[Zawgyi/Unicode]
ျမန္မာႏိုင္ငံထဲမွာ ႐ိုဟင္ဂ်ာနဲ႔ ရခိုင္တိုင္းရင္းသားေတြအပါအ၀င္ လူနည္းစုလူမ်ိဳးေတြဟာ ႏိုင္ငံေရးမွာ ပါ၀င္ပတ္သက္ခြင့္ဆံုးရံႈးေနၿပီး ဒါဟာ အခြင့္အေရး ခ်ိဳးေဖာက္မႈျဖစ္တယ္လို႔ ကုလသမဂၢက ေ၀ဖန္လိုက္ပါတယ္။ ျမန္မာႏိုင္ငံတြင္း ႏို၀င္ဘာ ၈ ရက္ေန႔ အေထြေထြေရြးေကာက္ပဲြမတိုင္ခင္ လူ႔အခြင့္အေရးအေျခအေနေတြနဲ႔ ပတ္သက္လို႔ အလြန္တရာစိုးရိမ္မိတယ္လို႔ လူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢမဟာမင္းႀကီးရံုး ေျပာခြင့္ရသူက ေၾကညာခ်က္ထုတ္ခဲ့တာပါ။
ေရြးေကာက္ပဲြေတြဟာ ျမန္မာ့ဒီမိုကေရစီအသြင္ကူးေျပာင္းေရးအတြက္ အလြန္တရာအေရးႀကီးတယ္လို႔လည္း သူ႕ေၾကညာခ်က္မွာ ေျပာပါတယ္။ ဒါေပမဲ့လည္း လြတ္လပ္စြာေျပာဆိုထုတ္ေဖာ္ခြင့္နဲ႔ လြတ္လပ္စြာ သတင္းအခ်က္အလက္ရယူခြင့္ေတြ ကန္႔သတ္ခံရတာေၾကာင့္ အရပ္ဘက္အခြင့္အေရးေတြ ထိခိုက္သလို၊ ခဲြျခားဆက္ဆံမႈေတြ ရန္စမႈေတြနဲ႔ အၾကမ္းဖက္မႈေတြျဖစ္ေအာင္ လံႈေဆာ္ေျပာဆိုမႈေတြလည္း ရွိေနတယ္လို႔ ေထာက္ျပခဲ့ပါတယ္။ ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံသားျဖစ္မႈ ဥပေဒေတြနဲ႔ ေရြးေကာက္ပဲြဥပေဒေတြေၾကာင့္ မြတ္ဆလင္လူနည္းစုေတြအေပၚ ထိခိုက္သက္ေရာက္မႈရွိခဲ့သလို မၾကာခင္တုန္းက ျပည္ေထာင္စုေရြးေကာက္ပဲြေကာ္မရွင္ကေန ေအာက္တိုဘာ ၁၆ ရက္ ရက္စဲြနဲ႔ထုတ္ျပန္ခ်က္ေတြေၾကာင့္ ရခိုင္အပါအ၀င္ တိုင္းရင္းသားေဒသတခ်ိဳ႕မွာ တိုင္းရင္းသားေတြ ႏိုင္ငံေရးအရ ပါ၀င္ခြင့္ဆံုးရံႈးရတယ္လို႔လည္း ေ၀ဖန္ထားပါတယ္။
ျပည္ေထာင္စုေကာ္မရွင္အေနနဲ႔ ရခိုင္နဲ႔ ရွမ္းျပည္နယ္က ၿမိဳ႕နယ္တခ်ိဳ႕အပါအ၀င္ ကခ်င္ ကရင္၊ မြန္၊ ပဲခူးေဒသေတြက ေက်းရြာတခ်ိဳ႕မွာ ေရြးေကာက္ပဲြ ဖ်က္သိမ္းလိုက္တာနဲ႔ ပတ္သက္လို႔ ေ၀ဖန္တာျဖစ္ပါတယ္။ ဒီမတိုင္ခင္မွာ မြတ္ဆလင္ကိုယ္စားလွယ္အေတာ္မ်ားမ်ားကို ႏိုင္ငံသားျဖစ္မႈဥပေဒနဲ႔ ညိွစြန္းတယ္ဆိုၿပီးေတာ့လည္း ေကာ္မရွင္က ၀င္ေရာက္ေရြးခ်ယ္ပိုင္ခြင့္ ပိတ္ခဲ့ပါတယ္။
ျမန္မာအစိုးရအေနနဲ႔ ႐ိုဟင္ဂ်ာအသံုးအႏႈန္းကို လက္မခံေပမဲ့လည္း၊ ရခိုင္ျပည္နယ္က မြတ္ဆလင္ေတြအေနနဲ႔ ႏိုင္ငံသားေလွ်ာက္ထားပိုင္ခြင့္ရွိေအာင္ အဆင့္ဆင့္ေဆာင္ရြက္မယ္လို႔ ဂတိေပးထားပါတယ္။ ဒါ့အျပင္ တိုင္းရင္းသားနယ္ေျမတခ်ိဳ႕မွာ ေရြးေကာက္ပဲြမက်င္းပႏိုင္တာဟာလည္း လံုျခံဳေရးနဲ႔ အုပ္ခ်ဳပ္ေရး အဖဲြ႕အစည္းေတြရဲ႕ အၾကံျပဳခ်က္အရ ေဆာင္ရြက္ရတာလို႔ ရွင္းလင္းထားပါတယ္။ အထူးသျဖင့္ ေရြးေကာက္ပဲြလုပ္ဖို႔ လံုျခံဳေရးထိထိေရာက္ေရာက္မေပးႏိုင္တဲ့ေနရာေတြျဖစ္တယ္လို႔ ေျပာပါတယ္။ လတ္တေလာအားျဖင့္ေတာ့ ရခိုင္ျပည္နယ္ေျမာက္ပိုင္းနဲ႔ ရွမ္းျပည္ေနရာတခ်ိဳ႕မွာ တိုက္ပဲြေတြျဖစ္ပြားမႈ ရွိေနတာပါ။
[Unicode Version]
တိုင်းရင်းသားမဲဆန္ဒနယ်တချို့ပယ်ဖျက်မှု ကုလဝေဖန်
