သုံးရလွယ်ကူစေသည့် Link များ

ရွေးကောက်ပွဲ မလုပ်မယ့် မဲဆန္ဒနယ်မြေတွေအပေါ် ကော်မရှင်ခုခံချေပချက် မေးခွန်းထုတ်ခံရ


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သတင်းထုတ်ပြန်ရေးအစီအစဉ်ကျင်းပစဉ် (UEC)
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သတင်းထုတ်ပြန်ရေးအစီအစဉ်ကျင်းပစဉ် (UEC)

(Zawgyi/Unicode)

ရွေးကောက်ပွဲအတွက် အချိန် သုံးပတ်ပဲ ကျန်တော့ပေမယ့် ကျင်းပမယ့် မဲဆန္ဒနယ်မြေတွေ ဆက်လက် အပြောင်းအလဲဖြစ်နေတာဟာ နိုင်ငံရေးပါတီတွေနဲ့ မဲဆန္ဒရှင်တွေအတွက် ကြီးမားတဲ့ နစ်နာမှုကြီးအဖြစ် ရှုမြင်သူတွေရှိနေသလို ရွေးကောက်ပွဲ တရားမျှတမှုနဲ့ ဂုဏ်သိက္ခာကို မေးခွန်းထုတ်နေကြပါတယ်။ အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ သတင်းစာရှင်းလင်းပွဲအပေါ် ရခိုင်နဲ့ ရှမ်းပါတီခေါင်းဆောင်တွေ၊ ရွေးကောက်ပွဲစောင့်ကြည့်သူတွေရဲ့ တုန့်ပြန်ချက်တွေကို ကိုဝင်းမင်းက စုစည်းတင်ပြထားပါတယ်။

၃ ပတ်နီးပါးသာလိုတော့တဲ့ မြန်မာနိုင်ငံရွေးကောက်ပွဲတွေမှာ အရင်ဖျက်သိမ်းခဲ့တဲ့ မဲဆန္ဒနယ်မြေတွေထဲ၊ အန္တရာယ်ကင်း၊ ဘေးရှင်းတယ်လို့ ပြန်ပြောလာရင် လုံခြုံရေးဆိုင်ရာဌာနတွေက မှတ်ချက်တောင်းပြီး ပြန်စဉ်းစားမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ဆိုပါတယ်။(PACE) လို့ အတိုကောက်ခေါ်တဲ့ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှု အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့်က ဒီဆုံးဖြတ်ချက်ကို ကြိုဆိုပေမယ့် အချိန်ကပ်နေလို့ လက်တွေ့ဖြစ်ပါ့မလားလို့ အခုလို စရှင်းပြပါတယ်။

“ပြန်စဉ်းစားမယ်လို့ပြောတဲ့အတွက်လည်း ကြိုဆိုပါတယ်။ ဒါပေမယ့် ဒါမြန်မြန်ဆန်ဆန်လုပ်ဖို့လိုတယ် ရွေးကောက်ပွဲက ၃ ပတ်ပဲ ကျန်တော့တယ်။ ရွေးကောက်ပွဲ မလုပ်တော့တဲ့အတွက် မဲဆွယ်စည်းရုံးရေးတွေ ရပ်တန့်သွားပြီ ပြည်သူလူထုရဲ့ စိတ်ဝင်စားမှုက အဲဒီဒေသတွေမှာ အပြောင်းအလဲကြီးကြီးမားမားဖြစ်သွားပြီကို။ ဒါပေမယ့်လည်း လက်တွေ့မှာတော့အဲလိုဆုံးဖြတ်ဖို့ဆိုတာကလည်း ဖြစ်နိုင်ပါ့မလား ဆိုတာလည်း စဉ်းစားမိပါတယ်။ ဆိုတော့ အရေးကြီးတာကတော့ ဒီဆုံးဖြတ်ချက်တွေကို မချခင်မှာ သက်ဆိုင်ရာ နိုင်ငံရေးပါတီက ခေါင်းဆောင်တွေ ၊ အဲဒီဒေသမှာရှိတဲ့ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ အရင်ဦးဆုံး သေသေချာချာ တွေ့ဆုံညှိနှိုင်းသင့်တယ်လို့ ကျနော်မြင်တယ်။အဲဒါက ဒီဆုံးဖြတ်ချက်အပေါ်မှာ မကြေမလည်ဖြစ်တာရဲ့ အဓိက အကြီးမားဆုံးအချက်ပဲလို့ မြင်ပါတယ်။”

အဲဒီတော့ အရင်မညှိနှိုင်းခဲ့ပေမယ့် ဒီတခေါက် သက်ဆိုင်ရာပါတီတွေနဲ့ ညှိနှိုင်းဖို့အလားအလာကို မေးရာမှာ ဦးစိုင်းရဲကျော်စွာမြင့်က

“ဒီနေ့ ပြောသွားတဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ သူတို့ ပြန်တိုင်ပင်မယ်ဆိုတာ ကျနော်တို့ မကြားမိဘူး။ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေဟာ ဥပဒေမူဘောင်နဲ့ လုပ်ထုံးလုပ်နည်းဆိုင်ရာ ဆုံးဖြတ်ချက် တခုတည်းမဟုတ်ဘူး ဒါတွေက နိုင်ငံရေးအရ သက်ရောက်မှု ရှိတယ်ဆိုတဲ့ ဟာကတော့ ကျနော်တို့၊ နောက်ပြီးတော့ နိုင်ငံရေးရှု့ထောင့်ကိုတော့ အမြဲထည့်သွင်းစဉ်းစားဖို့လိုမယ် ။ ဒီဆုံးဖြတ်ချက်တိုင်းဟာ နိုင်ငံရေး သက်ရောက်မှု ကြီးကြီးမားမားရှိတယ်ဆိုတဲ့ဟာ ။ ဒါကျတော်တို့ လက်ရှိရှိတဲ့ အခြေအနေက သက်သေပဲလို့ ကျနော်တို့ ပြောချင်ပါတယ်။”

ဒီနေရာမှာ မဲဆန္ဒနယ်မြေအများစု ဖျက်သိမ်းခံရတာ ရခိုင်ပြည်နယ်က ရခိုင်အမျိုးသားပါတီရဲ့ မူဝါဒရေးရာ ဦးဆောင်ကော်မတီ အဖွဲ့ဝင် ဦးဖေသန်းကိုအခု သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တဲ့ ချင်းပြည်နယ်က ပလက်ဝနဲ့ ရခိုင်က အမ်းမြို့တွေအတွက် ပြန်စဉ်းစားဖို့အပေါ် ဘယ်လို ထူးခြားမှု ရှိပါသလဲလို့ မေးရာမှာ

“ပလက်ဝကတော့ အဓိက တိုက်ပွဲတွေ နေ့တိုင်းလိုလိုဖြစ်နေတဲ့နေရာမျိုး အဲဒီနေရာကို ရွေးကောက်ပွဲ စာရင်းကနေ မပယ်ပဲနဲ့ လုပ်မယ်လို့ ကြေညာထားတော့ အဲဒီအပေါ်မှာ ရခိုင်ပြည်နယ်က ပေါက်တောလို မြို့နယ်မျိုးနဲ့ နှိုင်းယှဉ်ပြီးတော့ တခါမှ တိုက်ပွဲ မဖြစ်တဲ့ မြို့နယ်တချို့နဲ့ နှိုင်းယှဉ်ပြီးတော့ ဒါကျတော့ မလုပ်ဘူး။ ဟိုမှာ နေ့တိုင်းဖြစ်နေတဲ့ နေရာကျတော့ လုပ်တယ်ဆိုတဲ့ အငြင်းပွားမှုှတွေ ဝေဖန်မှုတွေ ရှိပါတယ်။ အဲဒါကြောင့် ဒီလိုပြန်စဉ်းစားမယ်ဆိုတဲ့ သဘောမျိုးလို့ ကျနော်ထင်တယ်။”

နောက် အမ်း မြို့နယ်ကို ပြန်စဉ်းစားဖို့ ကော်မရှင်က ပြောခဲ့တဲ့အပေါ် ဆက်မေးရာမှာ ပယ်ဖျက်ခံ မြို့တခုဖြစ်တဲ့ မြေပုံမြို့နယ်ရဲ့ လက်ရှိ ပြည်သူ့လွှတ်တော်အမတ်လည်းဖြစ်တဲ့ ဦးဖေသန်းက

“ အမ်းမြို့နယ်ကျတော့ တကယ့် နပခ (အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်)တကယ့် တပ်ဌာနချုပ်ရှိတဲ့ နေရာပါ။ အဲဒီနေရာမှာ မြို့လောက်ပဲ လုပ်တယ် မဲဆန္ဒနယ် ၁ ကို လုပ်ပြီးတော့ ၂ ကို မလုပ်ဘူးဆိုတဲ့ ကိစ္စတွေ ရှိတာပေါ့နော်။ တကယ်တမ်း တိုက်ပွဲတွေ ဖြစ်နေတာကတော့ မဲဆန္ဒနယ် ( ၁ ) ဒလက်ချောင်းမှာဖြစ်တယ်။ (၂) မှာ ဘာမှ မဖြစ်ဘူး။ မဲဆန္ဒနယ် ( ၁ ) က NLD နိုင်ခြေရှိတဲ့နေရာမို့ လုပ်တယ်။ (၂) ကတော့ ANP နိုင်ခြေရှိတဲ့နေရာမို့ မလုပ်ဘူးဆိုပြီးတော့ ဝေဖန်ကြတာပေါ့နော်။ ဒီအပေါ်မှာ ဘယ်လိုပြင်ဆင်မလဲ ၁ ရော ၂ ရော လုပ်မလား ဆိုတာကိုတော့ ကျနော်တို့ စောင့်ကြည့်ဦးမယ်ပေါ့နော်။”

ဒါ့အပြင် ဒီရွေးကောက်ပွဲ ကော်မရှင် သတင်းစာရှင်းလင်းပွဲမှာ မပြောခဲ့တဲ့ ရှမ်းပြည်နယ်က နယ်မြေ တည်ငြိမ်တဲ့ မိုင်းကိုင်မြို့နယ် အတွက် ဘာထူးခြားလဲလို့မေးရာမှာ ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် တွဲဖက်အတွင်းရေးမှူး (၁) စိုင်းကျော်ညွှန့်က အခုအစိုးရနဲ့ အရင်အစိုးရ ပါတီတွေနဲ့ ပေါင်းပြီး စာပြန်တင်ထားတယ်လို့ ဆိုပါတယ်။

ဒီနေရာမှာ ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ လုံခြုံရေးအတွက် ကာကွယ်ရေးနဲ့ ပြည်ထဲရေးဝန်ကြီး ဌာနတွေကနေ မှတ်ချက်တောင်း ဆောင်ရွက်ခဲ့တယ်လို့ ပြောခဲ့တဲ့အပေါ် စိုင်းကျော်ညွှန့်က အဓိက ဆုံးဖြတ်ရမှာက ကော်မရှင်တာဝန်ပဲလို့ ဆိုပါတယ်။

“အဓိကအားဖြင့်တော့ သုံးသပ်ချက်တွေကို ကြည့်ရင်တော့ ကြည့်လို့ရပါတယ်ခင်ဗျ။ ဒါပေမယ့် UEC ကိုယ်တိုင်က ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ UEC က ဆင်ချင်တုံ တရားနဲ့ပေါ့ဗျာ ၊ နောက်လက်တွေ့ အပြင်မှာ တကယ်ဖြစ်ပျက်နေတဲ့ မြေပြင်အခြေအနေကို ဘယ်လောက်သိသလဲပေါ့ဗျာ ၊ ဒါမှမဟုတ် သိအောင် ဘယ်လောက်အထိလုပ်ပြီးမှ ဆုံးဖြတ်ထားသလဲ ဆိုတဲ့အပေါ်မှာလည်း အင်မတန်အရေးကြီးပါတယ်။ ဘက်ပေါင်းစုံမေးမြန်းပြီးမှ လုပ်ဆောင်သင့်တယ်လို့ မြင်ပါတယ်။”

အခုလိုအခြေအနေမှာ စိုင်းရဲကျော်စွာမြင့်ကလည်း အခုလို ပါတီတွေနဲ့ တိုင်ပင်မှု အားနည်းတာကြောင့် နောက်ဆုံးရွေးကောက်ပွဲ ရလဒ်အထိပါ ပြဿနာ တက်လာနိုင်တယ်လို့ စိုးရိမ်တကြီး ပြောခဲ့ပါတယ်။ ဒါ့အပြင် စိုင်းရဲကျော်စွာမြင့်က COVID ကာလ ကာကွယ်ရေးအတွက် ကော်မရှင်က အာမခံပြောနေပေမယ့် လက်တွေ့မှာ ဒီကာကွယ်ရေး ပစ္စည်းတွေအတွက် ဘက်ဂျက်တင် တောင်းထားတာ မတွေ့ရလို့ စိတ်ပူမိတယ်လို့ ဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


...........

(Unicode)














XS
SM
MD
LG