သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲဆန္ဒနယ်မြေများပယ်ဖျက်မှု တိုင်းရင်းဒေသမဲပေးခွင့်ထိခိုက် - HRW


၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတုန်းက ရန်ကုန်မြို့က မဲဆန္ဒရှင်တဦး မဲပြားမှတ်ပံုံတင်စာရင်းသွင်းနေတဲ့ မြင်ကွင်း။ (နိုဝင်ဘာ ၃၊ ၂၀၁၈)
၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတုန်းက ရန်ကုန်မြို့က မဲဆန္ဒရှင်တဦး မဲပြားမှတ်ပံုံတင်စာရင်းသွင်းနေတဲ့ မြင်ကွင်း။ (နိုဝင်ဘာ ၃၊ ၂၀၁၈)

[Zawgyi/Unicode]

မြန်မာ့ရွေးကောက်ပွဲ ကျင်းပဖို့ရက်ပိုင်းပဲရှိတော့ချိန်မှာ၊ UEC လို့ အတိုကောက်ခေါ်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနဲ့ တိုင်းရင်းသားတွေ ထိခိုက်မယ့် ဆုံးဖြတ်ချက်ကြီးတွေကို၊ ထင်သာမြင်သာမရှိဘဲ ချခဲ့တယ်လို့၊ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တစ်ခုက ဝေဖန်လိုက်ပါတယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဝင်းမင်းက ပြောပြပေးထားပါတယ်။

HRW လို့ အတိုခေါက်ခေါ်တဲ့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီးက၊ တိုင်းရင်းသာနယ်မြေတွေအဓိက ပါဝင်တဲ့ မြို့နယ် ၁၅ မြို့လုံးနဲ့ အခြား ၄၂ မြို့နယ်တစိတ်တဒေသမှာ ရွေးကောက်ပွဲ ဖျက်သိမ်းလိုက်တာက၊ ဒီမိုကရေစီအခြေခံအခွင့်အရေးကို ထိပါးလိုက်တာပါလို့ ဒီနေ့ကြေညာချက်ထုတ်လိုက်ပါတယ်။

ဘာကြောင့် ခုလိုဝေဖန်ရပြီး၊ ဘယ်လိုဖြစ်သင့်တာကို HRW အဖွဲ့ပြောခွင့်ရ Phil Robertson ကို ကိုဝင်းမင်းက မေးရာမှာ ခုလိုစရှင်းပြပါတယ်။

"UEC အနေနဲ့ ကိုယ်လုပ်ရမဲ့အလုပ်ကို သေသေချာချာ မလုပ်နိုင်ဘူးဖြစ်နေတယ်။ ဒီရွေးကောက်ပွဲတချို့ ဖျက်သိမ်းလိုက်တဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုအတိုင်းအတာမျိုးနဲ့မှ ထင်သာမြင်သာ ရှိအောင်လုပ်ပေးဖို့ကို၊ သူက ပျက်ကွက်ခဲ့တယ်။ ဒီဆုံးဖြတ်ချက်တွေက လူအများကြီးရဲ့ အခွင့်အရေးအပေါ် ကြီးမားတဲ့သက်ရောက်မှုတွေ ရှိနေတယ်။ အတိအကျပြောရရင် ဒီလူတွေအတွက်ကိုယ်စားပြုမယ့် သူရွေးချယ်ပိုင်ခွင့် ဖျက်သိမ်းခံလိုက်ရတာဖြစ်တယ်၊ ဥပဒေအရဆိုရင် ဒီနေရာတွေအတွက် ၂၀၂၂ ခုနှစ်အထိ ဒီကွက်လပ်ကြီးကို ပြန်ဖြည့်နိုင်မှာ မဟုတ်ဘူး။"

ဒီ HRW အဖွဲ့ကြေညာချက်ထဲမှာပဲ အောက်တိုဘာ ၁၆ ရက်နေ့မှာ ရခိုင်၊ ရှမ်း၊ ကချင်၊ မွန်၊ ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းဒေသကြီးက မြို့နယ်နဲ့ကျေးရွာတွေမှာ ခုလိုဖျက်သိမ်းခဲ့တာနဲ့ နောက်အောက်တိုဘာ ၂၇ ရက်နေ့မှာ နောက်တခါ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က ၉၄ ရွာမှာ ဖျက်သိမ်းခဲ့တာကြောင့် လူပေါင်း ၁.၅ သန်းကျော် မဲပေးခွင့်ဆုံးရှုံးသွားပြီလို့ ထောက်ပြလိုက်ပါတယ်။ ပြောခွင့်ရ Robinson က ဆက်ပြီး ...

"ဒါက လုံးဝ အဓိပ္ပာယ်မရှိဘူးဗျ။ UEC က ခုလို ဖျက်သိမ်းလိုက်တဲ့ ဒေသများစွာမှာ လက်နက်ကိုင်ပဋိပက္ခတွေ မရှိဘူး၊ လုံခြုံရေးပြဿနာမရှိဘူး။ ဘာကြောင့် ခုလိုဆုံးဖြတ်လိုက်တယ်ဆိုတာကိုလည်း UEC က သေသေချာချာ မရှင်းပြဘူး။ ဥပမာ ပဲခူးလိုမျိုး၊ ကချင်လိုမျိုး၊ နောက်တခြားနေရာ အစိတ်အပိုင်းတွေမှာပေါ့နော်၊ ခုလိုဖျက်သိမ်းလိုက်တာက၊ အဲ့ဒီကမြန်မာပြည်သူတွေအတွက် လုံးဝ မတရားပါဘူး။ ဒါ့က UEC အနေနဲ့ တာဝန်ယူတာဝန်ခံမှုမရှိဘူး၊ လူတွေရဲ့မဲပေးပိုင်ခွင့်ကို ထိန်းသိမ်းစောင့်ရှောက်ပေးမှု မရှိတာကို ပြနေပါတယ်။"

အဲ့ဒီတော့ ဒီပြဿနာကို ဘယ်လိုကိုင်တွယ်သင့်ပါလဲလို့ မေးရာမှာ Pobertson က -

"ဒါက တကယ့်ကို အခြေခံပြဿနာကြီးလို့ ကျနော်တို့ ယူဆပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ ကြားဝင်ပြီး UEC ကနေ သူတို့ ဆုံးဖြတ်ချက်ကို သေသေချာချာရှင်းပြပြီး၊ ထင်သာမြင်သာရှိအောင်လုပ်ပေးဖို့၊ ပြောပေးရတော့မဲ့ အချိန်ရောက်နေပါပြီ။ ဒီ UEC ဆုံးဖြတ်ချက်တွေက ပါတီတွေနဲ့၊ နောက် ဒီမဲဆန္ဒနယ်မြေတွေမှာ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်တွေနဲ့ တိုင်ပင်ပြီးမှလုပ်တာမဟုတ်ဘူးလေ။ လက်ခံလို့ မရနိုင်တာမျိုးပါ။ အရေးပါတဲ့ ဒီဆုံးဖြတ်ချက်ကြီးမျိုးကို ခုလိုဖြစ်ကတတ်ဆန်း လုပ်လိုက်တာက၊ လုံးဝစိတ်ပျက်စရာပါ၊ လုံးဝ တာဝန်ယူမှုမရှိဘူး၊ တာဝန်မကျေခဲ့ဘူးဗျာ။"

နောက်ရော ဘယ်လို အဓိကပြဿနာတွေကို ဆက်သတိထားသင့်ပါလဲလို့ မေးရာမှာ Robetrson ကပဲ -

"အခုမဲဆန္ဒနယ်မြေ ဖျက်သိမ်းတာအပြင် ဒီတောက်လျှောက်လုပ်လာတွေကို ကြည့်လိုက်ရင်၊ ဥပမာ ပါတီတွေကို ပေးထားတဲ့ အများပြည်သူကို အသံလွှင့်ချိန်မှာ ကြေညာချက်တွေကို ဆင်ဆာဖြတ်တာတွေ၊ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့တွေနဲ့ အတိုက်အခံဖြစ်နေတာတွေကို ကြည့်လိုက်ရင်၊ အခုရွေးကောက်ပွဲက တရားမျှတပြီး လွတ်လပ်ပါ့မလားဆိုတဲ့မေးခွန်းတွေနဲ့ သံသယတွေ ထွက်လာစေပါတယ်။ ဒါကြောင့် အစိုးရနဲ့ပြည်သူတွေက ဒီ UEC ကို တာဝန်ယူ၊ တာဝန်ခံမှုရှိလာအောင် ဝိုင်းတွန်းပေးဖို့ လိုနေပါပြီ။"

ဒါ့အပြင် Robertson က ဆက်ပြီးခုလို ထင်သာမြင်သာမရှိဘဲ လုပ်ခဲ့တာကြောင့် ဖြစ်လာတဲ့ပြဿနာတွေကို UEC က တခြားသူတွေကိုအပစ်လွှဲမချဘဲ၊ ကိုယ့်အပြစ်ကို ပြန်တာဝန်ယူသင့်တယ်လို့ ထောက်ပြခဲ့ပါတယ်။

"သိတယ်မလား၊ အခုလိုရှင်းပြမှုမရှိတာရယ်၊ နောက် ဒီဖျက်သိမ်းလိုက်တဲ့ နေရာများစွာက အစိုးရ ပါတီ NLD ရေပန်းမစားတဲ့နေရာတွေ သွားဖြစ်နေတာမို့၊ UEC အနေနဲ့ ပါတီစွဲကင်းကင်းနဲ့လုပ်ခဲ့ရဲ့လားလို့ သံသယတွေအများကြီးကို ဖြစ်စေပါတယ်။ ခုလို မရှင်းပြဘဲ လုပ်ခဲ့တာကြောင့်၊ ဒီ UEC အပေါ် ဝေဖန်လာဖို့ လမ်းခင်းပေးလိုက်သလို ဖြစ်သွားတယ်လေ။ ဒါကြောင့် ဖြစ်လာတဲ့ ပြင်းထန်တဲ့ဝေဖန်မှုတွေအတွက်၊ တခြားဘယ်သူ့ကိုမှ သွားအပြစ်ပုံချလို့မရပါဘူး။ UEC ကိုယ်တိုင်ပဲ အပြစ်ရှိကြောင်း လက်ခံရတော့မှာပါ။"

တကယ်တော့ ရွေးကောက်ပွဲဆိုင်ရာသတင်းတွေထဲမှာ၊ ရွေးကောက်ပွဲကော်မရှင်ကို ဝေဖန်မှုတွေကြီးစိုးလာနေချိန်မှာ၊ UEC ဘက်ကတော့ သူတို့ကို ဝိုင်းတိုက်ခိုက်နေတယ်လို့ ခံစားရလေ့ရှိတယ်လို့ နီးစပ်သူတွေကပြောကြပြီး၊ သူတို့အတတ်နိုင်ဆုံး ကြိုးပမ်းနေတယ်လို့ ပြန်ဖြေရှင်းလေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]















XS
SM
MD
LG