သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ႔ ေရြးေကာက္ပဲြ အလားအလာကို ကုလအထူးကိုယ္စားလွယ္ ေ၀ဖန္


၇၅ ႀကိမ္ေျမက္ ကုလသမဂၢအေထြေထြညီလာခံ

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ က်င္းပမယ့္ နို၀င္ဘာလ ေရြးေကာက္ပဲြဟာ လူထုဆႏၵသေဘာထားကို ထင္ဟပ္မွာ မဟုတ္ဘူးလို႔ ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢလူ႔အခြင့္အေရး အထူးကိုယ္စားလွယ္သစ္ Thomas Andrews က မေန႔ ေသာၾကာေန႔က ကုလသမဂၢအေထြေထြညီလာခံ တတိယေကာ္မတီ ဗီြဒီယိုကြန္ဖရင့္ အစည္းအေ၀းမွာ ေျပာၾကားခဲ့ပါတယ္။

ေအာက္တိုဘာလ၂၃ ရက္ေန႔က ကုလသမဂၢအေထြေထြညီလာခံ တတိယေကာ္မတီရဲ႕ ဗြီဒီယိုကြန္ဖရင့္အစည္းအေဝးမွာျမန္မာႏိုင္ငံ အေၾကာင္း အစီရင္ခံ ေဆြးေႏြးခဲ့ၾကတာေတြကို မအင္ၾကင္းႏိုင္က ေကာက္ႏုတ္တင္ျပမွာပါ။

နယူးေရာက္ ကုလသမဂၢဌာနခ်ဳပ္မွာ က်င္းပေနတဲ့ ၇၅ ႀကိမ္ေျမာက္ အေထြေထြညီလာခံ ရဲ႕ လုပ္ငန္းစဥ္ တစိတ္တပိုင္းျဖစ္တဲ့ တတိယေကာ္မတီမွာ အလြတ္သေဘာက်င္းပတဲ့ ဗြီဒီယိုကြန္ဖရင့္ေဆြးေႏြးပြဲကို ေအာက္တိုဘာလ ၂၃ ရက္ေန႔က ျပဳလုပ္ခဲ့တာပါ။ အဲဒီမွာ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္လို႔ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Christine Schraner Burgener နဲ႔ ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ Thomas Andrews တို႔ အသီးသီးအစီရင္ခံစာတင္သြင္းခဲ့ၾကပါတယ္။ ျမန္မာႏိုင္ငံဆိုင္ရာ နယူးေရာက္ကုလသမဂၢ အၿမဲတမ္းကိုယ္စားလွယ္ သံအမတ္ႀကီးသစ္ ဦးေက်ာ္မိုးထြန္းကလည္း ဒီအစီရင္ခံစာေတြနဲ႔ ပတ္သက္လို႔ တံု႔ျပန္ေျပာဆိုခဲ့သလို၊ ၿဗိတိန္၊ အေမရိကန္၊ ဥေရာပသမဂၢ အပါအဝင္ အဖြဲ႕ဝင္ႏိုင္ငံေတြကလည္း သူတို႔ရဲ႕ သေဘာထားေတြကို တုန႔္ျပန္ေဆြးေႏြးခဲ့ၾကပါတယ္။

အထူးသျဖင့္ ႏိုဝင္ဘာလ ၈ ရက္ေန႔မွာက်င္းပမယ့္ ျမန္မာေ႐ြးေကာက္ပြဲအေျခအေနနဲ႔ ပဋိပကၡေတြ ျပင္းထန္ေနတဲ့ ရခိုင္ျပည္နယ္ အေျခအေန၊ ႐ိုဟင္ဂ်ာဒုကၡသည္ေတြ ေနရပ္ျပန္ေရး စတာေတြကို အဓိက ေဆြးေႏြးခဲ့ၾကပါတယ္။

အခ်ိန္ ႏွစ္နာရီၾကာတဲ့ ဗြီဒီယိုကြန္ဖရင့္အစည္းအေဝးမွာ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Christine Schraner Burgener က သူရဲ႕ လုပ္ေဆာင္မႈေတြနဲ႔ ပတ္သက္လို႔ ပထမဦးဆုံး အစီရင္ခံတင္ျပခဲ့ပါတယ္။ အဲဒီမွာ သူသတိေပးသြားတဲ့အခ်က္က ျမန္မာ့ ဒီမိုကေရစီအသြင္ကူးေျပာင္းေရးမွာ ျမန္မာစစ္တပ္က လႊမ္းမိုးထားဆဲရွိေသးတဲ့အေၾကာင္း အခုလိုေထာက္ျပသြားပါတယ္။

”ကုလအတြင္းေရးမႉးခ်ဳပ္ မီးေမာင္း ထိုးျပထားတဲ့အတိုင္း ဒီမိုကေရစီအသြင္ကူးေျပာင္းေရးမွာ အရပ္သားအုပ္ခ်ဳပ္မႈ အျပည့္အဝရွိဖို႔လိုအပ္ပါတယ္။ ဒါေပမဲ့ တရားစီရင္ေရးအပိုင္းမွာေရာ၊ အုပ္ခ်ဳပ္ေရးအပိုင္းမွာပါ စစ္တပ္က ဆက္လက္ၿပီး သိသိသာသာထိန္းခ်ဳပ္ထားဆဲရွိပါတယ္။ ျမန္မာႏိုင္ငံရင္ဆိုင္ေနရတဲ့ အေျခအေနေတြကို ေျဖရွင္းဖို႔ ဖြဲ႕စည္းပုံအေျခခံဥပေဒဆိုင္ရာ ျပဳျပင္ေျပာင္းလဲေရးႀကိဳးပမ္းမႈေတြကိုလည္း တပ္မေတာ္က ဆန႔္က်င္ေနဆဲျဖစ္ပါတယ္။ ျမန္မာအစိုးရအေနနဲ႔လည္း လႈံေဆာ္မႈေတြနဲ႔ ခြဲျခားဆက္ဆံမႈေတြကို ျပတ္ျပတ္သားသားရပ္တည္ကိုင္တြယ္ျခင္းမျပဳဘူးဆိုရင္ ျပဳျပင္ေျပာင္းလဲေရးလုပ္ငန္းစဥ္ေတြ ထိခိုက္မႈေတြရွိေနပါလိမ့္မယ္။”

ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢလူ႔အခြင့္အေရး စုံးစမ္းစစ္ေဆးေရးမႉးအသစ္ျဖစ္လာတဲ့ Thomas Andrews ကလည္း သူ႔ရဲ႕ ပထမဆုံးအစီရင္ခံစာကို ကုလသမဂၢအေထြေထြညီလာခံကို တင္သြင္းတာျဖစ္ပါတယ္။ အခု တတိယေကာ္မတီအစည္းအေဝးမွာ ဗြီဒီယိုကေနတဆင့္ အစီရင္ခံတင္ျပရာမွာ ႏိုဝင္ဘာေ႐ြးေကာက္ပြဲဟာ ႏိုင္ငံတကာ စံခ်ိန္စံၫြန္းေတြနဲ႔ မကိုက္ညီဘူးလို႔ အတိအလင္း ေထာက္ျပေျပာဆိုသြားပါတယ္။

”လာမယ့္ေ႐ြးေကာက္ပြဲဟာ ႏိုင္ငံတကာစံႏႈန္းေတြနဲ႔မကိုက္ညီဘူးဆိုတာ ရွင္းေနပါတယ္။ လူမ်ိဳး၊ ဘာသာကြဲျပားမႈကို အေျခခံၿပီး မဲေပးခြင့္ ျငင္းပယ္ခံထားရတာေၾကာင့္ ဒီေ႐ြးေကာက္ပြဲဟာ လူထုရဲ႕ ဆႏၵသေဘာထားကို ေရာင္ျပန္ဟပ္ႏိုင္မွာ မဟုတ္ဘူးလို႔ က်ေနာ္ရဲ႕ အစီရင္ခံစာထဲမွာ ေဖၚျပထားၿပီး ျဖစ္ပါတယ္။”

ဒါအျပင္ရခိုင္၊ ကရင္၊ ရွမ္း၊ ကခ်င္စတဲ့ ျပည္နယ္ေတြမွာ မဲ ဆႏၵနယ္ေျမေတြဖ်က္သိမ္းခဲ့တဲ့ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ ဆုံးျဖတ္ခ်က္ဟာ ပြင့္လင္းျမင္သာမႈမရွိဘူးလို႔လည္း Thomas Andrews က ေဝဖန္ခဲ့ပါတယ္။

ရခိုင္ျပည္နယ္မွာျဖစ္ေနတဲ့ ျမန္မာစစ္တပ္နဲ႔ ေအေအ ရခိုင္လက္နက္ကိုင္အဖြဲ႕ တိုက္ပြဲေတြမွာ ျမန္မာစစ္တပ္က အင္အားအလြန္အကြၽံသုံးေနတဲ့ အေျခအေနကို သူက အခုလို အစီရင္ခံတင္ျပခဲ့ပါတယ္။

”ရခိုင္ျပည္နယ္မွာ ျမန္မာစစ္တပ္ဟာ ဂ်က္တိုက္ေလယာဥ္ေတြ၊ ေရတပ္သေဘၤာေတြနဲ႔ င့္ေျမျပင္တပ္ဖြဲ႕ေတြကို အသံုးျပဳၿပီး ခြဲျခားဆက္ဆံမႈကင္းမဲ့စြာပစ္ခတ္တိုက္ခိုက္ခဲ့တယ္ဆိုတဲ့ သတင္းေတြက်ေနာ္တို႔ ရရွိထားပါတယ္။ ေအေအ ရခိုင္လက္နက္ကိုင္ အဖဲြ႔ကို ေထာက္ခံသူေတြလို႔ သံသရွိတဲ့ အိမ္ေတြ ရြာေတြကို ျမန္မာစစ္တပ္က စနစ္တက် မီးရွဳိ႕ဖ်က္စီးတာေတြလုပ္ခဲ့တယ္ဆိုတာလည္း က်ေနာ္တို႔ သတင္းေတြရထားပါတယ္။”

ျမန္မာႏိုင္ငံဆိုင္ရာ နယူးေရာက္ကုလသမဂၢ အၿမဲတမ္းကိုယ္စားလွယ္ သံအမတ္ႀကီးသစ္ ဦးေက်ာ္မိုးထြန္းကေတာ့ ျမန္မာႏိုင္ငံမွာ ျပည္တြင္းၿငိမ္းခ်မ္းေရးျဖစ္စဥ္ကို ႀကိဳးပမ္းအေကာင္အထည္ေဖၚေနသလို၊ အခုေ႐ြးေကာက္ကိုလည္း လြတ္လပ္၊ တရားမွ်တၿပီး အမ်ားယုံၾကည္လက္ခံတဲ့ ပြင့္လင္းျမင္သာမႈရွိေရး ျမန္မာအစိုးရက ေဆာင္႐ြက္ေနေၾကာင္း နဲ႔ မြတ္စလင္ကိုယ္စားလွယ္ေလာင္း ၃၀ ၀င္ေရာက္ယွဥ္ၿပိဳင္မွာျဖစ္တယ္လို႔ တုန္႔ျပန္ေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.........

မြန်မာ့ ရွေးကောက်ပွဲ အလားအလာကို ကုလအထူးကိုယ်စားလှယ် ဝေဖန်

(Unicode)

မြန်မာနိုင်ငံမှာ ကျင်းပမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲဟာ လူထုဆန္ဒသဘောထားကို ထင်ဟပ်မှာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်သစ် Thomas Andrews က မနေ့ သောကြာနေ့က ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီ ဗွီဒီယိုကွန်ဖရင့် အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

အောက်တိုဘာလ၂၃ ရက်နေ့က ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီရဲ့ ဗွီဒီယိုကွန်ဖရင့်အစည်းအဝေးမှာမြန်မာနိုင်ငံ အကြောင်း အစီရင်ခံ ဆွေးနွေးခဲ့ကြတာတွေကို မအင်ကြင်းနိုင်က ကောက်နုတ်တင်ပြမှာပါ။

နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပနေတဲ့ ၇၅ ကြိမ်မြောက် အထွေထွေညီလာခံ ရဲ့ လုပ်ငန်းစဉ် တစိတ်တပိုင်းဖြစ်တဲ့ တတိယကော်မတီမှာ အလွတ်သဘောကျင်းပတဲ့ ဗွီဒီယိုကွန်ဖရင့်ဆွေးနွေးပွဲကို အောက်တိုဘာလ ၂၃ ရက်နေ့က ပြုလုပ်ခဲ့တာပါ။ အဲဒီမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener နဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Thomas Andrews တို့ အသီးသီးအစီရင်ခံစာတင်သွင်းခဲ့ကြပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ နယူးရောက်ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးသစ် ဦးကျော်မိုးထွန်းကလည်း ဒီအစီရင်ခံစာတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ပြောဆိုခဲ့သလို၊ ဗြိတိန်၊ အမေရိကန်၊ ဥရောပသမဂ္ဂ အပါအဝင် အဖွဲ့ဝင်နိုင်ငံတွေကလည်း သူတို့ရဲ့ သဘောထားတွေကို တုန့်ပြန်ဆွေးနွေးခဲ့ကြပါတယ်။

အထူးသဖြင့် နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပမယ့် မြန်မာရွေးကောက်ပွဲအခြေအနေနဲ့ ပဋိပက္ခတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် အခြေအနေ၊ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး စတာတွေကို အဓိက ဆွေးနွေးခဲ့ကြပါတယ်။

အချိန် နှစ်နာရီကြာတဲ့ ဗွီဒီယိုကွန်ဖရင့်အစည်းအဝေးမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener က သူရဲ့ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်လို့ ပထမဦးဆုံး အစီရင်ခံတင်ပြခဲ့ပါတယ်။ အဲဒီမှာ သူသတိပေးသွားတဲ့အချက်က မြန်မာ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ မြန်မာစစ်တပ်က လွှမ်းမိုးထားဆဲရှိသေးတဲ့အကြောင်း အခုလိုထောက်ပြသွားပါတယ်။

”ကုလအတွင်းရေးမှူးချုပ် မီးမောင်း ထိုးပြထားတဲ့အတိုင်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ အရပ်သားအုပ်ချုပ်မှု အပြည့်အဝရှိဖို့လိုအပ်ပါတယ်။ ဒါပေမဲ့ တရားစီရင်ရေးအပိုင်းမှာရော၊ အုပ်ချုပ်ရေးအပိုင်းမှာပါ စစ်တပ်က ဆက်လက်ပြီး သိသိသာသာထိန်းချုပ်ထားဆဲရှိပါတယ်။ မြန်မာနိုင်ငံရင်ဆိုင်နေရတဲ့ အခြေအနေတွေကို ဖြေရှင်းဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲရေးကြိုးပမ်းမှုတွေကိုလည်း တပ်မတော်က ဆန့်ကျင်နေဆဲဖြစ်ပါတယ်။ မြန်မာအစိုးရအနေနဲ့လည်း လှုံဆော်မှုတွေနဲ့ ခွဲခြားဆက်ဆံမှုတွေကို ပြတ်ပြတ်သားသားရပ်တည်ကိုင်တွယ်ခြင်းမပြုဘူးဆိုရင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေ ထိခိုက်မှုတွေရှိနေပါလိမ့်မယ်။”

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး စုံးစမ်းစစ်ဆေးရေးမှူးအသစ်ဖြစ်လာတဲ့ Thomas Andrews ကလည်း သူ့ရဲ့ ပထမဆုံးအစီရင်ခံစာကို ကုလသမဂ္ဂအထွေထွေညီလာခံကို တင်သွင်းတာဖြစ်ပါတယ်။ အခု တတိယကော်မတီအစည်းအဝေးမှာ ဗွီဒီယိုကနေတဆင့် အစီရင်ခံတင်ပြရာမှာ နိုဝင်ဘာရွေးကောက်ပွဲဟာ နိုင်ငံတကာ စံချိန်စံညွန်းတွေနဲ့ မကိုက်ညီဘူးလို့ အတိအလင်း ထောက်ပြပြောဆိုသွားပါတယ်။

”လာမယ့်ရွေးကောက်ပွဲဟာ နိုင်ငံတကာစံနှုန်းတွေနဲ့မကိုက်ညီဘူးဆိုတာ ရှင်းနေပါတယ်။ လူမျိုး၊ ဘာသာကွဲပြားမှုကို အခြေခံပြီး မဲပေးခွင့် ငြင်းပယ်ခံထားရတာကြောင့် ဒီရွေးကောက်ပွဲဟာ လူထုရဲ့ ဆန္ဒသဘောထားကို ရောင်ပြန်ဟပ်နိုင်မှာ မဟုတ်ဘူးလို့ ကျနော်ရဲ့ အစီရင်ခံစာထဲမှာ ဖေါ်ပြထားပြီး ဖြစ်ပါတယ်။”

ဒါအပြင်ရခိုင်၊ ကရင်၊ ရှမ်း၊ ကချင်စတဲ့ ပြည်နယ်တွေမှာ မဲ ဆန္ဒနယ်မြေတွေဖျက်သိမ်းခဲ့တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ဟာ ပွင့်လင်းမြင်သာမှုမရှိဘူးလို့လည်း Thomas Andrews က ဝေဖန်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ မြန်မာစစ်တပ်နဲ့ အေအေ ရခိုင်လက်နက်ကိုင်အဖွဲ့ တိုက်ပွဲတွေမှာ မြန်မာစစ်တပ်က အင်အားအလွန်အကျွံသုံးနေတဲ့ အခြေအနေကို သူက အခုလို အစီရင်ခံတင်ပြခဲ့ပါတယ်။

”ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်ဟာ ဂျက်တိုက်လေယာဉ်တွေ၊ ရေတပ်သင်္ဘောတွေနဲ့ င့်မြေပြင်တပ်ဖွဲ့တွေကို အသုံးပြုပြီး ခွဲခြားဆက်ဆံမှုကင်းမဲ့စွာပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ သတင်းတွေကျနော်တို့ ရရှိထားပါတယ်။ အေအေ ရခိုင်လက်နက်ကိုင် အဖွဲ့ကို ထောက်ခံသူတွေလို့ သံသရှိတဲ့ အိမ်တွေ ရွာတွေကို မြန်မာစစ်တပ်က စနစ်တကျ မီးရှို့ဖျက်စီးတာတွေလုပ်ခဲ့တယ်ဆိုတာလည်း ကျနော်တို့ သတင်းတွေရထားပါတယ်။”

မြန်မာနိုင်ငံဆိုင်ရာ နယူးရောက်ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးသစ် ဦးကျော်မိုးထွန်းကတော့ မြန်မာနိုင်ငံမှာ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်ကို ကြိုးပမ်းအကောင်အထည်ဖေါ်နေသလို၊ အခုရွေးကောက်ကိုလည်း လွတ်လပ်၊ တရားမျှတပြီး အများယုံကြည်လက်ခံတဲ့ ပွင့်လင်းမြင်သာမှုရှိရေး မြန်မာအစိုးရက ဆောင်ရွက်နေကြောင်း နဲ့ မွတ်စလင်ကိုယ်စားလှယ်လောင်း ၃၀ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ တုန့်ပြန်ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG