သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တိုင္းရင္းသား မဲဆႏၵနယ္တခ်ိဳ႕မွာ ေရြးေကာက္ပြဲမလုပ္ဖို႔ ေၾကညာခ်က္အေပၚ ေ၀ဖန္မႈတခ်ိဳ႕


မွတ္တမ္းဓါတ္ပံု- ၂၀၁၀ ႏို၀င္ဘာ ေရြးေကာက္ပြဲတုန္းက မဲဆႏၵရွင္တဦး မဲထည့္ေနစဥ္

(Zawgyi/Unicode)

ႏိုဝင္ဘာ (၈)ရက္ေန႔ျပဳလုပ္မယ့္ ၂၀၂၀ ေရြးေကာက္ပဲြအတြင္း တိုင္းရင္းသားျပည္နယ္ အမ်ားစုထဲက ၿမဳိ႕နယ္ ေက်း႐ြာတခ်ဳိ႕မွာ ေရြးေကာက္ပြဲေတြ က်င္းပျဖစ္ေတာ့မွာ မဟုတ္ဘူးလို႔ ျပည္ေထာင္စု ေရြးေကာက္ပဲြ ေကာ္မရွင္က ေၾကညာလိုက္ပါတယ္။ ဒါဟာ ေဒသခံ တုိင္းရင္းသားေတြရဲ႕ မဲေပးပုိင္ခြင့္ကိုေရာ၊ ယွဥ္ၿပဳိင္ၾကမယ့္ တိုင္းရင္းသားပါတီေတြအတြက္ပါ အခြင့္အေရးတရပ္ ထိခိုက္ဆုံး႐ႈံးေစၿပီး၊ ႏိုင္ငံေရးအရ ဆိုးက်ဳိးသက္ေရာက္မႈေတြ ရွိလာႏိုင္တယ္လို႔ ပါတီေခါင္းေဆာင္တခ်ဳိ႕နဲ႔ ေရြးေကာက္ပဲြ ေလ့လာ ေစာင့္ၾကည့္ေရးအဖြဲ႔ ေတြက သုံးသပ္ၾကပါတယ္။ ကိုဉာဏ္ဝင္းေအာင္က စုစည္းတင္ျပထားပါတယ္။

ရခုိင္၊ ရွမ္း၊ ကခ်င္၊ ကရင္နဲ႔ မြန္ - ျပည္နယ္ ၅ ခုနဲ႔ ပဲခူးတုိင္းထဲက တခ်ဳိ႕ေသာ ၿမဳိ႕နယ္/ ေက်း႐ြာေတြမွာ လြတ္လပ္ၿပီး တရားမွ်တတဲ့ ေရြးေကာက္ပဲြ က်င္းပဖို႔အေျခအေန မရွိတာေၾကာင့္ဆိုၿပီး အဲဒီေဒသေတြမွာ ႏိုဝင္ဘာ (၈)ရက္ေန႔ ေရြးေကာက္ပဲြကုိ က်င္းပႏုိင္ေတာ့မွာ မဟုတ္ဘူးလို႔ ျပည္ေထာင္စု ေရြးေကာက္ပဲြ ေကာ္မရွင္ UEC က ေအာက္တိုဘာ (၁၆)ရက္ ေသာၾကာေန႔က ေၾကညာခ်က္ ထုတ္ျပန္လိုက္တာပါ။

အဲဒီေဒသေတြမွာ လြတ္လပ္ၿပီး တရားမွ်တတဲ့ ေရြးေကာက္ပဲြ ဘာေၾကာင့္ မက်င္းပႏိုင္ရတာလဲ ဆိုတာကို UEC အေနနဲ႔ အခုထက္ပိုရွင္းျပသင့္တယ္လို႔ ေရြးေကာက္ပဲြ ေလ့လာေစာင့္ၾကည့္ေရး PACE အဖဲ႔ြ တာဝန္ခံ ဦးစုိင္းရဲေက်ာ္စြာျမင့္က ေျပာပါတယ္။
“ဒီ ေရြးေကာက္ပဲြေတြကို လုံၿခဳံေရးအရေသာ္လည္းေကာင္း ဒါမွမဟုတ္ရင္ သဘာဝ ေဘးအႏၱရာယ္ အရေသာ္လည္းေကာင္း အဲဒီအေၾကာင္းခ်က္ေတြ ေၾကာင့္မုိ႔လို႔ လြတ္လပ္ၿပီး တရားမွ်တတဲ့ ေရြးေကာက္ပြဲေတြ မက်င္းပႏိုင္ဘူးဆိုရင္ ၊ ေရြးေကာက္ပြဲေတြကို ဖ်က္သိမ္းတာ ေရႊ႕ဆုိင္းတာ လုပ္လို႔ရတယ္လို႔ ဥပေဒမူေဘာင္က ေပးထားတယ္။ အကယ္၍ ကိုဗစ္ေၾကာင့္မုိ႔လို႔ ကပ္ေရာဂါေၾကာင့္ မို႔လုိ႔ဆိုရင္ ရန္ကုန္ကို ထည့္စဥ္းစားရမယ္။ အခုက ေရြးေကာက္ပြဲ ဖ်က္သိမ္းတဲ့ထဲမွာ ရန္ကုန္ မပါဘူး။ ဆိုေတာ့ အခုဆုံးျဖတ္ခ်က္က လုံၿခဳံေရးေပၚမွာ အေျခခံတာ ပိုမ်ားတယ္လို႔ က်ေနာ္တုိ႔ ေျပာလို႔ ရပါတယ္။ ဆိုေတာ့ လုံၿခဳံေရးအရတို႔၊ သဘာဝ ေဘးအႏၱရာယ္ ဆိုတဲ့ဟာေတြကို တိတိက်က် အဓိပၸါယ္ဖြင့္ဖုိ႔ လိုပါတယ္။ အဲလုိမဟုတ္ရင္ ေရြးေကာက္ပြဲေတြ ဖ်က္သိမ္းတယ္ဆိုတာဟာ လုပ္ငန္းပိုင္းဆိုတာထက္စာရင္ ႏိုင္ငံေရးအရလည္း ႀကီးမားတဲ့ သက္ေရာက္မႈ ရွိလာႏုိင္ပါတယ္။ ဆုိေတာ့ ေရြးေကာက္ပြဲ ေကာ္မရွင္အေနနဲ႔ ဒီထက္ပို ရွင္းျပဖုိ႔လိုတယ္လို႔ က်ေနာ္တို႔ယူဆတယ္။ ေနာက္ထပ္ အေရးႀကီးတဲ့ အခ်က္တခ်က္က ဒီ ေရြးေကာက္ပဲြ ေတြကို ဘယ္ေတာ့ ျပန္လုပ္မလဲ ဆိုတဲ့ဟာမ်ဳိး .. အဲဒါမ်ဳိး အခ်ိန္ဇယားကို ထည့္သြင္း ေျပာျပဖို႔လိုတယ္။”

ေရြးေကာက္ပဲြ မက်င္းပႏိုင္ရတဲ့ အေၾကာင္းရင္းကိုသိဖို႔ UEC ေကာ္မရွင္အဖဲြ႔ တာဝန္ရွိသူေတြကို VOA က ဆက္သြယ္ခဲ့ေပမယ့္ ဖုန္းလက္ခံ ေျဖၾကားျခင္း မရွိေသးပါဘူး။

ရခုိင္ေျမာက္ပိုင္းမွာ တပ္မေတာ္နဲ႔ ရခုိင္လက္နက္ကုိင္တပ္ဖဲြ႔ AA တို႔ တုိက္ပဲြျဖစ္ပြားေနဆဲပါ။ ရခုိင္ျပည္နယ္မွာ ၿမဳိ႕နယ္ေပါင္း (၁၇)ၿမဳိ႕နယ္ရွိတဲ့အနက္ [ ေပါက္ေတာ၊ ပုဏၰားကၽြန္း၊ ရေသ့ေတာင္၊ ဘူးသီးေတာင္၊ ေမာင္ေတာ၊ ေက်ာက္ေတာ္၊ မင္းျပား၊ ေျမပုံ၊ ေျမာက္ဦး ] (၉)ၿမဳိ႕နယ္မွာ ၿမဳိ႕လုံးကၽြတ္ ေရြးေကာက္ပဲြ လုပ္ေတာ့မွာ မဟုတ္ဘူးလို႔ ေရြးေကာက္ပဲြ ေကာ္မရွင္က ေၾကညာလိုက္တာေၾကာင့္ ဒါဟာ ေဒသခံျပည္သူေတြ အတြက္ေရာ၊ တိုင္းရင္းသား ႏိုင္ငံေရးပါတီေတြအတြက္ပါ ဆုံး႐ႈံးမႈတရပ္ျဖစ္တယ္လုိ႔ ရခုိင္အမ်ဳိးသားပါတီ ANP ရဲ႕ဥကၠဌ ဦးသာထြန္းလွက ေျပာပါတယ္။

“ ဒါကေတာ့ တရားမွ်တမႈ မရွိႏိုင္ဘူးဆိုတဲ့ ေရြးေကာက္ပဲြ ေကာ္မရွင္က အဲဒီလိုသုံးသပ္တယ္ဆိုရင္ ဒီသုံးသပ္ခ်က္ကို က်ေနာ္တုိ႔ လက္ခံႏိုင္တဲ့ အေျခအေန မရွိဘူး။ အဓိက ကေတာ့ က်ေနာ္တုိ႔သိသေလာက္ဆုိရင္ ရခုိင္ျပည္နယ္မွာ ျဖစ္ေနတဲ့ ျပည္တြင္းစစ္ေၾကာင့္ ျပည္သူေတြ လုံလုံၿခဳံၿခဳံ မဲေပးႏိုင္တဲ့ အခင္းအက်င္းမ်ဳိးကို သူတို႔ မဖန္တီးႏိုင္ေတာ့တဲ့ အေျခအေနရွိတဲ့ အတြက္ေၾကာင့္ က်ေနာ္တို႔ ရခုိင္ျပည္နယ္က ၉ ၿမဳိ႕နယ္မွာ ေရြးေကာက္ပဲြ မလုပ္ေတာ့ဘူးဆိုၿပီး ဒီလိုေၾကညာခ်က္ထုတ္တယ္လို႔ပဲ နားလည္တယ္။ ရခိုင္ျပည္နယ္က ၁၇ ၿမဳိ႕မွာ ၉ ၿမဳိ႕နယ္ကိုပယ္ၿပီး ၈ ၿမဳိ႕နယ္ပဲ လုပ္တယ္ဆိုေတာ့ ဒီ ေရြးေကာက္ပဲြရလဒ္က ရခုိင္ျပည္သူအမ်ားစုကို ကုိယ္စားျပဳတဲ့ ေရြးေကာက္ပဲြ မဟုတ္ေတာ့ဘူးလို႔ သုံးသပ္လုိပါတယ္။ ဘာလို႔လည္းဆိုရင္ ေရြးေကာက္ပဲြဆိုတာက ျပည္သူအမ်ားစုကို ကိုယ္စားျပဳဖို႔ လိုတယ္ေလ။ ဒီမိုကေရစီစနစ္မွာ ဥပေဒေၾကာင္းအရ ေျပာဖုိ႔ဆိုဖို႔ လႊတ္ေတာ္ကိုယ္စားလွယ္ ရရွိခြင့္ ၊ ရခုိင္ျပည္သူေတြမွာ ဆုံး႐ႈံးတယ္လို႔ က်ေနာ္တို႔ျမင္ပါတယ္။”

ရခုိင္ျပည္နယ္မွာလုိပဲ ရွမ္းျပည္နယ္က [မုိင္းလား၊ ပန္ဆန္း၊ နားဖန္း၊ မုိင္းေမာ၊ ပန္ဝိုင္၊ မုိင္းကိုင္] (၆)ၿမဳိ႕နယ္မွာလည္း တၿမဳိ႕နယ္လုံးအတုိင္းအတာနဲ႔ ေရြးေကာက္ပဲြ မက်င္းပဖို႔ ဆုံးျဖတ္တာ ျဖစ္ပါတယ္။

ရွမ္းျပည္နယ္ထဲက [ ေက်ာက္မဲ၊ ေနာင္ခ်ဳိ၊ နမ့္ဆန္၊ မန္တုံ၊ မုိင္းခတ္၊ မိုင္းယန္း၊ မုိင္းျဖတ္၊ မုိင္းေယာင္း၊ ကြတ္ခိုင္၊ မူဆယ္၊ မက္မန္း၊ မုိင္းတုန္၊ တန္႔ယန္း၊ လား႐ႈိး၊ ကြမ္းလုံ၊ ကုန္းၾကမ္း၊ ဟုိပန္] (၁၇)ၿမဳိ႕နယ္ထဲမွာေတာ့ တခ်ဳိ႕ေက်းရြာအုပ္စုေတြမွာ ေရြးေကာက္ပဲြ က်င္းပေတာ့မွာ မဟုတ္ဘူးလို႔ UEC ေၾကညာခ်က္မွာ ေဖၚျပပါတယ္။

ကခ်င္ျပည္နယ္မွာဆုိရင္ [ေခါင္လန္ဖူး၊ ဆြမ္ပရာဘြမ္၊ မခ်မ္းေဘာ၊ မံစီ၊ မုိးေမာက္၊ ေရႊကူ၊ ခ်ီေဖြ၊ ေဆာ့ေလာ္၊ တႏိုင္း၊ ဝုိင္းေမာ္၊ အင္ဂ်န္းယန္ ] (၁၁) ၿမဳိ႕နယ္က ေက်းရြာအုပ္စု တခ်ဳိ႕မွာ ေရြးေကာက္ပဲြ မက်င္းပျဖစ္ဘူးလို႔ UEC က ဆိုပါတယ္။ ဒါဟာ ေဒသခံေတြေပၚ အားထားေနရတဲ့ ကခ်င္ပါတီေတြ မဲရဖို႔ ဆုံး႐ႈံးသ ြားေစတယ္လို႔ ကခ်င္ျပည္နယ္ျပည္သူ႔ပါတီ KSPP ဒုဥကၠဌ ဦးဂြမ္ဂရမ္ ေအာင္ခမ္းက ေျပာပါတယ္။

“ အခုဒီေၾကညာခ်က္က ၂၀၁၅ တုန္းကလည္း ေရြးေကာက္ပဲြ ျပဳလုပ္ႏိုင္ခဲ့တဲ့ ေဒသေတြပဲျဖစ္တယ္။ အဲဒီေဒသေတြမွာ အခုေရြးေကာက္ပဲြအတြက္ မဲထည့္လို႔ မရေတာ့ဘူးဆိုေတာ့ က်ေနာ္တုိ႔ ကခ်င္ေဒသ ပါတီေတြအေနနဲ႔ မဲရဖို႔ ဆုံး႐ႈံးသြားတဲ့အပိုင္းလည္း ျဖစ္ပါတယ္။ ဆိုေတာ့ အခုလို ေၾကညာတဲ့အခါက်ေတာ့ လက္ရွိ NLD အစိုးရအေနနဲ႔ သူတို႔အတြက္ အားသာခ်က္ျဖစ္ေစတဲ့ သေဘာမ်ဳိးျဖစ္ပါတယ္။ ဒါေၾကာင့္ သူတုိ႔အေနနဲ႔ေတာ့ တကယ္ပဲ လုံၿခဳံေရးကို အေၾကာင္းျပတာလား ဒါမွမဟုတ္ရင္လည္း သူတို႔ ႐ႈံးမယ္ထင္လို႔ ဒီလိုဖ်က္သိမ္းတာလား ဆိုတာကေတာ့ ေရြးေကာက္ပဲြ ေကာ္မရွင္နဲ႔ က်န္တဲ့ပါတီေတြပဲ သိပါလိမ့္မယ္။”

ကရင္ျပည္နယ္မွာဆုိရင္ [ ဖားအံ၊ ေကာ့ကရိတ္၊ ျမဝတီ၊ ၾကာအင္းဆိပ္ႀကီး၊ ဖါပြန္၊ သံေတာင္] (၆)ၿမဳိ႕နယ္ထဲက ေက်းရြာတခ်ဳိ႕၊ မြန္ျပည္နယ္က ဘီးလင္းၿမဳိ႕နယ္ ေက်းရြာအုပ္စု တခ်ဳိ႕နဲ႔ ပဲခူးတုိင္းထဲမွာေတာ့ ေက်ာက္ႀကီး၊ ေရႊက်င္ၿမဳိ႕နယ္ေတြထဲက ေက်းရြာတခ်ဳိ႕မွာ ေရြးေကာက္ပဲြ က်င္းပႏိုင္ျခင္း မရွိဘူးလို႔ ေရြးေကာက္ပဲြ ေကာ္မရွင္က ေျပာဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

တိုင်းရင်းသား မဲဆန္ဒနယ်တချို့မှာ ရွေးကောက်ပွဲမလုပ်ဖို့ ကြေညာချက်အပေါ် ဝေဖန်မှုတချို့

(Unicode)

နိုဝင်ဘာ (၈)ရက်နေ့ပြုလုပ်မယ့် ၂၀၂၀ ရွေးကောက်ပွဲအတွင်း တိုင်းရင်းသားပြည်နယ် အများစုထဲက မြို့နယ် ကျေးရွာတချို့မှာ ရွေးကောက်ပွဲတွေ ကျင်းပဖြစ်တော့မှာ မဟုတ်ဘူးလို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာလိုက်ပါတယ်။ ဒါဟာ ဒေသခံ တိုင်းရင်းသားတွေရဲ့ မဲပေးပိုင်ခွင့်ကိုရော၊ ယှဉ်ပြိုင်ကြမယ့် တိုင်းရင်းသားပါတီတွေအတွက်ပါ အခွင့်အရေးတရပ် ထိခိုက်ဆုံးရှုံးစေပြီး၊ နိုင်ငံရေးအရ ဆိုးကျိုးသက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ ပါတီခေါင်းဆောင်တချို့နဲ့ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်ရေးအဖွဲ့ တွေက သုံးသပ်ကြပါတယ်။ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

ရခိုင်၊ ရှမ်း၊ ကချင်၊ ကရင်နဲ့ မွန် - ပြည်နယ် ၅ ခုနဲ့ ပဲခူးတိုင်းထဲက တချို့သော မြို့နယ်/ ကျေးရွာတွေမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့အခြေအနေ မရှိတာကြောင့်ဆိုပြီး အဲဒီဒေသတွေမှာ နိုဝင်ဘာ (၈)ရက်နေ့ ရွေးကောက်ပွဲကို ကျင်းပနိုင်တော့မှာ မဟုတ်ဘူးလို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC က အောက်တိုဘာ (၁၆)ရက် သောကြာနေ့က ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

အဲဒီဒေသတွေမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဘာကြောင့် မကျင်းပနိုင်ရတာလဲ ဆိုတာကို UEC အနေနဲ့ အခုထက်ပိုရှင်းပြသင့်တယ်လို့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး PACE အဖဲ့ွ တာဝန်ခံ ဦးစိုင်းရဲကျော်စွာမြင့်က ပြောပါတယ်။
“ဒီ ရွေးကောက်ပွဲတွေကို လုံခြုံရေးအရသော်လည်းကောင်း ဒါမှမဟုတ်ရင် သဘာဝ ဘေးအန္တရာယ် အရသော်လည်းကောင်း အဲဒီအကြောင်းချက်တွေ ကြောင့်မို့လို့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ မကျင်းပနိုင်ဘူးဆိုရင် ၊ ရွေးကောက်ပွဲတွေကို ဖျက်သိမ်းတာ ရွှေ့ဆိုင်းတာ လုပ်လို့ရတယ်လို့ ဥပဒေမူဘောင်က ပေးထားတယ်။ အကယ်၍ ကိုဗစ်ကြောင့်မို့လို့ ကပ်ရောဂါကြောင့် မို့လို့ဆိုရင် ရန်ကုန်ကို ထည့်စဉ်းစားရမယ်။ အခုက ရွေးကောက်ပွဲ ဖျက်သိမ်းတဲ့ထဲမှာ ရန်ကုန် မပါဘူး။ ဆိုတော့ အခုဆုံးဖြတ်ချက်က လုံခြုံရေးပေါ်မှာ အခြေခံတာ ပိုများတယ်လို့ ကျနော်တို့ ပြောလို့ ရပါတယ်။ ဆိုတော့ လုံခြုံရေးအရတို့၊ သဘာဝ ဘေးအန္တရာယ် ဆိုတဲ့ဟာတွေကို တိတိကျကျ အဓိပ္ပါယ်ဖွင့်ဖို့ လိုပါတယ်။ အဲလိုမဟုတ်ရင် ရွေးကောက်ပွဲတွေ ဖျက်သိမ်းတယ်ဆိုတာဟာ လုပ်ငန်းပိုင်းဆိုတာထက်စာရင် နိုင်ငံရေးအရလည်း ကြီးမားတဲ့ သက်ရောက်မှု ရှိလာနိုင်ပါတယ်။ ဆိုတော့ ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ဒီထက်ပို ရှင်းပြဖို့လိုတယ်လို့ ကျနော်တို့ယူဆတယ်။ နောက်ထပ် အရေးကြီးတဲ့ အချက်တချက်က ဒီ ရွေးကောက်ပွဲ တွေကို ဘယ်တော့ ပြန်လုပ်မလဲ ဆိုတဲ့ဟာမျိုး .. အဲဒါမျိုး အချိန်ဇယားကို ထည့်သွင်း ပြောပြဖို့လိုတယ်။”

ရွေးကောက်ပွဲ မကျင်းပနိုင်ရတဲ့ အကြောင်းရင်းကိုသိဖို့ UEC ကော်မရှင်အဖွဲ့ တာဝန်ရှိသူတွေကို VOA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားခြင်း မရှိသေးပါဘူး။

ရခိုင်မြောက်ပိုင်းမှာ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA တို့ တိုက်ပွဲဖြစ်ပွားနေဆဲပါ။ ရခိုင်ပြည်နယ်မှာ မြို့နယ်ပေါင်း (၁၇)မြို့နယ်ရှိတဲ့အနက် [ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး ] (၉)မြို့နယ်မှာ မြို့လုံးကျွတ် ရွေးကောက်ပွဲ လုပ်တော့မှာ မဟုတ်ဘူးလို့ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာလိုက်တာကြောင့် ဒါဟာ ဒေသခံပြည်သူတွေ အတွက်ရော၊ တိုင်းရင်းသား နိုင်ငံရေးပါတီတွေအတွက်ပါ ဆုံးရှုံးမှုတရပ်ဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီ ANP ရဲ့ဥက္ကဌ ဦးသာထွန်းလှက ပြောပါတယ်။

“ ဒါကတော့ တရားမျှတမှု မရှိနိုင်ဘူးဆိုတဲ့ ရွေးကောက်ပွဲ ကော်မရှင်က အဲဒီလိုသုံးသပ်တယ်ဆိုရင် ဒီသုံးသပ်ချက်ကို ကျနော်တို့ လက်ခံနိုင်တဲ့ အခြေအနေ မရှိဘူး။ အဓိက ကတော့ ကျနော်တို့သိသလောက်ဆိုရင် ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပြည်တွင်းစစ်ကြောင့် ပြည်သူတွေ လုံလုံခြုံခြုံ မဲပေးနိုင်တဲ့ အခင်းအကျင်းမျိုးကို သူတို့ မဖန်တီးနိုင်တော့တဲ့ အခြေအနေရှိတဲ့ အတွက်ကြောင့် ကျနော်တို့ ရခိုင်ပြည်နယ်က ၉ မြို့နယ်မှာ ရွေးကောက်ပွဲ မလုပ်တော့ဘူးဆိုပြီး ဒီလိုကြေညာချက်ထုတ်တယ်လို့ပဲ နားလည်တယ်။ ရခိုင်ပြည်နယ်က ၁၇ မြို့မှာ ၉ မြို့နယ်ကိုပယ်ပြီး ၈ မြို့နယ်ပဲ လုပ်တယ်ဆိုတော့ ဒီ ရွေးကောက်ပွဲရလဒ်က ရခိုင်ပြည်သူအများစုကို ကိုယ်စားပြုတဲ့ ရွေးကောက်ပွဲ မဟုတ်တော့ဘူးလို့ သုံးသပ်လိုပါတယ်။ ဘာလို့လည်းဆိုရင် ရွေးကောက်ပွဲဆိုတာက ပြည်သူအများစုကို ကိုယ်စားပြုဖို့ လိုတယ်လေ။ ဒီမိုကရေစီစနစ်မှာ ဥပဒေကြောင်းအရ ပြောဖို့ဆိုဖို့ လွှတ်တော်ကိုယ်စားလှယ် ရရှိခွင့် ၊ ရခိုင်ပြည်သူတွေမှာ ဆုံးရှုံးတယ်လို့ ကျနော်တို့မြင်ပါတယ်။”

ရခိုင်ပြည်နယ်မှာလိုပဲ ရှမ်းပြည်နယ်က [မိုင်းလား၊ ပန်ဆန်း၊ နားဖန်း၊ မိုင်းမော၊ ပန်ဝိုင်၊ မိုင်းကိုင်] (၆)မြို့နယ်မှာလည်း တမြို့နယ်လုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲ မကျင်းပဖို့ ဆုံးဖြတ်တာ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်ထဲက [ ကျောက်မဲ၊ နောင်ချို၊ နမ့်ဆန်၊ မန်တုံ၊ မိုင်းခတ်၊ မိုင်းယန်း၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ ကွတ်ခိုင်၊ မူဆယ်၊ မက်မန်း၊ မိုင်းတုန်၊ တန့်ယန်း၊ လားရှိုး၊ ကွမ်းလုံ၊ ကုန်းကြမ်း၊ ဟိုပန်] (၁၇)မြို့နယ်ထဲမှာတော့ တချို့ကျေးရွာအုပ်စုတွေမှာ ရွေးကောက်ပွဲ ကျင်းပတော့မှာ မဟုတ်ဘူးလို့ UEC ကြေညာချက်မှာ ဖေါ်ပြပါတယ်။

ကချင်ပြည်နယ်မှာဆိုရင် [ခေါင်လန်ဖူး၊ ဆွမ်ပရာဘွမ်၊ မချမ်းဘော၊ မံစီ၊ မိုးမောက်၊ ရွှေကူ၊ ချီဖွေ၊ ဆော့လော်၊ တနိုင်း၊ ဝိုင်းမော်၊ အင်ဂျန်းယန် ] (၁၁) မြို့နယ်က ကျေးရွာအုပ်စု တချို့မှာ ရွေးကောက်ပွဲ မကျင်းပဖြစ်ဘူးလို့ UEC က ဆိုပါတယ်။ ဒါဟာ ဒေသခံတွေပေါ် အားထားနေရတဲ့ ကချင်ပါတီတွေ မဲရဖို့ ဆုံးရှုံးသ ွားစေတယ်လို့ ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ဒုဥက္ကဌ ဦးဂွမ်ဂရမ် အောင်ခမ်းက ပြောပါတယ်။

“ အခုဒီကြေညာချက်က ၂၀၁၅ တုန်းကလည်း ရွေးကောက်ပွဲ ပြုလုပ်နိုင်ခဲ့တဲ့ ဒေသတွေပဲဖြစ်တယ်။ အဲဒီဒေသတွေမှာ အခုရွေးကောက်ပွဲအတွက် မဲထည့်လို့ မရတော့ဘူးဆိုတော့ ကျနော်တို့ ကချင်ဒေသ ပါတီတွေအနေနဲ့ မဲရဖို့ ဆုံးရှုံးသွားတဲ့အပိုင်းလည်း ဖြစ်ပါတယ်။ ဆိုတော့ အခုလို ကြေညာတဲ့အခါကျတော့ လက်ရှိ NLD အစိုးရအနေနဲ့ သူတို့အတွက် အားသာချက်ဖြစ်စေတဲ့ သဘောမျိုးဖြစ်ပါတယ်။ ဒါကြောင့် သူတို့အနေနဲ့တော့ တကယ်ပဲ လုံခြုံရေးကို အကြောင်းပြတာလား ဒါမှမဟုတ်ရင်လည်း သူတို့ ရှုံးမယ်ထင်လို့ ဒီလိုဖျက်သိမ်းတာလား ဆိုတာကတော့ ရွေးကောက်ပွဲ ကော်မရှင်နဲ့ ကျန်တဲ့ပါတီတွေပဲ သိပါလိမ့်မယ်။”

ကရင်ပြည်နယ်မှာဆိုရင် [ ဖားအံ၊ ကော့ကရိတ်၊ မြဝတီ၊ ကြာအင်းဆိပ်ကြီး၊ ဖါပွန်၊ သံတောင်] (၆)မြို့နယ်ထဲက ကျေးရွာတချို့၊ မွန်ပြည်နယ်က ဘီးလင်းမြို့နယ် ကျေးရွာအုပ်စု တချို့နဲ့ ပဲခူးတိုင်းထဲမှာတော့ ကျောက်ကြီး၊ ရွှေကျင်မြို့နယ်တွေထဲက ကျေးရွာတချို့မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိဘူးလို့ ရွေးကောက်ပွဲ ကော်မရှင်က ပြောဆိုပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG