန္မာႏိုင္ငံဟာ တရုတ္ဘက္ တရုတ္ရင္ခြင္ထဲကို ေရာက္သြားမွာစိုးက်တဲ့အတြက္ေၾကာင့္မို႔လို႔ အဲဒါကို တနည္းနည္းနဲ႔ ျပန္လည္ ခ်ိန္ညိွဖို႔ လုပ္ၾကတာေတြရွိတယ္။ အထူးသျဖင့္ တရုတ္ရဲ႕ ဒီ ပတ္လမ္းေပါ့ေနာ္... ျပန္ၿပီး ထိန္းညိွဖို႔အတြက္ အိႏိၵယနဲ႔ ျမန္မာ၊ ထိုင္း ဆက္သြယ္ဆက္ဆံေရးပိုၿပီးေကာင္းေအာင္ ေဆာင္ရြက္ဖို႔ လမ္းေၾကာင္းေတြ ျပန္လည္ခ်ိန္ညိွဖို႔လည္း စဥ္းစားေနတာ၊ စီစဥ္တာေတြရွိတယ္လို႔ သိရတယ္ေပါ့ေနာ္။ ဒါကေတာ့ တရုတ္နဲ႔ ပတ္သက္ၿပီး ျပန္လည္ဟန္ခ်က္ ထိန္းညိွဖို႔ေပါ့ေနာ္။

ျမန္မာႏိုင္ငံကိုေတာ့ တရုတ္ဘက္ကို ပါမသြားေအာင္ အတတ္ႏိုင္ဆံုး ျပန္လည္ၿပီးေတာ့ လုပ္ငန္းအစီအစဥ္ေတြ ခ်ၿပီးေဆာင္ရြက္လိမ့္မယ္လို႔ ယူဆရတယ္။ ဒါက Trump နဲ႔ Bidem နွစ္ေယာက္စလံုးၾကားမွာ သိပ္အကြာအဟ ရွိလွမယ္ မထင္ဘူး။ ေယဘူယ်အားျဖင့္ ေျပာရင္ Trump ဟာ ႏိုင္ငံၾကီးေတြရဲ႕ ပါဝါကိုပဲ အဓိကထားတယ္။ ႏိုင္ငံငယ္ေတြရဲ႕ အေနအထားကို သိပ္ၿပီးေတာ့ ထည့္တြက္ေလ့မရွိဘူး။ ေနာက္ၿပီးေတာ့ သူ႔လက္ထက္မွာ ႏိုင္ငံျခားေရးဝန္ၾကီးဌာနရဲ႕ ၾသဇာသက္ေရာက္မႈ၊ ဌာနေတြရဲ႕ ၾသဇာသက္ေရာက္မႈက ေယဘူယ်အားျဖင့္ မရွိဘူး။ သူလုပ္ခ်င္တာ လုပ္တယ္။ ဒါေၾကာင့္မို႔လို႔ ျမန္မာႏိုင္ငံမွာ Trump တက္လာတာနဲ႔ တရုတ္ကို ဆန္႔က်င္ၿပီး ျမန္မာကိုပဲ ပံုၿပီးေအာေတာ့မလို ေမွ်ာ္လင့္ၾကီးေနတာေတြက ဒီဘက္မွာ က်ေနာ္တို႔ ေတြ႔ေနရတာနဲ႔ သိပ္ၿပီး မကိုက္ဘူးလို႔ ေျပာရလိမ့္မယ္။ ေနာက္ရခိုင္ေျမာက္ပိုင္းကိစၥမွာ လူ႔အခြင့္အေရးနဲ႔ ျဖစ္ေပၚတိုးတက္မႈ ျဖစ္တဲ့အတြက္ေၾကာင့္မို႔လို႔ ဒါက လူ႔အခြင့္အေရးေထာင့္ကေန ပိုၿပီး ၾကည့္လိမ့္မယ္။ အဲဒီအတြက္လည္း ပံ့ပိုးမႈ ပိုၿပီး ေပးႏိုင္စရာ အေၾကာင္းရွိတယ္။

မစုျမတ္မြန္။ ။ အဲဒါက ဆရာ.... တကယ္လို႔ Biden တက္လာခဲ့မယ္ဆိုရင္။

ဦးတင္ေမာင္သန္း။ ။ Biden တက္ရင္။ တကယ္လို႔ ဒီမိုကရက္တစ္ သမၼတေလာင္းတက္လာခဲ့မယ္ဆိုရင္။ Biden တက္လာခဲ့မယ္ဆိုလို႔ရွိရင္။ ဒါေပမဲ့ Biden တို႔ဟာ ပထဝီႏိုင္ငံေရးကို ပိုၿပီးေတာ့ စဥ္းစားတယ္။ ေနာက္ၿပီးေတာ့ ဒီ ႏိုင္ငံျခားေရးဝန္ၾကီးဌာန၊ ဌာနေတြရဲ႕ သက္ေရာက္မႈကိုလည္း ပိုၿပီး အေလးထားတတ္တယ္။ ဒါေၾကာင့္မို႔ ဒါကိုလည္း တရုတ္ရဲ႕ ဆက္ဆံေရးနဲ႔ ခ်ိန္ညိွၿပီးေတာ့ ဆက္ဆံလိမ့္မယ္လို႔ ထင္ရတယ္။ ေနာက္ၿပီးေတာ့ ၾကိဳၿပီးေတာ့ နည္းနည္း Biden တို႔က ေျပာလို႔ရတယ္။ ဥပမာ ႏိုင္ငံျခားေရးဝန္ၾကီးဌာန၊ ဌာနေတြက ဘယ္လိုစဥ္းစားတယ္၊ သူတို႔ စဥ္းစားဖို႔ ဘယ္လိုရွိလဲ၊ သူတို႔ ခ်ိန္ၾကည့္တာ ဘယ္လိုရွိလဲဆိုတာ ၾကိဳၿပီး စဥ္းစားလို႔၊ ၾကိဳၿပီး ေျပာလို႔ရႏိုင္တဲ့အတြက္ေၾကာင့္မို႔လို႔ တစံုတရာ လုပ္လို႔ Biden က ရႏိုင္တယ္။ Trump က ခက္လိမ့္မယ္။ အလုပ္လုပ္ရတာလည္း ခက္လိမ့္မယ္၊ ဒီေနရာမွာ သူဘယ္လိုရပ္တည္မလဲဆိုတာလည္း ေျပာဖို႔ခက္လိမ့္မယ္။ ေယဘူယ်အားျဖင့္ေတာ့ Trump က အထူးသျဖင့္ ဒီ မူဆလင္ေတြကို ဆန္႔က်င္တဲ့စိတ္ တစံုတရာ ရွိတယ္ဆိုတဲ့အတြက္ေၾကာင့္မို႔လို႔ ဒီေပၚမွာ ခ်ိန္ခြင္လွ်ာေျပာင္းသြားမလားဆိုတဲ့ စဥ္းစားခ်က္ေတြေတာ့ရွိတယ္။ ဒါေပမဲ့ တဘက္မွာက်ေတာ့ ပုဂၢိဳလ္ေရးအားျဖင့္ ေျပာလို႔ရွိရင္ ေဆာ္ဒီအာေရဗ်တို႔ သူေဌးၾကီးေတြနဲ႔ ဆက္ဆံေရးကလည္း Trump က ေတာ္ေတာ္ေကာင္းေကာင္းမြန္မြန္ ရွိေနျပန္တယ္။ ဆိုေတာ့ အဲဒီ ႏိုင္ငံေတြနဲ႔ ဆက္ဆံေရးေတြကို ျပန္ၾကည့္လို႔ရွိရင္ အဲဒီပုဂၢိဳလ္ေရး ဆက္ဆံမႈ၊ ခ်မ္းသာ ၾကြယ္ဝမႈရဲ႕ ၾသဇာဂယက္ေတြက ပိုၿပီးေတာ့ အေနာက္ႏိုင္ငံဆံုးျဖတ္ခ်က္ေတြေပၚမွာ သက္ေရာက္တတ္တာ ေတြ႔ရတယ္။ အထူးသျဖင့္ Trump လို လူမ်ိဳးေပၚမွာ သက္ေရာက္တယ္လို႔ ထင္တယ္။ ဒါေၾကာင့္မို႔လို႔ ျပန္ၿပီး ခ်ိန္ၾကည့္ရင္ေတာ့ ဒီမိုကရက္သမၼတေလာင္းက ျမန္မာႏိုင္ငံအတြက္ ပိုၿပီးေတာ့ သင့္ေတာ္ေကာင္းမြန္လိမ့္မယ္လို႔ ထင္တယ္။ ေနာက္တခ်က္ ဆက္ႏြယ္ စဥ္းစားဖို႔က ျမန္မာႏိုင္ငံရဲ႕ အေရြ႕အေျပာင္းဟာ ၿပီးခဲ့တဲ့ အတိတ္ကို အေျခခံၿပီး စဥ္းစားမယ္၊ တပ္မေတာ္ရဲ႕ အေနအထားေတြကိုသာ ျပန္ထည့္တြက္မယ္ဆိုရင္ ျမန္မာႏိုင္ငံရဲ႕ ဒီမိုကေရစီဟာ ေနာက္ဆုတ္သြားဖို႔ အလားအလာမရွိဘူးလို႔ မေျပာႏိုင္ဘူး။ ဒါေၾကာင့္မို႔ အားလံုးကို ျခံဳၿပီးေျပာမယ္၊ အခ်က္ သံုးခ်က္ကို ျခံဳၿပီး ေျပာမယ္။ ျမန္မာ့ ဒီမိုကေရစီ အေရြ႕ အထူးသျဖင့္ တပ္မေတာ္ရဲ႕ အေနအထား၊ နံပတ္ ႏွစ္ တရုတ္ရဲ႕ အေနအထား၊ ရခိုင္ေျမာက္ပိုင္းကိစၥေတြ အားလံုး သံုးခ်က္လံုး ခ်ိန္ေျပာမယ္ဆိုလို႔ ရွိရင္ေတာ့ ဒီမိုကရက္တစ္ပါတီရဲ႕ သမၼတေလာင္းတက္လာတာ ျမန္မာႏိုင္ငံအတြက္ ပိုၿပီး ေကာင္းလိမ့္မယ္လို႔ ထင္တယ္။

