သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NLD ကိုယ္စားလွယ္ေတြ ဖမ္းဆီးမႈ AA အေၾကာင္းျပခ်က္ NLD ပယ္ခ်


ရန္ကုန္ၿမိဳ႕ရွိ NLD ပါတီ ဌာနခ်ဳပ္။ (ဓါတ္ပံု - courtesy photo/NLD)

[Zawgyi/Unicode]

ရခုိင္ျပည္နယ္ ေတာင္ကုတ္ၿမိဳ႕နယ္က အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ၃ ေယာက္ကို ဖမ္းဆီးသြားတဲ့ AA ရခုိင္လက္နက္ကုိင္အဖဲြ႔ရဲ႕ အေၾကာင္းျပခ်က္ကုိ NLD ပါတီက ပယ္ခ်လုိက္တဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုသက္ႏိုင္က ရခိုင္ကေန သတင္းေပးပို႔ထားပါတယ္။

လာမယ့္ ေရြးေကာက္ပဲြအတြက္ မဲဆြယ္စည္း႐ုံးေနတုန္း ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က ဖမ္းဆီးခံခဲ့ရတဲ့ ေတာင္ကုတ္ၿမိဳ႕နယ္ NLD ပါတီ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ၃ ဦးကို ႏုိင္ငံေရးရည္ရြယ္ခ်က္နဲ႔ ေခၚယူထိန္းသိမ္းထားတာျဖစ္ေၾကာင္း AA အဖဲြ႔ရဲ႕ ေၾကညာခ်က္ကုိ ပါတီတာ၀န္ရွိသူေတြက ပယ္ခ်လုိက္တာပါ။ AA အဖြဲ႔ကေတာ့ ျမန္မာအာဏာပိုင္ေတြ ဖမ္းဆီးထားတဲ့ ရခိုင္ျပည္သူေတြနဲ႔ ႏိုင္ငံေရးသမားေတြ ေက်ာင္းသားေတြကို ျပန္လႊတ္ေပးရင္ NLD ကိုယ္စားလွယ္ေလာင္းေတြကိုလည္း ျပန္လႊတ္ေပးမယ့္အေၾကာင္း ေျပာဆုိထားေပမဲ့ ေတာင္းဆုိခ်က္ဟာ က်ဳိးေၾကာင္းဆီေလ်ာ္မႈ မရွိဘူးလုိ႔ NLD ပါတီေျပာခြင့္ရ ေဒါက္တာမ်ိဳးညြန္႔ကေျပာပါတယ္။

"အဓိကေတာ့ သူတို႔က ဖမ္းဆီးထားတဲ့ ကိုယ္စားလွယ္ေလာင္း သံုးဦးကို စစ္သံု႔ပန္းေတြ အျဖစ္ေဖာ္ျပတယ္။ ၿပီးေတာ့ သံု႕ပန္းခ်င္းလဲလွယ္ဖို႔ ေတာင္းဆိုတာေပါ့ေနာ္။ ေတာင္းဆိုတဲ့ လူေတြကလည္း စစ္သံု႔ပန္းမဟုတ္ပါဘူး။ က်ေနာ္တို႔ ကိုယ္စားလွယ္ေလာင္း သံုးဦးကလည္း စစ္သံု႔ပန္း မဟုတ္ပါဘူး။ ဒါေၾကာင့္ ဒီေတာင္းဆိုမႈဟာ ဆီေလ်ာ္မႈမရွိဘူးလို႔ ေျပာခ်င္ပါတယ္။"

AA အဖြဲ႔ရဲ႕ မေန႔တုန္းက ထုတ္ျပန္ခ်က္မွာေတာ့ လက္နက္ကုိင္ ပဋိပကၡေတြ အဆုံးသတ္ေရးနဲ႔ ႏုိင္ငံေရး အက်ပ္အတည္းေတြ ေျပလည္ေစေရး ေတြ႔ဆုံေဆြးေႏြးဖုိ႔ အသင့္ရွိေၾကာင္းလည္း ေဖာ္ျပထားပါတယ္။ ဒါေပမဲ့လည္း AA အဖဲြ႔ကုိ အၾကမ္းဖက္အဖဲြ႔အစည္းအျဖစ္ အစုိးရက တရား၀င္သတ္မွတ္ထားၿပီး ရခုိင္ျပည္နယ္မွာလည္း တပ္မေတာ္နဲ႔ တုိက္ပဲြေတြ ဆက္လက္ျဖစ္ပြားေနတာပါ။ ႏိုင္ငံေရးေလ့လာသံုးသပ္သူ ဦးေမာင္ေမာင္စိုး ကေတာ့ လက္နက္ကုိင္ပဋိပကၡေတြကုိ ႏုိင္ငံေရးအရ အေျဖမရွာႏုိင္ဘဲ ျဖစ္ေနတဲ့ အက်ဳိးဆက္အျဖစ္ သုံးသပ္ပါတယ္။

"ပထမေတာ့ AA အေနနဲ႔ တပ္နဲ႔ပဲ တိုက္ပြဲျဖစ္တာေပါ့ ေနာက္ပိုင္းမွာေတာ့ NLD အစိုးရနဲ႔ပါ ျပႆနာေတြ ျဖစ္လာေတာ့ AA ဘက္ကလည္း NLD လႊတ္ေတာ္အမတ္ေတြကို ဖမ္းဆီးတာေတြ ရွိလာသလို အစုိးရဘက္ကလည္း AAကို အၾကမ္းဖက္ အဖြဲ႔အျဖစ္ေၾကျငာတာရွိလာတဲ့ အခါက်ကေတာ့ AA ကိုတိုက္ေနတဲ့ တပ္မေတာ္ကို ခ်ီးက်ဴးေတြ ရွိလာတယ္။ အဲဒီအခါက်ေတာ့ တစ္ဘက္နဲ႔ တစ္ဘက္က ပိုၿပီးေတာ့ ဆက္ဆက္ထိမခံျဖစ္လာၾကတယ္။ အျပန္အလွန္တိုက္ခိုက္လာတယ္။ ဆိုတာကေတာ့ သြားတစ္ေခ်ာင္းအတြက္ သြားတစ္ေခ်ာင္း မ်က္လံုးတစ္ဘက္အတြက္ မ်က္လံုး တစ္လံုး ျပန္လည္ေပးဆပ္ရမယ္ဆိုတဲ့ ဟာမူရာဘီ ဥပေဒမ်ိဳး ျမင္လာရတာေပါ့ အဲတာကေတာ့ စစ္ပြဲေတြရဲ႕ အက်ိဳးဆက္ စစ္ပြဲကို ရပ္ဆိုင္းေအာင္မလုပ္ႏိုင္တဲ့ အက်ိဳးဆက္ေပါ့။ ဒါေၾကာင့္စစ္ပြဲ ရပ္ဖို႔လိုတယ္။ လက္ရွိမွာေတာ့ တစ္ဘက္နဲ႔ တစ္ဘက္ ျပင္းျပင္းထန္ထန္တိုက္ခိုက္ၾကလိမ့္မယ္လို႔ ျမင္ပါတယ္။"

AA အဖဲြ႔ကေတာ့ အရင္ကလည္း NLD လႊတ္ေတာ္ကုိယ္စားလွယ္တခ်ဳိ႕ကုိ ဖမ္းဆီးထိန္းသိမ္းၿပီး သင့္ေတာ္တဲ့ အေျခအေနမ်ဳိးမွာ ျပန္လႊတ္ေပးခဲ့ဘူးေၾကာင္းလည္း ထုတ္ျပန္ခ်က္မွာ ေျပာဆုိထားပါတယ္။ ဒါေပမဲ့လည္း ႏုိင္ငံေရးအရ လႊတ္ေတာ္ကုိယ္စားလွယ္ေတြကုိ ဖမ္းဆီးထိန္းသိမ္းတဲ့ လုပ္ရပ္မ်ဳိးဟာ လက္ခံႏုိင္စရာ မရွိဘူးလုိ႔လည္း ဖန္တီးအိမ္ ေရြးေကာက္ပြဲေလ့လာေစာင့္ၾကည့္ေရးအဖြဲ႔ရဲ႕ ဒါရိုက္တာ ေဒၚခင္ေလးငယ္ကေျပာပါတယ္။

"ဖန္တီးအိမ္က ေရြးေကာက္ပြဲ ေလ့လာေစာင့္ၾကည့္ေရးလုပ္တယ္။ အထူးသျဖင့္ ေရြးေကာက္ပြဲမွာ အမ်ိဳးသမီးပါဝင္မႈေတြကို အဓိကေလ့လာေစာင့္ၾကည့္တာေပါ့ေနာ္။ ဒီဟာကေတာ့ ေရြးေကာက္ပြဲ အၾကမ္းဖက္မႈ ေျမာက္ပါတယ္။ ေနာက္ ဖမ္းဆီးခံရတဲ့ထဲမွာ ရည္ရြယ္သည္ျဖစ္ေစ၊ မရည္ရြယ္သည္ျဖစ္ေစ၊ အမ်ိဳးသမီး ႏွစ္ေယာက္ေတာင္ ပါေနတယ္။ က်မတို႔ကေတာ့ အျပင္းအထန္ရံႈ႕ခ်ပါတယ္။ က်မတို႔က ဒီလို ေရြးေကာက္ပြဲ အၾကမ္းဖက္မႈေတြကို လက္မခံႏိုင္ပါဘူး။ ျပည္သူေတြရဲ႕ အသံကို ၿငိမ္းခ်မ္းတဲ့နည္းနဲ႔ ကိုယ္စားျပဳမႈခံယူမယ့္ ေရြးေကာက္ပြဲကို လက္နက္အားကိုးနဲ႔ အေႏွာင့္အယွက္ေပးတဲ့ ျဖစ္စဥ္ေတြကိုေတာ့ က်မတို႔ ေစာင့္ၾကည္သူအေနနဲ႔ မနွစ္သက္ပါဘူးရွင့္။"

ျမန္မာႏုိင္ငံမွာရွိတဲ့ အေမရိကန္နဲ႔ ျပင္သစ္သံ႐ုံးေတြကလည္း NLD လႊတ္ေတာ္ ကုိယ္စားလွယ္ေလာင္း ၃ ဦး ဖမ္းဆီးခံရတဲ့အေပၚ စုိးရိမ္ေၾကာင္း ေၾကညာခ်က္ေတြ ထုတ္ျပန္ေျပာဆုိထားၾကပါတယ္။ ဒီမုိကေရစီစနစ္မွာ လႊတ္ေတာ္ကုိယ္စားလွယ္ေတြအားလုံး ေဘးကင္းလုံၿခံဳမႈရွိရွိ မဲဆြယ္စည္း႐ုံးခြင့္ရွိဖုိ႔ လုိေၾကာင္းလည္း အေမရိကန္သံ႐ုံးရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပခဲ့တာပါ။ ျပင္သစ္သံ႐ုံးကေတာ့ ဖမ္းဆီးမႈအေပၚ ျပစ္တင္႐ႈတ္ခ်ေၾကာင္းနဲ႔ ဖမ္းဆီးခံထားရသူေတြကုိ ေဘးကင္းလုံၿခံဳမႈရွိရွိ ျပန္လႊတ္ေပးဖုိ႔လည္း ေတာင္းဆုိထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

NLD ကိုယ်စားလှယ်တွေဖမ်းဆီးမှု AA အကြောင်းပြချက် NLD ပယ်ချ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ ယောက်ကို ဖမ်းဆီးသွားတဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ရဲ့ အကြောင်းပြချက်ကို NLD ပါတီက ပယ်ချလိုက်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုသက်နိုင်က ရခိုင်ကနေ သတင်းပေးပို့ထားပါတယ်။

လာမယ့် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေတုန်း ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဖမ်းဆီးခံခဲ့ရတဲ့ တောင်ကုတ်မြို့နယ် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ ဦးကို နိုင်ငံရေးရည်ရွယ်ချက်နဲ့ ခေါ်ယူထိန်းသိမ်းထားတာဖြစ်ကြောင်း AA အဖွဲ့ရဲ့ ကြေညာချက်ကို ပါတီတာဝန်ရှိသူတွေက ပယ်ချလိုက်တာပါ။ AA အဖွဲ့ကတော့ မြန်မာအာဏာပိုင်တွေ ဖမ်းဆီးထားတဲ့ ရခိုင်ပြည်သူတွေနဲ့ နိုင်ငံရေးသမားတွေ ကျောင်းသားတွေကို ပြန်လွှတ်ပေးရင် NLD ကိုယ်စားလှယ်လောင်းတွေကိုလည်း ပြန်လွှတ်ပေးမယ့်အကြောင်း ပြောဆိုထားပေမဲ့ တောင်းဆိုချက်ဟာ ကျိုးကြောင်းဆီလျော်မှု မရှိဘူးလို့ NLD ပါတီပြောခွင့်ရ ဒေါက်တာမျိုးညွန့်ကပြောပါတယ်။

"အဓိကတော့ သူတို့က ဖမ်းဆီးထားတဲ့ ကိုယ်စားလှယ်လောင်း သုံးဦးကို စစ်သုံ့ပန်းတွေ အဖြစ်ဖော်ပြတယ်။ ပြီးတော့ သုံ့ပန်းချင်းလဲလှယ်ဖို့ တောင်းဆိုတာပေါ့နော်။ တောင်းဆိုတဲ့ လူတွေကလည်း စစ်သုံ့ပန်းမဟုတ်ပါဘူး။ ကျနော်တို့ ကိုယ်စားလှယ်လောင်း သုံးဦးကလည်း စစ်သုံ့ပန်း မဟုတ်ပါဘူး။ ဒါကြောင့် ဒီတောင်းဆိုမှုဟာ ဆီလျော်မှုမရှိဘူးလို့ ပြောချင်ပါတယ်။"

AA အဖွဲ့ရဲ့ မနေ့တုန်းက ထုတ်ပြန်ချက်မှာတော့ လက်နက်ကိုင် ပဋိပက္ခတွေ အဆုံးသတ်ရေးနဲ့ နိုင်ငံရေး အကျပ်အတည်းတွေ ပြေလည်စေရေး တွေ့ဆုံဆွေးနွေးဖို့ အသင့်ရှိကြောင်းလည်း ဖော်ပြထားပါတယ်။ ဒါပေမဲ့လည်း AA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အစိုးရက တရားဝင်သတ်မှတ်ထားပြီး ရခိုင်ပြည်နယ်မှာလည်း တပ်မတော်နဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာပါ။ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး ကတော့ လက်နက်ကိုင်ပဋိပက္ခတွေကို နိုင်ငံရေးအရ အဖြေမရှာနိုင်ဘဲ ဖြစ်နေတဲ့ အကျိုးဆက်အဖြစ် သုံးသပ်ပါတယ်။

"ပထမတော့ AA အနေနဲ့ တပ်နဲ့ပဲ တိုက်ပွဲဖြစ်တာပေါ့ နောက်ပိုင်းမှာတော့ NLD အစိုးရနဲ့ပါ ပြဿနာတွေ ဖြစ်လာတော့ AA ဘက်ကလည်း NLD လွှတ်တော်အမတ်တွေကို ဖမ်းဆီးတာတွေ ရှိလာသလို အစိုးရဘက်ကလည်း AAကို အကြမ်းဖက် အဖွဲ့အဖြစ်ကြေငြာတာရှိလာတဲ့ အခါကျကတော့ AA ကိုတိုက်နေတဲ့ တပ်မတော်ကို ချီးကျူးတွေ ရှိလာတယ်။ အဲဒီအခါကျတော့ တစ်ဘက်နဲ့ တစ်ဘက်က ပိုပြီးတော့ ဆက်ဆက်ထိမခံဖြစ်လာကြတယ်။ အပြန်အလှန်တိုက်ခိုက်လာတယ်။ ဆိုတာကတော့ သွားတစ်ချောင်းအတွက် သွားတစ်ချောင်း မျက်လုံးတစ်ဘက်အတွက် မျက်လုံး တစ်လုံး ပြန်လည်ပေးဆပ်ရမယ်ဆိုတဲ့ ဟာမူရာဘီ ဥပဒေမျိုး မြင်လာရတာပေါ့ အဲတာကတော့ စစ်ပွဲတွေရဲ့ အကျိုးဆက် စစ်ပွဲကို ရပ်ဆိုင်းအောင်မလုပ်နိုင်တဲ့ အကျိုးဆက်ပေါ့။ ဒါကြောင့်စစ်ပွဲ ရပ်ဖို့လိုတယ်။ လက်ရှိမှာတော့ တစ်ဘက်နဲ့ တစ်ဘက် ပြင်းပြင်းထန်ထန်တိုက်ခိုက်ကြလိမ့်မယ်လို့ မြင်ပါတယ်။"

AA အဖွဲ့ကတော့ အရင်ကလည်း NLD လွှတ်တော်ကိုယ်စားလှယ်တချို့ကို ဖမ်းဆီးထိန်းသိမ်းပြီး သင့်တော်တဲ့ အခြေအနေမျိုးမှာ ပြန်လွှတ်ပေးခဲ့ဘူးကြောင်းလည်း ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။ ဒါပေမဲ့လည်း နိုင်ငံရေးအရ လွှတ်တော်ကိုယ်စားလှယ်တွေကို ဖမ်းဆီးထိန်းသိမ်းတဲ့ လုပ်ရပ်မျိုးဟာ လက်ခံနိုင်စရာ မရှိဘူးလို့လည်း ဖန်တီးအိမ် ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့ရဲ့ ဒါရိုက်တာ ဒေါ်ခင်လေးငယ်ကပြောပါတယ်။

"ဖန်တီးအိမ်က ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးလုပ်တယ်။ အထူးသဖြင့် ရွေးကောက်ပွဲမှာ အမျိုးသမီးပါဝင်မှုတွေကို အဓိကလေ့လာစောင့်ကြည့်တာပေါ့နော်။ ဒီဟာကတော့ ရွေးကောက်ပွဲ အကြမ်းဖက်မှု မြောက်ပါတယ်။ နောက် ဖမ်းဆီးခံရတဲ့ထဲမှာ ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ၊ အမျိုးသမီး နှစ်ယောက်တောင် ပါနေတယ်။ ကျမတို့ကတော့ အပြင်းအထန်ရှုံ့ချပါတယ်။ ကျမတို့က ဒီလို ရွေးကောက်ပွဲ အကြမ်းဖက်မှုတွေကို လက်မခံနိုင်ပါဘူး။ ပြည်သူတွေရဲ့ အသံကို ငြိမ်းချမ်းတဲ့နည်းနဲ့ ကိုယ်စားပြုမှုခံယူမယ့် ရွေးကောက်ပွဲကို လက်နက်အားကိုးနဲ့ အနှောင့်အယှက်ပေးတဲ့ ဖြစ်စဉ်တွေကိုတော့ ကျမတို့ စောင့်ကြည်သူအနေနဲ့ မနှစ်သက်ပါဘူးရှင့်။"

မြန်မာနိုင်ငံမှာရှိတဲ့ အမေရိကန်နဲ့ ပြင်သစ်သံရုံးတွေကလည်း NLD လွှတ်တော် ကိုယ်စားလှယ်လောင်း ၃ ဦး ဖမ်းဆီးခံရတဲ့အပေါ် စိုးရိမ်ကြောင်း ကြေညာချက်တွေ ထုတ်ပြန်ပြောဆိုထားကြပါတယ်။ ဒီမိုကရေစီစနစ်မှာ လွှတ်တော်ကိုယ်စားလှယ်တွေအားလုံး ဘေးကင်းလုံခြုံမှုရှိရှိ မဲဆွယ်စည်းရုံးခွင့်ရှိဖို့ လိုကြောင်းလည်း အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တာပါ။ ပြင်သစ်သံရုံးကတော့ ဖမ်းဆီးမှုအပေါ် ပြစ်တင်ရှုတ်ချကြောင်းနဲ့ ဖမ်းဆီးခံထားရသူတွေကို ဘေးကင်းလုံခြုံမှုရှိရှိ ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG