သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

က်ားနီပါတီ စည္း႐ံုးေရးမွဴးတစ္ဦး တပ္မေတာ္ဖမ္းဆီး


က်ားနီပါတီကို ေထာက္ခံအားေပးတဲ့ မိုးေကာင္း ရွမ္းနီလူငယ္မ်ားရဲ႕ ျမင္ကြင္း။ (ဓာတ္ပုံ - တိုင္းလိုင္(ရွမ္းနီ)အမ်ိဳးသားမ်ားဖြံ႕ၿဖိဳးတိုးတက္ေရးပါတီ - ေအာက္တိုဘာ ၂၇၊ ၂၀၂၀)

[Zawgyi/Unicode]

ေရြးေကာက္ပဲြေတြ က်င္းပဖုိ႔ ရက္ပုိင္းသာ က်န္ေတာ့တဲ့ အခ်ိန္မွာပဲ စစ္ကိုင္းတုိင္း ဟုမၼလင္းၿမိဳ႕နယ္မွာ တုိင္းရင္းသား ႏုိင္ငံေရးပါတီ တခုျဖစ္တဲ့ က်ားနီေခၚ တိုင္းလိုင္(ရွမ္းနီ)အမ်ိဳးသားမ်ား ဖံြ႔ျဖိဳးတိုးတက္ေရးပါတီ စည္းရံုးေရးမွဴး တစ္ေယာက္ကို တပ္မေတာ္က ဖမ္းဆီးလုိက္တယ္ဆုိတဲ့ သတင္းကို ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုမိုးေဇာ္က သတင္းေပးပို႔ထားပါတယ္။

ဖမ္းဆီးခံရတဲ့ က်ားနီပါတီစည္းရံုးေရးဟာ ဟုမၼလင္းၿမိဳ႕နယ္ မိုင္းကိုင္းေက်းရြာအုပ္စု ပံုႏြဲ႔ေက်းရြာမွာေနထုိင္သူျဖစ္ၿပီး သူ႔ကို ဒီလ ၂၇ ရက္ေန႔ ည ၈ နာရီေက်ာ္ေလာက္မွာ ဖမ္းဆီးခဲ့တာျဖစ္ေၾကာင္း ေဒသခံႏုိင္ငံေရး အသုိင္းအ၀န္းကေျပာပါတယ္။

အရပ္ဝတ္နဲ႔ တပ္မေတာ္သားေတြက ဖမ္းဆီးသြားတာျဖစ္ေပမဲ့ ဖမ္းဆီးတဲ့ အေၾကာင္းရင္းကုိေတာ့ ရွင္းရွင္းလင္းလင္း မသိရဘူးလုိ႔လည္း တိုင္းလိုင္(ရွမ္းနီ)အမ်ိဳးသားမ်ားဖံြ႔ျဖိဳးတိုးတက္ေရးပါတီ ဥကၠ႒ ဦးစိုင္းေဌးေအာင္က VOA ကို အခုလို ေျပာပါတယ္။

“၂၇ ရက္ေန႔က ဖမ္းသြားတာ။ စစ္သားေတြက အရပ္၀တ္ေတြနဲ႔ ေသနတ္ေတြနဲ႔ ကားေတြနဲ႔ လာၿပီးမွ ဦးေမာင္သိန္းကို ရိုက္ႏွက္ထိုးက်ိတ္ၿပီးမွ ဖမ္းေခၚသြားတာေပါ့။ ဖမ္းစတုန္းက ရဲေဘာ္ေတြ ေျပာတာေတာ့ ပါတီ ၂ ခုကဲြတာ ခင္ဗ်ား သိရမယ္ဆုိၿပီးမွ ရိုက္ႏွက္တယ္တဲ့။ ဘာအေၾကာင္းရယ္လုိ႔ မေျပာသြားဘူး။ အဲဒီအခါ။ ဒါ သူ႔မိသားစုရဲ႕ ေျပာစကားေပါ့။ တပ္ကုန္းေရာက္သြားတဲ့အခါက်ေတာ့ လူသတ္မႈမွာ ခင္ဗ်ားတို႔ ပါတယ္ဆိုၿပီးမွ စစ္တယ္တဲ့။ ေနာက္ သန္းေခါင္ေက်ာ္က်ေတာ့ ခင္ဗ်ာ SNA နဲ႔ ဆက္သြယ္တယ္ဆုိၿပီးမွ သူ႔အိမ္မွာ သြားရွာတယ္လုိ႔ ေျပာတယ္။ အဲဒီ ၂၇ ရက္ေန႔ ည သန္းေခါင္ေက်ာ္ေပါ့ေနာ္ ၁ နာရီကေန ၃ နာရီထိကို ဦးေမာင္သိန္းအိမ္မွာ သြားရွာတယ္ေျပာတယ္။ မနက္လင္းတဲ့အခါက်ေတာ့ ရဲစခန္းကို ပို႔လုိက္တယ္ သူတို႔။”

လာေရာက္ဖမ္းဆီးတာဟာ ခလရ ၂၂၂ က ျဖစ္ၿပီး ဦးေမာင္သိန္းကိုေတာ့ ဟုမၼလင္းၿမိဳ႕နယ္ နန္ေတာရဲစခန္းမွာ လဲႊေျပာင္းေပးလုိက္တာလုိ႔ ေျပာပါတယ္။

၂၈ ရက္ေန႔မွာေတာ့ စစ္ကိုင္းတိုင္းေဒသၾကီးအစိုးရအဖဲြ႔က ရွမ္းတုိင္းရင္းသားေရးရာ၀န္ၾကီး ေဒၚနန္းေမႊးေမႊးခင္က နန္ေတာရဲစခန္းကို သြားေရာက္ခဲ့ေၾကာင္းနဲ႔ ဦးေမာင္သိန္းကို စစ္ေဆးေနဆဲျဖစ္တာေၾကာင့္ ေတြ႔ဆံုခြင့္မရခဲ့သလို ဘယ္ပုဒ္မနဲ႔ ဖမ္းဆီးထားတယ္ဆုိတာကိုလည္း ေမးျမန္းလုိ႔ မရခဲ့ေၾကာင္း ေျပာပါတယ္။

၂၉ ရက္ေန႔ မနက္မွာေတာ့ ရာဇ၀တ္ေၾကာင္းနဲ႔ စဲြခ်က္တင္ထားတယ္လုိ႔ သိရေၾကာင္း ေဒၚနန္းေမႊးေမႊးခင္က ေျပာပါတယ္။

“က်မ ဒီေန႔ မနက္ကို စံုစမ္းၾကည့္တယ္ေပါ့ေနာ္။ မေန႔က ဘယ္လုိဆံုးျဖတ္သလဲ ဘာလဲလို႔ စံုစမ္းတဲ့အခါမွာ ပုဒ္မက ၁၇၀။ ၁၇၀ ဆုိတာက ဝန္ထမ္းေယာင္ေဆာင္မႈ၊ ဒါနဲ႔ ဖမ္းတယ္။ ေနာက္ တစ္ခုက ၃၅၆။ ၃၅၆ ကက်ေတာ့ ျပန္ေပးဆဲြမႈေပါ့။ လက္နက္နဲ႔ ျပန္ေပးဆဲြမႈဆုိၿပီးေတာ့ ဒီအမႈ ၂ ခုကို သူတုိ႔က ရဲလက္ကို အပ္တယ္လို႔ ေျပာတယ္ေပါ့ေနာ္။”

