သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရြးေကာက္ပြဲနီးမွ ေျပာင္းလဲမႈေတြ လုပ္ေဆာင္တဲ့အေပၚ ေလ့လာသူေတြစုိးရိမ္


[Zawgyi/Unicode]

ေ႐ြးေကာက္ပြဲ က်င္းပဖို႔ ၁ ပတ္ေက်ာ္ေလာက္သာ လိုေတာ့တဲ့ အခ်ိန္မွာ မဲဆႏၵနယ္ေျမ အေျပာင္းအလဲေတြ အပါအဝင္ ျပင္ဆင္မႈေတြအေပၚ အကဲခတ္ေတြက စိုးရိမ္မႈေတြ ရွိေနတဲ့ေအၾကာင္း ေျပာ်ပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မေမခက သတင္းေပးပို႔ထားပါတယ္။

လြတ္လပ္မွ်တတဲ့ အေျခအေနေတြ မရွိတာေၾကာင့္ ေ႐ြးေကာက္ပြဲ မက်င္းပဖို႔ အေစာပိုင္းမွာ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္က သတ္မွတ္ထားတဲ့ မဲဆႏၵနယ္ေျမ တခ်ိဳ႕နဲ႔ ေ႐ြးေကာက္ပြဲ က်င္းပဖို႔ အေစာပိုင္းမွာ သတ္မွတ္ထားေပမဲ့ တခ်ိဳ႕ေနရာေတြကို ပယ္ဖ်က္ဖို႔ ဆုံးျဖတ္လိုက္ေပမဲ့ အခ်ိန္နီးခါမွ ျပင္ဆင္မႈေတြ လုပ္ခဲ့တဲ့အေပၚ စိုးရိမ္ေနၾကပါတယ္။

စစ္ေရးတင္းမာမႈေတြ ျဖစ္ပြားေနတဲ့ တိုင္းရင္းသား ေဒသေတြ အမ်ားစု အပါအဝင္ ေကာ္မရွင္က ျပန္လည္စိစစ္ၿပီး ေ႐ြးေကာက္ပြဲက်င္းပမယ့္ ေနရာေတြနဲ႔ ပယ္ဖ်က္လိုက္တဲ့ ေနရာေတြကို ျပင္ဆင္ထုတ္ျပန္ခဲ့တဲ့ အေပၚမွာေတာ့ ေ႐ြးေကာက္ပြဲ ေစာင့္ၾကည့္ အကဲခတ္ေနတဲ့ Open Myanmar Initiative (OMI) က အမႈေဆာင္ ဒါ႐ိုက္တာ ဦးေအးေက်ာ္က အခုလို သုံးသပ္ပါတယ္။

"မက်င္းပျဖစ္ဘူးလို႔ ေျပာတာမ်ိဳး၊ ရက္ကပ္ၿပီးေတာ့ ျပန္ၿပီးေတာ့ က်င္းပမယ္လို႔ေျပာတာမ်ိဳးကေတာ့ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ကိုယ္စားေလာင္းေတြ၊ ႏိုင္ငံေရးပါတီေတြေရာ၊ ေနာက္တခါ ေရြးေကာက္ပဲြေလ့လာေစာင့္ၾကည့္ေရး လုပ္မယ့္သူေတြအတြက္ေရာကေတာ့ သိပ္အဆင္မေျပဘူးဗ်။ ျပင္ဆင္ရတာေတြ အပိုင္းမွာ အခက္အခဲေလးေတြ အေႏွာက္အယွက္ေလးေတြ ျဖစ္တာမ်ိဳးေတာ့ ေသခ်ာေပါက္ ရွိမွာပဲေလ။ ကိုယ္မလုပ္ေတာ့ဘူးလို႔ ဆံုးျဖတ္ၿပီးမွ လုပ္မယ္လို႔ ျပန္ေျပာရတာထက္ ဒါကေတာ့ မေကာင္းဘူးခင္ဗ်။ အဲဒီေတာ့ မလုပ္ျဖစ္ဘူးလို႔ မသတ္မွတ္ခင္မွာ တကယ့္ကို recommend ေပးဖို႔ လိုအပ္တဲ့ အဖဲြ႔အစည္းေတြနဲ႔ စနစ္တက် ညိွႏိႈင္းေဆာင္ရြက္မႈအပိုင္းမွာ အားနည္းတာက ေပၚလြင္သြားတယ္ဆိုတဲ့ဟာမ်ိဳး ျဖစ္တာေပါ့ေနာ္။ ဒါကေတာ့ အားနည္းခ်က္တခုအေနနဲ႔ေတာ့ သမိုင္းအျဖစ္က်န္ခဲ့ေတာ့မယ့္သေဘာေတာ့ ျဖစ္သြားတာေပါ့။"

အေစာပိုင္းမွာ ေ႐ြးေကာက္ပြဲေကာ္မရွင္က ရခိုင္၊ ရွမ္း၊ ကခ်င္၊ ကရင္၊ မြန္ျပည္နယ္ေတြနဲ႔ ပဲခူးတိုင္းအတြင္းက ၿမိဳ႕နယ္ေတြနဲ႔ ေက်း႐ြာအုပ္စုေတြမွာ ေ႐ြးေကာက္ပြဲေတြ မက်င္းပဖို႔ ေၾကညာခဲ့သလို၊ တပ္မေတာ္နဲ႔ ရခိုင္လက္နက္ကိုင္အဖြဲ႕ AA တို႔ၾကား တိုက္ပြဲေတြ မၾကာခဏျဖစ္ပြားေနတဲ့ ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္ကိုေတာ့ ေ႐ြးေကာက္ပြဲ က်င္းပဖို႔ ဆုံးျဖတ္ခဲ့တာေၾကာင့္ ေဝဖႏၼႈေၾတလည္း ထြက္ေပၚခဲ့ပါတယ္။

အဂၤါေန႔က အသစ္ထုတ္ျပန္ခ်က္မွာေတာ့ ပလက္ဝၿမိဳ႕နယ္က မဲဆႏၵနယ္ေျမ ေတာ္ေတာ္မ်ားမ်ားကို ျပန္လည္ပယ္ဖ်က္ခဲ့တာပါ။ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္က ေ႐ြးေကာက္ပဲြေတြ က်င္းပဖို႔ ျပင္ဆင္ဆုံးျဖတ္လိုက္တဲ့အထဲမွာေတာ့ ရခိုင္ျပည္နယ္ ေက်ာက္ျဖဴနဲ႔ အမ္းၿမိဳ႕နယ္ေတြထဲက ေက်း႐ြာအုပ္စုတခ်ိဳ႕နဲ႔ ရွမ္းျပည္နယ္မွာေတာ့ မူဆယ္၊ လားရႈိးၿမိဳ႕နယ္ေတြက ေက်း႐ြာအုပ္စုေတြလည္း ပါဝင္ပါတယ္။ ဒီလိုအေျပာင္းအလဲေတြ လုပ္ခဲ့တဲ့အေပၚမွာေတာ့ ရခိုင္ျပည္နယ္ ေ႐ြးေကာက္ပြဲေစာင့္ၾကည့္ေရးအဖြဲ႔က ဦးခိုင္ေကာင္းစံက အခုလို ျမင္ပါတယ္။

"ဒီ တံု႔ျပန္ခ်က္ကလည္း UEC က အရမ္း အလုပ္လုပ္တဲ့ဟာက နည္းနည္းမ်ားလဲြေနသလားေပါ့ေလ။ လြဲေနတယ္ဆိုတာက ၁၆ ရက္ေန႔မွာ ထုတ္တယ္၊ ၿပီးရင္ သိပ္မၾကာဘူး ၂၀ ေက်ာ္ေလာက္မွာ ထုတ္တယ္ေပါ့ေလ။ အဲဒီေတာ့ တခါ ... ပလက္ဝမွာ နဂိုက က်င္းပမယ္လို႔ ေၾကျငာရွိတယ္၊ အခု မက်င္းပႏိုင္ေတာ့ဘူး... စသည္အားျဖင့္ေပါ့။ ဒါမ်ိဳးေတြက အေလးအနက္ထားၿပီးေတာ့ ထုတ္ျပန္ဖို႔လိုအပ္တာေပါ့ေနာ္။ ၿပီးစလြယ္ ခ်က္ခ်င္း လူတခ်ိဳ႕၊ လူတစု ဒါမွမဟုတ္ အၾကံေပးတာျပဳရင္ ျပဳသလို လုပ္တာထက္ တကယ့္ကို စနစ္တက် လုပ္ဖို႔ စဥ္းစားဖို႔ လုိအပ္တယ္။ တကယ္တမ္းက အစိုးရအေနနဲ႔ကလည္း ဘာလိုမ်ိဳးလုပ္သင့္လည္းဆိုေတာ့ ဥပမာ... အစိုးရအေနနဲ႔ ဒီတပ္မေတာ္အေနနဲ႔ အထူးသျဖင့္ေပါ့ ဒီေရြးေကာက္ပဲြကို က်င္းပမယ္ဆိုရင္ တိုက္ပဲြရပ္ဖို႔ ေၾကျငာသင့္တာေပါ့။ အဲဒီလို ေၾကျငာလိုက္ရင္ေတာ့ ပိုၿပီးေတာ့ ေခ်ာေမြ႔တဲ့ ေရြးေကာက္ပဲြျဖစ္ဖို႔ ေသခ်ာတာေပါ့ေလ။"

တိုင္းရင္းသား နယ္ေျမတခ်ိဳ႕မွာ ေ႐ြးေကာက္ပြဲေတြ က်င္းပႏိုင္မယ့္ အေျခအေနေတြမရွိတာေၾကာင့္ အစီအစဥ္ေတြ ဖ်က္သိမ္းေၾကာင္း ေ႐ြးေကာက္ပြဲေကာ္မရွင္က ေၾကညာခဲ့တဲ့အေပၚ စိုးရိမ္ေၾကာင္း လူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢ မဟာမင္းႀကီး႐ုံးကလည္း အဂၤါေန႔တုန္းကပဲ ေျပာဆိုထားပါတယ္။ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ေဒးဗစ္ေဟးကလည္း ႏိုဝင္ဘာလ ၈ ရက္ေန႔ က်င္းပမယ့္ ေ႐ြးေကာက္ပြဲမွာ အားလုံးပါဝင္ခြင့္ရွိၿပီး ပြင့္လင္းျမင္သာမႈရွိရွိနဲ႔ အမ်ားလက္ခံႏိုင္ေအာင္ ေဆာင္႐ြက္ဖို႔ အဂၤါေန႔မွာပဲ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဆက္သြယ္ေျပာဆိုရာမွာ တိုက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


[Unicode Version]

ရွေးကောက်ပွဲ ကျင်းပဖို့ ၁ ပတ်ကျော်လောက်သာ လိုတော့တဲ့ အချိန်မှာ မဲဆန္ဒနယ်မြေ အပြောင်းအလဲတွေ အပါအဝင် ပြင်ဆင်မှုတွေအပေါ် အကဲခတ်တွေက စိုးရိမ်မှုတွေ ရှိနေတဲ့အေကြာင်း ပြောျပပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

လွတ်လပ်မျှတတဲ့ အခြေအနေတွေ မရှိတာကြောင့် ရွေးကောက်ပွဲ မကျင်းပဖို့ အစောပိုင်းမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ထားတဲ့ မဲဆန္ဒနယ်မြေ တချို့နဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ အစောပိုင်းမှာ သတ်မှတ်ထားပေမဲ့ တချို့နေရာတွေကို ပယ်ဖျက်ဖို့ ဆုံးဖြတ်လိုက်ပေမဲ့ အချိန်နီးခါမှ ပြင်ဆင်မှုတွေ လုပ်ခဲ့တဲ့အပေါ် စိုးရိမ်နေကြပါတယ်။ စစ်ရေးတင်းမာမှုတွေ ဖြစ်ပွားနေတဲ့ တိုင်းရင်းသား ဒေသတွေ အများစု အပါအဝင် ကော်မရှင်က ပြန်လည်စိစစ်ပြီး ရွေးကောက်ပွဲကျင်းပမယ့် နေရာတွေနဲ့ ပယ်ဖျက်လိုက်တဲ့ နေရာတွေကို ပြင်ဆင်ထုတ်ပြန်ခဲ့တဲ့ အပေါ်မှာတော့ ရွေးကောက်ပွဲ စောင့်ကြည့် အကဲခတ်နေတဲ့ Open Myanmar Initiative (OMI) က အမှုဆောင် ဒါရိုက်တာ ဦးအေးကျော်က အခုလို သုံးသပ်ပါတယ်။

"မကျင်းပဖြစ်ဘူးလို့ ပြောတာမျိုး၊ ရက်ကပ်ပြီးတော့ ပြန်ပြီးတော့ ကျင်းပမယ်လို့ပြောတာမျိုးကတော့ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလောင်းတွေ၊ နိုင်ငံရေးပါတီတွေရော၊ နောက်တခါ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေး လုပ်မယ့်သူတွေအတွက်ရောကတော့ သိပ်အဆင်မပြေဘူးဗျ။ ပြင်ဆင်ရတာတွေ အပိုင်းမှာ အခက်အခဲလေးတွေ အနှောက်အယှက်လေးတွေ ဖြစ်တာမျိုးတော့ သေချာပေါက် ရှိမှာပဲလေ။ ကိုယ်မလုပ်တော့ဘူးလို့ ဆုံးဖြတ်ပြီးမှ လုပ်တယ်လို့ ပြန်ပြောရတာထက် ဒါကတော့ မကောင်းဘူးခင်ဗျ။ အဲဒီတော့ မလုပ်ဖြစ်ဘူးလို့ မသတ်မှတ်ခင်မှာ တကယ့်ကို recommend ပေးဖို့ လိုအပ်တဲ့ အဖွဲ့အစည်းတွေနဲ့ စနစ်တကျ ညှိနှိုင်းဆောင်ရွက်မှုအပိုင်းမှာ အားနည်းတာက ပေါ်လွင်သွားတယ်ဆိုတဲ့ဟာမျိုး ဖြစ်တာပေါ့နော်။ ဒါကတော့ အားနည်းချက်တခုအနေနဲ့တော့ သမိုင်းအဖြစ်ကျန်ခဲ့တော့မယ့်သဘောတော့ ဖြစ်သွားတာပေါ့။"

အစောပိုင်းမှာ ရွေးကောက်ပွဲကော်မရှင်က ရခိုင်၊ ရှမ်း၊ ကချင်၊ ကရင်၊ မွန်ပြည်နယ်တွေနဲ့ ပဲခူးတိုင်းအတွင်းက မြို့နယ်တွေနဲ့ ကျေးရွာအုပ်စုတွေမှာ ရွေးကောက်ပွဲတွေ မကျင်းပဖို့ ကြေညာခဲ့သလို၊ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့ကြား တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ကိုတော့ ရွေးကောက်ပွဲ ကျင်းပဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ဝေဖန္မှုတြေလည်း ထွက်ပေါ်ခဲ့ပါတယ်။

အင်္ဂါနေ့က အသစ်ထုတ်ပြန်ချက်မှာတော့ ပလက်ဝမြို့နယ်က မဲဆန္ဒနယ်မြေ တော်တော်များများကို ပြန်လည်ပယ်ဖျက်ခဲ့တာပါ။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲတွေ ကျင်းပဖို့ ပြင်ဆင်ဆုံးဖြတ်လိုက်တဲ့အထဲမှာတော့ ရခိုင်ပြည်နယ် ကျောက်ဖြူနဲ့ အမ်းမြို့နယ်တွေထဲက ကျေးရွာအုပ်စုတချို့နဲ့ ရှမ်းပြည်နယ်မှာတော့ မူဆယ်၊ လားရှိုးမြို့နယ်တွေက ကျေးရွာအုပ်စုတွေလည်း ပါဝင်ပါတယ်။ ဒီလိုအပြောင်းအလဲတွေ လုပ်ခဲ့တဲ့အပေါ်မှာတော့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့က ဦးခိုင်ကောင်းစံက အခုလို မြင်ပါတယ်။

"ဒီ တုံ့ပြန်ချက်ကလည်း UEC က အရမ်း အလုပ်လုပ်တဲ့ဟာက နည်းနည်းများလွဲနေသလားပေါ့လေ။ လွဲနေတယ်ဆိုတာက ၁၆ ရက်နေ့မှာ ထုတ်တယ်၊ ပြီးရင် သိပ်မကြာဘူး ၂၀ ကျော်လောက်မှာ ထုတ်တယ်ပေါ့လေ။ အဲဒီတော့ တခါ ... ပလက်ဝမှာ နဂိုက ကျင်းပမယ်လို့ ကြေငြာရှိတယ်၊ အခု မကျင်းပနိုင်တော့ဘူး... စသည်အားဖြင့်ပေါ့။ ဒါမျိုးတွေက အလေးအနက်ထားပြီးတော့ ထုတ်ပြန်ဖို့လိုအပ်တာပေါ့နော်။ ပြီးစလွယ် ချက်ချင်း လူတချို့၊ လူတစု ဒါမှမဟုတ် အကြံပေးတာပြုရင် ပြုသလို လုပ်တာထက် တကယ့်ကို စနစ်တကျ လုပ်ဖို့ စဉ်းစားဖို့ လိုအပ်တယ်။ တကယ်တမ်းက အစိုးရအနေနဲ့ကလည်း ဘာလိုမျိုးလုပ်သင့်လည်းဆိုတော့ ဥပမာ... အစိုးရအနေနဲ့ ဒီတပ်မတော်အနေနဲ့ အထူးသဖြင့်ပေါ့ ဒီရွေးကောက်ပွဲကို ကျင်းပမယ်ဆိုရင် တိုက်ပွဲရပ်ဖို့ ကြေငြာသင့်တာပေါ့။ အဲဒီလို ကြေငြာလိုက်ရင်တော့ ပိုပြီးတော့ ချောမွေ့တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ သေချာတာပေါ့လေ။"

တိုင်းရင်းသား နယ်မြေတချို့မှာ ရွေးကောက်ပွဲတွေ ကျင်းပနိုင်မယ့် အခြေအနေတွေမရှိတာကြောင့် အစီအစဉ်တွေ ဖျက်သိမ်းကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့တဲ့အပေါ် စိုးရိမ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးကလည်း အင်္ဂါနေ့တုန်းကပဲ ပြောဆိုထားပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေးဗစ်ဟေးကလည်း နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အားလုံးပါဝင်ခွင့်ရှိပြီး ပွင့်လင်းမြင်သာမှုရှိရှိနဲ့ အများလက်ခံနိုင်အောင် ဆောင်ရွက်ဖို့ အင်္ဂါနေ့မှာပဲ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်သွယ်ပြောဆိုရာမှာ တိုက်တွန်းထားပါတယ်။

XS
SM
MD
LG