မြန်မာနိုင်ငံထဲမှာ ရိုဟင်ဂျာနဲ့ ရခိုင်တိုင်းရင်းသားတွေအပါအဝင် လူနည်းစုလူမျိုးတွေဟာ နိုင်ငံရေးမှာ ပါဝင်ပတ်သက်ခွင့်ဆုံးရှုံးနေပြီး ဒါဟာ အခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်လို့ ကုလသမဂ္ဂက ဝေဖန်လိုက်ပါတယ်။ မြန်မာနိုင်ငံတွင်း နိုဝင်ဘာ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲမတိုင်ခင် လူ့အခွင့်အရေးအခြေအနေတွေနဲ့ ပတ်သက်လို့ အလွန်တရာစိုးရိမ်မိတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး ပြောခွင့်ရသူက ကြေညာချက်ထုတ်ခဲ့တာပါ။
ရွေးကောက်ပွဲတွေဟာ မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် အလွန်တရာအရေးကြီးတယ်လို့လည်း သူ့ကြေညာချက်မှာ ပြောပါတယ်။ ဒါပေမဲ့လည်း လွတ်လပ်စွာပြောဆိုထုတ်ဖော်ခွင့်နဲ့ လွတ်လပ်စွာ သတင်းအချက်အလက်ရယူခွင့်တွေ ကန့်သတ်ခံရတာကြောင့် အရပ်ဘက်အခွင့်အရေးတွေ ထိခိုက်သလို၊ ခွဲခြားဆက်ဆံမှုတွေ ရန်စမှုတွေနဲ့ အကြမ်းဖက်မှုတွေဖြစ်အောင် လှုံဆော်ပြောဆိုမှုတွေလည်း ရှိနေတယ်လို့ ထောက်ပြခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံသားဖြစ်မှု ဥပဒေတွေနဲ့ ရွေးကောက်ပွဲဥပဒေတွေကြောင့် မွတ်ဆလင်လူနည်းစုတွေအပေါ် ထိခိုက်သက်ရောက်မှုရှိခဲ့သလို မကြာခင်တုန်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ အောက်တိုဘာ ၁၆ ရက် ရက်စွဲနဲ့ထုတ်ပြန်ချက်တွေကြောင့် ရခိုင်အပါအဝင် တိုင်းရင်းသားဒေသတချို့မှာ တိုင်းရင်းသားတွေ နိုင်ငံရေးအရ ပါဝင်ခွင့်ဆုံးရှုံးရတယ်လို့လည်း ဝေဖန်ထားပါတယ်။
ပြည်ထောင်စုကော်မရှင်အနေနဲ့ ရခိုင်နဲ့ ရှမ်းပြည်နယ်က မြို့နယ်တချို့အပါအဝင် ကချင် ကရင်၊ မွန်၊ ပဲခူးဒေသတွေက ကျေးရွာတချို့မှာ ရွေးကောက်ပွဲ ဖျက်သိမ်းလိုက်တာနဲ့ ပတ်သက်လို့ ဝေဖန်တာဖြစ်ပါတယ်။ ဒီမတိုင်ခင်မှာ မွတ်ဆလင်ကိုယ်စားလှယ်အတော်များများကို နိုင်ငံသားဖြစ်မှုဥပဒေနဲ့ ညှိစွန်းတယ်ဆိုပြီးတော့လည်း ကော်မရှင်က ဝင်ရောက်ရွေးချယ်ပိုင်ခွင့် ပိတ်ခဲ့ပါတယ်။
မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာအသုံးအနှုန်းကို လက်မခံပေမဲ့လည်း၊ ရခိုင်ပြည်နယ်က မွတ်ဆလင်တွေအနေနဲ့ နိုင်ငံသားလျှောက်ထားပိုင်ခွင့်ရှိအောင် အဆင့်ဆင့်ဆောင်ရွက်မယ်လို့ ဂတိပေးထားပါတယ်။ ဒါ့အပြင် တိုင်းရင်းသားနယ်မြေတချို့မှာ ရွေးကောက်ပွဲမကျင်းပနိုင်တာဟာလည်း လုံခြုံရေးနဲ့ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေရဲ့ အကြံပြုချက်အရ ဆောင်ရွက်ရတာလို့ ရှင်းလင်းထားပါတယ်။ အထူးသဖြင့် ရွေးကောက်ပွဲလုပ်ဖို့ လုံခြုံရေးထိထိရောက်ရောက်မပေးနိုင်တဲ့နေရာတွေဖြစ်တယ်လို့ ပြောပါတယ်။ လတ်တလောအားဖြင့်တော့ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ရှမ်းပြည်နေရာတချို့မှာ တိုက်ပွဲတွေဖြစ်ပွားမှု ရှိနေတာပါ။