သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပယ္ဖ်က္ခံတိုင္းရင္းသားမဲဆႏၵနယ္ေျမမ်ား ျပန္လည္သံုးသပ္ဖို႔တင္ျပ


၂၀၁၅ ခုႏွစ္ေရြးေကာက္ပဲြတုန္းက ေနျပည္ေတာ္ရွိ မဲရံုတခုမွာ မဲဆႏၵရွင္တဦး မဲျပားမွတ္ပံံုတင္စာရင္းသြင္းေနစဥ္။ (ေအာက္တိုဘာ ၃၀၊ ၂၀၁၅)

[Zawgyi/Unicode]

လြတ္လပ္မွ်တတဲ့ အေျခအေနေတြ မရွိဘူးဆုိၿပီး ေရြးေကာက္ပဲြ က်င္းပမယ့္ အစီအစဥ္ကုိ ပယ္ဖ်က္ထားတဲ့ မဲဆႏၵနယ္ေျမတခ်ဳိ႕ကုိ ျပန္လည္ စဥ္းစားသုံးသပ္ဖုိ႔ ေရြးေကာက္ပဲြ ေကာ္မရွင္ကုိ တုိက္တြန္းေနတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မအဂၢႏြန္က ေျပာျပပါမယ္။

ေရွ႕လထဲ ေရြးေကာက္ပဲြ က်င္းပတဲ့အခါ လုံၿခံဳေရး စိတ္မခ်ရတာ အပါအ၀င္ လြတ္လပ္မွ်တမႈ မရွိႏုိင္တဲ့အတြက္ တုိင္းနဲ႔ ျပည္နယ္ ၆ ခုက မဲဆႏၵနယ္ေျမ တခ်ဳိ႕မွာ မက်င္းပဖုိ႔ ျပည္ေထာင္စုေရြးေကာက္ပဲြ ေကာ္မရွင္က ေၾကညာထားေပမဲ့ သက္ဆုိင္ရာ နယ္ေျမေတြက ေကာ္မရွင္ တာ၀န္ရွိသူေတြနဲ႔ ႏုိင္ငံေရး ပါတီတခ်ဳိ႕ကေတာ့ ဆုံးျဖတ္ခ်က္ကုိ ျပင္ဆင္ဖုိ႔ လုိလားေနၾကတာပါ။ ေကာ္မရွင္က ထုတ္ျပန္ထားတဲ့ အထဲမွာ ရွမ္းျပည္နယ္ထဲက ၿမိဳ႕နယ္ ၆ ၿမိဳ႕နယ္မွာရွိတဲ့ ေက်းရြာအုပ္စု တခ်ဳိ႕လည္း ပါ၀င္ေနတဲ့အတြက္ ျပန္လည္စိစစ္ဖုိ႔ တင္ျပထားတယ္လုိ႔လည္း လား႐ႈိးခ႐ုိင္ ေရြးေကာက္ပဲြေကာ္မရွင္အဖြဲ႔ခြဲ အတြင္းေရးမွဴး ဦးေအာင္စိုးမင္းက ေျပာပါတယ္။

“ဟုတ္ကဲ့။ က်ေနာ့္ ခ႐ုိင္ထဲမွာဆိုရင္ ၉ အုပ္စုပဲ တင္ထားတာ အဲ့ဒါလည္း လက္နက္ကိုင္ေတြ လႈပ္ရွားလို႔ဆိုၿပီး တင္ထားတာ ဟုတ္တယ္ ခုဏက ၉ အုပ္စုအျပင္ကို မတင္ျပထားတဲ့ဟာပါေတြ ပါလာတယ္၊ ဟိုဟာေလ KIA မဟုတ္ဘူး၊ RCSS ေခၚမွာေပါ့။ မတင္ျပထားတဲ့ ေက်းရြာအုပ္စုေတြ ပါလာတယ္ေပါ့ေနာ္၊ အဲ့ဒါေတာ့ က်ေနာ္ကေတာ့ ဘယ္ဌာနလို႔လည္းမေျပာပါဘူး။ ဆက္စပ္ဝန္ႀကီးဌာနမ်ားရဲ႕ မွတ္ခ်က္လို႔ပဲ က်ေနာ္ကေတာ့ သံုးႏႈန္းပါရေစ။ မဲေပးပိုင္ခြင့္ရွိသူက ၂၀,၀၀၀ နီးပါးေတာ့ မဲေပးပိုင္ခြင့္ ဆံုး႐ံႈးသြားတာေပါ့၊ အဲ့ဒီေတာ့ က်ေနာ္တို႔ကေတာ့ ျပန္ၿပီးေတာ့ အခ်ိန္မီေသးေတာ့ ႀကိဳးစားၾကည့္တယ္။ ၂ အုပ္စုေတာ့ ျပန္ၿပီးေတာ့ တင္ျပထားပါတယ္။”

ေရြးေကာက္ပြဲက်င္းပမယ့္ အစီအစဥ္ ပယ္ဖ်က္လုိက္တဲ့ အထဲမွာ လက္နက္ကုိင္ ပဋိပကၡေတြ ျဖစ္ပြားတာမရွိသလုိ လမ္းပန္းဆက္သြယ္ေရး ေကာင္းမြန္ၿပီး ၂၀၁၅ ခုႏွစ္တုန္းက ေရြးေကာက္ပဲြ က်င္းပခဲ့ဖူးတဲ့ နယ္ေျမတခ်ဳိ႕လည္း ပါ၀င္ေနတဲ့အတြက္ ႏုိင္ငံေရးပါတီေတြနဲ႔ အကဲခတ္ေတြက ေမးခြန္းထုတ္ေနၾကပါတယ္။

ေရြးေကာက္ပဲြက်င္းပမယ့္ အစီအစဥ္ ပယ္ဖ်က္ထားတဲ့ ရွမ္းျပည္နယ္ မိုင္းကိုင္ၿမိဳ႕နယ္နဲ႔ ပတ္သက္လုိ႔ ျပန္လည္စဥ္းစားေပးဖုိ႔ တိုင္းရင္းသားလူမ်ိဳးမ်ား မဟာမိတ္အဖြဲ႔ကလည္း တင္ျပေတာင္းဆုိထားတာ ရွိတယ္လုိ႔ လြိဳင္လင္ခ႐ုိင္ ေရြးေကာက္ပြဲ ေကာ္မရွင္ အတြင္းေရးမွဴး ဦးသိန္းႏိုင္က အခုလိုရွင္းျပပါတယ္။

“ေလးပါတီက တင္ျပေနတာ ရွိပါတယ္၊ ဒီမွာေတာ့ တည္ၿငိမ္ေအးခ်မ္းမႈရွိတာေပါ့။ ဒါေၾကာင့္မို႔လို႔ အေျခအေနေကာင္းလာႏိုင္တယ္။ အဲ့ဒါေၾကာင့္မို႔လို႔ ေရြးေကာက္ပြဲျပန္လည္ က်င္းပေပးဖို႔ နယ္ေျမေက်းရြာမွာ ျပန္လည္ထည့္သြင္းေပးဖို႔ တင္ျပထားတာရွိပါတယ္၊ အဲ့ဒီေတာ့ က်ေနာ္တို႔ ေကာ္မရွင္အေနနဲ႔ေတာ့ ေရြးေကာက္ပြဲလုပ္ငန္းစဥ္ အဆင့္ဆင့္ကို စီမံခန္႔ခြဲဖို႔အတြက္က တည္ၿငိမ္းေအးမႈရွိမယ္ဆုိရင္ က်ေနာ္တုိ႔ကေတာ့ လုပ္ငန္းစဥ္ကို စီမံခန္႔ခြဲလို႔ရတယ္၊ အဆင္ေျပတယ္၊ အဲ့လိုပဲ ေျပာခ်င္ပါတယ္။”

တပ္မေတာ္နဲ႔ AA ရခုိင္လက္နက္ကုိင္ အဖဲြ႔တုိ႔ၾကား တုိက္ပဲြေတြ ျဖစ္ပြားေနတဲ့ ရခုိင္ျပည္နယ္မွာလည္း မဲဆႏၵနယ္ေျမတခ်ဳိ႕မွာ ေရြးေကာက္ပဲြ အစီအစဥ္ေတြကုိ ပယ္ဖ်က္ထားတာပါ။ ဒါေပမဲ့လည္း တခ်ဳိ႕ေနရာေတြမွာ ေရြးေကာက္ပဲြ က်င္းပမယ္ဆုိရင္ ျဖစ္ႏုိင္ေျခရွိတယ္လုိ႔လည္း ေျမာက္ဦးခ႐ုိင္ ေရြးေကာက္ပဲြေကာ္မရွင္ အဖြဲ႕ဝင္ ဦးေရႊသန္းကေျပာပါတယ္။

“သံုးသပ္ၿပီးေတာ့ ျပန္လည္တင္ျပဖို႔ေတာ့ က်ေနာ္တို႔ ေလာေလာဆယ္ အစီစဥ္မရွိေသးဘူး၊ ဒါေပမဲ့ သက္ဆိုင္ရာ UEC ခ႐ုိင္ေကာ္မရွင္အဖြဲ႔ခြဲက တာဝန္ရွိသူေတြနဲ႔ က်ေနာ္တို႔ ဒီေကာ္မရွင္အဖြဲ႕ဝင္ေတြနဲ႔ေတာ့ ျပန္လည္ေဆြးေႏြး သံုးသပ္ တင္ျပသင့္တယ္လုိ႔ က်ေနာ္ထင္ျမင္မိပါတယ္၊ ဘာေၾကာင့္လဲဆိုေတာ့ေလး က်ေနာ္တို႔ သိတဲ့အတိုင္းပါပဲ က်ေနာ္တိုု႔ အမ္းၿမိဳ႕နယ္တို႔ ပလက္ဝၿမဳိ႕နယ္မွာ ရပ္ကြက္ေက်းရြာအုပ္စု ၄ အုပ္စုနဲ႔ ေရြးေကာက္ပြဲက်င္းပခြင့္ ထားတယ္ဆိုလို႔ရွိရင္ က်ေနာ္တို႔ ေျမာက္ဦးခ႐ုိင္အတြင္းမွာလည္းပဲ ၿမိဳ႕ေပၚ ၄ ရပ္ကြက္ေလာက္နဲ႔ ေရြးေကာက္ပြဲကို က်င္းပလို ရႏိုင္တဲ့ အေနအထားကို က်ေနာ္ေတြ႕ျမင္ေနရပါတယ္။”

ႏို၀င္ဘာလ ၈ ရက္ေန႔ ေရြးေကာက္ပဲြ က်င္းပရာမွာ ရခုိင္၊ ကခ်င္၊ ကရင္၊ မြန္နဲ႔ ရွမ္းျပည္နယ္ေတြနဲ႔ ပဲခူးတုိင္းအတြင္းက မဲဆႏၵနယ္ေျမ တခ်ဳိ႕မွာ က်င္းပမွာ မဟုတ္ေၾကာင္း ၿပီးခဲ့တဲ့ ေသာၾကာေန႔ကပဲ ေၾကညာလုိက္တဲ့အတြက္ မဲဆႏၵရွင္ ခန္႔မွန္းေျခ ၁,၀၀၀,၀၀၀ ေက်ာ္ေလာက္ မဲေပးခြင့္ ဆုံး႐ႈံးမယ့္ အလားအလာနဲ႔ ရင္ဆုိင္ေနရတာပါ။ ေကာ္မရွင္ဘက္ကေတာ့ ၂၀၂၀ ေ႐ြးေကာက္ပြဲ မက်င္းပႏိုင္တဲ့ေနရာေတြကုိ ထုတ္ျပန္ေၾကညာဖို႔ ဆုံးျဖတ္ရာမွာ လုံၿခဳံေရးအရ အဆုံးအျဖတ္ ေပးႏိုင္တဲ့ ကာကြယ္ေရးနဲ႔ ျပည္ထဲေရးအပါအဝင္ သက္ဆိုင္ရာဌာနေတြ အဖြဲ႕အစည္းေတြရဲ႕ အႀကံျပဳခ်က္ေတြ ပါဝင္ေၾကာင္း ေျပာဆုိထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ပယ်ဖျက်ခံတိုင်းရင်းသားမဲဆန္ဒနယ်မြေများ ပြန်လည်သုံးသပ်ဖို့တင်ပြ

လွတ်လပ်မျှတတဲ့ အခြေအနေတွေ မရှိဘူးဆိုပြီး ရွေးကောက်ပွဲ ကျင်းပမယ့် အစီအစဉ်ကို ပယ်ဖျက်ထားတဲ့ မဲဆန္ဒနယ်မြေတချို့ကို ပြန်လည် စဉ်းစားသုံးသပ်ဖို့ ရွေးကောက်ပွဲ ကော်မရှင်ကို တိုက်တွန်းနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအဂ္ဂနွန်က ပြောပြပါမယ်။

ရှေ့လထဲ ရွေးကောက်ပွဲ ကျင်းပတဲ့အခါ လုံခြုံရေး စိတ်မချရတာ အပါအဝင် လွတ်လပ်မျှတမှု မရှိနိုင်တဲ့အတွက် တိုင်းနဲ့ ပြည်နယ် ၆ ခုက မဲဆန္ဒနယ်မြေ တချို့မှာ မကျင်းပဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားပေမဲ့ သက်ဆိုင်ရာ နယ်မြေတွေက ကော်မရှင် တာဝန်ရှိသူတွေနဲ့ နိုင်ငံရေး ပါတီတချို့ကတော့ ဆုံးဖြတ်ချက်ကို ပြင်ဆင်ဖို့ လိုလားနေကြတာပါ။ ကော်မရှင်က ထုတ်ပြန်ထားတဲ့ အထဲမှာ ရှမ်းပြည်နယ်ထဲက မြို့နယ် ၆ မြို့နယ်မှာရှိတဲ့ ကျေးရွာအုပ်စု တချို့လည်း ပါဝင်နေတဲ့အတွက် ပြန်လည်စိစစ်ဖို့ တင်ပြထားတယ်လို့လည်း လားရှိုးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်စိုးမင်းက ပြောပါတယ်။

“ဟုတ်ကဲ့။ ကျနော့် ခရိုင်ထဲမှာဆိုရင် ၉ အုပ်စုပဲ တင်ထားတာ အဲ့ဒါလည်း လက်နက်ကိုင်တွေ လှုပ်ရှားလို့ဆိုပြီး တင်ထားတာ ဟုတ်တယ် ခုဏက ၉ အုပ်စုအပြင်ကို မတင်ပြထားတဲ့ဟာပါတွေ ပါလာတယ်၊ ဟိုဟာလေ KIA မဟုတ်ဘူး၊ RCSS ခေါ်မှာပေါ့။ မတင်ပြထားတဲ့ ကျေးရွာအုပ်စုတွေ ပါလာတယ်ပေါ့နော်၊ အဲ့ဒါတော့ ကျနော်ကတော့ ဘယ်ဌာနလို့လည်းမပြောပါဘူး။ ဆက်စပ်ဝန်ကြီးဌာနများရဲ့ မှတ်ချက်လို့ပဲ ကျနော်ကတော့ သုံးနှုန်းပါရစေ။ မဲပေးပိုင်ခွင့်ရှိသူက ၂၀,၀၀၀ နီးပါးတော့ မဲပေးပိုင်ခွင့် ဆုံးရှုံးသွားတာပေါ့၊ အဲ့ဒီတော့ ကျနော်တို့ကတော့ ပြန်ပြီးတော့ အချိန်မီသေးတော့ ကြိုးစားကြည့်တယ်။ ၂ အုပ်စုတော့ ပြန်ပြီးတော့ တင်ပြထားပါတယ်။”

ရွေးကောက်ပွဲကျင်းပမယ့် အစီအစဉ် ပယ်ဖျက်လိုက်တဲ့ အထဲမှာ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားတာမရှိသလို လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး ၂၀၁၅ ခုနှစ်တုန်းက ရွေးကောက်ပွဲ ကျင်းပခဲ့ဖူးတဲ့ နယ်မြေတချို့လည်း ပါဝင်နေတဲ့အတွက် နိုင်ငံရေးပါတီတွေနဲ့ အကဲခတ်တွေက မေးခွန်းထုတ်နေကြပါတယ်။

ရွေးကောက်ပွဲကျင်းပမယ့် အစီအစဉ် ပယ်ဖျက်ထားတဲ့ ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ်နဲ့ ပတ်သက်လို့ ပြန်လည်စဉ်းစားပေးဖို့ တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ကလည်း တင်ပြတောင်းဆိုထားတာ ရှိတယ်လို့ လွိုင်လင်ခရိုင် ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး ဦးသိန်းနိုင်က အခုလိုရှင်းပြပါတယ်။

“လေးပါတီက တင်ပြနေတာ ရှိပါတယ်၊ ဒီမှာတော့ တည်ငြိမ်အေးချမ်းမှုရှိတာပေါ့။ ဒါကြောင့်မို့လို့ အခြေအနေကောင်းလာနိုင်တယ်။ အဲ့ဒါကြောင့်မို့လို့ ရွေးကောက်ပွဲပြန်လည် ကျင်းပပေးဖို့ နယ်မြေကျေးရွာမှာ ပြန်လည်ထည့်သွင်းပေးဖို့ တင်ပြထားတာရှိပါတယ်၊ အဲ့ဒီတော့ ကျနော်တို့ ကော်မရှင်အနေနဲ့တော့ ရွေးကောက်ပွဲလုပ်ငန်းစဉ် အဆင့်ဆင့်ကို စီမံခန့်ခွဲဖို့အတွက်က တည်ငြိမ်းအေးမှုရှိမယ်ဆိုရင် ကျနော်တို့ကတော့ လုပ်ငန်းစဉ်ကို စီမံခန့်ခွဲလို့ရတယ်၊ အဆင်ပြေတယ်၊ အဲ့လိုပဲ ပြောချင်ပါတယ်။”

တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင် အဖွဲ့တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာလည်း မဲဆန္ဒနယ်မြေတချို့မှာ ရွေးကောက်ပွဲ အစီအစဉ်တွေကို ပယ်ဖျက်ထားတာပါ။ ဒါပေမဲ့လည်း တချို့နေရာတွေမှာ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင် ဖြစ်နိုင်ခြေရှိတယ်လို့လည်း မြောက်ဦးခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးရွှေသန်းကပြောပါတယ်။

“သုံးသပ်ပြီးတော့ ပြန်လည်တင်ပြဖို့တော့ ကျနော်တို့ လောလောဆယ် အစီစဉ်မရှိသေးဘူး၊ ဒါပေမဲ့ သက်ဆိုင်ရာ UEC ခရိုင်ကော်မရှင်အဖွဲ့ခွဲက တာဝန်ရှိသူတွေနဲ့ ကျနော်တို့ ဒီကော်မရှင်အဖွဲ့ဝင်တွေနဲ့တော့ ပြန်လည်ဆွေးနွေး သုံးသပ် တင်ပြသင့်တယ်လို့ ကျနော်ထင်မြင်မိပါတယ်၊ ဘာကြောင့်လဲဆိုတော့လေး ကျနော်တို့ သိတဲ့အတိုင်းပါပဲ ကျနော်တို့ အမ်းမြို့နယ်တို့ ပလက်ဝမြို့နယ်မှာ ရပ်ကွက်ကျေးရွာအုပ်စု ၄ အုပ်စုနဲ့ ရွေးကောက်ပွဲကျင်းပခွင့် ထားတယ်ဆိုလို့ရှိရင် ကျနော်တို့ မြောက်ဦးခရိုင်အတွင်းမှာလည်းပဲ မြို့ပေါ် ၄ ရပ်ကွက်လောက်နဲ့ ရွေးကောက်ပွဲကို ကျင်းပလို ရနိုင်တဲ့ အနေအထားကို ကျနော်တွေ့မြင်နေရပါတယ်။”

နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲ ကျင်းပရာမှာ ရခိုင်၊ ကချင်၊ ကရင်၊ မွန်နဲ့ ရှမ်းပြည်နယ်တွေနဲ့ ပဲခူးတိုင်းအတွင်းက မဲဆန္ဒနယ်မြေ တချို့မှာ ကျင်းပမှာ မဟုတ်ကြောင်း ပြီးခဲ့တဲ့ သောကြာနေ့ကပဲ ကြေညာလိုက်တဲ့အတွက် မဲဆန္ဒရှင် ခန့်မှန်းခြေ ၁,၀၀၀,၀၀၀ ကျော်လောက် မဲပေးခွင့် ဆုံးရှုံးမယ့် အလားအလာနဲ့ ရင်ဆိုင်နေရတာပါ။ ကော်မရှင်ဘက်ကတော့ ၂၀၂၀ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့နေရာတွေကို ထုတ်ပြန်ကြေညာဖို့ ဆုံးဖြတ်ရာမှာ လုံခြုံရေးအရ အဆုံးအဖြတ် ပေးနိုင်တဲ့ ကာကွယ်ရေးနဲ့ ပြည်ထဲရေးအပါအဝင် သက်ဆိုင်ရာဌာနတွေ အဖွဲ့အစည်းတွေရဲ့ အကြံပြုချက်တွေ ပါဝင်ကြောင်း ပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG