သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရွမ္းျပည္နယ္ေတာင္ပုိင္းမွာ မဲလက္မွတ္ေတြ သယ္လာတဲ့ယာဥ္ တုိက္ခုိက္ခံရ


မဲဆႏၵရွင္ မဲထည့္စဥ္။ (ႏိုဝင္ဘာ ၃၊ ၂၀၁၈)

(Zawgyi)

ရွမ္းျပည္နယ္ေတာင္ပိုင္းမွာ မဲလက္မွတ္နဲ႔ မဲရံုသံုးပစၥည္းေတြကို သြားေရာက္ပို႔ေဆာင္တဲ့ ေမာ္ေတာ္ယာဥ္ကို ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS တပ္ဖြဲ႔၀င္ေတြ ပစ္ခတ္ခဲ့လို႔ ထိခိုက္ဒဏ္ရာရရိွခဲ့တဲ့ သတင္းကို ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုမိုးေဇာ္က သတင္းေပးပို႔ထားပါတယ္။

လင္းေခးခရိုင္အုပ္ခ်ဳပ္ေရးမႈးနဲ႔အဖဲြ႔ဟာ မုိင္းပန္ၿမိဳ႕နယ္ကို မဲလက္မွတ္နဲ႔ မဲရံုသံုးပစၥည္းေတြ သြားေရာက္ပို႔ေဆာင္ၿပီး အျပန္ တနလၤာေန႔ ေန႔ခင္း ၁နာရီေလာက္က ပစ္ခတ္ခံခဲ့ရတာပါ။ ပစ္ခတ္မႈေၾကာင့္ အုပ္ခ်ဳပ္ေရးမွဴး အပါအ၀င္ ၂ ဦး ဒဏ္ရာရခဲ့ေၾကာင္းလည္း ေဒသခံအာဏာပိုင္ေတြနဲ႔ နီးစပ္သူ တစ္ဦးက VOA ကို အခုလို ေျပာပါတယ္။

“ လင္းေခးကေန မိုင္းပန္ကိုလာတယ္။ မိုင္းပန္ကိုလာၿပီးေတာ့မွ နားမူေက်းရြာအုပ္စုကို မဲရံုကိစၥနဲ႔ သြားတာေပါ့ဗ်ာ။ မဲထည့္တဲ့ပံုးတို႔ သြားအပ္ၿပီး၊ သြားၾကည့္ၿပီး ျပန္ဆင္းလာတဲ့အခ်ိန္ ပန္ပိရြာရယ္၊ ပန္ပိေနာင္ခ်ိဳရြာရယ္၊ ပန္ပိမုိင္းပုတ္ရြာရယ္ အဲဒီရြာကေနၿပီး ျပန္ဆင္းလာေတာ့ ေနာင္ေလရြာအေက်ာ္မွာ ပစ္ေတာ့ အုပ္ခ်ဳပ္ေရးမွဴးကို ၂ခ်က္ထိတယ္။ ရံုးက စာေရးက တစ္ေယာက္ကို ေပါင္ကို ထပ္ထိတယ္။ သံုးခ်က္ေပ့ါဗ်ာ။”

ပစ္ခတ္ခံရစဥ္မွာ လင္းေခးခရိုင္အုပ္ခ်ဳပ္ေရးမႈးနဲ႔ မုိင္းပန္ၿမိဳ႔နယ္အုပ္ခ်ဳပ္ေရးမွဴး အဖဲြ႔ဟာ ကား၂စီးသြားခဲ့ တာျဖစ္ေၾကာင္း၊ ပစ္ခတ္ခံရၿပီးေနာက္ ဒဏ္ရာရတဲ့ လင္းေခးခရုိင္အုပ္ခ်ဳပ္ေရးမွဴးနဲ႔ ရံုးစာေရးကို မိုင္းပန္ေဆးရံုကို ပို႔ေဆာင္ၿပီး ညေနပိုင္းမွာ ေတာင္ၾကီးၿမိဳ႔ စပ္စံထြန္းေဆးရံုကို ပို႔ေဆာင္ခဲ့ေၾကာင္း ေျပာပါတယ္။

လင္းေခးခရုိင္အုပ္ခ်ဳပ္ေရးမွဴး ပစ္ခတ္ခံရတဲ့ေဒသဟာ NCA အပစ္ရပ္စာခ်ဳပ္လက္မွတ္ ေရးထိုးထားတဲ့ RCSS ေခၚ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီရဲ့ တပ္ဖဲြ႔ေတြ လႈပ္ရွားေနတဲ့ေနရာျဖစ္ပါတယ္။

RCSS ရဲ့ ေျပာေရးဆုိခြင့္ရိွသူ ဒုဗုိလ္မႈးၾကီး စိုင္းအုမ္ေခးကေတာ့ ဒီပစ္ခတ္မႈဟာ သူတုိ႔ အဖဲြ႔က မွားယြင္း ပစ္ခတ္တာျဖစ္ေၾကာင္း ေျပာပါတယ္။

“လင္းေခးခရိုင္နဲ႔ မုိင္းပန္ၿမိဳ႔နယ္က အုပ္ခ်ဳပ္ေရးမွဴးတုိ႔ ကားတန္းေပါ့ေလ။ သူတို ႔ခရီးမသြားခင္မွာ မိုင္းပန္ဆက္ဆံေရးရံုးမွာ အရပ္ဘက္ ဆက္ဆံေရးရံုးမွာ လာၿပီးေတာ့ အေၾကာင္းၾကားတယ္။ သူတုိ႔က အသြားအျပန္ နည္းနည္းေစာတာရယ္။ ေရွ႔တန္းရဲေဘာ္ေတြ အဆက္အသြယ္အခ်ိန္မမီလုိက္ရလို႔ ၾကားထဲက လြတ္သြားတဲ့အခ်ိန္မွာ RCSS တပ္ဖဲြ႔က လမ္းျဖတ္တဲ့အခ်ိန္ေပါ့ေလ။ လမ္းျဖတ္တဲ့အခ်ိန္မွာ လမ္းလံုၿခံဳေရးယူတဲ့အဖဲြ႔က ကားရုတ္တရက္ေပၚလာခါက်ေတာ့ အလန္႔တၾကားနဲ႔ ပစ္ခတ္မႈ ျဖစ္သြားတာေပါ့။ အထက္က အမိန္႔နဲ႔ ရည္ရြယ္ခ်က္ရိွရိွလုပ္တာေတာ့ လံုး၀ မဟုတ္ဘူးေပါ့ေလ။ ”

ပစ္ခတ္မႈအတြက္ တာ၀န္ရွိတဲ့ ရဲေဘာ္ေတြကို ဌာနခ်ဳပ္က အေရးယူသြားမွာျဖစ္ေၾကာင္းလည္း ေျပာပါတယ္။ ရွမ္းျပည္နယ္က ေရြးေကာက္ပဲြေစာင့္ၾကည့္ေရး အရပ္ဘက္အဖဲြ႔က ကိုခြန္ေဇာ္ကေတာ့ ဒီပစ္ခတ္မႈေၾကာင့္ ေရြးေကာက္ပဲြ လုပ္ငန္းစဥ္မွာ ထိခုိက္မွာကို စိုးရိမ္ေၾကာင္း ေျပာပါတယ္။

“က်ေနာ္တို႔ စိုးရိမ္ခ်က္ တစ္ခုရိွတာကေတာ့ ျပည္သူလူထုေတြအေနနဲ႔ လြတ္လြတ္လပ္လပ္ မဲမေပးႏိုင္မွာကိုပဲ က်ေနာတုိ႔ စိုးရိမ္တာေပါ့ေနာ္။ အဲလုိမ်ိဳးျဖစ္ရပ္မ်ိဳးေၾကာင့္မုိ႔ မဲဆႏၵရွင္ေတြ မဲေပးပိုင္ခြင့္ ဆံုးရံႈးမွာေတြကို စိုးရိမ္မႈကေတာ့ ရိွပါတယ္။ ”

လာမယ့္ ႏို၀င္ဘာလ ၈ရက္ေန႔မွာ ရွမ္းျပည္နယ္အတြင္း ၿမိဳ႔နယ္ ၆ ၿမိဳ႔နယ္နဲ႔ ၿမိဳ႕နယ္ ၁၇ၿမိဳ႕နယ္အတြင္း ေက်းရြာအုပ္စု ၁၃၀ ေက်ာ္ကို လြတ္လပ္ၿပီး တရားမွ်တဲ့ အေျခအေန မရိွတာေၾကာင့္ ေရြးေကာက္ပဲြက်င္းပမွာ မဟုတ္ေၾကာင္း ေရြးေကာက္ပဲြေကာ္မရွင္က ဒီလ ၁၆ ရက္ ေန႔က ထုတ္ျပန္ထားတာပါ။ ဒီလ ၂၇ရက္ေန႔ကေတာ့ မူဆယ္၊ လားရိႈးနဲ႔ ကြမ္းလံုၿမိဳ႔နယ္အတြင္းက ရပ္ကြက္နဲ႔ ေက်းရြာအုပ္စု ၃ခုကို ေရြးေကာက္ပဲြမက်င္းပမယ့္ နယ္ေျမစာရင္းကေန ပယ္ဖ်က္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

(Unicode)

ရှမ်းပြည်နယ်တောင်ပိုင်းမှာ မဲလက်မှတ်နဲ့ မဲရုံသုံးပစ္စည်းတွေကို သွားရောက်ပို့ဆောင်တဲ့ မော်တော်ယာဉ်ကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခဲ့လို့ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ သတင်းကို ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

လင်းခေးခရိုင်အုပ်ချုပ်ရေးမှုးနဲ့အဖွဲ့ဟာ မိုင်းပန်မြို့နယ်ကို မဲလက်မှတ်နဲ့ မဲရုံသုံးပစ္စည်းတွေ သွားရောက်ပို့ဆောင်ပြီး အပြန် တနင်္လာနေ့ နေ့ခင်း ၁နာရီလောက်က ပစ်ခတ်ခံခဲ့ရတာပါ။ ပစ်ခတ်မှုကြောင့် အုပ်ချုပ်ရေးမှူး အပါအဝင် ၂ ဦး ဒဏ်ရာရခဲ့ကြောင်းလည်း ဒေသခံအာဏာပိုင်တွေနဲ့ နီးစပ်သူ တစ်ဦးက VOA ကို အခုလို ပြောပါတယ်။

“ လင်းခေးကနေ မိုင်းပန်ကိုလာတယ်။ မိုင်းပန်ကိုလာပြီးတော့မှ နားမူကျေးရွာအုပ်စုကို မဲရုံကိစ္စနဲ့ သွားတာပေါ့ဗျာ။ မဲထည့်တဲ့ပုံးတို့ သွားအပ်ပြီး၊ သွားကြည့်ပြီး ပြန်ဆင်းလာတဲ့အချိန် ပန်ပိရွာရယ်၊ ပန်ပိနောင်ချိုရွာရယ်၊ ပန်ပိမိုင်းပုတ်ရွာရယ် အဲဒီရွာကနေပြီး ပြန်ဆင်းလာတော့ နောင်လေရွာအကျော်မှာ ပစ်တော့ အုပ်ချုပ်ရေးမှူးကို ၂ချက်ထိတယ်။ ရုံးက စာရေးက တစ်ယောက်ကို ပေါင်ကို ထပ်ထိတယ်။ သုံးချက်ပေ့ါဗျာ။”

ပစ်ခတ်ခံရစဉ်မှာ လင်းခေးခရိုင်အုပ်ချုပ်ရေးမှုးနဲ့ မိုင်းပန်မြို့နယ်အုပ်ချုပ်ရေးမှူး အဖွဲ့ဟာ ကား၂စီးသွားခဲ့ တာဖြစ်ကြောင်း၊ ပစ်ခတ်ခံရပြီးနောက် ဒဏ်ရာရတဲ့ လင်းခေးခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ရုံးစာရေးကို မိုင်းပန်ဆေးရုံကို ပို့ဆောင်ပြီး ညနေပိုင်းမှာ တောင်ကြီးမြို့ စပ်စံထွန်းဆေးရုံကို ပို့ဆောင်ခဲ့ကြောင်း ပြောပါတယ်။

လင်းခေးခရိုင်အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရတဲ့ဒေသဟာ NCA အပစ်ရပ်စာချုပ်လက်မှတ် ရေးထိုးထားတဲ့ RCSS ခေါ် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီရဲ့ တပ်ဖွဲ့တွေ လှုပ်ရှားနေတဲ့နေရာဖြစ်ပါတယ်။

RCSS ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှုးကြီး စိုင်းအုမ်ခေးကတော့ ဒီပစ်ခတ်မှုဟာ သူတို့ အဖွဲ့က မှားယွင်း ပစ်ခတ်တာဖြစ်ကြောင်း ပြောပါတယ်။

“လင်းခေးခရိုင်နဲ့ မိုင်းပန်မြို့နယ်က အုပ်ချုပ်ရေးမှူးတို့ ကားတန်းပေါ့လေ။ သူတို့ခရီးမသွားခင်မှာ မိုင်းပန်ဆက်ဆံရေးရုံးမှာ အရပ်ဘက် ဆက်ဆံရေးရုံးမှာ လာပြီးတော့ အကြောင်းကြားတယ်။ သူတို့က အသွားအပြန် နည်းနည်းစောတာရယ်။ ရှေ့တန်းရဲဘော်တွေ အဆက်အသွယ်အချိန်မမီလိုက်ရလို့ ကြားထဲက လွတ်သွားတဲ့အချိန်မှာ RCSS တပ်ဖွဲ့က လမ်းဖြတ်တဲ့အချိန်ပေါ့လေ။ လမ်းဖြတ်တဲ့အချိန်မှာ လမ်းလုံခြုံရေးယူတဲ့အဖွဲ့က ကားရုတ်တရက်ပေါ်လာခါကျတော့ အလန့်တကြားနဲ့ ပစ်ခတ်မှု ဖြစ်သွားတာပေါ့။ အထက်က အမိန့်နဲ့ ရည်ရွယ်ချက်ရှိရှိလုပ်တာတော့ လုံး၀ မဟုတ်ဘူးပေါ့လေ။ ”

ပစ်ခတ်မှုအတွက် တာဝန်ရှိတဲ့ ရဲဘော်တွေကို ဌာနချုပ်က အရေးယူသွားမှာဖြစ်ကြောင်းလည်း ပြောပါတယ်။ ရှမ်းပြည်နယ်က ရွေးကောက်ပွဲစောင့်ကြည့်ရေး အရပ်ဘက်အဖွဲ့က ကိုခွန်ဇော်ကတော့ ဒီပစ်ခတ်မှုကြောင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ ထိခိုက်မှာကို စိုးရိမ်ကြောင်း ပြောပါတယ်။

“ကျနော်တို့ စိုးရိမ်ချက် တစ်ခုရှိတာကတော့ ပြည်သူလူထုတွေအနေနဲ့ လွတ်လွတ်လပ်လပ် မဲမပေးနိုင်မှာကိုပဲ ကျနောတို့ စိုးရိမ်တာပေါ့နော်။ အဲလိုမျိုးဖြစ်ရပ်မျိုးကြောင့်မို့ မဲဆန္ဒရှင်တွေ မဲပေးပိုင်ခွင့် ဆုံးရှုံးမှာတွေကို စိုးရိမ်မှုကတော့ ရှိပါတယ်။ ”

လာမယ့် နိုဝင်ဘာလ ၈ရက်နေ့မှာ ရှမ်းပြည်နယ်အတွင်း မြို့နယ် ၆ မြို့နယ်နဲ့ မြို့နယ် ၁၇မြို့နယ်အတွင်း ကျေးရွာအုပ်စု ၁၃၀ ကျော်ကို လွတ်လပ်ပြီး တရားမျှတဲ့ အခြေအနေ မရှိတာကြောင့် ရွေးကောက်ပွဲကျင်းပမှာ မဟုတ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ဒီလ ၁၆ ရက် နေ့က ထုတ်ပြန်ထားတာပါ။ ဒီလ ၂၇ရက်နေ့ကတော့ မူဆယ်၊ လားရှိုးနဲ့ ကွမ်းလုံမြို့နယ်အတွင်းက ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၃ခုကို ရွေးကောက်ပွဲမကျင်းပမယ့် နယ်မြေစာရင်းကနေ ပယ်ဖျက်ထားပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG