သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရွမ္းျပည္နယ္အေရွ႕ပုိင္းမွာ ေရြးေကာက္ပြဲက်င္းပႏုိင္ေရး အခက္အခဲရွိေန


ရန္ကုန္ၿမိဳ႕တြင္ ႀကိဳတင္မဲေပးၾကသည့္ ျမင္ကြင္းတခ်ိဳ႕။

(Zawgyi/Unicode)

ရွမ္းျပည္နယ္အေရွ႔ပိုင္း မုိင္းဆတ္ခရိုင္အတြင္းက ျပည္သူ႔စစ္နဲ႔ ၀ တပ္ဖဲြ႔က ထိန္းခ်ဳပ္ထားတဲ့ နယ္ေျမေတြမွာ ႏိုင္ငံေရးပါတီေတြ မဲဆြယ္စည္းရံုးဖုိ႔ အခက္အခဲေတြရိွေနသလို လြတ္လပ္ၿပီး တရားမွ်တတဲ့ ေရြးေကာက္ပဲြ မျဖစ္ႏိုင္တာေၾကာင့္ မဲရံုပိတ္သိမ္းဖို႔ ေတာင္းဆိုထားတဲ့သတင္းကို တင္ျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုမိုးေဇာ္က သတင္းေပးပို႔ထားပါတယ္။

ေရြးေကာက္ပဲြက်င္းပဖို႔ ၅ရက္သာလုိေတာ့တဲ့အခ်ိန္မွာ မိုင္းဆတ္ေဒသအတြင္းက ျပည္သူ႔စစ္တပ္ဖဲြ႔ေတြ ထိန္းခ်ဳပ္ရာနယ္ေျမေတြနဲ႔ UWSA ၀ျပည္ေသြးစည္း ညီညြတ္ေရးတပ္မေတာ္ ထိန္းခ်ဳပ္ရာ ၁၇၁ စစ္ေဒသ အတြင္းက ေက်းရြာတခ်ိဳ႔မွာ ႏိုင္ငံေရးပါတီေတြ စည္းရံုးေရး သြားေရာက္ဖို႔အတြက္ အခက္အခဲရိွေနတာပါ။

၀တပ္ဖဲြ႔ေတြ ထိန္းခ်ဳပ္ရာ ေဒသအတြင္းမွာ ၾကံဳေတြရတဲ့အေျခအေနကို လားဟူအမ်ိဳးသားဖံြ႔ျဖိဳးတိုးတက္ေရး ပါတီရဲ့ ဥကၠဌ မုိင္းဆတ္ၿမိဳ႔နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းျဖစ္တဲ့ ေဒၚေအးသီတာျမင့္က VOA ကို အခုလုိ ေျပာပါတယ္။

“ သူတို႔ ဂိတ္ရိွတဲ့ေနရာ ျဖတ္သန္းရတဲ့ ရြာေတြ သြားလုိ႔ မရဘူး။ သူတို႔ ထိန္းခ်ဳပ္တဲ့ နယ္ေျမေတြလည္း သြားလုိ႔ မရဘူး။ ဂိတ္ေတြက ဘယ္လို ေျပာလဲဆို က်မတုိ႔မွာ ေထာက္ခံစာ ခြင့္ျပဳမိန္႔ေတြပါတယ္ဆုိရင္လည္း ဗမာလုိ ေရးထားတဲ့စာဆုိရင္ သူတို႔က လက္မခံဘူးေပါ့ေနာ္။ သူတုိ႔ အေပၚက တရုတ္စာနဲ႔ လုပ္ထားတဲ့၊ သူတို႔ ရံုးက စာပါမွလို႔ ေျပာတယ္။ ဆုိေတာ့ သူတုိ႔ ၀ ဆက္ဆံေရးတာ၀န္ခံကို ဆက္သြယ္ၿပီးေတာ့ က်မတို႔ စာတင္ၿပီးေတာ့ ေျပာတဲ့အခါက်ေတာ့ သူတုိ႔က စာမျပန္ဘဲနဲ႔ ဖုန္းနဲ႔ ၀င္ဖုိ႔ ခြင့္ျပဳလုိ႔ မျဖစ္ဘူးဆုိတာကိုပဲ ဖုန္းနဲ႔ ျပန္ေျပာ တယ္ေပါ့ေနာ္။ က်မတို႔ဘက္ကလည္း အဆင့္ဆင့္ေပါ့ေနာ္ သူတို႔ ေျပာတဲ့အတုိင္းလုပ္ေပမဲ့ အဆင္မေျပဘူး။”

ဒီလုိ ၀င္ခြင့္မရတာကေတာ့ COVID ေရာဂါကာကြယ္ေရး အေၾကာင္းျပေၾကာင္းနဲ႔ ၀င္လို႔ မရတဲ့ ေက်းရြာအုပ္ေတြက မုိင္းဆတ္ၿမိဳ႔နယ္ မုိင္းယြန္း၊တာကူအုပ္စု၊ လြယ္လန္းအုပ္စု၊ ဆမ္ကန္းအုပ္စု စတဲ့ေက်းရြာအုပ္စုေတြျဖစ္ၿပီး အနည္းဆံုး မဲရံု ၈ရံုေလာက္ရိွေၾကာင္း ေျပာပါတယ္။

အမ်ိဳးသားဒီမုိကေရစီအဖဲြ႔ခ်ဳပ္ ပါတီက ျပည္နယ္အမွတ္ ၂ မဲဆႏၵနယ္က လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးခင္ေမာင္ဦးကလည္း မိုင္းဆတ္ခရိုင္အတြင္းမွာ ၀ တပ္ဖဲြ႔နယ္ေျမသာမက ျပည္သူ႔စစ္တပ္ဖဲြ႔ေဟာင္းေတြ ထိန္းခ်ဳပ္တဲ့နယ္ေျမေတြမွာပါ မဲဆြယ္စည္းရံုးဖို႔ အခက္အခဲရိွေၾကာင္း ေျပာပါတယ္။

“ အရင္တုန္းက ျပည္သူ႔စစ္ေတြအမ်ားဆံုး ရိွတဲ့ေနရာေပါ့ေလ။ အမ်ားအားျဖင့္ ေတာင္ေပၚေက်းရြာအုပ္စုေတြက အခက္အခဲေတြအမ်ားဆံုးၾကံဳရတယ္။ ဟိုတစ္ေန႔က က်ေနာ္တုိ႔ ညၾကီးေရာက္သြားတယ္။ ေရာက္သြားတဲ့အခါက်ေတာ့ အေၾကာင္းျပခ်က္က COVID ေပါ့။ COVID ကို အေၾကာင္းျပၿပီး ေမာင္းထုတ္ခံရတာမ်ိဳးေတြၾကံဳရတာေပါ့။ ၀ ထိန္းခ်ဳပ္နယ္ေျမေတြနဲ႔ ပတ္သက္ရင္လည္း အေတာ္ေလးၾကံဳရတယ္။ ဒီေန႔ဆုိရင္ ၀ ထိန္းခ်ဳပ္နယ္ေျမ ၁၇၁ ဘက္ကို ေကာ္မရွင္ကို ၃ရက္ၾကိဳၿပီး ခြင့္တင္ထားတာ။ ဒီေန႔ က်တယ္ေလ။ တကယ္သြားတဲ့အခါက်ေတာ့ ဂိတ္က သြားခြင့္မရဘူး။ က်ေနာ္ ျပန္လာရတယ္။ အဲဒါေလးေတြ အေတာ္ေလး ခက္ခဲတယ္။”

ဒီေဒသက ျပည္သူ႔စစ္အဖဲြ႔ေတြဟာ ဖ်က္သိမ္းထားၿပီးျဖစ္ေပမဲ့ ေဒသခံေတြအေပၚမွာ ဆက္လက္ ၾသဇာ လႊမ္းမုိးလွ်က္ရိွေနေၾကာင္း ေျပာပါတယ္။

ဒီနယ္ေျမေတြမွာ လြတ္လပ္ၿပီး တရားမွ်တတဲ့ ေရြးေကာက္ပဲြမျဖစ္ႏိုင္တာေၾကာင့္ မဲရံုေတြ ဖ်က္သိမ္းသင့္ေၾကာင္းလည္း လားဟူပါတီဥကၠဌ ေဒၚေအးသီတာျမင့္က ေျပာပါတယ္။

“ အမွန္တကယ္ကေတာ့ ျမန္မာႏိုင္ငံအတြင္းမွာ ေရြးေကာက္ပဲြ က်င္းပဖို႔ ေၾကညာထားတဲ့ေနရာေတြအားလံုးက ဘယ္ႏိုင္ငံေရးပါတီမဆုိ ေကာ္မရွင္ဆီ စာတင္ထားၿပီးၿပီဆုိ ဒါ သြားလုိ႔ ရသင့္တယ္ေပါ့ေနာ္။ COVID-19 ေၾကာင့္ ခြင့္မျပဳဘူးဆုိတာ မျဖစ္သင့္ဘူး။ ဥပမာ ေဆးစစ္ခ်က္အေျဖပါမွ ရမယ္ဆုိရင္လည္း ႏိုင္ငံေရးပါတီေတြ က စစ္ၿပီးေတာ့ သြားမွာပဲေလ ဟုတ္တယ္မဟုတ္လား။ လံုး၀ ႏိုင္ငံေရးပါတီေတြ လံုး၀ မဲဆြယ္စည္းရံုးခြင့္ မရိွဘူး။ ၀င္လုိ႔ မရဘူးဆုိတာက ဒါက တရားမွ်တမႈလည္း လံုး၀မရိွဘူး။ ေရြးေကာက္ပဲြ က်င္းပႏိုင္ရင္ေတာင္မွ လြတ္လပ္ၿပီး တရားမွ်တတဲ့ ေရြးေကာက္ပဲြ မျဖစ္ႏိုင္တဲ့အတြက္ေၾကာင့္မို႔ေပါ့ေနာ္၊ ၀င္ခြင့္မျပဳတဲ့ေနရာေတြက ေရြးေကာက္ပဲြကို ဖ်က္သိမ္းသင့္တယ္ေပါ့ေနာ္ က်မ အျမင္ကေတာ့။ ”

NLD ပါတီက ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးခင္ေမာင္ဦးက မဲရံုတခ်ိဳ႔ကို ဖ်က္သိမ္းဖို႔ ေရြးေကာက္ပဲြေကာ္မရွင္ကို တင္ျပထားတယ္လို႔ ေျပာပါတယ္။

“ အဓိကကေတာ့ ပူနားကိုရြာ၊ တန္႔ဆိုင္ရြာ၊ မယ္ၾကဳတ္ရြာရယ္။ ပူနားကိုရြာရဲ့ ေက်းရြာအုပ္စုက မုိင္းယြင္းေတာင္ေပၚအုပ္စုရယ္၊ ေနာက္ တန္႔ဆိုင္အုပ္စုရယ္။ ေနာက္ ၁၃အုပ္စုေပါ့။ ဒီအုပ္စု ၃စုက အခက္အခဲေလးေတြ ရိွတယ္။ ဒီအုပ္စု ၃စုမွာေတာ့ က်ေနာ္တုိ႔က ပတ္၀န္းက်င္ရြာေတြကိုေတာ့ သြားလုိ႔ လာလုိ႔ အဆင္ေျပတယ္။ အဲဒီ အုပ္စုၾကီးတဲ့ရြာၾကီးေတြမွာ အခက္အခဲေတြေတြ႔တယ္။ အဲဒီမွာရိွတဲ့ မဲရံု ၂ရံုေတာ့ ပိတ္သိမ္းဖုိ႔ က်ေနာ္တုိ႔ အထက္ကို စာတင္ထားတယ္။ အဲဒါေတာ့ အထက္ရဲ့ ဆံုးျဖတ္ခ်က္နဲ႔ သြားမွာ။”

ဒီသတင္းနဲ႔႔ပတ္သက္ၿပီး UWSA ၁၇၁ ဆက္ဆံေရးရံုးကို ဆက္သြယ္ခဲ့ေပမဲ့ ဆက္သြယ္လုိ႔ မရခဲ့သလို မုိင္းဆတ္ခရိုင္ေရြးေကာက္ပဲြေကာ္မရွင္ကို ေမးျမန္းရာမွာေတာ့ အစည္းအေ၀းရိွတာေၾကာင့္ ျပန္လည္ေျဖဆိုႏိုင္တာမရိွခဲ့ပါဘူး။

ႏို၀င္ဘာလ ၈ရက္ေန႔မွာ ရွမ္းျပည္နယ္အတြင္းက UWSA ထိန္းခ်ဳပ္ရာ ေဒသေတြအပါအ၀င္ ၿမိဳ႔နယ္ ၆ၿမိဳ႔နယ္နဲ႔ ေနာက္ ၿမိဳ႔နယ္ ၁၇ၿမိဳ႔နယ္အတြင္း ေက်းရြာအုပ္စု ၁၃၀ ေက်ာ္ကို လြတ္လပ္ၿပီး တရားမွ်တဲ့ အေျခအေနမရိွတာေၾကာင့္ ေရြးေကာက္ပဲြက်င္းပမွာ မဟုတ္ေၾကာင္း ေရြးေကာက္ပဲြေကာ္မရွင္က ဒီလ ၁၆ ရက္ေန႔က ထုတ္ျပန္ထားတာပါ။ ဒီလ ၂၇ရက္ေန႔ကေတာ့ မူဆယ္၊ လားရိႈးနဲ႔ ကြမ္းလံုၿမိဳ႔နယ္အတြင္းက ရပ္ကြက္နဲ႔ ေက်းရြာအုပ္စု ၃ခုကို ေရြးေကာက္ပဲြမက်င္းပမယ့္ နယ္ေျမစာရင္းကေန ပယ္ဖ်က္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

(Unicode)

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင်အတွင်းက ပြည်သူ့စစ်နဲ့ ၀ တပ်ဖွဲ့က ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးဖို့ အခက်အခဲတွေရှိနေသလို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်တာကြောင့် မဲရုံပိတ်သိမ်းဖို့ တောင်းဆိုထားတဲ့သတင်းကို တင်ပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ရွေးကောက်ပွဲကျင်းပဖို့ ၅ရက်သာလိုတော့တဲ့အချိန်မှာ မိုင်းဆတ်ဒေသအတွင်းက ပြည်သူ့စစ်တပ်ဖွဲ့တွေ ထိန်းချုပ်ရာနယ်မြေတွေနဲ့ UWSA ဝပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် ထိန်းချုပ်ရာ ၁၇၁ စစ်ဒေသ အတွင်းက ကျေးရွာတချို့မှာ နိုင်ငံရေးပါတီတွေ စည်းရုံးရေး သွားရောက်ဖို့အတွက် အခက်အခဲရှိနေတာပါ။

ဝတပ်ဖွဲ့တွေ ထိန်းချုပ်ရာ ဒေသအတွင်းမှာ ကြုံတွေရတဲ့အခြေအနေကို လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီရဲ့ ဥက္ကဌ မိုင်းဆတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်တဲ့ ဒေါ်အေးသီတာမြင့်က VOA ကို အခုလို ပြောပါတယ်။

“ သူတို့ ဂိတ်ရှိတဲ့နေရာ ဖြတ်သန်းရတဲ့ ရွာတွေ သွားလို့ မရဘူး။ သူတို့ ထိန်းချုပ်တဲ့ နယ်မြေတွေလည်း သွားလို့ မရဘူး။ ဂိတ်တွေက ဘယ်လို ပြောလဲဆို ကျမတို့မှာ ထောက်ခံစာ ခွင့်ပြုမိန့်တွေပါတယ်ဆိုရင်လည်း ဗမာလို ရေးထားတဲ့စာဆိုရင် သူတို့က လက်မခံဘူးပေါ့နော်။ သူတို့ အပေါ်က တရုတ်စာနဲ့ လုပ်ထားတဲ့၊ သူတို့ ရုံးက စာပါမှလို့ ပြောတယ်။ ဆိုတော့ သူတို့ ၀ ဆက်ဆံရေးတာဝန်ခံကို ဆက်သွယ်ပြီးတော့ ကျမတို့ စာတင်ပြီးတော့ ပြောတဲ့အခါကျတော့ သူတို့က စာမပြန်ဘဲနဲ့ ဖုန်းနဲ့ ဝင်ဖို့ ခွင့်ပြုလို့ မဖြစ်ဘူးဆိုတာကိုပဲ ဖုန်းနဲ့ ပြန်ပြော တယ်ပေါ့နော်။ ကျမတို့ဘက်ကလည်း အဆင့်ဆင့်ပေါ့နော် သူတို့ ပြောတဲ့အတိုင်းလုပ်ပေမဲ့ အဆင်မပြေဘူး။”

ဒီလို ဝင်ခွင့်မရတာကတော့ COVID ရောဂါကာကွယ်ရေး အကြောင်းပြကြောင်းနဲ့ ဝင်လို့ မရတဲ့ ကျေးရွာအုပ်တွေက မိုင်းဆတ်မြို့နယ် မိုင်းယွန်း၊တာကူအုပ်စု၊ လွယ်လန်းအုပ်စု၊ ဆမ်ကန်းအုပ်စု စတဲ့ကျေးရွာအုပ်စုတွေဖြစ်ပြီး အနည်းဆုံး မဲရုံ ၈ရုံလောက်ရှိကြောင်း ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီက ပြည်နယ်အမှတ် ၂ မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်မောင်ဦးကလည်း မိုင်းဆတ်ခရိုင်အတွင်းမှာ ၀ တပ်ဖွဲ့နယ်မြေသာမက ပြည်သူ့စစ်တပ်ဖွဲ့ဟောင်းတွေ ထိန်းချုပ်တဲ့နယ်မြေတွေမှာပါ မဲဆွယ်စည်းရုံးဖို့ အခက်အခဲရှိကြောင်း ပြောပါတယ်။

“ အရင်တုန်းက ပြည်သူ့စစ်တွေအများဆုံး ရှိတဲ့နေရာပေါ့လေ။ အများအားဖြင့် တောင်ပေါ်ကျေးရွာအုပ်စုတွေက အခက်အခဲတွေအများဆုံးကြုံရတယ်။ ဟိုတစ်နေ့က ကျနော်တို့ ညကြီးရောက်သွားတယ်။ ရောက်သွားတဲ့အခါကျတော့ အကြောင်းပြချက်က COVID ပေါ့။ COVID ကို အကြောင်းပြပြီး မောင်းထုတ်ခံရတာမျိုးတွေကြုံရတာပေါ့။ ၀ ထိန်းချုပ်နယ်မြေတွေနဲ့ ပတ်သက်ရင်လည်း အတော်လေးကြုံရတယ်။ ဒီနေ့ဆိုရင် ၀ ထိန်းချုပ်နယ်မြေ ၁၇၁ ဘက်ကို ကော်မရှင်ကို ၃ရက်ကြိုပြီး ခွင့်တင်ထားတာ။ ဒီနေ့ ကျတယ်လေ။ တကယ်သွားတဲ့အခါကျတော့ ဂိတ်က သွားခွင့်မရဘူး။ ကျနော် ပြန်လာရတယ်။ အဲဒါလေးတွေ အတော်လေး ခက်ခဲတယ်။”

ဒီဒေသက ပြည်သူ့စစ်အဖွဲ့တွေဟာ ဖျက်သိမ်းထားပြီးဖြစ်ပေမဲ့ ဒေသခံတွေအပေါ်မှာ ဆက်လက် သြဇာ လွှမ်းမိုးလျှက်ရှိနေကြောင်း ပြောပါတယ်။

ဒီနယ်မြေတွေမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမဖြစ်နိုင်တာကြောင့် မဲရုံတွေ ဖျက်သိမ်းသင့်ကြောင်းလည်း လားဟူပါတီဥက္ကဌ ဒေါ်အေးသီတာမြင့်က ပြောပါတယ်။

“ အမှန်တကယ်ကတော့ မြန်မာနိုင်ငံအတွင်းမှာ ရွေးကောက်ပွဲ ကျင်းပဖို့ ကြေညာထားတဲ့နေရာတွေအားလုံးက ဘယ်နိုင်ငံရေးပါတီမဆို ကော်မရှင်ဆီ စာတင်ထားပြီးပြီဆို ဒါ သွားလို့ ရသင့်တယ်ပေါ့နော်။ COVID-19 ကြောင့် ခွင့်မပြုဘူးဆိုတာ မဖြစ်သင့်ဘူး။ ဥပမာ ဆေးစစ်ချက်အဖြေပါမှ ရမယ်ဆိုရင်လည်း နိုင်ငံရေးပါတီတွေ က စစ်ပြီးတော့ သွားမှာပဲလေ ဟုတ်တယ်မဟုတ်လား။ လုံး၀ နိုင်ငံရေးပါတီတွေ လုံး၀ မဲဆွယ်စည်းရုံးခွင့် မရှိဘူး။ ဝင်လို့ မရဘူးဆိုတာက ဒါက တရားမျှတမှုလည်း လုံးဝမရှိဘူး။ ရွေးကောက်ပွဲ ကျင်းပနိုင်ရင်တောင်မှ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်တဲ့အတွက်ကြောင့်မို့ပေါ့နော်၊ ဝင်ခွင့်မပြုတဲ့နေရာတွေက ရွေးကောက်ပွဲကို ဖျက်သိမ်းသင့်တယ်ပေါ့နော် ကျမ အမြင်ကတော့။ ”

NLD ပါတီက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်မောင်ဦးက မဲရုံတချို့ကို ဖျက်သိမ်းဖို့ ရွေးကောက်ပွဲကော်မရှင်ကို တင်ပြထားတယ်လို့ ပြောပါတယ်။

“ အဓိကကတော့ ပူနားကိုရွာ၊ တန့်ဆိုင်ရွာ၊ မယ်ကြုတ်ရွာရယ်။ ပူနားကိုရွာရဲ့ ကျေးရွာအုပ်စုက မိုင်းယွင်းတောင်ပေါ်အုပ်စုရယ်၊ နောက် တန့်ဆိုင်အုပ်စုရယ်။ နောက် ၁၃အုပ်စုပေါ့။ ဒီအုပ်စု ၃စုက အခက်အခဲလေးတွေ ရှိတယ်။ ဒီအုပ်စု ၃စုမှာတော့ ကျနော်တို့က ပတ်ဝန်းကျင်ရွာတွေကိုတော့ သွားလို့ လာလို့ အဆင်ပြေတယ်။ အဲဒီ အုပ်စုကြီးတဲ့ရွာကြီးတွေမှာ အခက်အခဲတွေတွေ့တယ်။ အဲဒီမှာရှိတဲ့ မဲရုံ ၂ရုံတော့ ပိတ်သိမ်းဖို့ ကျနော်တို့ အထက်ကို စာတင်ထားတယ်။ အဲဒါတော့ အထက်ရဲ့ ဆုံးဖြတ်ချက်နဲ့ သွားမှာ။”

ဒီသတင်းနဲ့ပတ်သက်ပြီး UWSA ၁၇၁ ဆက်ဆံရေးရုံးကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့သလို မိုင်းဆတ်ခရိုင်ရွေးကောက်ပွဲကော်မရှင်ကို မေးမြန်းရာမှာတော့ အစည်းအဝေးရှိတာကြောင့် ပြန်လည်ဖြေဆိုနိုင်တာမရှိခဲ့ပါဘူး။

နိုဝင်ဘာလ ၈ရက်နေ့မှာ ရှမ်းပြည်နယ်အတွင်းက UWSA ထိန်းချုပ်ရာ ဒေသတွေအပါအဝင် မြို့နယ် ၆မြို့နယ်နဲ့ နောက် မြို့နယ် ၁၇မြို့နယ်အတွင်း ကျေးရွာအုပ်စု ၁၃၀ ကျော်ကို လွတ်လပ်ပြီး တရားမျှတဲ့ အခြေအနေမရှိတာကြောင့် ရွေးကောက်ပွဲကျင်းပမှာ မဟုတ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ဒီလ ၁၆ ရက်နေ့က ထုတ်ပြန်ထားတာပါ။ ဒီလ ၂၇ရက်နေ့ကတော့ မူဆယ်၊ လားရှိုးနဲ့ ကွမ်းလုံမြို့နယ်အတွင်းက ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၃ခုကို ရွေးကောက်ပွဲမကျင်းပမယ့် နယ်မြေစာရင်းကနေ ပယ်ဖျက်ထားပါတယ်။

XS
SM
MD
LG