သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မေကြးတုိင္း၊ ေပါက္ၿမိဳ႕မွာ ႀကိဳတင္မဲကိစၥနဲ႔ အျငင္းပြားမႈျဖစ္


၂၀၂၀ ေရြးေကာက္ပဲြအတြက္ ၾကိဳတင္မဲေပးဖို႔ ေနသည္႔ အမ်ိဳးသမီးတဦး။ (ေအာက္တိုဘာ ၂၉၊ ၂၀၂၀)

(Zawgyi/Unicode)

လာမယ့္ ေရြးေကာက္ပဲြအတြက္ ႀကိဳတင္မဲေတြ စတင္ေပးခြင့္ရတဲ့ေန႔မွာပဲ မေကြးတိုင္း ေပါက္ၿမိဳ႕နယ္မွာ အျငင္းပြားမႈ ျဖစ္ပြားခဲ့တာေၾကာင့္ ေကာ္မရွင္တာ၀န္ရွိသူေတြ စုံစမ္းစစ္ေဆးေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုထက္ေအာင္ခန္႔က သတင္းေပးပို႔ထားပါတယ္။

သက္ႀကီးပုိင္းေတြ အပါအ၀င္ ေရြးေကာက္ပဲြေန႔မွာ မဲမေပးႏုိင္တဲ့သူေတြ ႀကိဳတင္ ဆႏၵမဲေပးခြင့္ေပးထားတဲ့ ပထမေန႔မွာပဲ ေပါက္ၿမိဳ႕နယ္မွာ ေရြးေကာက္ပဲြ စည္းကမ္းေတြကုိ ေဖာက္ဖ်က္ခဲ့တယ္ဆုိတဲ့ စြပ္စဲြခ်က္နဲ႔ ေဒသခံေတြ ကန္႔ကြက္ရာက အျငင္းပြားမႈ ျဖစ္ခဲ့တာကုိ အခုအခါ တာ၀န္ရွိသူေတြ စုံစမ္းစစ္ေဆးေနတာပါ။

လူစုလူေ၀းနဲ႔ ႐ုတ္႐ုတ္သဲသဲ အေျခအေနအထိ ႀကံဳခဲ့ရတဲ့ ျဖစ္စဥ္နဲ႔ ပတ္သက္လုိ႔ စုံစမ္းစစ္ေဆးေနၿပီး ေရြးေကာက္ပဲြဆုိင္ရာ စည္းမ်ဥ္းေတြ ခ်ဳိးေဖာက္ရင္ အေရးယူမယ္လုိ႔လည္း မေကြးတိုင္း ေရြးေကာက္ပြဲေကာ္မရွင္ အတြင္းေရးမွဴး ဦးစိုးထြဋ္ဦးက ဗြီအိုေအကို ေျပာပါတယ္။

“ေရြးေကာက္ပြဲေကာ္မရွင္ကေတာ့ ႀကိဳတင္မဲေပးတဲ့ လုပ္ငန္းစဥ္ မရပ္ဆိုင္းသြားေအာင္ေတာ့ ကြ်န္ေတာ္တို႔ လုပ္ေနတယ္။ ေနာက္တခုက မေန႔ကျဖစ္တဲ့ မဲပံုးကိုေတာ့ ခ်ိတ္ပိတ္ၿပီး သိမ္းထားပါတယ္။ ကြ်န္ေတာ္တို႔က ၿမိဳ႕နယ္မွာ စစ္ေဆးေနပါတယ္။ အ့ဲဒါေတြ စီစဥ္ေဆာင္ရြက္ေနပါတယ္။ အဲ့ဒါေလးၿပီးမွ ကြ်န္ေတာ္တို႔ သိရမယ္။ စစ္ေဆးၿပီးခဲ့အခါ က်ေတာ့မွ ေရြးေကာက္ပြဲဥပေဒနဲ႔ ၿငိတယ္ဆိုရင္ ၿငိတဲ့အတိုင္းလုပ္မွာပဲေလ စစ္ေဆးေနတုန္းပါပဲ။”

အသက္ ၆၀ နဲ႔အထက္ သက္ႀကီးပုိင္းေတြ အပါအ၀င္ ႀကိဳတင္မဲေပးရာမွာ ေပါက္ၿမိဳ႕နယ္ ကြ်န္းရင္းေက်းရြာက ရပ္ကြက္နဲ႔ေက်းရြာ ေကာ္မရွင္ ဥကၠဌက မဲဆႏၵရွင္ေတြကုိယ္စား မဲျပားေတြမွာ တံဆိပ္တံုး ထုေပးခဲ့တယ္ဆိုၿပီး မေက်နပ္ၾကရာက လူစုလူေ၀းျဖစ္ပြြားခဲ့တာပါ။

ကုိယ္စားမဲေပးရာမွာလည္း မဲဆႏၵရွင္ေတြ ဆႏၵအတုိင္းမဟုတ္ဘဲ မဲေပးခဲ့တာေၾကာင့္ ကန္႔ကြက္မႈေတြ ထြက္ေပၚခဲ့ၿပီးေနာက္ အေရးယူေပးဖုိ႔ ေတာင္းဆိုခဲ့ၾကတယ္လုိ႔လည္း အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ NLD ပါတီရဲ႕ ေပါက္ၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးရဲထြန္း၀င္းက ေျပာပါတယ္။

“အခုေက်းရြာနဲ႔ ညွိႏိႈင္းလိုက္တာက ဒီမဲေတြကို ပယ္ဖ်က္ေပးမယ္။ မဲေပးၿပီး အဖိုးအဖြား ၄၀ ဟာလည္း မဲဆႏၵအသစ္ ေပးခြင့္ျပဳမယ္။ ျပဳရမယ္ေပါ့ သူတို႔ေတာင္းဆိုထားတာ။ ေနာက္တခုကက်ေတာ့ ဥပေဒနဲ႔ မညီလုပ္တဲ့ ရပ္ေက်း ေကာ္မရွင္က လူေတြကိုေကာ ၿမိဳ႕နယ္ေကာ္မရွင္က လူေတြကိုေကာ ထိုက္သင့္တဲ့ ျပစ္ဒဏ္ အေရးယူ ေဆာင္ရြက္ေပးဖို႔ လုပ္ေပးရမယ္ေပါ့။ ဒါေက်းရြာက ေတာင္းဆိုတာေတြေပါ့။ ေက်းရြာက ေတာင္းဆိုတာေတြကို ဥပေနဲ႔ညီတယ္ဆိုရင္ အေကာင္အထည္ေဖာ္ႏိုင္ေအာင္ တြန္းအားေပးပါ့မယ္လို႔ ကြ်န္ေတာ္တို႔အေနနဲ႔ ကတိေပးလိုက္ေတာ့ ေက်းရြာသူ ေက်းရြာသားေတြက လက္ခံသြားတယ္ေပါ့။ ေက်းရြာသူ ေက်းရြာသားေတြ ေတာင္းဆိုတာေတြကို လုပ္ေပးမယ္လို႔ေတာ့ ခရိုင္ေကာ္မရွင္က အဲ့လိုေျပာသြားပါတယ္။”

အျငင္းပြားမႈျဖစ္ပြားခဲ့ၿပီးေနာက္ ကြ်န္းရင္းေက်းရြာ ေရြးေကာက္ပြဲေကာ္မရွင္ ဥကၠဌကုိ တာ၀န္က ဖယ္ရွားခဲ့ၿပီး မဲေပးတဲ့ လုပ္ငန္းစဥ္ေတြ ဆက္လက္ေဆာင္ရြက္ႏုိင္ေအာင္ စီစဥ္ေနတယ္လုိ႔လည္း တာ၀န္ရွိသူေတြက ေျပာပါတယ္။ မဲမသမာမႈ ေရြးေကာက္ပဲြဆုိင္ရာ စည္းကမ္းေဖာက္ဖ်က္သူေတြကုိေတာ့ ေငြဒဏ္ကေန ေထာင္ဒဏ္အထိ အျပစ္ေပးႏိုင္တယ္လို႔လည္း ေရြးေကာက္ပဲြလုပ္ငန္းေတြကုိ ေစာင့္ၾကည့္ အကဲခတ္ေနတဲ့ ကေနာင္ အင္စတီက်ဳက ဒါရိုက္တာ ဦးသန္းျမတ္္စိုးက ေျပာပါတယ္။

“ေရြးေကာက္ပြဲမသမာမႈထဲမွာေတာ့ ေငြဒဏ္နဲ႔ ေထာင္ဒဏ္ ၂ ရပ္လံုးကိုေတာ့ ခ်လို႔ရတယ္ဆိုၿပီး ခ်လို႔ရတယ္လို႔ လုပ္ထားတာရွိတယ္ေပါ့။ ဒါေပမယ့္ အဆံုးအျဖတ္နဲ႔ အၿပီးျပတ္က ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္ရဲ႕ အတည္ျပဳခ်က္သည္ အၿပီးျပတ္ျဖစ္ထားတဲ့အခါက်ေတာ့ ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕၀င္ေတြအတြက္ေတာ့ ျပစ္မႈျပစ္ဒဏ္ထည့္ထားတာမရွိဘူး။ ဒီေရြးေကာက္ပြဲ မသမာမႈေတြလုပ္လာမယ္ ျဖစ္လာမယ္ဆိုရင္ေတာ့ ခုနကလုိ ေငြဒဏ္ေကာ ေထာင္ဒဏ္ေကာ ၂ ရပ္လံုး ခ်မွတ္လို႔ရတယ္လို႔ ေရြးေကာက္ပြဲ ေရြးေကာက္တင္ေျမွာက္ျခင္းဆိုင္ရာ ဥပေဒမွာေတာ့ ျပဌာန္းထားတာေတာ့ ရွိတယ္ေပါ့ေနာ္။ အဓိကေတာ့ က်ပ္ ၁ သိန္းထက္ မပိုေသာ ေငြဒဏ္ရယ္ ၁ ႏွစ္ထက္ မပိုေသာ ေထာင္ဒဏ္ရယ္ ေရးထားတာမ်ိဳးရွိတယ္။”

ကုိဗစ္ကပ္ေရာဂါကာလ ကန္႔သတ္ခ်က္ေတြၾကား က်င္းပမယ့္ ေရြးေကာက္ပဲြမွာ သက္ႀကီးပုိင္းေတြ၊ မဲဆႏၵနယ္ေျမျပင္ပ ေရာက္ေနသူေတြနဲ႔ ႏုိင္ငံ၀န္ထမ္းေတြ အပါအ၀င္ ေရြးေကာက္ပဲြေန႔မွာ မဲေပးဖို႔ အခက္အခဲရွိသူေတြကုိ ၾကာသပေတးေန႔ကစၿပီး ႀကိဳတင္မဲေပးခြင့္ ျပဳထားတာပါ။

ႏုိ၀င္ဘာလ ၈ ရက္ေန႔မွာ က်င္းပမယ့္ ေရြးေကာက္ပဲြမွာေတာ့ ႏိုင္ငံေရးပါတီေပါင္း ၉၀ ေက်ာ္နဲ႔ တသီးပုဂၢလလႊတ္ေတာ္ကိုယ္စားလွယ္ေတြ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမွာျဖစ္ၿပီး မဲေပးခြင့္ရွိသူ ၃၇ သန္းေက်ာ္ ရွိမယ္လို႔လည္း ေ႐ြးေကာက္ပြဲ ေကာ္မရွင္က ခန္႔မွန္းထားေပမဲ့ လြတ္လပ္မွ်တတဲ့ အေျခအေနမရွိဘူးဆုိၿပီး တုိင္းနဲ႔ျပည္နယ္ ၆ ခုက မဲဆႏၵနယ္ေျမေတြကုိ ေရြးေကာက္ပဲြ မက်င္းပဖုိ႔ ေၾကညာထားတဲ့အတြက္ မဲဆႏၵရွင္ ခန္႔မွန္းေျခ တသန္းေက်ာ္ မဲေပးခြင့္ဆုံး႐ႈံးမယ့္ အေျခအေနမွာ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

မကွေးတိုင်း၊ ပေါက်မြို့မှာ ကြိုတင်မဲကိစ္စနဲ့ အငြင်းပွားမှုဖြစ်

(Unicode)

လာမယ့် ရွေးကောက်ပွဲအတွက် ကြိုတင်မဲတွေ စတင်ပေးခွင့်ရတဲ့နေ့မှာပဲ မကွေးတိုင်း ပေါက်မြို့နယ်မှာ အငြင်းပွားမှု ဖြစ်ပွားခဲ့တာကြောင့် ကော်မရှင်တာဝန်ရှိသူတွေ စုံစမ်းစစ်ဆေးနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။

သက်ကြီးပိုင်းတွေ အပါအဝင် ရွေးကောက်ပွဲနေ့မှာ မဲမပေးနိုင်တဲ့သူတွေ ကြိုတင် ဆန္ဒမဲပေးခွင့်ပေးထားတဲ့ ပထမနေ့မှာပဲ ပေါက်မြို့နယ်မှာ ရွေးကောက်ပွဲ စည်းကမ်းတွေကို ဖောက်ဖျက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံတွေ ကန့်ကွက်ရာက အငြင်းပွားမှု ဖြစ်ခဲ့တာကို အခုအခါ တာဝန်ရှိသူတွေ စုံစမ်းစစ်ဆေးနေတာပါ။

လူစုလူဝေးနဲ့ ရုတ်ရုတ်သဲသဲ အခြေအနေအထိ ကြုံခဲ့ရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးနေပြီး ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းတွေ ချိုးဖောက်ရင် အရေးယူမယ်လို့လည်း မကွေးတိုင်း ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးစိုးထွဋ်ဦးက ဗွီအိုအေကို ပြောပါတယ်။

“ရွေးကောက်ပွဲကော်မရှင်ကတော့ ကြိုတင်မဲပေးတဲ့ လုပ်ငန်းစဉ် မရပ်ဆိုင်းသွားအောင်တော့ ကျွန်တော်တို့ လုပ်နေတယ်။ နောက်တခုက မနေ့ကဖြစ်တဲ့ မဲပုံးကိုတော့ ချိတ်ပိတ်ပြီး သိမ်းထားပါတယ်။ ကျွန်တော်တို့က မြို့နယ်မှာ စစ်ဆေးနေပါတယ်။ အဲ့ဒါတွေ စီစဉ်ဆောင်ရွက်နေပါတယ်။ အဲ့ဒါလေးပြီးမှ ကျွန်တော်တို့ သိရမယ်။ စစ်ဆေးပြီးခဲ့အခါ ကျတော့မှ ရွေးကောက်ပွဲဥပဒေနဲ့ ငြိတယ်ဆိုရင် ငြိတဲ့အတိုင်းလုပ်မှာပဲလေ စစ်ဆေးနေတုန်းပါပဲ။”

အသက် ၆၀ နဲ့အထက် သက်ကြီးပိုင်းတွေ အပါအဝင် ကြိုတင်မဲပေးရာမှာ ပေါက်မြို့နယ် ကျွန်းရင်းကျေးရွာက ရပ်ကွက်နဲ့ကျေးရွာ ကော်မရှင် ဥက္ကဌက မဲဆန္ဒရှင်တွေကိုယ်စား မဲပြားတွေမှာ တံဆိပ်တုံး ထုပေးခဲ့တယ်ဆိုပြီး မကျေနပ်ကြရာက လူစုလူဝေးဖြစ်ပွားခဲ့တာပါ။

ကိုယ်စားမဲပေးရာမှာလည်း မဲဆန္ဒရှင်တွေ ဆန္ဒအတိုင်းမဟုတ်ဘဲ မဲပေးခဲ့တာကြောင့် ကန့်ကွက်မှုတွေ ထွက်ပေါ်ခဲ့ပြီးနောက် အရေးယူပေးဖို့ တောင်းဆိုခဲ့ကြတယ်လို့လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ ပေါက်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရဲထွန်းဝင်းက ပြောပါတယ်။

“အခုကျေးရွာနဲ့ ညှိနှိုင်းလိုက်တာက ဒီမဲတွေကို ပယ်ဖျက်ပေးမယ်။ မဲပေးပြီး အဖိုးအဖွား ၄၀ ဟာလည်း မဲဆန္ဒအသစ် ပေးခွင့်ပြုမယ်။ ပြုရမယ်ပေါ့ သူတို့တောင်းဆိုထားတာ။ နောက်တခုကကျတော့ ဥပဒေနဲ့ မညီလုပ်တဲ့ ရပ်ကျေး ကော်မရှင်က လူတွေကိုကော မြို့နယ်ကော်မရှင်က လူတွေကိုကော ထိုက်သင့်တဲ့ ပြစ်ဒဏ် အရေးယူ ဆောင်ရွက်ပေးဖို့ လုပ်ပေးရမယ်ပေါ့။ ဒါကျေးရွာက တောင်းဆိုတာတွေပေါ့။ ကျေးရွာက တောင်းဆိုတာတွေကို ဥပနေဲ့ညီတယ်ဆိုရင် အကောင်အထည်ဖော်နိုင်အောင် တွန်းအားပေးပါ့မယ်လို့ ကျွန်တော်တို့အနေနဲ့ ကတိပေးလိုက်တော့ ကျေးရွာသူ ကျေးရွာသားတွေက လက်ခံသွားတယ်ပေါ့။ ကျေးရွာသူ ကျေးရွာသားတွေ တောင်းဆိုတာတွေကို လုပ်ပေးမယ်လို့တော့ ခရိုင်ကော်မရှင်က အဲ့လိုပြောသွားပါတယ်။”

အငြင်းပွားမှုဖြစ်ပွားခဲ့ပြီးနောက် ကျွန်းရင်းကျေးရွာ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌကို တာဝန်က ဖယ်ရှားခဲ့ပြီး မဲပေးတဲ့ လုပ်ငန်းစဉ်တွေ ဆက်လက်ဆောင်ရွက်နိုင်အောင် စီစဉ်နေတယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။ မဲမသမာမှု ရွေးကောက်ပွဲဆိုင်ရာ စည်းကမ်းဖောက်ဖျက်သူတွေကိုတော့ ငွေဒဏ်ကနေ ထောင်ဒဏ်အထိ အပြစ်ပေးနိုင်တယ်လို့လည်း ရွေးကောက်ပွဲလုပ်ငန်းတွေကို စောင့်ကြည့် အကဲခတ်နေတဲ့ ကနောင် အင်စတီကျုက ဒါရိုက်တာ ဦးသန်းမြတ်စိုးက ပြောပါတယ်။

“ရွေးကောက်ပွဲမသမာမှုထဲမှာတော့ ငွေဒဏ်နဲ့ ထောင်ဒဏ် ၂ ရပ်လုံးကိုတော့ ချလို့ရတယ်ဆိုပြီး ချလို့ရတယ်လို့ လုပ်ထားတာရှိတယ်ပေါ့။ ဒါပေမယ့် အဆုံးအဖြတ်နဲ့ အပြီးပြတ်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ အတည်ပြုချက်သည် အပြီးပြတ်ဖြစ်ထားတဲ့အခါကျတော့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေအတွက်တော့ ပြစ်မှုပြစ်ဒဏ်ထည့်ထားတာမရှိဘူး။ ဒီရွေးကောက်ပွဲ မသမာမှုတွေလုပ်လာမယ် ဖြစ်လာမယ်ဆိုရင်တော့ ခုနကလို ငွေဒဏ်ကော ထောင်ဒဏ်ကော ၂ ရပ်လုံး ချမှတ်လို့ရတယ်လို့ ရွေးကောက်ပွဲ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေမှာတော့ ပြဌာန်းထားတာတော့ ရှိတယ်ပေါ့နော်။ အဓိကတော့ ကျပ် ၁ သိန်းထက် မပိုသော ငွေဒဏ်ရယ် ၁ နှစ်ထက် မပိုသော ထောင်ဒဏ်ရယ် ရေးထားတာမျိုးရှိတယ်။”

ကိုဗစ်ကပ်ရောဂါကာလ ကန့်သတ်ချက်တွေကြား ကျင်းပမယ့် ရွေးကောက်ပွဲမှာ သက်ကြီးပိုင်းတွေ၊ မဲဆန္ဒနယ်မြေပြင်ပ ရောက်နေသူတွေနဲ့ နိုင်ငံဝန်ထမ်းတွေ အပါအဝင် ရွေးကောက်ပွဲနေ့မှာ မဲပေးဖို့ အခက်အခဲရှိသူတွေကို ကြာသပတေးနေ့ကစပြီး ကြိုတင်မဲပေးခွင့် ပြုထားတာပါ။

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာတော့ နိုင်ငံရေးပါတီပေါင်း ၉၀ ကျော်နဲ့ တသီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်တွေ ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး မဲပေးခွင့်ရှိသူ ၃၇ သန်းကျော် ရှိမယ်လို့လည်း ရွေးကောက်ပွဲ ကော်မရှင်က ခန့်မှန်းထားပေမဲ့ လွတ်လပ်မျှတတဲ့ အခြေအနေမရှိဘူးဆိုပြီး တိုင်းနဲ့ပြည်နယ် ၆ ခုက မဲဆန္ဒနယ်မြေတွေကို ရွေးကောက်ပွဲ မကျင်းပဖို့ ကြေညာထားတဲ့အတွက် မဲဆန္ဒရှင် ခန့်မှန်းခြေ တသန်းကျော် မဲပေးခွင့်ဆုံးရှုံးမယ့် အခြေအနေမှာ ရှိနေပါတယ်။

XS
SM
MD
LG