သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခုိင္က စစ္ေရွာင္ဒုကၡသည္ေတြ မဲေပးခြင့္ဆုံးရႈံးမယ့္အေရးနဲ႔ ရင္ဆုိင္ေနရ


လက္နက္ႀကီးေၾကာင့္ ရခိုင္ျပည္နယ္ မိုးစဲကြြ်န္းေဒသခံေတြ စစ္ေတြကို တိမ္းေရွာင္လာၾကတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - ေမယုထြန္း - စက္တင္ဘာ ၂၃၊ ၂၀၂၀)

(Zawgyi/Unicode)

မၾကာခင္ ေရြးေကာက္ပဲြေတြ က်င္းပတဲ့အခါ စစ္ေရးတင္းမာမႈေတြနဲ႔ ကပ္ေရာဂါကူးစက္မႈေတြ ႀကံဳေနရတဲ့ ရခုိင္ျပည္နယ္မွာ စစ္ေရွာင္ဒုကၡသည္ေတြ အပါအ၀င္ မဲေပးခြင့္ဆုံး႐ႈံးမယ့္အေရး စုိးရိမ္မႈေတြ ထြက္ေပၚေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္က သတင္းေပးပို႔ထားပါတယ္။

ျမန္မာႏုိင္ငံမွာ ကုိဗစ္ကပ္ေရာဂါ တေက်ာ့ျပန္ကူးစက္မႈေတြ စတင္ခဲ့တဲ့ ရခုိင္ျပည္နယ္မွာ တုိက္ပဲြေတြလည္း ဆက္လက္ျဖစ္ပြားေနတာေၾကာင့္ ေနရာေတာ္ေတာ္မ်ားမ်ားမွာ ေရြးေကာက္ပဲြေတြ မက်င္းပႏုိင္ပဲ ျဖစ္ေနသလုိ၊ သိန္းနဲ႔ခ်ီတဲ့ စစ္ေရွာင္ဒုကၡသည္ေတြ မဲေပးခြင့္ဟာလည္း မေရမရာ ျဖစ္ေနဆဲပါ။ အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ မဲဆႏၵနယ္ေျမ ျပင္ပမွာ ေရာက္ရွိေနသူေတြ မဲေပးခြင့္ရမယ္လုိ႔ တာ၀န္ရွိသူေတြ ေျပာေနေပမဲ့ ေရြးေကာက္ပဲြ က်င္းပဖုိ႔ ရက္ပုိင္းသာ က်န္ေတာ့တဲ့ အခ်ိန္အထိ မဲေပးခြင့္ ရမရဆုိတာ တိတိက်က် မသိသူေတြထဲမွာေတာ့ စစ္ေတြၿမိဳ႕နယ္ အလုိေတာ္ျပည့္ ဘုန္းေတာ္ႀကီးေက်ာင္းမွာ ခုိလႈံေနရတဲ့ ေမာင္ဦးခင္ လည္း တဦးအပါအ၀င္ ျဖစ္ပါတယ္။

“ က်ေနာ္တို႔မဲေပးရမယ့္ ဟာနဲ႔ ပတ္သတ္ၿပီး မသိေတာ့ဘူး။ ေမးေပးခြင့္ရမရလည္း မသိဘူး ဒီအထဲမွာပဲေနရေတာ့ ဘာမွမသိပါဘူး။ အျပင္ကိုလည္း မထြက္ရဘူး။ မဲေတာ့ ေပးခ်င္ပါတယ္။ ဒါေပမယ့္ က်ေနာ္တို႔ ဘာလုပ္ရမွန္းလည္းမသိဘူး ဘယ္သူ႔ကုိ ေပးရမလဲ အဆက္အသြယ္လည္း မရေတာ့ဘူး ဒီဒုကၡသည္စခန္းမွာ ေရာက္ေနတာ က်ေနာ္တို႔ ၅လ ၾကာသြားပါၿပီ။”

တပ္မေတာ္နဲ႔ AA ရခုိင္လက္နက္ကုိင္အဖဲြ႔ၾကား တုိက္ပဲြေတြေၾကာင့္ တိမ္းေရွာင္လာရတဲ့ ေမာင္ဦးခင္ရဲ႕ ဇာတိျဖစ္တဲ့ ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕နယ္က ေနရာေတာ္ေတာ္မ်ားမ်ားမွာ ေရြးေကာက္ပဲြေတြ မက်င္းပဖုိ႔ ျပည္ေထာင္စု ေရြးေကာက္ပဲြ ေကာ္မရွင္က အဂၤါေန႔တုန္းကပဲ ေၾကညာလုိက္ေပမဲ့ သူေနထုိင္ရာ ေအာက္မီးလက္၀ ေက်းရြာေတာ့ မပါ၀င္ပါဘူး။

ဒါေပမဲ့လည္း သူ႔လုိ ရခုိင္ျပည္နယ္က စစ္ေရွာင္ဒုကၡသည္ေတြ မဲေပးခြင့္ရေရး အတြက္ကေတာ့ လက္ေတြ႔အေကာင္အထည္ေဖာ္ဖုိ႔ အခက္အခဲေတြ ရွိေနတယ္လုိ႔လည္း စစ္ေတြၿမိဳ႕နယ္ ေရြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႔ခြဲ ဥကၠဌ ဦးစံသာေမာင္ကေျပာပါတယ္။

“စစ္ေရွာင္ဆိုတာကလည္းပံုေသမရွိေတာ့ ၿပီးေတာ့ UEC က လမ္းညြန္ထားတဲ့ အတိုင္းေပါ့ေနာ္ ေရြးေကာက္ပြဲဥပေဒအရကလည္း ပံုစံ ၁၀ အတိုင္းမလြဲဘူးဆိုတာကိုအတည္ျပဳေကာက္လို႔မရဘူး ျဖစ္ေနတယ္။ အခုသူတို႔ ေဒသက ၿငိမ္းခ်မ္းရင္ ျပန္သြား ေနာက္အေျခအေန မေကာင္းရင္ ျပန္လာဆိုေတာ့ စစ္ေရွာင္ေတြလည္းပံုေသမရွိေတာ့ က်ေနာ္တို႔လည္း အတိအက်ေကာက္လို႔မရဘူး ျဖစ္ေနတယ္။ ၿပီးေတာ့ စစ္ေရွာင္ေတြနဲ႔ ပတ္သတ္ၿပီး သူတို႔ ဇာတိေနရာေတြမွာ မဲစာရင္းမွာ ပါမပါဆိုတာ အဆက္ အသြယ္မရတဲ့ အေျခအေနရွိတာေၾကာင့္ က်ေနာ္တို႔ဘက္ကလည္း အခက္အခဲအမ်ားႀကီး ရွိပါတယ္။ ရွင္းရွင္းေျပာရရင္ အခက္အခဲအမ်ားႀကီးရွိတယ္ ကပ္ေဘးက တစ္မ်ိဳး စစ္ေရွာင္လို႔တစ္မ်ိဳး စိန္ေခၚမွာ ႏွစ္ခုလံုးကို တစ္ၿပိဳင္တည္းခံစားေနရေတာ့ ပိုၿပီးေတာ့ အခက္အခဲရွိတာေပါ့။ အဆင္ေျပေအာင္ေတာ့ အတတ္ႏို္င္ဆံုး ၾကိဳးစားထားပါတယ္။”

ရခိုင္ျပည္တစ္ျပည္နယ္လံုးမွာ မဲေပးပိ္ုင္ခြင့္ရွိသူ ၁၆သိန္းေက်ာ္ရွိေပမယ့္လည္း ၿမိဳ႕နယ္ ၉ခုနဲ႔ ေက်းရြာအုပ္စုတစ္ခ်ိဳ႕မွာ ေရြးေကာက္ပြဲ မက်င္းပျဖစ္ေတာ့တာေၾကာင့္ မဲေပးခြင့္ရွိသူ ေလးသိန္းေက်ာ္ပဲ က်န္ေတာ့ၿပီး မဲရံုစုစုေပါင္း ၇၅၅ ရံုသာ က်န္ေတာ့တဲ့အတြက္ မဲေပးခြင့္ ဆုံး႐ႈံးမယ့္ အေျခအေနေတြအေပၚ စုိးရိမ္မႈေတြလည္း ရွိေနပါတယ္။ မဲေပးခြင့္ရမယ့္ မဲဆႏၵနယ္ေျမေတြမွာလည္း စစ္ေရွာင္ဒုကၡသည္ေတြ အပါအ၀င္ မဲေပးဖုိ႔ အခက္အခဲရွိသူေတြအတြက္ ျပင္ဆင္မႈေတြဟာလည္း အားနည္းခ်က္ေတြ ရွိေနတယ္လုိ႔ ရခိုင္ျပည္နယ္ ေရြးေကာက္ပြဲ ေလ့လာေစာင့္ၾကည့္ေရးအဖြဲ႔ ေျပာခြင့္ရ ကိုေက်ာ္ဆန္းကေျပာပါတယ္။

“ ႀကိဳတင္မဲ ကိစၥနဲ႔ပတ္သတ္ၿပီးေတာ့ ေကာ္မရွင္ကို က်ေနာ္တို႔က စက္တင္ဘာလေလာက္ ကတည္းက က်ေနာ္တို႔ အင္တာဗ်ဳးထားတာ ရွိတာေပါ့။ သူတို႔ကေတာ့ ေျပာတယ္ ႀကိဳတင္မဲေတြရယ္ အသက္ႀကီးတဲ့ သူေတြရယ္ မသန္စြမ္းေတြရယ္ ေနာက္သက္ဆိုင္ရာ သူေတြအတြက္ ႀကိဳတင္မဲကိစၥျပင္ဆင္ထားတယ္ဆိုၿပီးေတာ့ ေျပာတယ္။ ဒါေပမယ့္ အခုထိေတာ့ သူတို႔ ဘာေတြ ျပင္ဆင္ထားတယ္ဆိုတာကို ရွင္းရွင္းလင္းလင္းမျမင္ရေသးဘူး။ ၿပီးေတာ့ ခရိုင္ ေရြးေကာက္ပြဲ ေကာ္မရွင္ေရာ၊ ၿမိဳ႕နယ္ေရာ ရပ္ကြက္ေရာ က်ေနာ္တို႔ ျမင္တာကေတာ့ ေသေသခ်ာခ်ာ ဘာမွ လုပ္ထားတာကုိ က်ေနာ္တို႔ မျမင္ရေသးဘူး။ တကယ္လည္း က်ေနာ္တို႔ ပတ္ဝန္းက်င္က လူေတြကို ေမးၾကည့္တယ္။ အသက္ႀကီးသူေတြ မသန္စြမ္းေတြကို အဲဒီလူေတြကလည္း အခုအခ်ိန္ထိ ႀကိဳတင္မဲ နဲ႔ ပတ္သတ္ၿပီးေတာ့ ဘယ္လိုလုပ္ရမလဲဆိုတာကို မသိၾကေသးဘူး။ အဲေတာ့ သက္ဆိုင္ရာ ေကာ္မရွင္က ဘာေတြလုပ္ေနလဲ ဆိုတာ က်ေနာ္တို႔လည္း စဥ္းစားရခက္ေနတာေပါ့။”

လြတ္လပ္မွ်တတဲ့ အေျခအေနေတြ မရွိတာေၾကာင့္ ေရြးေကာက္ပဲြေတြ မက်င္းပဖုိ႔ ျပည္ေထာင္စု ေရြးေကာက္ပဲြ ေကာ္မရွင္က အေစာပုိင္းမွာ ေၾကညာထားတဲ့ အထဲက ေက်ာက္ျဖဴနဲ႔ အမ္းၿမိဳ႕နယ္က ေက်းရြာအုပ္စုတခ်ိဳ႕မွာေတာ့ ေရြးေကာက္ပြဲေတြ က်င္းပမယ့္အေၾကာင္း အဂၤါေန႔မွာပဲ ျပင္ဆင္ခ်က္ ထုတ္ျပန္ထားပါတယ္။

တုိင္းရင္းသား မဲဆႏၵနယ္ေျမေတြမွာ ေရြးေကာက္ပဲြ က်င္းပႏုိင္မယ့္ အေျခအေနေတြမရွိတာေၾကာင့္ အစီအစဥ္ေတြ ဖ်က္သိမ္းေၾကာင္း ေရြးေကာက္ပဲြေကာ္မရွင္က ေၾကညာခဲ့တဲ့အေပၚ စုိးရိမ္ေၾကာင္း လူ႔အခြင့္အေရးဆုိင္ရာ ကုလသမဂၢ မဟာမင္းႀကီး႐ုံးကလည္း အဂၤါေန႔တုန္းကပဲ ေျပာဆုိထားပါတယ္။ အေမရိကန္ ႏုိင္ငံျခားေရး၀န္ႀကီးဌာန အၿမဲတမ္းအတြင္း၀န္ ေဒးဗစ္ေဟး ကလည္း ႏုိ၀င္ဘာလ ၈ ရက္ေန႔ က်င္းပမယ့္ ေရြးေကာက္ပဲြမွာ အားလုံးပါ၀င္ခြင့္ရွိၿပီး ပြင့္လင္းျမင္သာမႈရွိရွိနဲ႔ အမ်ားလက္ခံ ႏုိင္ေအာင္ ေဆာင္ရြက္ဖုိ႔ အဂၤါေန႔မွာပဲ ႏုိင္ငံေတာ္ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဆက္သြယ္ေျပာဆုိရာမွာ တုိက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

ရခိုင်ကစစ်ရှောင်ဒုက္ခသည်တွေ မဲပေးခွင့်ဆုံးရှုံးမယ့်အရေးနဲ့ ရင်ဆိုင်နေရ

(Unicode)

မကြာခင် ရွေးကောက်ပွဲတွေ ကျင်းပတဲ့အခါ စစ်ရေးတင်းမာမှုတွေနဲ့ ကပ်ရောဂါကူးစက်မှုတွေ ကြုံနေရတဲ့ ရခိုင်ပြည်နယ်မှာ စစ်ရှောင်ဒုက္ခသည်တွေ အပါအဝင် မဲပေးခွင့်ဆုံးရှုံးမယ့်အရေး စိုးရိမ်မှုတွေ ထွက်ပေါ်နေတဲ့အကြောင်း ပြောပြပါမယ်။ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ တကျော့ပြန်ကူးစက်မှုတွေ စတင်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေလည်း ဆက်လက်ဖြစ်ပွားနေတာကြောင့် နေရာတော်တော်များများမှာ ရွေးကောက်ပွဲတွေ မကျင်းပနိုင်ပဲ ဖြစ်နေသလို၊ သိန်းနဲ့ချီတဲ့ စစ်ရှောင်ဒုက္ခသည်တွေ မဲပေးခွင့်ဟာလည်း မရေမရာ ဖြစ်နေဆဲပါ။ အကြောင်းအမျိုးမျိုးကြောင့် မဲဆန္ဒနယ်မြေ ပြင်ပမှာ ရောက်ရှိနေသူတွေ မဲပေးခွင့်ရမယ်လို့ တာဝန်ရှိသူတွေ ပြောနေပေမဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းသာ ကျန်တော့တဲ့ အချိန်အထိ မဲပေးခွင့် ရမရဆိုတာ တိတိကျကျ မသိသူတွေထဲမှာတော့ စစ်တွေမြို့နယ် အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေရတဲ့ မောင်ဦးခင် လည်း တဦးအပါအဝင် ဖြစ်ပါတယ်။

“ ကျနော်တို့မဲပေးရမယ့် ဟာနဲ့ ပတ်သတ်ပြီး မသိတော့ဘူး။ မေးပေးခွင့်ရမရလည်း မသိဘူး ဒီအထဲမှာပဲနေရတော့ ဘာမှမသိပါဘူး။ အပြင်ကိုလည်း မထွက်ရဘူး။ မဲတော့ ပေးချင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ ဘာလုပ်ရမှန်းလည်းမသိဘူး ဘယ်သူ့ကို ပေးရမလဲ အဆက်အသွယ်လည်း မရတော့ဘူး ဒီဒုက္ခသည်စခန်းမှာ ရောက်နေတာ ကျနော်တို့ ၅လ ကြာသွားပါပြီ။”

တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ကြား တိုက်ပွဲတွေကြောင့် တိမ်းရှောင်လာရတဲ့ မောင်ဦးခင်ရဲ့ ဇာတိဖြစ်တဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်က နေရာတော်တော်များများမှာ ရွေးကောက်ပွဲတွေ မကျင်းပဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အင်္ဂါနေ့တုန်းကပဲ ကြေညာလိုက်ပေမဲ့ သူနေထိုင်ရာ အောက်မီးလက်၀ ကျေးရွာတော့ မပါဝင်ပါဘူး။

ဒါပေမဲ့လည်း သူ့လို ရခိုင်ပြည်နယ်က စစ်ရှောင်ဒုက္ခသည်တွေ မဲပေးခွင့်ရရေး အတွက်ကတော့ လက်တွေ့အကောင်အထည်ဖော်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့လည်း စစ်တွေမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးစံသာမောင်ကပြောပါတယ်။

“စစ်ရှောင်ဆိုတာကလည်းပုံသေမရှိတော့ ပြီးတော့ UECက လမ်းညွန်ထားတဲ့ အတိုင်းပေါ့နော် ရွေးကောက်ပွဲဥပဒေအရကလည်း ပုံစံ ၁၀ အတိုင်းမလွဲဘူးဆိုတာကိုအတည်ပြုကောက်လို့မရဘူး ဖြစ်နေတယ်။ အခုသူတို့ ဒေသက ငြိမ်းချမ်းရင် ပြန်သွား နောက်အခြေအနေ မကောင်းရင် ပြန်လာဆိုတော့ စစ်ရှောင်တွေလည်းပုံသေမရှိတော့ ကျနော်တို့လည်း အတိအကျကောက်လို့မရဘူး ဖြစ်နေတယ်။ ပြီးတော့ စစ်ရှောင်တွေနဲ့ ပတ်သတ်ပြီး သူတို့ ဇာတိနေရာတွေမှာ မဲစာရင်းမှာ ပါမပါဆိုတာ အဆက် အသွယ်မရတဲ့ အခြေအနေရှိတာကြောင့် ကျနော်တို့ဘက်ကလည်း အခက်အခဲအများကြီး ရှိပါတယ်။ ရှင်းရှင်းပြောရရင် အခက်အခဲအများကြီးရှိတယ် ကပ်ဘေးက တစ်မျိုး စစ်ရှောင်လို့တစ်မျိုး စိန်ခေါ်မှာ နှစ်ခုလုံးကို တစ်ပြိုင်တည်းခံစားနေရတော့ ပိုပြီးတော့ အခက်အခဲရှိတာပေါ့။ အဆင်ပြေအောင်တော့ အတတ်နိုင်ဆုံး ကြိုးစားထားပါတယ်။”

ရခိုင်ပြည်တစ်ပြည်နယ်လုံးမှာ မဲပေးပိုင်ခွင့်ရှိသူ ၁၆သိန်းကျော်ရှိပေမယ့်လည်း မြို့နယ် ၉ခုနဲ့ ကျေးရွာအုပ်စုတစ်ချို့မှာ ရွေးကောက်ပွဲ မကျင်းပဖြစ်တော့တာကြောင့် မဲပေးခွင့်ရှိသူ လေးသိန်းကျော်ပဲ ကျန်တော့ပြီး မဲရုံစုစုပေါင်း ၇၅၅ ရုံသာ ကျန်တော့တဲ့အတွက် မဲပေးခွင့် ဆုံးရှုံးမယ့် အခြေအနေတွေအပေါ် စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ မဲပေးခွင့်ရမယ့် မဲဆန္ဒနယ်မြေတွေမှာလည်း စစ်ရှောင်ဒုက္ခသည်တွေ အပါအဝင် မဲပေးဖို့ အခက်အခဲရှိသူတွေအတွက် ပြင်ဆင်မှုတွေဟာလည်း အားနည်းချက်တွေ ရှိနေတယ်လို့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့ ပြောခွင့်ရ ကိုကျော်ဆန်းကပြောပါတယ်။

“ ကြိုတင်မဲ ကိစ္စနဲ့ပတ်သတ်ပြီးတော့ ကော်မရှင်ကို ကျနော်တို့က စက်တင်ဘာလလောက် ကတည်းက ကျနော်တို့ အင်တာဗျုးထားတာ ရှိတာပေါ့။ သူတို့ကတော့ ပြောတယ် ကြိုတင်မဲတွေရယ် အသက်ကြီးတဲ့ သူတွေရယ် မသန်စွမ်းတွေရယ် နောက်သက်ဆိုင်ရာ သူတွေအတွက် ကြိုတင်မဲကိစ္စပြင်ဆင်ထားတယ်ဆိုပြီးတော့ ပြောတယ်။ ဒါပေမယ့် အခုထိတော့ သူတို့ ဘာတွေ ပြင်ဆင်ထားတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းမမြင်ရသေးဘူး။ ပြီးတော့ ခရိုင် ရွေးကောက်ပွဲ ကော်မရှင်ရော၊ မြို့နယ်ရော ရပ်ကွက်ရော ကျနော်တို့ မြင်တာကတော့ သေသေချာချာ ဘာမှ လုပ်ထားတာကို ကျနော်တို့ မမြင်ရသေးဘူး။ တကယ်လည်း ကျနော်တို့ ပတ်ဝန်းကျင်က လူတွေကို မေးကြည့်တယ်။ အသက်ကြီးသူတွေ မသန်စွမ်းတွေကို အဲဒီလူတွေကလည်း အခုအချိန်ထိ ကြိုတင်မဲ နဲ့ ပတ်သတ်ပြီးတော့ ဘယ်လိုလုပ်ရမလဲဆိုတာကို မသိကြသေးဘူး။ အဲတော့ သက်ဆိုင်ရာ ကော်မရှင်က ဘာတွေလုပ်နေလဲ ဆိုတာ ကျနော်တို့လည်း စဉ်းစားရခက်နေတာပေါ့။”

လွတ်လပ်မျှတတဲ့ အခြေအနေတွေ မရှိတာကြောင့် ရွေးကောက်ပွဲတွေ မကျင်းပဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အစောပိုင်းမှာ ကြေညာထားတဲ့ အထဲက ကျောက်ဖြူနဲ့ အမ်းမြို့နယ်က ကျေးရွာအုပ်စုတချို့မှာတော့ ရွေးကောက်ပွဲတွေ ကျင်းပမယ့်အကြောင်း အင်္ဂါနေ့မှာပဲ ပြင်ဆင်ချက် ထုတ်ပြန်ထားပါတယ်။

တိုင်းရင်းသား မဲဆန္ဒနယ်မြေတွေမှာ ရွေးကောက်ပွဲ ကျင်းပနိုင်မယ့် အခြေအနေတွေမရှိတာကြောင့် အစီအစဉ်တွေ ဖျက်သိမ်းကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့တဲ့အပေါ် စိုးရိမ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးကလည်း အင်္ဂါနေ့တုန်းကပဲ ပြောဆိုထားပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေးဗစ်ဟေး ကလည်း နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အားလုံးပါဝင်ခွင့်ရှိပြီး ပွင့်လင်းမြင်သာမှုရှိရှိနဲ့ အများလက်ခံ နိုင်အောင် ဆောင်ရွက်ဖို့ အင်္ဂါနေ့မှာပဲ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်သွယ်ပြောဆိုရာမှာ တိုက်တွန်းထားပါတယ်။

XS
SM
MD
LG