စဲြဆိုထားတဲ့အမႈဟာ ဒီလ ၂၂ ရက္ေန႔က ဟုမၼလင္းၿမိဳ႕နယ္ မာလံုေက်းရြာက ဦးေစာဖ ကို အရပ္၀တ္နဲ႔ SNA ေခၚ ရွမ္းနီလက္နက္ကိုင္အဖဲြ႔၀င္ ၂ ဦးက လာေရာက္ဖမ္းဆီးခဲ့မႈနဲ႔ ဆက္ႏြယ္ေနတယ္လုိ႔လည္း နီးစပ္သူေတြက ေျပာပါတယ္။ ရွမ္းနီလက္နက္ကုိင္အဖဲြ႔၀င္ ၂ ဦး အနက္ တစ္ဦးက ဦးေမာင္သိန္းျဖစ္တယ္လို႔ ဦးေစာဖရဲ႕ သမီးျဖစ္သူက ထြက္ဆုိတာေၾကာင့္ ဖမ္းဆီးခဲ့တာလုိ႔လည္း ဦးစိုင္းေဌးေအာင္က ေျပာပါတယ္။

ဒီဖမ္းဆီးမႈနဲ႔ ပတ္သက္ၿပီး စစ္ကိုင္းေဒသၾကီး အစိုးရအဖဲြ႔ လံုၿခံဳေရးနဲ႔ နယ္စပ္ေရးရာ၀န္ၾကီးနဲ႔ အေနာက္ေျမာက္တုိင္းစစ္ဌာနခ်ဳပ္က ေျပာခြင့္ရသူေတြကို ဆက္သြယ္ေမးျမန္းရာမွာေတာ့ ႏွစ္ဦးလံုးက ခရီးလြန္ေနတဲ့အတြက္ အမႈအေၾကာင္းကို ေသခ်ာမသိရေသးေၾကာင္း ေျပာပါတယ္။

ဟုမၼလင္းၿမိဳ႕နယ္ တုိင္းေဒသၾကီးလႊတ္ေတာ္ ကိုယ္စားလွယ္ အမ်ိဳးသားဒီမုိကေရစီအဖဲြ႔ NLD ပါတီက ဦးေက်ာ္ေဌးလြင္ကလည္း ဒီကိစၥနဲ႔ပတ္သက္ၿပီး စံုစမ္းေမးျမန္းၾကည့္ခဲ့ေၾကာင္း နဲ႔ သူသိရိွရတာကို အခုလို ေျပာပါတယ္။

“ရဲစခန္းမွာလည္း သြားေမးတယ္ ဦးေမာင္သိန္းကိုလည္း။ ေနာက္ၿပီးေတာ့ သူနဲ႔ ဆက္စပ္ရာ ေမးၾကည့္လုိက္ေတာ့ ၂၀ ရက္ကတည္းက ဗိုလ္ကုန္းအုပ္စု ေခ်ာင္းခြေက်းရြာမွာ သူက ေရာက္ေနတာတဲ့။ က်ားနီပါတီအတြက္ စည္းရံုးေရးဆင္းဖို႔။ ၂၀ ရက္- ၂၆ ရက္အတြင္းမွာ ဦးေက်ာက္ထြန္းဆိုတဲ့ ေခ်ာင္းခြေက်းရြာမွာ ရိွတဲ့သူရဲ့ေနအိမ္မွာ ရိွတယ္တဲ့။ အဲဒါကို က်ေနာ္ဦးေက်ာက္ထြန္းတို႔လည္း သြားေမးတယ္။ အဲဒီ သူတုိ႔ကလည္း ေခ်ာင္းခြေက်းရြာ သူတုိ႔ေနအိမ္မွာ ရိွတယ္ဆုိတာ အလီဘုိင္ျပတယ္။ တစ္ေယာက္တည္းေတာ့ မဟုတ္ဘူး ၄၊ ၅၊ ၆ ေယာက္။ သြားေမးတယ္။ အမွန္တရားျဖစ္ေအာင္လုိ႔။”

က်ားနီပါတီကေတာ့ လက္ရိွ စဲြဆုိထားတဲ့အမႈအတြက္ တရားရံုးမွာ ရင္ဆုိင္ဖုိ႔ ျပင္ဆင္ေနသလို ဦးေမာင္သိန္းလြတ္ေျမာက္ေရးအတြက္ လူ႔အခြင့္အေရးေကာ္မရွင္ကို စာေပးပို႔ထားၿပီး အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးဗဟုိဌာနကို အေၾကာင္းၾကားဖုိ႔လည္း ျပင္ဆင္ထားတယ္လို႔ ဆုိပါတယ္။

က်ားနီပါတီဟာ လာမယ့္ ေရြးေကာက္ပဲြမွာ ကခ်င္ျပည္နယ္နဲ႔ စစ္ကိုင္းတုိင္းေဒသၾကီးမွာ ၄၁ ေနရာ ၀င္ေရာက္ယွဥ္ၿပိဳင္မွာျဖစ္ၿပီး ၂၀၁၅ေရြးေကာက္ပဲြတုန္းကေတာ့ ၅၅ ေနရာ ၀င္ေရာက္ယွဥ္ၿပိဳင္ရာမွာ ၂ ေနရာ အႏိုင္ရထားပါတယ္။

စစ္ကိုင္းတိုင္းေဒသၾကီးနဲ႔ ကခ်င္ျပည္နယ္မွာ က်ားနီပါတီလုိ႔ လူသိမ်ားတဲ့ တိုင္းလိုင္(ရွမ္းနီ) အမ်ိဳးသားမ်ား ဖံြ႔ျဖိဳးတိုးတက္ေရးပါတီ နဲ႔ ရွမ္းနီ(တိုင္းလ်ံ) ေသြးစည္းညီညႊတ္ေရးပါတီဆိုၿပီး ရွမ္းလူမ်ိဳးအေျချပဳပါတီ ၂ ဖဲြ႔ ရိွတာျဖစ္သလို ဒီႏွစ္ပိုင္းေတြအတြင္းမွာ SNA ေခၚ ရွမ္းနီအမ်ိဳးသား တပ္မေတာ္ဟာလည္း ဒီေဒသေတြမွာ အေျချပဳလႈပ္ရွားေနတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကျားနီပါတီ စည်းရုံးရေးမှူးတစ်ဦး တပ်မတော်ဖမ်းဆီး

ရွေးကောက်ပွဲတွေ ကျင်းပဖို့ ရက်ပိုင်းသာ ကျန်တော့တဲ့ အချိန်မှာပဲ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်မှာ တိုင်းရင်းသား နိုင်ငံရေးပါတီ တခုဖြစ်တဲ့ ကျားနီခေါ် တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ စည်းရုံးရေးမှူး တစ်ယောက်ကို တပ်မတော်က ဖမ်းဆီးလိုက်တယ်ဆိုတဲ့ သတင်းကို ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ဖမ်းဆီးခံရတဲ့ ကျားနီပါတီစည်းရုံးရေးဟာ ဟုမ္မလင်းမြို့နယ် မိုင်းကိုင်းကျေးရွာအုပ်စု ပုံနွဲ့ကျေးရွာမှာနေထိုင်သူဖြစ်ပြီး သူ့ကို ဒီလ ၂၇ ရက်နေ့ ည ၈ နာရီကျော်လောက်မှာ ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ဒေသခံနိုင်ငံရေး အသိုင်းအဝန်းကပြောပါတယ်။

အရပ်ဝတ်နဲ့ တပ်မတော်သားတွေက ဖမ်းဆီးသွားတာဖြစ်ပေမဲ့ ဖမ်းဆီးတဲ့ အကြောင်းရင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရဘူးလို့လည်း တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးစိုင်းဌေးအောင်က VOA ကို အခုလို ပြောပါတယ်။

“၂၇ ရက်နေ့က ဖမ်းသွားတာ။ စစ်သားတွေက အရပ်ဝတ်တွေနဲ့ သေနတ်တွေနဲ့ ကားတွေနဲ့ လာပြီးမှ ဦးမောင်သိန်းကို ရိုက်နှက်ထိုးကျိတ်ပြီးမှ ဖမ်းခေါ်သွားတာပေါ့။ ဖမ်းစတုန်းက ရဲဘော်တွေ ပြောတာတော့ ပါတီ ၂ ခုကွဲတာ ခင်ဗျား သိရမယ်ဆိုပြီးမှ ရိုက်နှက်တယ်တဲ့။ ဘာအကြောင်းရယ်လို့ မပြောသွားဘူး။ အဲဒီအခါ။ ဒါ သူ့မိသားစုရဲ့ ပြောစကားပေါ့။ တပ်ကုန်းရောက်သွားတဲ့အခါကျတော့ လူသတ်မှုမှာ ခင်ဗျားတို့ ပါတယ်ဆိုပြီးမှ စစ်တယ်တဲ့။ နောက် သန်းခေါင်ကျော်ကျတော့ ခင်ဗျာ SNA နဲ့ ဆက်သွယ်တယ်ဆိုပြီးမှ သူ့အိမ်မှာ သွားရှာတယ်လို့ ပြောတယ်။ အဲဒီ ၂၇ ရက်နေ့ ည သန်းခေါင်ကျော်ပေါ့နော် ၁ နာရီကနေ ၃ နာရီထိကို ဦးမောင်သိန်းအိမ်မှာ သွားရှာတယ်ပြောတယ်။ မနက်လင်းတဲ့အခါကျတော့ ရဲစခန်းကို ပို့လိုက်တယ် သူတို့။”

လာရောက်ဖမ်းဆီးတာဟာ ခလရ ၂၂၂ က ဖြစ်ပြီး ဦးမောင်သိန်းကိုတော့ ဟုမ္မလင်းမြို့နယ် နန်တောရဲစခန်းမှာ လွဲှပြောင်းပေးလိုက်တာလို့ ပြောပါတယ်။

၂၈ ရက်နေ့မှာတော့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နန်းမွှေးမွှေးခင်က နန်တောရဲစခန်းကို သွားရောက်ခဲ့ကြောင်းနဲ့ ဦးမောင်သိန်းကို စစ်ဆေးနေဆဲဖြစ်တာကြောင့် တွေ့ဆုံခွင့်မရခဲ့သလို ဘယ်ပုဒ်မနဲ့ ဖမ်းဆီးထားတယ်ဆိုတာကိုလည်း မေးမြန်းလို့ မရခဲ့ကြောင်း ပြောပါတယ်။

၂၉ ရက်နေ့ မနက်မှာတော့ ရာဇဝတ်ကြောင်းနဲ့ စွဲချက်တင်ထားတယ်လို့ သိရကြောင်း ဒေါ်နန်းမွှေးမွှေးခင်က ပြောပါတယ်။

“ကျမ ဒီနေ့ မနက်ကို စုံစမ်းကြည့်တယ်ပေါ့နော်။ မနေ့က ဘယ်လိုဆုံးဖြတ်သလဲ ဘာလဲလို့ စုံစမ်းတဲ့အခါမှာ ပုဒ်မက ၁၇၀။ ၁၇၀ ဆိုတာက ဝန်ထမ်းယောင်ဆောင်မှု၊ ဒါနဲ့ ဖမ်းတယ်။ နောက် တစ်ခုက ၃၅၆ ။ ၃၅၆ ကကျတော့ ပြန်ပေးဆွဲမှုပေါ့။ လက်နက်နဲ့ ပြန်ပေးဆွဲမှုဆိုပြီးတော့ ဒီအမှု ၂ ခုကို သူတို့က ရဲလက်ကို အပ်တယ်လို့ ပြောတယ်ပေါ့နော်။”

စွဲဆိုထားတဲ့အမှုဟာ ဒီလ ၂၂ ရက်နေ့က ဟုမ္မလင်းမြို့နယ် မာလုံကျေးရွာက ဦးစောဖ ကို အရပ်ဝတ်နဲ့ SNA ခေါ် ရှမ်းနီလက်နက်ကိုင်အဖွဲ့ဝင် ၂ ဦးက လာရောက်ဖမ်းဆီးခဲ့မှုနဲ့ ဆက်နွယ်နေတယ်လို့လည်း နီးစပ်သူတွေက ပြောပါတယ်။ ရှမ်းနီလက်နက်ကိုင်အဖွဲ့ဝင် ၂ ဦး အနက် တစ်ဦးက ဦးမောင်သိန်းဖြစ်တယ်လို့ ဦးစောဖရဲ့ သမီးဖြစ်သူက ထွက်ဆိုတာကြောင့် ဖမ်းဆီးခဲ့တာလို့လည်း ဦးစိုင်းဌေးအောင်က ပြောပါတယ်။

ဒီဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး စစ်ကိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးနဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ပြောခွင့်ရသူတွေကို ဆက်သွယ်မေးမြန်းရာမှာတော့ နှစ်ဦးလုံးက ခရီးလွန်နေတဲ့အတွက် အမှုအကြောင်းကို သေချာမသိရသေးကြောင်း ပြောပါတယ်။

ဟုမ္မလင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် အမျိုးသားဒီမိုကရေစီအဖွဲ့ NLD ပါတီက ဦးကျော်ဌေးလွင်ကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းမေးမြန်းကြည့်ခဲ့ကြောင်း နဲ့ သူသိရှိရတာကို အခုလို ပြောပါတယ်။

“ရဲစခန်းမှာလည်း သွားမေးတယ် ဦးမောင်သိန်းကိုလည်း။ နောက်ပြီးတော့ သူနဲ့ ဆက်စပ်ရာ မေးကြည့်လိုက်တော့ ၂၀ ရက်ကတည်းက ဗိုလ်ကုန်းအုပ်စု ချောင်းခွကျေးရွာမှာ သူက ရောက်နေတာတဲ့။ ကျားနီပါတီအတွက် စည်းရုံးရေးဆင်းဖို့။ ၂၀ ရက်- ၂၆ ရက်အတွင်းမှာ ဦးကျောက်ထွန်းဆိုတဲ့ ချောင်းခွကျေးရွာမှာ ရှိတဲ့သူရဲ့နေအိမ်မှာ ရှိတယ်တဲ့။ အဲဒါကို ကျနော်ဦးကျောက်ထွန်းတို့လည်း သွားမေးတယ်။ အဲဒီ သူတို့ကလည်း ချောင်းခွကျေးရွာ သူတို့နေအိမ်မှာ ရှိတယ်ဆိုတာ အလီဘိုင်ပြတယ်။ တစ်ယောက်တည်းတော့ မဟုတ်ဘူး ၄၊ ၅၊ ၆ ယောက်။ သွားမေးတယ်။ အမှန်တရားဖြစ်အောင်လို့။”

ကျားနီပါတီကတော့ လက်ရှိ စွဲဆိုထားတဲ့အမှုအတွက် တရားရုံးမှာ ရင်ဆိုင်ဖို့ ပြင်ဆင်နေသလို ဦးမောင်သိန်းလွတ်မြောက်ရေးအတွက် လူ့အခွင့်အရေးကော်မရှင်ကို စာပေးပို့ထားပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနကို အကြောင်းကြားဖို့လည်း ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

ကျားနီပါတီဟာ လာမယ့် ရွေးကောက်ပွဲမှာ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ ၄၁ နေရာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ၂၀၁၅ရွေးကောက်ပွဲတုန်းကတော့ ၅၅ နေရာ ဝင်ရောက်ယှဉ်ပြိုင်ရာမှာ ၂ နေရာ အနိုင်ရထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်မှာ ကျားနီပါတီလို့ လူသိများတဲ့ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ နဲ့ ရှမ်းနီ(တိုင်းလျံ) သွေးစည်းညီညွှတ်ရေးပါတီဆိုပြီး ရှမ်းလူမျိုးအခြေပြုပါတီ ၂ ဖွဲ့ ရှိတာဖြစ်သလို ဒီနှစ်ပိုင်းတွေအတွင်းမှာ SNA ခေါ် ရှမ်းနီအမျိုးသား တပ်မတော်ဟာလည်း ဒီဒေသတွေမှာ အခြေပြုလှုပ်ရှားနေတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG