သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သမာသမတ္က်တဲ့ ေရြးေကာက္ပဲြျဖစ္ေရး အစိုးရမွာ တာ၀န္ရွိေၾကာင္း တပ္မေတာ္ သတိေပး


Senior General Min Aung Hlaing

(Zawgyi/Unicode)

ႏိုဝင္ဘာလ ၈ ရက္ေန႔ က်င္းပမယ့္ ေ႐ြးေကာက္ပြဲအတြက္ အစိုးရနဲ႔ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္တို႔ ရဲ႕အဘက္ဘက္က ျပင္ဆင္မႈေတြမွာ လုံေလာက္မႈမရွိ၊ အားနည္းခ်က္ေတြ ေတြ႕ရၿပီး ေနာက္ဆက္တြဲရလဒ္ေတြအတြက္ အစိုးရအေနနဲ႔ တာဝန္ခံရမွာျဖစ္တယ္လို႔ တနလၤာေန႔က ထုတ္ျပန္တဲ့ တပ္မေတာ္ရဲ႕ သေဘာထား ေၾကညာခ်က္မွာ သတိေပးလိုက္ပါတယ္။

လာမယ့္ တနဂၤေႏြေန႔ ေ႐ြးေကာက္ပြဲက်င္းပဖို႔ ရက္ပိုင္းအလို ထုတ္ျပန္လိုက္တဲ့ တပ္မေတာ္ရဲ႕ေ႐ြးေကာက္ပြဲအေပၚ သေဘာထား ေၾကညာခ်က္မွာ- ေ႐ြးေကာက္ပြဲ ေကာ္မရွင္ရဲ႕ႀကိဳတင္မဲေကာက္ယူမႈ အပိုင္းမွာလုံလုံေလာက္ေလာက္ ျပင္ဆင္ထားျခင္းမရွိတာကို ေဝဖန္ထားပါတယ္။ အလားတူ ကိုဗစ္-၁၉ ကာကြယ္ေရး က်န္းမာေရးစံလုပ္ငန္းလမ္းၫႊန္(SOP)အတိုင္း ႏိုင္ငံေရး ပါတီေတြ လိုက္နာဖို႔ ထိေရာက္ေအာင္ ႀကီးၾကပ္ႏိုင္မႈမရွိတဲ့အတြက္ ေနာက္ဆက္တြဲ ဆိုး႐ြားတဲ့ ရလာဒ္ေတြ ျဖစ္ေပၚခဲ့တယ္လို႔လည္း စြပ္စြဲထားပါတယ္။

ဒါအျပင္ ေ႐ြးေကာက္ပြဲ မက်င္းပႏိုင္တဲ့ ေနရာေတြမွာ ေနာက္ပိုင္း ၾကားျဖတ္ေ႐ြးေကာက္ပြဲေတြ က်င္းပႏိုင္ေရး တိုင္းရင္းသား လက္နက္ကိုင္ တပ္ဖြဲ႕ေတြက မသက္ဆိုင္တဲ့ ေနရာေတြကေန ထြက္သြားဖို႔ လိုတယ္လု႔ိလည္း တရက္တည္း ထုတ္ျပန္တဲ့ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးရဲ႕ သီးျခားေၾကညာခ်က္မွာ ေဖာ္ျပပါတယ္။

၂၀၁၅ ေ႐ြးေကာက္ပြဲနဲ႔ ႏႈိင္းယွဥ္ရင္လည္း အခု ၂၀၂၀ ျပည့္ ေ႐ြးေကာက္ပြဲ မွာ ခ်ိဳ႕ယြင္းအားနည္းခ်က္ အမ်ားအျပားရွိေနေၾကာင္း၊ ၂၀၁၅ တုန္းက ေ႐ြးေကာက္ပြဲ

မက်င္းပႏိုင္တာ ၉ ၿမိဳ႕နယ္ဘဲ ရွိေပမယ့္လည္း အခု ေ႐ြးေကာက္ပြဲမွာ မက်င္းပႏိုင္တဲ့ ၿမိဳ႕နယ္ ၁၅ ၿမိဳ႕နယ္နဲ႔ ေက်း႐ြာ အုပ္စု တခ်ိဳ႕ ရွိေနတယ္လို႔ တပ္မေတာ္ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဝဖန္ေထာက္ျပထားပါတယ္။ ျပည္သူလူထုေမွ်ာ္လင့္ တဲ့အတိုင္း လြတ္လပ္ၿပီး တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲျဖစ္လာေစေရး အေလးထားေဆာင္ရြက္ဖို႔ လိုအပ္ေနေၾကာင္းနဲ႔ ဒီအတြက္လည္း အစိုးရမွာ တာဝန္ရွိတယ္လို႔ တပ္မေတာ္ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖၚျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

သမာသမတ်ကျတဲ့ ရွေးကောက်ပွဲဖြစ်ရေး အစိုးရမှာ တာဝန်ရှိကြောင်း တပ်မတော် သတိပေး

(Unicode)

နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် အစိုးရနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တို့ ရဲ့အဘက်ဘက်က ပြင်ဆင်မှုတွေမှာ လုံလောက်မှုမရှိ၊ အားနည်းချက်တွေ တွေ့ရပြီး နောက်ဆက်တွဲရလဒ်တွေအတွက် အစိုးရအနေနဲ့ တာဝန်ခံရမှာဖြစ်တယ်လို့ တနင်္လာနေ့က ထုတ်ပြန်တဲ့ တပ်မတော်ရဲ့ သဘောထား ကြေညာချက်မှာ သတိပေးလိုက်ပါတယ်။

လာမယ့် တနင်္ဂနွေနေ့ ရွေးကောက်ပွဲကျင်းပဖို့ ရက်ပိုင်းအလို ထုတ်ပြန်လိုက်တဲ့ တပ်မတော်ရဲ့ရွေးကောက်ပွဲအပေါ် သဘောထား ကြေညာချက်မှာ- ရွေးကောက်ပွဲ ကော်မရှင်ရဲ့ကြိုတင်မဲကောက်ယူမှု အပိုင်းမှာလုံလုံလောက်လောက် ပြင်ဆင်ထားခြင်းမရှိတာကို ဝေဖန်ထားပါတယ်။ အလားတူ ကိုဗစ်-၁၉ ကာကွယ်ရေး ကျန်းမာရေးစံလုပ်ငန်းလမ်းညွှန်(SOP)အတိုင်း နိုင်ငံရေး ပါတီတွေ လိုက်နာဖို့ ထိရောက်အောင် ကြီးကြပ်နိုင်မှုမရှိတဲ့အတွက် နောက်ဆက်တွဲ ဆိုးရွားတဲ့ ရလာဒ်တွေ ဖြစ်ပေါ်ခဲ့တယ်လို့လည်း စွပ်စွဲထားပါတယ်။

ဒါအပြင် ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ နေရာတွေမှာ နောက်ပိုင်း ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပနိုင်ရေး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေက မသက်ဆိုင်တဲ့ နေရာတွေကနေ ထွက်သွားဖို့ လိုတယ်လု့ိလည်း တရက်တည်း ထုတ်ပြန်တဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးရဲ့ သီးခြားကြေညာချက်မှာ ဖော်ပြပါတယ်။

၂၀၁၅ ရွေးကောက်ပွဲနဲ့ နှိုင်းယှဉ်ရင်လည်း အခု ၂၀၂၀ ပြည့် ရွေးကောက်ပွဲ မှာ ချို့ယွင်းအားနည်းချက် အများအပြားရှိနေကြောင်း၊ ၂၀၁၅ တုန်းက ရွေးကောက်ပွဲ

မကျင်းပနိုင်တာ ၉ မြို့နယ်ဘဲ ရှိပေမယ့်လည်း အခု ရွေးကောက်ပွဲမှာ မကျင်းပနိုင်တဲ့ မြို့နယ် ၁၅ မြို့နယ်နဲ့ ကျေးရွာ အုပ်စု တချို့ ရှိနေတယ်လို့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ ဝေဖန်ထောက်ပြထားပါတယ်။ ပြည်သူလူထုမျှော်လင့် တဲ့အတိုင်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်လာစေရေး အလေးထားဆောင်ရွက်ဖို့ လိုအပ်နေကြောင်းနဲ့ ဒီအတွက်လည်း အစိုးရမှာ တာဝန်ရှိတယ်လို့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

XS
SM
MD
LG