သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UDP ပါတီဥက္ကဋ္ဌဟောင်း ဦးကျော်မြင့် လူဝင်မှုဥပဒေနဲ့ပါ တရားစွဲခံရ


UDP ပါတီဥက္ကဋ္ဌဟောင်း ဦးကျော်မြင့်
UDP ပါတီဥက္ကဋ္ဌဟောင်း ဦးကျော်မြင့်

[Zawgyi/Unicode]

ထောင်ပြေးမှုနဲ့ ဖမ်းဆီးအရေးယူခံထားရတဲ့ ညီညွှတ်သော ဒီမိုကရက်တစ်ပါတီ (UDP) ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်ကို ဒီကနေ့ပဲ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အမှုတခုနဲ့ပါ ထပ်မံ တရားစွဲဆိုလိုက်တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က ပြောပြပါမယ်။

UDP ပါတီဥက္ကဋ္ဌဟောင်း ဦးကျော်မြင့် (ဓာတ်ပုံ - UDP Group facebook)
UDP ပါတီဥက္ကဋ္ဌဟောင်း ဦးကျော်မြင့် (ဓာတ်ပုံ - UDP Group facebook)

မကြာသေးမီက ဖျက်သိမ်းခံလိုက်ရတဲ့ UDP ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်ဟာ လက်ရှိအချိန်မှာ ထောင်ပြေးမှုရင်ဆိုင်နေရပြီး သူ့ကိုဒီကနေ့ပဲ လက်ရှိ မန္တလေး အမှတ် (၈) စခန်းမှူးက ဒုရဲမှူး အောင်မင်းက တရားလို လုပ်ပြီး မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဥပဒေကို ချိုးဖောက်မှုနဲ့ တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။

ပြည်ပကနေ မြန်မာနိုင်ငံကို တရားမဝင် ပြန်လာတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲခဲ့တာ ဖြစ်တယ်လို့လည်း ဦးကျော်မြင့်ရဲ့ အကျိုးဆောင်ရှေ့နေ ဦးနေလင်းထွန်းကပြောပါတယ်။

“ဒီကနေမှ မြန်မာနိုင်ငံကနေ ထွက်ခွါသွားတယ်။ ထွက်ခွါပြီးတော့ မြန်မာနိုင်ငံထဲကို ပြန်ဝင်လာတယ်။ ပြန်ဝင်လာတဲ့အခါမှာ သူတို့ တိုင်စာမှာပါတဲ့ဟာကိုပြောတာနော်။ ပြန်ဝင်လာတဲ့အခါမှာ တရားမဝင် ပြန်လည် ဝင်ရောက်လာတယ်ဆိုပြီး ဖော်ပြတိုင်တန်းထားတာ။ မြန်မာနိုင်ငံကနေပြီးတော့မှ ထွက်ခွါသွားပြီး တရားမဝင် ပြန်လည်ဝင်ရောက်လာတယ်ဆိုပြီး ဖော်ပြတိုင်တန်းထားတဲ့အမှု လဝက ၁၃ (၁) နဲ့ အမှုဖွင့် တိုင်ကြားထားတယ်ပေါ့နော်။”

နောက်ထပ် စွဲချက်တင်ထားတဲ့ အမှုကိုတော့ လာမယ့် တနင်္လာနေ့ကျရင် စတင်စစ်ဆေးမှာ ဖြစ်ပါတယ်။ လက်ရှိတရားရင်ဆိုင်နေရတဲ့ ထောင်ပြေးမှု ပုဒ်မ ၂၂၄ မှာတော့ တရားလိုပြသက်သေ ၅ ဦးကို စစ်ဆေးခဲ့ပြီး ဦးကျော်မြင့်ဘက်က တရားခံပြ သက်သေ ၆ ဦးကို တင်ပြထားပါတယ်။ ဒါပေမဲ့လည်း ကပ်ရောဂါကာလ တရားရုံးလုပ်ငန်းတွေမှာ နှောင့်နှေးမှုတွေ ရှိနိုင်တယ်လို့လည်း ဒီကနေ့ ရုံးထုတ်စစ်ဆေးခဲ့တဲ့ ချမ်းအေးသာစံ မြို့နယ်က တရားသူကြီး ဦးကျော်မျိုးဝင်းက ပြောပါတယ်။

“လာမယ့် သက်သေတွေက သူတို့ဘက်က ဆေးစာထောက်ခံချက်တွေနဲ့ လာမယ်။ ဒီကလည်း သက်ဆိုင်ရာကနေပြီးတော့ Q ဝင်သင့်တယ်ဆိုပြီး ဝင်ခိုင်းရင်တော့ ကျနော်တို့က စောင့်ရမှာပေါ့။ တချို့တွေကလည်း ဒီမြို့အနီးနားက လူတွေပါတယ်လေ။ အနီးအနားကလူတွေပါတော့ တချို့ကတော့ ဒီတိုင်းလာနိုင်မှာပေါ့။ ခံပြသက်သေတွေကို သူတို့က ခေါ်လာခဲ့မယ်ပြောတာလေ။ ခေါ်လာခဲ့မယ်ပြောတော့ ခေါ်လာခဲ့မယ်ဆိုရင်တော့ ကျနော်တို့က မြန်မြန်ဆန်ဆန် စစ်လို့ ပြီးမှာပေါ့။ ခေါ်လာရဲ့သားနဲ့ သူတို့မှာ Q ဝင်ရတဲ့ အပိုင်းလေးတွေရှိ ရင်လည်း သူတို့လက်ရှိ အခြေအနေအရ မလာနိုင်ဘူးဆိုတာ ရှိခဲ့ရင်တော့ နည်းနည်းလေး ကြန့်ကြာသွားမှာပေါ့။”

နှင်းဆီပါတီလို့လည်း လူသိများတဲ့ UDP ပါတီကိုတော့ ဥက္ကဋ္ဌ ဦးကျော်မြင့် အရေးယူခံရပြီးနောက် ရွေးကောက်ပွဲ ကော်မရှင်က ဖျက်သိမ်းလိုက်သလို လာမယ့်ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ့် ပါတီကိုယ်စားလှယ်လောင်းတွေကိုလည်း ပယ်ဖျက်ထားပါတယ်။ ဦးကျော်မြင့်နေထိုင်ခဲ့တဲ့ နေရာ ၃ ခုကို ယာယီ သိမ်းဆည်းထားပြီး သူ့ရဲ့ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်ပြီး ငွေကြေးစိစစ်ရေးအဖွဲ့က ဆက်လက်စိစစ်နေတယ်လို့လည်း သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။ စိစစ်ရရှိတဲ့ အချက်အလက်တွေကိုပြည်ထဲရေး ဒုဝန်ကြီးက ဥက္ကဋ္ဌ အဖြစ်တာဝန်ယူထားတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က လေ့လာသုံးသပ်ပြီး တရားစွဲဆိုခွင့်ပြုမယ်ဆိုရင် လက်ရှိရင်ဆိုင်နေရတဲ့ အမှုတွေပြီးပြတ်ပါက ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေနဲ့ပါ တရားစွဲဆိုဖို့ရှိတယ်လို့လည်း ပြောပါတယ်။

ဦးကျော်မြင့်ဟာ မန္တလေးအိုးဘိုထောင်မှာ ထောင်ဒဏ်ကျခံနေရစဉ် ၁၉၉၉ ခုနှစ်မှာ ထွက်ပြေးသွားတဲ့ပြီး ပြီးခဲ့တဲ့လကပဲ သူနေထိုင်တဲ့ ရန်ကုန်မြို့မှာရှိတဲ့နေအိမ်မှာ ဖမ်းဆီးပြီး မန္တလေးကို လွှဲပြောင်းပေးခဲ့ပြီးတော့ လက်ရှိမှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၂၄ အပြင် နောက်ဆက်တွဲ အမှုတွေနဲ့ပါ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]

UDP ပါတီဥက်ကဋ်ဌဟောငျး ဦးကြောျမွင့ျ လူဝငျမှုဥပဒနေဲ့ပါ တရားစှဲခံရ









XS
SM
MD
LG