မစုျမတ္မြန္။ ။ ဟုတ္ကဲ့ပါ ဆရာ။ ေနာက္တခ်က္ ထပ္ေမးခ်င္တာက အခု အေမရိကန္မွာ လုပ္ေနတဲ့ အေမရိကန္ သမၼတေရြးေကာက္ပဲြအေပၚ ျမန္မာေတြရဲ႕ စိတ္ဝင္စားမႈေပါ့ေနာ္... ဆရာ့အေနနဲ႔ ဒီေရြးေကာက္ပဲြေပၚမွာ ျမန္မာျပည္ကေနၿပီး ဘယ္ေလာက္ စိတ္ဝင္စားတယ္လို႔ ဆရာ့အေနနဲ႔ ျမင္လဲ။ ေနာက္တခုက အခု ဒီ အေမရိကန္သမၼတေရြးေကာက္ပဲြကေန ျမန္မာျပည္မွာလည္း မၾကာခင္မွာ ႏိုဝင္ဘာ ၈ ရက္ေန႔ဆိုရင္ ရက္ပိုင္းအတြင္းမွာပဲ ဒီ ေရြးေကာက္ပဲြ က်င္းပေတာ့မယ္ေလ။ ဆိုေတာ့ အခု ဒီအေမရိကန္သမၼတေရြးေကာက္ပဲြကေနေရာ ဘယ္လိုမ်ိဳးအတုယူစရာေတြ ရွိတယ္လို႔ ဆရာ့အေနနဲ႔ ျမင္ပါလဲရွင့္။

ဦးတင္ေမာင္သန္း။ ။ ေယဘူယ်အားျဖင့္ေတာ့ အတုယူစရာထက္ေပါ့ေနာ္... က်ေနာ္တို႔က ႏိုင္ငံေတြကို အတုယူရမယ္လို႔ ဆိုလိုခ်င္တာမဟုတ္ပါဘူး။ ဒါေပမဲ့ အေရးၾကီးတာကေတာ့ ေရြးေကာက္ပဲြ တခုကို ၿငိမ္းၿငိမ္းခ်မ္းခ်မ္း၊ တည္တည္ၿငိမ္ၿငိမ္၊ မွ်မွ်တတနဲ႔ ျဖတ္သန္းဖို႔ပါပဲ။ ဒီအခ်က္ေတြ လုပ္ေဆာင္တဲ့ ေနရာမွာေတာ့ ေတာ္ေတာ္ေလးေကာင္းမြန္တာ ေတြ႔ရတယ္။ ျမန္မာႏိုင္ငံမွာလည္း အဲဒီလို လုပ္ေဆာင္ခဲ့တာ ေကာင္းပါတယ္။ ၂၀၁၅ ေရြးေကာက္ပဲြဆိုရင္ ေရြးေကာက္ပဲြမွာ ေတာ္ေတာ္ မွ်မွ်တတ ေတာ္ေတာ္လုပ္ေဆာင္သြားတာေနာ္။ သို႔ေသာ္လည္း လုပ္ကိုင္ၾကတဲ့ လူေတြမွာ အုပ္ခ်ဳပ္ေရးအေတြ႔အၾကံဳမရွိေသးတာေၾကာင့္မို႔လို႔ကလည္း တေၾကာင္းေပါ့ေနာ္၊ ႏိုင္ငံေရးအျမင္အရလည္း ေရြးေကာက္ပဲြ ေကာ္မရွင္ကို ၾကည့္ရရင္ ႏိုင္ငံေရးအျမင္ အားနည္းတယ္ဆိုတာ အထူးသျဖင့္ လြတ္လပ္စြာ ေျပာဆိုခြင့္နဲ႔ ပတ္သက္ၿပီးေတာ့ အျခားေသာ ပါတီကို ဆင္ဆာ ျဖတ္ခ်င္တာ။ က်ေနာ္တို႔ အရင္တုန္းက စာေပသမားတေယာက္အေနနဲ႔ ေျပာရင္ စာေပ ကင္ေပတိုင္လို႔ေခၚတာေပါ့။ အခုဟာက ေကာ္မရွင္က ကင္ေပတိုင္လို လုပ္ခ်င္တဲ့ဟာေတြကို က်ေနာ္တို႔ ၾကားရတယ္။ စိတ္မေကာင္းဘူး။ ႏိုင္ငံတကာေရြးေကာက္ပဲြ ေစာင့္ၾကည့္တဲ့ လုပ္ငန္းေတြကို အေလးအနက္ သေဘာေပါက္ဖို႔ အားနည္းတယ္လို႔ ထင္တယ္။ ႏိုင္ငံတကာ ရန္ပံုေငြ စီးဆင္းပံုေတြကို နားလည္မႈအားနည္းတယ္လို႔ ထင္တယ္။ အဲဒီအဖဲြ႔ရဲ႕ အဲဒီလို ေစာင့္ၾကည့္မႈရဲ႕ ႏိုင္ငံေရးသက္ေရာက္မႈ၊ ႏိုင္ငံေရး သေဘာသဘာဝ ဘယ္ေလာက္ၾကီးမားတယ္ဆိုတာကို နားလည္မႈ အားနည္းတယ္လို႔ထင္တယ္။ ဒါေတြက ႏိုင္ငံေရး အဆင့္ ေရြးေကာက္ပဲြေကာ္မရွင္က ဆံုးျဖတ္တဲ့ မူဝါဒဆိုင္ရာ ကိစၥေတြ ျဖစ္တယ္။ ျပီးရင္ ျပည္တြင္းႏို္င္ငံေရးက ေျပာရမယ္ဆိုလို႔ရွိရင္လည္း ၃၄ ပါတီက တပ္မေတာ္ကိုသြားၿပီးေတာ့ ေရြးေကာက္ပဲြနဲ႔ ပတ္သက္ၿပီးေျပာတာ၊ ယုန္ေလး ဗီဒီယိုေခြထြက္တာ၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က က်ေနာ္တို႔ ဒီအခ်ဳိးက် ကိုယ္စားျပဳဖို႔စနစ္ဆိုၿပီး အာဏာျပန္လည္ ရယူေရးအတြက္ ဦးတည္ၿပီးေတာ့ ေျပာၾကားေနတာေတြ ဒါေတြကို မျမင္ဘဲနဲ႔ ဒါေတြကို အေလးထားရေကာင္းမွန္းမသိဘဲနဲ႔ ေကာ္မရွင္ဟာ ႏိုင္ငံေရးအရ မခ်ိန္ႏိုင္ခဲ့တာကေတာ့ အၾကီးအက်ယ္ အားနည္းမႈလို႔ ျမန္မာ့ေရြးေကာက္ပဲြ ဒီႏွစ္ေရြးေကာက္ပဲြမွာ ေဝဖန္ရမွာပဲ။ ဒါကလည္း နားလည္လို႔ ရပါတယ္... အေတြ႔အၾကံဳ မရွိတဲ့အတြက္ေၾကာင့္မို႔။ ဒါေပမဲ့ ႏိုင္ငံေရးသမားတေယာက္အေနနဲ႔ ႏိုင္ငံေရး ရာထူးရထားတဲ့ လူတေယာက္အေနနဲ႔ ဆိုရင္ေတာ့ ႏိုင္ငံေရး စဥ္းစားတတ္ပံုမ်ိဳးေတာ့ လိုလိမ့္မယ္လို႔ က်ေနာ္ထင္တယ္။

မစုျမတ္မြန္။ ။ ဒီအေမရိကန္ေရြးေကာက္ပဲြကို ျပန္ၾကည့္မယ္ဆိုရင္ ေရြးေကာက္ပဲြမတိုင္ခင္တုန္းကေတာ့ ဒီ သမၼတဘက္ကေရာ၊ ဒီမိုကရက္တစ္ သမၼတေလာင္း Joe Biden ဘက္ကေရာ မ်ိဳးစံုေတြ မဲဆြယ္ေျပာၾကားမႈေတြရွိတယ္။ ဒါေပမဲ့လည္း အေမရိကန္မွာက အဖဲြ႔အစည္းေတြက ခိုင္မာတယ္။ ေရြးေကာက္ပဲြ သူ႔ဘာ့သူ လုပ္စရာရွိတာကို လုပ္သြားတယ္။ သတင္းမီဒီယာေတြကလည္း လြတ္လြတ္လပ္လပ္ ေျပာၾကတယ္၊ ေဆြးေႏြးၾကတယ္ဆိုေတာ့ အဲဒီလိုမ်ိဳးကိစၥေတြကိုေရာ ျမန္မာႏိုင္ငံအေနနဲ႔ အေကာင္းဘက္ကေန ျမင္ၿပီးေတာ့ အဲဒီလိုမ်ိဳး လုိက္ၿပီး လုပ္သင့္တယ္လို႔ေရာ ဆရာ ေျပာခ်င္လားရွင့္။

ဦးတင္ေမာင္သန္း။ ။ က်ေနာ္ ေစာေစာက ေျပာသြားသလိုပဲ မလိုအပ္ဘဲ က်ေနာ္တို႔ စိုးရိမ္စိတ္ၾကီးတာေတြ ပါတယ္ေပါ့။ လြတ္လပ္စြာ ေျပာဆိုခြင့္ ေပးလိုက္လို႔ရွိရင္ ဘာျဖစ္မွာလဲေပါ့။ ဒါႏို္င္ငံေရးအရ စဥ္းစားရမွာေပါ့ေနာ္။ ပထမ မူအရေျပာရမယ္ဆိုလို႔ရွိရင္ လြတ္လပ္စြာ ေျပာဆိုမယ္... ဒီမိုကေရစီေရြ႕မယ္ဆိုရင္ သိပ္အေရးၾကီးတယ္။ ေျပာဆိုခြင့္ရွိဖို႔ လိုအပ္တယ္။ ဒုတိယအားျဖင့္ လက္ေတြ႔သက္ေရာက္မႈကေရာ မိမိစိုးရိမ္သေလာက္ ျဖစ္မွာ မို႔လို႔လား။ တြက္ခ်က္စဥ္းစားတတ္ဖို႔လည္း လိုတယ္ ခ်ိန္ဖို႔ ခ်ိန္တတ္ဖို႔။ ဒါေၾကာင့္မို႔ က်ေနာ္ ခုဏတုန္းကေျပာတာေပါ့ေနာ္... ေကာ္မရွင္အေနနဲ႔ ႏိုင္ငံေရးအရ စဥ္းစားတတ္ဖို႔ အားနည္းေနတယ္၊ လက္ေတြ႔ သက္ေရာက္မႈအေပၚမွာ အခ်ိန္လိုတယ္ အားနည္းတယ္လို႔ က်ေနာ္ ဒါေၾကာင့္မို႔ ေျပာတာ။

ျမန္မာ့ႏိုင္ငံေရးသံုးသပ္သူ ဦးတင္ေမာင္သန္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မစုျမတ္မြန္က ဆက္သြယ္ေမးျမန္းခဲ့တာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကန်ရွေးကောက်ပွဲ မြန်မာနိုင်ငံရေးသက်ရောက်မှု (ဒေါက်တာတင်မောင်သန်းနှင့်မေးမြန်းခြင်း)

အမေရိကန်ရွေးကောက်ပွဲရလဒ်ကနေ မြန်မာနိုင်ငံအပေါ် သက်ရောက်လာနိုင်တဲ့အခြေအနေတွေကို ကြည့်ရအောင်ပါ။ လက်ရှိအသံလွှင့်နေချိန်အထိ အမေရိကန် ရွေးကောက်ပွဲရဲ့ နောက်ဆုံးရလဒ်တွေ တရားဝင်ထွက်မလာသေးပါဘူး။ ဒါပေမဲ့ ဖြစ်လာနိုင်တဲ့သက်ရောက်မှုတွေနဲ့ပတ်သက်လို့ မြန်မာ့နိုင်ငံရေးသုံးသပ်သူ ဦးတင်မောင်သန်းက ခုလိုသုံးသပ်ပြပါတယ်။

ဦးတင်မောင်သန်း။ ။ ယေဘူယျအားဖြင့်တော့ Trump က နိုင်ငံခြားရေးကိုတော့ သိပ်စိတ်မဝင်စားဘူး။ ဒါပေမဲ့ တရုတ်ကိုတော့ စိတ်ဝင်စားတယ်။ တခြားနိုင်ငံတွေကိုလည်း ဒီမိုကရေစီဖြစ်ပေါ် တိုးတက်မှုနဲ့ ပတ်သက်ပြီးတော့လည်း စိတ်ဝင်စားမှုနည်းတယ်။ အဲဒီတော့ ဒီမိုကရက်ပါတီက Biden တို့ကတော့ ကမ္ဘာမှာ ဒီမိုကရေစီဖြစ်ပေါ်ရေးကလည်း အလားတူ အရေးပေးတဲ့ ကိစ္စတခု ဖြစ်တယ်။ ဒါကြောင့် ဒီမိုကရေစီ လှုပ်ရှားမှုအတွက်ဆိုလို့ရှိရင်တော့ ဒီမိုကရက်ပါတီသမ္မတလောင်း ဖြစ်တဲ့ Biden တက်လာတာကတော့ မြန်မာ့ဒီမိုကရေစီအရေးကို အများကြီး အထောက်အကူပြုလိမ့်မယ်လို့ ထင်တယ်။ လူ့အခွင့်အရေးကိစ္စတွေမှာလည်း အထောက်အကူ ပြုလိမ့်မယ်လို့ထင်တယ်။

မစုမြတ်မွန်။ ။ အဲဒီတော့ တကယ်လို့ ဆရာပြောခဲ့သလိုပဲ ဒီမိုကရက်တစ်သမ္မတလောင်း Joe Biden သာ သမ္မတဖြစ်လာပြီး အမေရိကန်မှာ အစိုးရသစ် ဖြစ်လာမယ်ဆိုရင် ဒီ မြန်မာနိုင်ငံအပေါ်ထားတဲ့ မူဝါဒ အပြောင်းအလဲတွေက ဘယ်လို အပြောင်းလဲတွေ ဖြစ်လာမယ်လို့ ဆရာသုံးသပ်ပါလဲရှင့်။

ဦးတင်မောင်သန်း။ ။ ယေဘူယျအားဖြင့်တော့ အထူးသဖြင့် မြန်မာနိုင်ငံနဲ့ ပတ်သက်နေတဲ့ ကိစ္စက တရုတ်နဲ့ ဆက်ဆံရေးကိစ္စတခုရှိမယ်... ဒေသတွင်း မဟာဗျူဟာအရပေါ့။ နောက်တခုက ရခိုင်မြောက်ပိုင်း ကိစ္စ တခုရှိမယ်ပေါ့။ ဒေသတွင်း မဟာဗျူဟာအရ ပြောရလို့ရှိရင်တော့ တရုတ်ကို ပြန်ပြီး ဟန်ချက် ချိန်ညှိဖို့ဆိုတာက ဒီမိုကရက်နဲ့ ရီပတ်ဘလီကန် ကြားမှာ သိပ်တော့ အကွာဟရှိလှမယ်မထင်ဘူး။ နှစ်ခုစလုံးက များသောအားဖြင့် မြန်မာနိုင်ငံဟာ တရုတ်ဘက် တရုတ်ရင်ခွင်ထဲကို ရောက်သွားမှာစိုးကျတဲ့အတွက်ကြောင့်မို့လို့ အဲဒါကို တနည်းနည်းနဲ့ ပြန်လည် ချိန်ညှိဖို့ လုပ်ကြတာတွေရှိတယ်။ အထူးသဖြင့် တရုတ်ရဲ့ ဒီ ပတ်လမ်းပေါ့နော်... ပြန်ပြီး ထိန်းညှိဖို့အတွက် အိန္ဒိယနဲ့ မြန်မာ၊ ထိုင်း ဆက်သွယ်ဆက်ဆံရေးပိုပြီးကောင်းအောင် ဆောင်ရွက်ဖို့ လမ်းကြောင်းတွေ ပြန်လည်ချိန်ညှိဖို့လည်း စဉ်းစားနေတာ၊ စီစဉ်တာတွေရှိတယ်လို့ သိရတယ်ပေါ့နော်။ ဒါကတော့ တရုတ်နဲ့ ပတ်သက်ပြီး ပြန်လည်ဟန်ချက် ထိန်းညှိဖို့ပေါ့နော်။ မြန်မာနိုင်ငံကိုတော့ တရုတ်ဘက်ကို ပါမသွားအောင် အတတ်နိုင်ဆုံး ပြန်လည်ပြီးတော့ လုပ်ငန်းအစီအစဉ်တွေ ချပြီးဆောင်ရွက်လိမ့်မယ်လို့ ယူဆရတယ်။ ဒါက Trump နဲ့ Bidem နှစ်ယောက်စလုံးကြားမှာ သိပ်အကွာအဟ ရှိလှမယ် မထင်ဘူး။ ယေဘူယျအားဖြင့် ပြောရင် Trump ဟာ နိုင်ငံကြီးတွေရဲ့ ပါဝါကိုပဲ အဓိကထားတယ်။ နိုင်ငံငယ်တွေရဲ့ အနေအထားကို သိပ်ပြီးတော့ ထည့်တွက်လေ့မရှိဘူး။ နောက်ပြီးတော့ သူ့လက်ထက်မှာ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သြဇာသက်ရောက်မှု၊ ဌာနတွေရဲ့ သြဇာသက်ရောက်မှုက ယေဘူယျအားဖြင့် မရှိဘူး။ သူလုပ်ချင်တာ လုပ်တယ်။ ဒါကြောင့်မို့လို့ မြန်မာနိုင်ငံမှာ Trump တက်လာတာနဲ့ တရုတ်ကို ဆန့်ကျင်ပြီး မြန်မာကိုပဲ ပုံပြီးအောတော့မလို မျှော်လင့်ကြီးနေတာတွေက ဒီဘက်မှာ ကျနော်တို့ တွေ့နေရတာနဲ့ သိပ်ပြီး မကိုက်ဘူးလို့ ပြောရလိမ့်မယ်။ နောက်ရခိုင်မြောက်ပိုင်းကိစ္စမှာ လူ့အခွင့်အရေးနဲ့ ဖြစ်ပေါ်တိုးတက်မှု ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒါက လူ့အခွင့်အရေးထောင့်ကနေ ပိုပြီး ကြည့်လိမ့်မယ်။ အဲဒီအတွက်လည်း ပံ့ပိုးမှု ပိုပြီး ပေးနိုင်စရာ အကြောင်းရှိတယ်။

မစုမြတ်မွန်။ ။ အဲဒါက ဆရာ.... တကယ်လို့ Biden တက်လာခဲ့မယ်ဆိုရင်။

ဦးတင်မောင်သန်း။ ။ Biden တက်ရင်။ တကယ်လို့ ဒီမိုကရက်တစ် သမ္မတလောင်းတက်လာခဲ့မယ်ဆိုရင်။ Biden တက်လာခဲ့မယ်ဆိုလို့ရှိရင်။ ဒါပေမဲ့ Biden တို့ဟာ ပထဝီနိုင်ငံရေးကို ပိုပြီးတော့ စဉ်းစားတယ်။ နောက်ပြီးတော့ ဒီ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဌာနတွေရဲ့ သက်ရောက်မှုကိုလည်း ပိုပြီး အလေးထားတတ်တယ်။ ဒါကြောင့်မို့ ဒါကိုလည်း တရုတ်ရဲ့ ဆက်ဆံရေးနဲ့ ချိန်ညှိပြီးတော့ ဆက်ဆံလိမ့်မယ်လို့ ထင်ရတယ်။ နောက်ပြီးတော့ ကြိုပြီးတော့ နည်းနည်း Biden တို့က ပြောလို့ရတယ်။ ဥပမာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဌာနတွေက ဘယ်လိုစဉ်းစားတယ်၊ သူတို့ စဉ်းစားဖို့ ဘယ်လိုရှိလဲ၊ သူတို့ ချိန်ကြည့်တာ ဘယ်လိုရှိလဲဆိုတာ ကြိုပြီး စဉ်းစားလို့၊ ကြိုပြီး ပြောလို့ရနိုင်တဲ့အတွက်ကြောင့်မို့လို့ တစုံတရာ လုပ်လို့ Biden က ရနိုင်တယ်။ Trump က ခက်လိမ့်မယ်။ အလုပ်လုပ်ရတာလည်း ခက်လိမ့်မယ်၊ ဒီနေရာမှာ သူဘယ်လိုရပ်တည်မလဲဆိုတာလည်း ပြောဖို့ခက်လိမ့်မယ်။ ယေဘူယျအားဖြင့်တော့ Trump က အထူးသဖြင့် ဒီ မူဆလင်တွေကို ဆန့်ကျင်တဲ့စိတ် တစုံတရာ ရှိတယ်ဆိုတဲ့အတွက်ကြောင့်မို့လို့ ဒီပေါ်မှာ ချိန်ခွင်လျှာပြောင်းသွားမလားဆိုတဲ့ စဉ်းစားချက်တွေတော့ရှိတယ်။ ဒါပေမဲ့ တဘက်မှာကျတော့ ပုဂ္ဂိုလ်ရေးအားဖြင့် ပြောလို့ရှိရင် ဆော်ဒီအာရေဗျတို့ သူဌေးကြီးတွေနဲ့ ဆက်ဆံရေးကလည်း Trump က တော်တော်ကောင်းကောင်းမွန်မွန် ရှိနေပြန်တယ်။ ဆိုတော့ အဲဒီ နိုင်ငံတွေနဲ့ ဆက်ဆံရေးတွေကို ပြန်ကြည့်လို့ရှိရင် အဲဒီပုဂ္ဂိုလ်ရေး ဆက်ဆံမှု၊ ချမ်းသာ ကြွယ်ဝမှုရဲ့ သြဇာဂယက်တွေက ပိုပြီးတော့ အနောက်နိုင်ငံဆုံးဖြတ်ချက်တွေပေါ်မှာ သက်ရောက်တတ်တာ တွေ့ရတယ်။ အထူးသဖြင့် Trump လို လူမျိုးပေါ်မှာ သက်ရောက်တယ်လို့ ထင်တယ်။ ဒါကြောင့်မို့လို့ ပြန်ပြီး ချိန်ကြည့်ရင်တော့ ဒီမိုကရက်သမ္မတလောင်းက မြန်မာနိုင်ငံအတွက် ပိုပြီးတော့ သင့်တော်ကောင်းမွန်လိမ့်မယ်လို့ ထင်တယ်။ နောက်တချက် ဆက်နွယ် စဉ်းစားဖို့က မြန်မာနိုင်ငံရဲ့ အရွေ့အပြောင်းဟာ ပြီးခဲ့တဲ့ အတိတ်ကို အခြေခံပြီး စဉ်းစားမယ်၊ တပ်မတော်ရဲ့ အနေအထားတွေကိုသာ ပြန်ထည့်တွက်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဟာ နောက်ဆုတ်သွားဖို့ အလားအလာမရှိဘူးလို့ မပြောနိုင်ဘူး။ ဒါကြောင့်မို့ အားလုံးကို ခြုံပြီးပြောမယ်၊ အချက် သုံးချက်ကို ခြုံပြီး ပြောမယ်။ မြန်မာ့ ဒီမိုကရေစီ အရွေ့ အထူးသဖြင့် တပ်မတော်ရဲ့ အနေအထား၊ နံပတ် နှစ် တရုတ်ရဲ့ အနေအထား၊ ရခိုင်မြောက်ပိုင်းကိစ္စတွေ အားလုံး သုံးချက်လုံး ချိန်ပြောမယ်ဆိုလို့ ရှိရင်တော့ ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းတက်လာတာ မြန်မာနိုင်ငံအတွက် ပိုပြီး ကောင်းလိမ့်မယ်လို့ ထင်တယ်။

မစုမြတ်မွန်။ ။ ဟုတ်ကဲ့ပါ ဆရာ။ နောက်တချက် ထပ်မေးချင်တာက အခု အမေရိကန်မှာ လုပ်နေတဲ့ အမေရိကန် သမ္မတရွေးကောက်ပွဲအပေါ် မြန်မာတွေရဲ့ စိတ်ဝင်စားမှုပေါ့နော်... ဆရာ့အနေနဲ့ ဒီရွေးကောက်ပွဲပေါ်မှာ မြန်မာပြည်ကနေပြီး ဘယ်လောက် စိတ်ဝင်စားတယ်လို့ ဆရာ့အနေနဲ့ မြင်လဲ။ နောက်တခုက အခု ဒီ အမေရိကန်သမ္မတရွေးကောက်ပွဲကနေ မြန်မာပြည်မှာလည်း မကြာခင်မှာ နိုဝင်ဘာ ၈ ရက်နေ့ဆိုရင် ရက်ပိုင်းအတွင်းမှာပဲ ဒီ ရွေးကောက်ပွဲ ကျင်းပတော့မယ်လေ။ ဆိုတော့ အခု ဒီအမေရိကန်သမ္မတရွေးကောက်ပွဲကနေရော ဘယ်လိုမျိုးအတုယူစရာတွေ ရှိတယ်လို့ ဆရာ့အနေနဲ့ မြင်ပါလဲရှင့်။

ဦးတင်မောင်သန်း။ ။ ယေဘူယျအားဖြင့်တော့ အတုယူစရာထက်ပေါ့နော်... ကျနော်တို့က နိုင်ငံတွေကို အတုယူရမယ်လို့ ဆိုလိုချင်တာမဟုတ်ပါဘူး။ ဒါပေမဲ့ အရေးကြီးတာကတော့ ရွေးကောက်ပွဲ တခုကို ငြိမ်းငြိမ်းချမ်းချမ်း၊ တည်တည်ငြိမ်ငြိမ်၊ မျှမျှတတနဲ့ ဖြတ်သန်းဖို့ပါပဲ။ ဒီအချက်တွေ လုပ်ဆောင်တဲ့ နေရာမှာတော့ တော်တော်လေးကောင်းမွန်တာ တွေ့ရတယ်။ မြန်မာနိုင်ငံမှာလည်း အဲဒီလို လုပ်ဆောင်ခဲ့တာ ကောင်းပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲဆိုရင် ရွေးကောက်ပွဲမှာ တော်တော် မျှမျှတတ တော်တော်လုပ်ဆောင်သွားတာနော်။ သို့သော်လည်း လုပ်ကိုင်ကြတဲ့ လူတွေမှာ အုပ်ချုပ်ရေးအတွေ့အကြုံမရှိသေးတာကြောင့်မို့လို့ကလည်း တကြောင်းပေါ့နော်၊ နိုင်ငံရေးအမြင်အရလည်း ရွေးကောက်ပွဲ ကော်မရှင်ကို ကြည့်ရရင် နိုင်ငံရေးအမြင် အားနည်းတယ်ဆိုတာ အထူးသဖြင့် လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ ပတ်သက်ပြီးတော့ အခြားသော ပါတီကို ဆင်ဆာ ဖြတ်ချင်တာ။ ကျနော်တို့ အရင်တုန်းက စာပေသမားတယောက်အနေနဲ့ ပြောရင် စာပေ ကင်ပေတိုင်လို့ခေါ်တာပေါ့။ အခုဟာက ကော်မရှင်က ကင်ပေတိုင်လို လုပ်ချင်တဲ့ဟာတွေကို ကျနော်တို့ ကြားရတယ်။ စိတ်မကောင်းဘူး။ နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်တဲ့ လုပ်ငန်းတွေကို အလေးအနက် သဘောပေါက်ဖို့ အားနည်းတယ်လို့ ထင်တယ်။ နိုင်ငံတကာ ရန်ပုံငွေ စီးဆင်းပုံတွေကို နားလည်မှုအားနည်းတယ်လို့ ထင်တယ်။ အဲဒီအဖွဲ့ရဲ့ အဲဒီလို စောင့်ကြည့်မှုရဲ့ နိုင်ငံရေးသက်ရောက်မှု၊ နိုင်ငံရေး သဘောသဘာဝ ဘယ်လောက်ကြီးမားတယ်ဆိုတာကို နားလည်မှု အားနည်းတယ်လို့ထင်တယ်။ ဒါတွေက နိုင်ငံရေး အဆင့် ရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်တဲ့ မူဝါဒဆိုင်ရာ ကိစ္စတွေ ဖြစ်တယ်။ ပြီးရင် ပြည်တွင်းနိုင်ငံရေးက ပြောရမယ်ဆိုလို့ရှိရင်လည်း ၃၄ ပါတီက တပ်မတော်ကိုသွားပြီးတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးပြောတာ၊ ယုန်လေး ဗီဒီယိုခွေထွက်တာ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ကျနော်တို့ ဒီအချိုးကျ ကိုယ်စားပြုဖို့စနစ်ဆိုပြီး အာဏာပြန်လည် ရယူရေးအတွက် ဦးတည်ပြီးတော့ ပြောကြားနေတာတွေ ဒါတွေကို မမြင်ဘဲနဲ့ ဒါတွေကို အလေးထားရကောင်းမှန်းမသိဘဲနဲ့ ကော်မရှင်ဟာ နိုင်ငံရေးအရ မချိန်နိုင်ခဲ့တာကတော့ အကြီးအကျယ် အားနည်းမှုလို့ မြန်မာ့ရွေးကောက်ပွဲ ဒီနှစ်ရွေးကောက်ပွဲမှာ ဝေဖန်ရမှာပဲ။ ဒါကလည်း နားလည်လို့ ရပါတယ်... အတွေ့အကြုံ မရှိတဲ့အတွက်ကြောင့်မို့။ ဒါပေမဲ့ နိုင်ငံရေးသမားတယောက်အနေနဲ့ နိုင်ငံရေး ရာထူးရထားတဲ့ လူတယောက်အနေနဲ့ ဆိုရင်တော့ နိုင်ငံရေး စဉ်းစားတတ်ပုံမျိုးတော့ လိုလိမ့်မယ်လို့ ကျနော်ထင်တယ်။

မစုမြတ်မွန်။ ။ ဒီအမေရိကန်ရွေးကောက်ပွဲကို ပြန်ကြည့်မယ်ဆိုရင် ရွေးကောက်ပွဲမတိုင်ခင်တုန်းကတော့ ဒီ သမ္မတဘက်ကရော၊ ဒီမိုကရက်တစ် သမ္မတလောင်း Joe Biden ဘက်ကရော မျိုးစုံတွေ မဲဆွယ်ပြောကြားမှုတွေရှိတယ်။ ဒါပေမဲ့လည်း အမေရိကန်မှာက အဖွဲ့အစည်းတွေက ခိုင်မာတယ်။ ရွေးကောက်ပွဲ သူ့ဘာ့သူ လုပ်စရာရှိတာကို လုပ်သွားတယ်။ သတင်းမီဒီယာတွေကလည်း လွတ်လွတ်လပ်လပ် ပြောကြတယ်၊ ဆွေးနွေးကြတယ်ဆိုတော့ အဲဒီလိုမျိုးကိစ္စတွေကိုရော မြန်မာနိုင်ငံအနေနဲ့ အကောင်းဘက်ကနေ မြင်ပြီးတော့ အဲဒီလိုမျိုး လိုက်ပြီး လုပ်သင့်တယ်လို့ရော ဆရာ ပြောချင်လားရှင့်။

ဦးတင်မောင်သန်း။ ။ ကျနော် စောစောက ပြောသွားသလိုပဲ မလိုအပ်ဘဲ ကျနော်တို့ စိုးရိမ်စိတ်ကြီးတာတွေ ပါတယ်ပေါ့။ လွတ်လပ်စွာ ပြောဆိုခွင့် ပေးလိုက်လို့ရှိရင် ဘာဖြစ်မှာလဲပေါ့။ ဒါနိုင်ငံရေးအရ စဉ်းစားရမှာပေါ့နော်။ ပထမ မူအရပြောရမယ်ဆိုလို့ရှိရင် လွတ်လပ်စွာ ပြောဆိုမယ်... ဒီမိုကရေစီရွေ့မယ်ဆိုရင် သိပ်အရေးကြီးတယ်။ ပြောဆိုခွင့်ရှိဖို့ လိုအပ်တယ်။ ဒုတိယအားဖြင့် လက်တွေ့သက်ရောက်မှုကရော မိမိစိုးရိမ်သလောက် ဖြစ်မှာ မို့လို့လား။ တွက်ချက်စဉ်းစားတတ်ဖို့လည်း လိုတယ် ချိန်ဖို့ ချိန်တတ်ဖို့။ ဒါကြောင့်မို့ ကျနော် ခုဏတုန်းကပြောတာပေါ့နော်... ကော်မရှင်အနေနဲ့ နိုင်ငံရေးအရ စဉ်းစားတတ်ဖို့ အားနည်းနေတယ်၊ လက်တွေ့ သက်ရောက်မှုအပေါ်မှာ အချိန်လိုတယ် အားနည်းတယ်လို့ ကျနော် ဒါကြောင့်မို့ ပြောတာ။

မြန်မာ့နိုင်ငံရေးသုံးသပ်သူ ဦးတင်မောင်သန်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုမြတ်မွန်က ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG