သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NLD ရခိုင္ကိုယ္စားလွယ္ေလာင္းသံုးဦး အမည္မသိလက္နက္ကိုင္အဖဲြ႔ ဖမ္းဆီး


ရန္ကုန္ၿမိဳ႕ရွိ NLD ပါတီ ဌာနခ်ဳပ္။ (ဓါတ္ပံု - courtesy photo/NLD)

[Zawgyi/Unicode]

လက္နက္ကုိင္ ပဋိပကၡေတြ ျဖစ္ပြားေနတဲ့ ရခိုင္ျပည္နယ္မွာ အမ်ဳိးသားဒီမုိကေရစီအဖဲြ႔ခ်ဳပ္ NLD က ကုိယ္စားလွယ္ေလာင္း ၃ ဦးကုိ လက္နက္ကုိင္တခ်ဳိ႕က ဖမ္းဆီးသြားတဲ့အတြက္ ေရြးေကာက္ပဲြကာလ လုံၿခံဳေရးအတြက္ စုိးရိမ္မႈေတြ ထြက္ေပၚလာတဲ့အေၾကာင္းကို ဗီြအိုေအ ျမန္မာပိုင္း သတင္းေထာက္ ကိုသက္ႏိုင္က ေျပာျပပါမယ္။

ေရွ႕လေရြးေကာက္ပဲြမွာ ယွဥ္ၿပိဳင္မယ့္ NLD ပါတီရဲ႕ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ၃ ဦး ဒီေန႔အေစာပိုင္းက ေတာင္ကုတ္ၿမိဳ႕နယ္မွာ ဘယ္အဖဲြ႔အစည္းကမွန္း မသိရတဲ့ လက္နက္ကုိင္ေတြက ဖမ္းဆီးေခၚေဆာင္သြားတာပါ။

လာမယ့္ေရြးေကာက္ပဲြအတြက္ စည္း႐ုံးေရး ခရီးစဥ္အျဖစ္ ေတာင္ကုတ္ၿမိဳ႕နယ္ ေဖာင္းကားေက်းရြာမွာ ေရာက္ေနတုန္း ဖမ္းဆီးခံခဲ့ရတာလုိ႔လည္း ေတာင္ကုတ္ၿမိဳ႕နယ္ NLD ပါတီေျပာခြင့္ရ ဦးတင္သိန္းေအာင္က ေျပာပါတယ္။

"က်ေနာ္တို႔ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြ ျဖစ္တဲ့ ဦးမင္းေအာင္ရယ္ ေဒၚနီနီျမင့္ရယ္ ေဒၚ ခ်စ္ခ်စ္ေခ်ာ့ရယ္ သူတို႔အဖြဲ႔က က်ေနာ္တို႔ ေတာင္ကုတ္ျမိဳ႕နယ္ရဲ႕ ေဖာင္းခါးေက်းရြာကို စည္းရံုးေရးဆင္းၾကတာ ျဖစ္ၿပီး သူတို႔ ထမင္းစားဖို႔ ျပင္ေနတဲ့အခါမွာ လက္နက္ကိုင္ အဖြဲ႔တစ္ခုက ဝင္လာၿပီးေတာ့ သူတို႔သံုးေယာက္ကို ဖမ္းေခၚသြားတယ္။ ဘယ္အဖြဲ႔ကလဲေတာ့ က်ေနာ္တို႔လည္း မသိဘူး။"

ဖမ္းဆီးခံရသူေတြထဲက ဦးမင္းေအာင္ကေတာ့ ရခိုင္ျပည္နယ္အစုိးရအဖဲြ႔ မွာ စည္ပင္သာယာေရး ဝန္ႀကီးေဟာင္းအျဖစ္ တာ၀န္ယူခ့ဲဖူးသူျဖစ္ၿပီး လက္ရွိျပည္နယ္လႊတ္ေတာ္ကုိယ္စားလွယ္တဦးလည္းျဖစ္ပါတယ္။

ဖမ္းဆီးခံရသူ က်န္ ၂ ဦးထဲက ေဒၚနီနီေမျမင့္ကေတာ့ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ တဦးျဖစ္ၿပီး၊ ေဒၚခ်စ္ခ်စ္ေခ်ာ့က ေတာ့ ေရွ႕လေရြးေကာက္ပဲြမွာ အမ်ိဳးသားလႊတ္ေတာ္ ကုိယ္စားလွယ္ေနရာအတြက္ ယွဥ္ၿပိဳင္မယ့္သူ ျဖစ္ပါတယ္။ စစ္ေရးတင္းမာမႈေတြေၾကာင့္ နယ္ေျမမတည္မၿငိမ္ အေျခအေန ႀကံဳေနရတဲ့ ရခိုင္ျပည္နယ္မွာ ပါတီ၀င္ေတြ အခုလုိ ဖမ္းဆီးခံခဲ့ရတာေၾကာင့္ ေရြးေကာက္ပဲြကာလ လုံၿခံဳေရးအတြက္ စုိးရိမ္တယ္လုိ႔လည္း ဦးတင္သိန္းေအာင္က ေျပာပါတယ္။

"NLD ကေတာ့ ဒီမွာ စိုးရိမ္ရတဲ့ အေျခအေနရွိတယ္။ ဘာျဖစ္လို႔လည္း ဆိုေတာ့ NLD က ပစ္မွတ္ျဖစ္ေနတာေပါ့ ရခိုင္ျပည္နယ္မွာ ဥပမာ ပလက္ဝက NLD လႊတ္ေတာ္ကိုယ္စားလွယ္တို႔ ေမာင္ေတာက ဦးရဲသိန္းတို႔ ဖမ္းဆီးခံရတာရွိေတာ့ NLD ကိုပဲ ဦးတည္ၿပီး တိုက္ခိုက္ေနတဲ့ သေဘာရွိတယ္။ တျခားပါတီေတြကလည္း ဘာသံမွ မၾကားေတာ့ က်ေနာ္တို႔ NLD ပါတီကေတာ့ စိုးရိမ္ရတာေပါ့ဗ်ာ။"

ဖမ္းဆီးခံခဲ့ရသူ ၃ ဦးကုိေတာ့ လက္နက္ကုိင္ေတြက စက္ေလွတစင္းနဲ႔ ေခၚေဆာင္သြားတယ္လုိ႔လည္း ေဒသခံေတြနဲ႔ NLD ပါတီ တာ၀န္ရွိသူေတြက ေျပာပါတယ္။ တပ္မေတာ္နဲ႔ ရခုိင္လက္နက္ကုိင္ AA အဖဲြ႔တုိ႔ၾကား တုိက္ခုိက္မႈေတြျဖစ္ပြားေနတဲ့ ရခုိင္ျပည္နယ္မွာ အခုေနာက္ဆုံး ဖမ္းဆီးခံရမႈအတြက္ ဘယ္သူကမွေတာ့ သူတုိ႔လက္ခ်က္ဆုိၿပီး တရား၀င္ ေျပာဆုိတာမ်ဳိးေတာ့ မရွိေသးပါဘူး။

ဖမ္းဆီးခံရမႈနဲ႔ ပတ္သက္လုိ႔ တပ္မေတာ္ တာဝန္ရွ္ိသူေတြ ရခိုင္ျပည္နယ္ လံုၿခံဳေရးနဲ႔ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မွဴးႀကီး မင္းသန္းတို႔ကို ဆက္သြယ္ခဲ့ေပမဲ့ တုံ႔ျပန္ေျဖၾကားတာ မရွိသလုိ၊ AA အဖဲြ႔ကလည္း တစုံတရာ ထုတ္ျပန္ေျပာဆုိတာမ်ဳိး မၾကားရေသးပါဘူး။

NLD ပါတီ ေျပာခြင့္ရ ေဒါက္တာမ်ိဳးညြန္႔ကေတာ့ ဖမ္းဆီးခံရသူေတြ လုံၿခံဳေရး စုိးရိမ္ေၾကာင္းနဲ႔ ျပန္လႊတ္ေပးဖုိ႔လည္း ေတာင္းဆုိလုိက္ပါတယ္။

"သက္ဆိုင္ရာ အာဏာပိုင္ေတြကိုလည္း အေၾကာင္းၾကားထားပါတယ္။ ဒီကိစၥကို က်ေနာ္တို႔ ယခင္တုန္းက ဦးရဲသိန္း ဖမ္းဆီးခံရတယ္။ ေနာက္ၿပီးေတာ့ ဖမ္းဆီးထားစဥ္အတြင္းမွာပဲ ေသဆံုးသြားခဲ့တဲ့အတြက္ ကိုယ္စားလွယ္ေလာင္းသံုးဦးကို က်န္းက်န္းမာမာနဲ႔ အျမန္ဆံုးျပန္လႊတ္ေပးဖို႔ကို က်ေနာ္တို႔ ေတာင္းဆိုခ်င္ပါတယ္။"

လက္ရွိအခ်ိန္ထိ တပ္မေတာ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ တိုက္ပြဲေတြ ဆက္လက္ျပင္းထန္ေနတဲ့ ရခိုင္ျပည္နယ္မွာ ႏုိင္ငံေရးသမားေတြ၊ အစုိးရ၀န္ထမ္းေတြနဲ႔ အရပ္သားေတြ လက္နက္ကုိင္အဖဲြ႔ေတြရဲ႕ ဖမ္းဆီးမႈေတြ မၾကာခဏ ႀကံဳရေလ့ရွိပါတယ္။ တပ္မေတာ္ေရာ AA အဖဲြ႔ကပါ ဖမ္းဆီးတာေတြ ရွိေနသလုိ ဖမ္းဆီးထိန္းသိမ္းထားစဥ္ ေသဆုံးမႈေတြလည္း ႀကံဳရေလ့ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

NLD ရခိုင်ကိုယ်စားလှယ်လောင်းသုံးဦး အမည်မသိလက်နက်ကိုင်အဖွဲ့ ဖမ်းဆီး

လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ကိုယ်စားလှယ်လောင်း ၃ ဦးကို လက်နက်ကိုင်တချို့က ဖမ်းဆီးသွားတဲ့အတွက် ရွေးကောက်ပွဲကာလ လုံခြုံရေးအတွက် စိုးရိမ်မှုတွေ ထွက်ပေါ်လာတဲ့အကြောင်းကို ဗွီအိုအေ သတင်းထောက် ကိုသက်နိုင်က ပြောပြပါမယ်။

ရှေ့လရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ့် NLD ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ ဦး ဒီနေ့အစောပိုင်းက တောင်ကုတ်မြို့နယ်မှာ ဘယ်အဖွဲ့အစည်းကမှန်း မသိရတဲ့ လက်နက်ကိုင်တွေက ဖမ်းဆီးခေါ်ဆောင်သွားတာပါ။

လာမယ့်ရွေးကောက်ပွဲအတွက် စည်းရုံးရေး ခရီးစဉ်အဖြစ် တောင်ကုတ်မြို့နယ် ဖောင်းကားကျေးရွာမှာ ရောက်နေတုန်း ဖမ်းဆီးခံခဲ့ရတာလို့လည်း တောင်ကုတ်မြို့နယ် NLD ပါတီပြောခွင့်ရ ဦးတင်သိန်းအောင်က ပြောပါတယ်။

"ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ဖြစ်တဲ့ ဦးမင်းအောင်ရယ် ဒေါ်နီနီမြင့်ရယ် ဒေါ် ချစ်ချစ်ချော့ရယ် သူတို့အဖွဲ့က ကျနော်တို့ တောင်ကုတ်မြို့နယ်ရဲ့ ဖောင်းခါးကျေးရွာကို စည်းရုံးရေးဆင်းကြတာ ဖြစ်ပြီး သူတို့ ထမင်းစားဖို့ ပြင်နေတဲ့အခါမှာ လက်နက်ကိုင် အဖွဲ့တစ်ခုက ဝင်လာပြီးတော့ သူတို့သုံးယောက်ကို ဖမ်းခေါ်သွားတယ်။ ဘယ်အဖွဲ့ကလဲတော့ ကျနော်တို့လည်း မသိဘူး။"

ဖမ်းဆီးခံရသူတွေထဲက ဦးမင်းအောင်ကတော့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ မှာ စည်ပင်သာယာရေး ဝန်ကြီးဟောင်းအဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်ပြီး လက်ရှိပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တဦးလည်းဖြစ်ပါတယ်။

ဖမ်းဆီးခံရသူ ကျန် ၂ ဦးထဲက ဒေါ်နီနီမေမြင့်ကတော့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်ပြီး၊ ဒေါ်ချစ်ချစ်ချော့က တော့ ရှေ့လရွေးကောက်ပွဲမှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ယှဉ်ပြိုင်မယ့်သူ ဖြစ်ပါတယ်။ စစ်ရေးတင်းမာမှုတွေကြောင့် နယ်မြေမတည်မငြိမ် အခြေအနေ ကြုံနေရတဲ့ ရခိုင်ပြည်နယ်မှာ ပါတီဝင်တွေ အခုလို ဖမ်းဆီးခံခဲ့ရတာကြောင့် ရွေးကောက်ပွဲကာလ လုံခြုံရေးအတွက် စိုးရိမ်တယ်လို့လည်း ဦးတင်သိန်းအောင်က ပြောပါတယ်။

"NLD ကတော့ ဒီမှာ စိုးရိမ်ရတဲ့ အခြေအနေရှိတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ NLD က ပစ်မှတ်ဖြစ်နေတာပေါ့ ရခိုင်ပြည်နယ်မှာ ဥပမာ ပလက်ဝက NLD လွှတ်တော်ကိုယ်စားလှယ်တို့ မောင်တောက ဦးရဲသိန်းတို့ ဖမ်းဆီးခံရတာရှိတော့ NLD ကိုပဲ ဦးတည်ပြီး တိုက်ခိုက်နေတဲ့ သဘောရှိတယ်။ တခြားပါတီတွေကလည်း ဘာသံမှ မကြားတော့ ကျနော်တို့ NLD ပါတီကတော့ စိုးရိမ်ရတာပေါ့ဗျာ။"

ဖမ်းဆီးခံခဲ့ရသူ ၃ ဦးကိုတော့ လက်နက်ကိုင်တွေက စက်လှေတစင်းနဲ့ ခေါ်ဆောင်သွားတယ်လို့လည်း ဒေသခံတွေနဲ့ NLD ပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ကြား တိုက်ခိုက်မှုတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ အခုနောက်ဆုံး ဖမ်းဆီးခံရမှုအတွက် ဘယ်သူကမှတော့ သူတို့လက်ချက်ဆိုပြီး တရားဝင် ပြောဆိုတာမျိုးတော့ မရှိသေးပါဘူး။

ဖမ်းဆီးခံရမှုနဲ့ ပတ်သက်လို့ တပ်မတော် တာဝန်ရှိသူတွေ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းတို့ကို ဆက်သွယ်ခဲ့ပေမဲ့ တုံ့ပြန်ဖြေကြားတာ မရှိသလို၊ AA အဖွဲ့ကလည်း တစုံတရာ ထုတ်ပြန်ပြောဆိုတာမျိုး မကြားရသေးပါဘူး။

NLD ပါတီ ပြောခွင့်ရ ဒေါက်တာမျိုးညွန့်ကတော့ ဖမ်းဆီးခံရသူတွေ လုံခြုံရေး စိုးရိမ်ကြောင်းနဲ့ ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။

"သက်ဆိုင်ရာ အာဏာပိုင်တွေကိုလည်း အကြောင်းကြားထားပါတယ်။ ဒီကိစ္စကို ကျနော်တို့ ယခင်တုန်းက ဦးရဲသိန်း ဖမ်းဆီးခံရတယ်။ နောက်ပြီးတော့ ဖမ်းဆီးထားစဉ်အတွင်းမှာပဲ သေဆုံးသွားခဲ့တဲ့အတွက် ကိုယ်စားလှယ်လောင်းသုံးဦးကို ကျန်းကျန်းမာမာနဲ့ အမြန်ဆုံးပြန်လွှတ်ပေးဖို့ကို ကျနော်တို့ တောင်းဆိုချင်ပါတယ်။"

လက်ရှိအချိန်ထိ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ နိုင်ငံရေးသမားတွေ၊ အစိုးရဝန်ထမ်းတွေနဲ့ အရပ်သားတွေ လက်နက်ကိုင်အဖွဲ့တွေရဲ့ ဖမ်းဆီးမှုတွေ မကြာခဏ ကြုံရလေ့ရှိပါတယ်။ တပ်မတော်ရော AA အဖွဲ့ကပါ ဖမ်းဆီးတာတွေ ရှိနေသလို ဖမ်းဆီးထိန်းသိမ်းထားစဉ် သေဆုံးမှုတွေလည်း ကြုံရလေ့ရှိပါတယ်။

XS
SM
MD
LG