သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တရားမွ်တတဲ့ ေရြးေကာက္ပဲြျဖစ္လာမည္ မဟုတ္ (ANP ေျပာခြင့္ရ ေဒၚေအးႏုစိန္)


ရခိုင္အမ်ိဳးသားပါတီ ANP ရဲ႕ေျပာခြင့္ရ ေဒၚေအးႏုစိန္(ဓါတ္ပံု-MOI)

(Zawgyi/Unicode)

ဒီမိုကေရစီေဖာ္ေဆာင္မယ္ ဆိုတဲ့ NLD အရပ္သားအစိုးရလက္ထက္ ရခိုင္ျပည္နယ္တြင္းက သိန္းခ်ီတဲ့ ရခိုင္ျပည္သူေတြ ႏိုင္ငံသားအခြင့္အေရးဆုံးရႈံးၿပီး မဲေပးခြင့္မရေတာ့မယ့္ အေျခအေနဟာ ျပည္သူေတြအတြက္ ကိုယ္စားျပဳမႈ ဆုံးရႈံးရေတာ့မယ့္ အေနအထားျဖစ္ေနတယ္လို႔ ေဒသတြင္း အင္အားႀကီးတိုင္းရင္းသားပါတီတခုျဖစ္တဲ့ ရခိုင္အမ်ိဳးသားပါတီက ေျပာဆိုလိုက္ပါတယ္။

ဆက္သြယ္ေမးျမန္းထားတဲ့ မဆုမြန္က စုစည္းတင္ျပမွာပါ။

လုံၿခဳံေရး နဲ႔ ကာကြယ္ေရး ရႈ႕ေထာင့္အျမင္နဲ႔ တပ္မေတာ္ရဲ႕ အႀကံျပဳခ်က္အေပၚ အေျခခံၿပီး ‘လြတ္လပ္ၿပီး တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲ က်င္းပႏိုင္ေျခမရွိ’ ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ရခိုင္ျပည္နယ္တြင္း ၿမိဳ႕နယ္လုံးကြၽတ္ ၉ ၿမိဳ႕နယ္နဲ႔ အျခားၿမိဳ႕နယ္ေတြက ေက်း႐ြာအုပ္စု ေတာ္ေတာ္မ်ားမ်ားမွာ ေ႐ြးေကာက္ပြဲ မက်င္းပေတာ့ဘူးဆိုတဲ့ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ ဆံုးျဖတ္ခဲ့တာပါ။ ဒီဆုံးျဖတ္ခ်က္ဟာ သိန္းခ်ီတဲ့ ရခိုင္ေဒသခံျပည္သူ ရဲ႕မဲေပးပိုင္ခြင့္ အေျခခံႏိုင္ငံသားအခြင့္အေရး ဆုံးရႈံးရေတာ့မယ့္ အေျခစိုက္သြားတယ္လို႔ ရခိုင္အမ်ိဳးသားပါတီ ANP ရဲ႕ေျပာခြင့္ရ ေဒၚေအးႏုစိန္က ေဝဖန္ေျပာဆိုလိုက္ပါတယ္။ ။

" လြတ္လပ္ၿပီး တရားမွ်တတဲ့ေ႐ြးေကာက္ပြဲမျဖစ္ဘူးဆိုတာ ျပသရာေရာက္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ မဲဆႏၵေပးပိုင္ခြင့္ရွိသူေတြရဲ႕ဆႏၵအျပည့္အဝကို မေဖာ္ေဆာင္ႏိုင္တဲ့ လႊတ္ေတာ္အခင္းအက်င္းတ ေပၚေပါက္လာလိမ့္မယ္။ အဲ့ဒီ့အေနအထားဟာ မွ်တမႈမရွိတဲ့ ေ႐ြးေကာက္ပြဲရဲ႕ ရလဒ္ျဖစ္တယ္လို႔ ေျပာရပါမယ္။ ဒီ ၂၀၂၀ ေ႐ြးေကာက္ပြဲကို ျဖတ္သန္းမယ္လို႔ စီစဥ္ကတည္းကကို တခ်ိန္ခ်ိန္မွာ ဒီလိုအေနအထားမ်ိဳးကို ႀကဳံလာရႏိုင္တယ္ဆိုတဲ့ က်မတို႔ႀကိဳတင္ ခန႔္မွန္းၿပီးေတာ့ ေမွ်ာ္မွန္းထားတာ ရွိပါတယ္။ေမွ်ာ္မွန္းထားတာထက္ကိုပိုတဲ့ ၿမိဳ႕နယ္ေတြ ေက်း႐ြာရပ္ကြက္ေတြပါ ပါသြားတယ္ဆိုေတာ့လည္း ရခိုင္ျပည္နယ္ရဲ႕အေနအထားဟာ အခုမွပဲ လုံၿခဳံေရးကို အေၾကာင္းျပၿပီးေတာ့ ေ႐ြးေကာက္ပြဲ မလုပ္ဘူးဆိုရင္ ပလက္ဝလို တိုက္ပြဲအႀကီးအက်ယ္ျဖစ္ေနတဲ့ေနရာနဲ႔ အသံဗလံတခုမွ မထြက္တဲ့ ေပါက္ေတာလိုေနရာမ်ိဳးေတြကို လုံးလုံးလ်ားလ်ား ပယ္လိုက္တဲ့ကိစၥေတြ ေနာက္ စစ္ေတြမွာ ကံေကာ္ကြၽန္း ဝါဘို ဆိုတာဟာ နပခတိုင္း တိုင္းမႉးရဲ႕အိမ္ေနာက္ဘက္က ကပ္ရပ္တည္ရွိေနတဲ့ေက်း႐ြာ- ဆိုေတာ့ အာဏာရအစိုးရရဲ႕ပါတီျဖစ္တဲ့ NLD ႏိုင္ေျခမရွိဘူး ဆိုတဲ့ေနရာေတြကို မဲဆြယ္စည္း႐ုံးေရးကာလ ၁လခြဲအတြင္းေၾကညာလိုက္တယ္လို႔ သုံးသပ္ပါတယ္။"

စစ္ေရးပဋိပကၡဒဏ္ ကိုဗစ္၁၉ ေရာဂါေဘးဒဏ္အပါအဝင္ သဘာဝေဘးဒဏ္ေတြကိုပါ ရင္ဆိုင္ေနရတဲ့ သိန္းခ်ီတဲ့ ရခိုင္ေဒသခံေတြရဲ႕ႏိုင္ငံသားအခြင့္အေရး မဲေပးခြင့္ ဆုံးရႈံးရေတာ့မယ့္ အေနအထားဟာ ဒီမိုကေရစီစနစ္ ပ်က္သုန္းတဲ့ လကၡဏာလို႔ လက္ရွိလည္း ေက်ာက္ေတာ္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္လည္းျဖစ္၊ လာမယ့္ ၂၀၂၀ ျပည့္ႏွစ္ေ႐ြးေကာက္ပြဲမွာလည္း ကိုယ္စားလွယ္ေလာင္းအျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္ အေ႐ြးခံဖို႔ျပင္ဆင္ခဲ့တဲ့ ဦးထြန္းဝင္းက အခုလိုေျပာပါတယ္။

"က်ေနာ့္ၿမိဳ႕နယ္တခုတည္းမွာကို မဲေပးပိုင္ခြင့္ရွိသူက တသိန္းနဲ႔ ေလးေသာင္းေက်ာ္ေလာက္ကိုရွိတယ္။ ဒါဟာ ေတာ္ေတာ္ကို ဆိုးဆိုးဝါးဝါးျဖစ္သြားတဲ့ကိစၥတခုပဲ။ ဆိုလိုတာက အခုက်ေနာ္တို႔ ဒီမိုကရက္တစ္ Society ကို အားေကာင္းေအာင္လုပ္ေနပါတယ္။ ႏိုင္ငံေရးျပဳျပင္ေျပာင္းလဲမႈေတြနဲ႔ တိုးတက္တဲ့ၿငိမ္းခ်မ္းတဲ့ လူ႔ေဘာင္တခုကို တည္ေဆာက္ေနပါတယ္ဆိုတဲ့အထူးသျဖင့္ ျပည္သူ႔အစိုးရပါလို႔ ေႂကြးေၾကာ္ၿပီးမွ တက္လာတဲ့ NLD အစိုးရလက္ထက္မွာမွ က်ေနာ္တို႔ ဒီလိုပုံစံမ်ိဳးေတြလူမႈဘဝျပႆနာေတြ ဒီေလာက္ထူေျပာေနတဲ့ လူ႔အဖြဲ႕အစည္းကို ဒီကိုယ္စားျပဳမႈကိုပါ ေပ်ာက္သြားေအာင္ ဒီမိုကေရစီအႏွစ္သာရေတြ ပ်က္သြားေအာင္ ဒီေ႐ြးေကာက္ပြဲဆိုတာက ႏိုင္ငံသားတိုင္း အဲ့ဒီ့ေန႔ အဲ့ဒီ့ရက္ေတြမွာ အကုန္လုံး တန္းတူအခြင့္အေရးရၾကမယ့္ေန႔မွာ ပယ္လိုက္တဲ့အခါက်ေတာ့ ဗဟိုအစိုးရက ျပည္ေထာင္စုအစိုးရက ဥပကၡာျပဳထားတယ္ဆိုတဲ့ ခံစားမႈေတြ ပိုၿပီးေတာ့ ခိုင္မာသြားေစတာေပါ့ဗ်ာ။"

၂၀၁၅မွာ ျပည္နယ္လုံးကြၽတ္ မဲဆႏၵနယ္အမ်ားစု အႏိုင္ရပါတီျဖစ္ခဲ့တဲ့ ANP ရခိုင္အမ်ိဳးသားပါတီရဲ႕ မူဝါဒေရးရာဦးေဆာင္ေကာ္မတီအဖြဲ႕ဝင္လည္းျဖစ္ လက္ရွိ ေျမပုံၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္လည္းျဖစ္ ၂၀၂၀ မွာ ေျမပုံၿမိဳ႕နယ္မွာပဲ ပါဝင္ယွဥ္ၿပိဳင္ အေ႐ြးခံဖို႔ျပင္ဆင္ခဲ့တဲ့ ဦးေဖသန္းက ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ဘက္က ေ႐ြးေကာက္ပြဲက်င္းပဖို႔ ႏွစ္ပတ္ပဲလိုေတာ့တဲ့အခ်ိန္မွာ ဆင္ျခင္သုံးသပ္မႈေတြနဲ႔ အေၾကာင္းျပမႈ တစုံတရာရွိလာႏိုင္တယ္လို႔ သုံးသပ္ပါတယ္။

" ေ႐ြးေကာက္ပြဲေကာ္မရွင္ဘက္က ျပန္လည္ျပင္ဆင္ထားတာေတြ ရွိမလားေပါ့ေနာ္ အဲ့ဒီ့တပ္မေတာ္ဘက္က သတင္းစာ ရွင္းလင္းပြဲအရေရာ ေ႐ြးေကာ္ရဲ႕သူတို႔ဘက္က ေျပာဆိုခ်က္အရေရာ သမၼတ႐ုံးက ေျပာတဲ့အရေရာ တခ်ိဳ႕ေနရာေတြဟာ လက္ရွိအေျခအေန ေျမျပင္အေျခအေနနဲ႔ မကိုက္ညီဘူးေပါ့ အဲ့တာၿမိဳ႕ေတြကို ျပန္သုံးသပ္ၿပီးေတာ့ လုပ္မယ္ဆိုရင္ ဘယ္ႏွစ္ၿမိဳ႕နယ္ေလာက္ျပန္လုပ္မလဲ ဒါမွမဟုတ္ အရင္ရွိၿပီးသားၿမိဳ႕နယ္ေတြကို ျပန္ျဖဳတ္တာတို႔ ရပ္ကြက္ေက်း႐ြာ အုပ္စုေတြ ျပန္တိုးတာေတြ လုပ္မလားေပါ့ အဲ့တာေတြကို ဒီ ၁ရက္ ၂ရက္အတြင္းမွာ သူတို႔ဘက္က ျပန္ေၾကညာႏိုင္တယ္ဆိုတဲ့ သတင္းေတြေတာ့ ရတာေပါ့။က်ေနာ္တို႔က အဆုံးအျဖတ္ခံရမယ့္ သေဘာပါ။ အဲ့လိုအေျခအေနမ်ိဳး မျဖစ္လာဘူးဆိုရင္ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ဖ်က္သိမ္းခံ လႊတ္ေတာ္ကိုယ္စားလွယ္ေတြအေနနဲ႔ေတာ့မၿပိဳင္ႏိုင္ေတာ့ဘူးေပါ့ေနာ္ အဲ့ဒီ့အခြင့္အေရး ဆုံးရႈံးသြားတာေပါ့။ ကိုယ္စားလွယ္အတြက္ သက္သက္တင္မဟုတ္ပါဘူး ျပည္သူေတြအတြက္လည္း ကိုယ္စားလွယ္မဲ့ ေျပာပိုင္ဆိုပိုင္ခြင့္မရွိတဲ့ၿမိဳ႕နယ္အျဖစ္ က်ေရာက္သြားမွာေပါ့။ က်ေနာ္တို႔ဘက္ကေတာ့ ဒါေတြဟာ ႏိုင္ငံေရးအရအားျဖင့္ ဒါက မ႐ိုးသားဘူးလို႔ တြက္တယ္။က်ေနာ္တို႔ ANP ပါတီ ႏိုင္ေျခရွိတဲ့ေနရာ အကုန္လုံးနီးပါးကို ေ႐ြးေကာက္ပြဲမလုပ္ဘူးဆိုတာဟာ ႏိုင္ငံေရးအရ က်ေနာ္တို႔ နယ္ေျမေတြကို လက္လြတ္ဆုံးရႈံးေအာင္ တဖက္လွည့္နဲ႔ လုပ္တာပဲလို႔ က်ေနာ္တို႔ဘက္က သုံးသပ္တယ္။"

ရခိုင္ျပည္နယ္ထဲ ေ႐ြးေကာက္ပြဲ က်င္းပႏိုင္ျခင္းမရွိလို႔ေၾကညာခံရတဲ့ၿမိဳ႕နယ္ေတြကေတာ့ေပါက္ေတာ၊ ပုဏၰားကြၽန္း၊ ရေသ့ေတာင္၊ ဘူးသီးေတာင္၊ ေမာင္ေတာ၊ ေက်ာက္ေတာ္၊ မင္းျပား၊ ေျမပုံ၊ ေျမာက္ဦးၿမိဳ႕နယ္ စတဲ့ ၿမိဳ႕နယ္ေပါင္း ၉ ၿမိဳ႕နယ္စလုံးနဲ႔ ေက်ာက္ျဖဴၿမိဳ႕နယ္က ရပ္ကြက္ ၂ ေက်း႐ြာအုပ္စု ၅၂ အုပ္စု၊ အမ္းၿမိဳ႕နယ္က ရပ္ကြက္ ၃ ေက်း႐ြာအုပ္စု ၂၉ အုပ္စု၊ စစ္ေတြၿမိဳ႕က ေက်း႐ြာအုပ္စု ၄ အုပ္စု၊ ေတာင္ကုတ္ၿမိဳ႕နယ္က ရပ္ကြက္ ၁၀ ရပ္ကြက္ ေက်း႐ြာအုပ္စု ၅၂ အုပ္စု စတဲ့ ၿမိဳ႕နယ္ေက်း႐ြာအလိုက္ အေသးစိတ္ အမည္စာရင္းေတြကို ေ႐ြးေကာက္ပြဲေကာ္မရွင္ဘက္က ေအာက္တိုဘာလ ၁၆ရက္ေန႔က ႏိုင္ငံကိုသတင္း ထုတ္ျပန္ထားတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်လာမည် မဟုတ် (ANP ပြောခွင့်ရ ဒေါ်အေးနုစိန်)

(Unicode)

ဒီမိုကရေစီဖော်ဆောင်မယ် ဆိုတဲ့ NLD အရပ်သားအစိုးရလက်ထက် ရခိုင်ပြည်နယ်တွင်းက သိန်းချီတဲ့ ရခိုင်ပြည်သူတွေ နိုင်ငံသားအခွင့်အရေးဆုံးရှုံးပြီး မဲပေးခွင့်မရတော့မယ့် အခြေအနေဟာ ပြည်သူတွေအတွက် ကိုယ်စားပြုမှု ဆုံးရှုံးရတော့မယ့် အနေအထားဖြစ်နေတယ်လို့ ဒေသတွင်း အင်အားကြီးတိုင်းရင်းသားပါတီတခုဖြစ်တဲ့ ရခိုင်အမျိုးသားပါတီက ပြောဆိုလိုက်ပါတယ်။

ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က စုစည်းတင်ပြမှာပါ။

လုံခြုံရေး နဲ့ ကာကွယ်ရေး ရှု့ထောင့်အမြင်နဲ့ တပ်မတော်ရဲ့ အကြံပြုချက်အပေါ် အခြေခံပြီး ‘လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ခြေမရှိ’ ဆိုတဲ့ အကြောင်းပြချက်နဲ့ ရခိုင်ပြည်နယ်တွင်း မြို့နယ်လုံးကျွတ် ၉ မြို့နယ်နဲ့ အခြားမြို့နယ်တွေက ကျေးရွာအုပ်စု တော်တော်များများမှာ ရွေးကောက်ပွဲ မကျင်းပတော့ဘူးဆိုတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ခဲ့တာပါ။ ဒီဆုံးဖြတ်ချက်ဟာ သိန်းချီတဲ့ ရခိုင်ဒေသခံပြည်သူ ရဲ့မဲပေးပိုင်ခွင့် အခြေခံနိုင်ငံသားအခွင့်အရေး ဆုံးရှုံးရတော့မယ့် အခြေစိုက်သွားတယ်လို့ ရခိုင်အမျိုးသားပါတီ ANP ရဲ့ပြောခွင့်ရ ဒေါ်အေးနုစိန်က ဝေဖန်ပြောဆိုလိုက်ပါတယ်။ ။

" လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲမဖြစ်ဘူးဆိုတာ ပြသရာရောက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မဲဆန္ဒပေးပိုင်ခွင့်ရှိသူတွေရဲ့ဆန္ဒအပြည့်အဝကို မဖော်ဆောင်နိုင်တဲ့ လွှတ်တော်အခင်းအကျင်းတ ပေါ်ပေါက်လာလိမ့်မယ်။ အဲ့ဒီ့အနေအထားဟာ မျှတမှုမရှိတဲ့ ရွေးကောက်ပွဲရဲ့ ရလဒ်ဖြစ်တယ်လို့ ပြောရပါမယ်။ ဒီ ၂၀၂၀ ရွေးကောက်ပွဲကို ဖြတ်သန်းမယ်လို့ စီစဉ်ကတည်းကကို တချိန်ချိန်မှာ ဒီလိုအနေအထားမျိုးကို ကြုံလာရနိုင်တယ်ဆိုတဲ့ ကျမတို့ကြိုတင် ခန့်မှန်းပြီးတော့ မျှော်မှန်းထားတာ ရှိပါတယ်။မျှော်မှန်းထားတာထက်ကိုပိုတဲ့ မြို့နယ်တွေ ကျေးရွာရပ်ကွက်တွေပါ ပါသွားတယ်ဆိုတော့လည်း ရခိုင်ပြည်နယ်ရဲ့အနေအထားဟာ အခုမှပဲ လုံခြုံရေးကို အကြောင်းပြပြီးတော့ ရွေးကောက်ပွဲ မလုပ်ဘူးဆိုရင် ပလက်ဝလို တိုက်ပွဲအကြီးအကျယ်ဖြစ်နေတဲ့နေရာနဲ့ အသံဗလံတခုမှ မထွက်တဲ့ ပေါက်တောလိုနေရာမျိုးတွေကို လုံးလုံးလျားလျား ပယ်လိုက်တဲ့ကိစ္စတွေ နောက် စစ်တွေမှာ ကံကော်ကျွန်း ဝါဘို ဆိုတာဟာ နပခတိုင်း တိုင်းမှူးရဲ့အိမ်နောက်ဘက်က ကပ်ရပ်တည်ရှိနေတဲ့ကျေးရွာ- ဆိုတော့ အာဏာရအစိုးရရဲ့ပါတီဖြစ်တဲ့ NLD နိုင်ခြေမရှိဘူး ဆိုတဲ့နေရာတွေကို မဲဆွယ်စည်းရုံးရေးကာလ ၁လခွဲအတွင်းကြေညာလိုက်တယ်လို့ သုံးသပ်ပါတယ်။"

စစ်ရေးပဋိပက္ခဒဏ် ကိုဗစ်၁၉ ရောဂါဘေးဒဏ်အပါအဝင် သဘာဝဘေးဒဏ်တွေကိုပါ ရင်ဆိုင်နေရတဲ့ သိန်းချီတဲ့ ရခိုင်ဒေသခံတွေရဲ့နိုင်ငံသားအခွင့်အရေး မဲပေးခွင့် ဆုံးရှုံးရတော့မယ့် အနေအထားဟာ ဒီမိုကရေစီစနစ် ပျက်သုန်းတဲ့ လက္ခဏာလို့ လက်ရှိလည်း ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်၊ လာမယ့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာလည်း ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင် အရွေးခံဖို့ပြင်ဆင်ခဲ့တဲ့ ဦးထွန်းဝင်းက အခုလိုပြောပါတယ်။

"ကျနော့်မြို့နယ်တခုတည်းမှာကို မဲပေးပိုင်ခွင့်ရှိသူက တသိန်းနဲ့ လေးသောင်းကျော်လောက်ကိုရှိတယ်။ ဒါဟာ တော်တော်ကို ဆိုးဆိုးဝါးဝါးဖြစ်သွားတဲ့ကိစ္စတခုပဲ။ ဆိုလိုတာက အခုကျနော်တို့ ဒီမိုကရက်တစ် Society ကို အားကောင်းအောင်လုပ်နေပါတယ်။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေနဲ့ တိုးတက်တဲ့ငြိမ်းချမ်းတဲ့ လူ့ဘောင်တခုကို တည်ဆောက်နေပါတယ်ဆိုတဲ့အထူးသဖြင့် ပြည်သူ့အစိုးရပါလို့ ကြွေးကြော်ပြီးမှ တက်လာတဲ့ NLD အစိုးရလက်ထက်မှာမှ ကျနော်တို့ ဒီလိုပုံစံမျိုးတွေလူမှုဘဝပြဿနာတွေ ဒီလောက်ထူပြောနေတဲ့ လူ့အဖွဲ့အစည်းကို ဒီကိုယ်စားပြုမှုကိုပါ ပျောက်သွားအောင် ဒီမိုကရေစီအနှစ်သာရတွေ ပျက်သွားအောင် ဒီရွေးကောက်ပွဲဆိုတာက နိုင်ငံသားတိုင်း အဲ့ဒီ့နေ့ အဲ့ဒီ့ရက်တွေမှာ အကုန်လုံး တန်းတူအခွင့်အရေးရကြမယ့်နေ့မှာ ပယ်လိုက်တဲ့အခါကျတော့ ဗဟိုအစိုးရက ပြည်ထောင်စုအစိုးရက ဥပက္ခာပြုထားတယ်ဆိုတဲ့ ခံစားမှုတွေ ပိုပြီးတော့ ခိုင်မာသွားစေတာပေါ့ဗျာ။"

၂၀၁၅မှာ ပြည်နယ်လုံးကျွတ် မဲဆန္ဒနယ်အများစု အနိုင်ရပါတီဖြစ်ခဲ့တဲ့ ANP ရခိုင်အမျိုးသားပါတီရဲ့ မူဝါဒရေးရာဦးဆောင်ကော်မတီအဖွဲ့ဝင်လည်းဖြစ် လက်ရှိ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ် ၂၀၂၀ မှာ မြေပုံမြို့နယ်မှာပဲ ပါဝင်ယှဉ်ပြိုင် အရွေးခံဖို့ပြင်ဆင်ခဲ့တဲ့ ဦးဖေသန်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်က ရွေးကောက်ပွဲကျင်းပဖို့ နှစ်ပတ်ပဲလိုတော့တဲ့အချိန်မှာ ဆင်ခြင်သုံးသပ်မှုတွေနဲ့ အကြောင်းပြမှု တစုံတရာရှိလာနိုင်တယ်လို့ သုံးသပ်ပါတယ်။

" ရွေးကောက်ပွဲကော်မရှင်ဘက်က ပြန်လည်ပြင်ဆင်ထားတာတွေ ရှိမလားပေါ့နော် အဲ့ဒီ့တပ်မတော်ဘက်က သတင်းစာ ရှင်းလင်းပွဲအရရော ရွေးကော်ရဲ့သူတို့ဘက်က ပြောဆိုချက်အရရော သမ္မတရုံးက ပြောတဲ့အရရော တချို့နေရာတွေဟာ လက်ရှိအခြေအနေ မြေပြင်အခြေအနေနဲ့ မကိုက်ညီဘူးပေါ့ အဲ့တာမြို့တွေကို ပြန်သုံးသပ်ပြီးတော့ လုပ်မယ်ဆိုရင် ဘယ်နှစ်မြို့နယ်လောက်ပြန်လုပ်မလဲ ဒါမှမဟုတ် အရင်ရှိပြီးသားမြို့နယ်တွေကို ပြန်ဖြုတ်တာတို့ ရပ်ကွက်ကျေးရွာ အုပ်စုတွေ ပြန်တိုးတာတွေ လုပ်မလားပေါ့ အဲ့တာတွေကို ဒီ ၁ရက် ၂ရက်အတွင်းမှာ သူတို့ဘက်က ပြန်ကြေညာနိုင်တယ်ဆိုတဲ့ သတင်းတွေတော့ ရတာပေါ့။ကျနော်တို့က အဆုံးအဖြတ်ခံရမယ့် သဘောပါ။ အဲ့လိုအခြေအနေမျိုး မဖြစ်လာဘူးဆိုရင် ၂၀၂၀ ရွေးကောက်ပွဲမှာ ဖျက်သိမ်းခံ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့တော့မပြိုင်နိုင်တော့ဘူးပေါ့နော် အဲ့ဒီ့အခွင့်အရေး ဆုံးရှုံးသွားတာပေါ့။ ကိုယ်စားလှယ်အတွက် သက်သက်တင်မဟုတ်ပါဘူး ပြည်သူတွေအတွက်လည်း ကိုယ်စားလှယ်မဲ့ ပြောပိုင်ဆိုပိုင်ခွင့်မရှိတဲ့မြို့နယ်အဖြစ် ကျရောက်သွားမှာပေါ့။ ကျနော်တို့ဘက်ကတော့ ဒါတွေဟာ နိုင်ငံရေးအရအားဖြင့် ဒါက မရိုးသားဘူးလို့ တွက်တယ်။ကျနော်တို့ ANP ပါတီ နိုင်ခြေရှိတဲ့နေရာ အကုန်လုံးနီးပါးကို ရွေးကောက်ပွဲမလုပ်ဘူးဆိုတာဟာ နိုင်ငံရေးအရ ကျနော်တို့ နယ်မြေတွေကို လက်လွတ်ဆုံးရှုံးအောင် တဖက်လှည့်နဲ့ လုပ်တာပဲလို့ ကျနော်တို့ဘက်က သုံးသပ်တယ်။"

ရခိုင်ပြည်နယ်ထဲ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိလို့ကြေညာခံရတဲ့မြို့နယ်တွေကတော့ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦးမြို့နယ် စတဲ့ မြို့နယ်ပေါင်း ၉ မြို့နယ်စလုံးနဲ့ ကျောက်ဖြူမြို့နယ်က ရပ်ကွက် ၂ ကျေးရွာအုပ်စု ၅၂ အုပ်စု၊ အမ်းမြို့နယ်က ရပ်ကွက် ၃ ကျေးရွာအုပ်စု ၂၉ အုပ်စု၊ စစ်တွေမြို့က ကျေးရွာအုပ်စု ၄ အုပ်စု၊ တောင်ကုတ်မြို့နယ်က ရပ်ကွက် ၁၀ ရပ်ကွက် ကျေးရွာအုပ်စု ၅၂ အုပ်စု စတဲ့ မြို့နယ်ကျေးရွာအလိုက် အသေးစိတ် အမည်စာရင်းတွေကို ရွေးကောက်ပွဲကော်မရှင်ဘက်က အောက်တိုဘာလ ၁၆ရက်နေ့က နိုင်ငံကိုသတင်း ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG