သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

“အမ္းနဲ႔ ပလက္၀မဲဆႏၵနယ္ျပန္လည္သံုးသပ္မယ္” ေရြးေကာက္ပဲြေကာ္မရွင္


ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕။ (ဓာတ္ပံု - CUSF - Paletwa)

[Zawgyi/Unicode]

ေ႐ြးေကာက္ပြဲ က်င္းပႏိုင္တဲ့ အေျခအေနမရွိဘူးလို႔ ေၾကညာထားတဲ့ မဲဆႏၵနယ္ေျမေတြထဲက ရခိုင္ျပည္နယ္ အမ္းၿမိဳ႕နယ္နဲ႔ ေရြးေကာက္ပဲြက်င္းပဖို႔ ရွိေနေပမဲ့ တိုက္ပဲြေတြျဖစ္ေနတဲ့ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ေတြက အေျခအေနေတြကို ျပန္လည္သုံးသပ္ ထုတ္ျပန္ေပးမယ္လို႔ ေ႐ြးေကာက္ပြဲေကာ္မရွင္က ေျပာၾကားလိုက္ပါတယ္။

ေအာက္တိုဘာလ (၂၀)ရက္ အဂၤါေန႔က ျပဳလုပ္တဲ့ ျပည္ေထာင္စုေရြးေကာက္ပဲြေကာ္မရွင္ရဲ႕ သတင္းစာရွင္းလင္းပဲြအတြင္း ေရြးေကာက္ပဲြလုပ္ဖို႔ရွိမရွိ မဲဆႏၵနယ္ေျမေတြနဲ႔ ပတ္သက္လို႔ ေျပာၾကားခ်က္ေတြကို ဗီြအိုေအသတင္းေထာက္ ေမခ ေကာက္ႏုတ္တင္ျပထားပါတယ္။

ေရွ႕လက်င္းပမယ့္ ေ႐ြးေကာက္ပြဲမွာ တိုင္းနဲ႔ျပည္နယ္ ၆ ခုမွာ လြတ္လပ္မွ်တမႈ ရွိရွိ က်င္းပႏိုင္မယ့္ အေျခအေနမရွိေၾကာင္း ေၾကညာထားေပမဲ့ ဒီအထဲက အမ္းနဲ႔ ပလက္ဝၿမိဳ႕နယ္ေတြက အေျခအေနေတြကို ျပန္သုံးသပ္မွာျဖစ္ေၾကာင္း ေ႐ြးေကာက္ပြဲ ေကာ္မရွင္က ေျပာဆိုလိုက္တာပါ။ ေ႐ြးေကာက္ပြဲ က်င္းပဖို႔ တလေတာင္ မလိုေတာ့တဲ့ အခ်ိန္မွာပဲ ထုတ္ျပန္လိုက္တဲ့ ေၾကညာခ်က္နဲ႔ ပတ္သက္လို႔ ဒီကေန႔ ေနျပည္ေတာ္မွာ က်င္းပတဲ့ သတင္းစာရွင္းလင္းပဲြအတြင္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ဝင္ ဦးျမင့္ႏိုင္က ေျပာဆိုလိုက္တာ ျဖစ္ပါတယ္။

"အမ္းနဲ႔ ပတ္သက္ၿပီးေတာ့လည္းပဲ သက္ဆိုင္ရာက သေဘာထား မွတ္ခ်က္ေတြေပးထားပါတယ္။ အဲ့ဒီအေပၚမွာလည္းပဲ ၾကည့္ၿပီးေတာ့ က်ေနာ္တို႔ ေၾကျငာျခင္းျဖစ္တယ္၊ ျပန္လည္ၿပီးေတာ့ သံုးသပ္မယ္။ ပလက္၀ၿမိဳ႕နယ္ကေတာ့ ေနာက္ထပ္ ထပ္ေၾကျငာစရာရွိတယ္၊ စီစစ္စရာရွိတယ္။ စီစစ္စရာရွိတာကို ဆက္ၿပီး စီစစ္ေနတယ္။ ပလက္၀နဲ႔ ပတ္သက္ၿပီးေတာ့လည္း ထပ္ၿပီး ေၾကျငာစရာရွိပါတယ္။ မက်င္းပႏိုင္ေတာ့ ေရႊ႕ဆိုင္းတဲ့ ကိစၥေတြကေတာ့ ၂၀၁၅ ခုႏွစ္ကလည္းပဲ ဒီနည္းလမ္းအတိုင္းပါပဲ။"

ကခ်င္ျပည္နယ္၊ ကရင္ျပည္နယ္၊ မြန္ျပည္နယ္၊ ရခိုင္ျပည္နယ္၊ ရွမ္းျပည္နယ္နဲ႔ ပဲခူးတိုင္းထဲက နယ္ေျမတခ်ိဳ႕မွာ လြတ္လပ္ၿပီး တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲ က်င္းပဖို႔ အေျခအေနမရွိတဲ့အတြက္ေ႐ြးေကာက္ပြဲ က်င္းပမွာ မဟုတ္ဘူးလို႔ ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္က ၿပီးခဲ့တဲ့ ေသာၾကာေန႔ကပဲ သတင္းထုတ္ျပန္ထားတာပါ။ ဒီထုတ္ျပန္ခ်က္ထဲမွာ ပါဝင္တဲ့ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္မွာ လတ္တေလာ လက္နက္ကိုင္ပဋိပကၡေတြ ျဖစ္ပြားေနတာမ်ိဳး မရွိသလို၊ တခ်ိဳ႕ေဒသေတြဟာလည္း ေ႐ြးေကာက္ပြဲေတြ မက်င္းပႏိုင္ေလာက္ေအာင္ စိုးရိမ္ရေလာက္တဲ့ အေျခအေနမွာ ရွိရဲ႕လားဆိုၿပီး ေမးခြန္းေတြ ထြက္ေပၚေနခ်ိန္မွာပဲ ေကာ္မရွင္က ဒီကေန႔ သတင္းစာရွင္းလင္းပြဲမွာ ျပန္လည္သုံးသပ္မယ့္ အစီအစဥ္ကို ေၾကညာလိုက္တာပါ။

ေကာ္မရွင္ဘက္ကေတာ့ ၂၀၂၀ ေ႐ြးေကာက္ပြဲ မက်င္းပႏိုင္တဲ့ေနရာေတြကုိ ထုတ္ျပန္ေၾကညာဖို႔ ဆုံးျဖတ္ရာမွာ လုံၿခဳံေရးအရ အဆုံးအျဖတ္ ေပးႏိုင္တဲ့ ကာကြယ္ေရးနဲ႔ ျပည္ထဲေရးအပါအဝင္ သက္ဆိုင္ရာဌာနေတြ အဖြဲ႕အစည္းေတြရဲ႕ အႀကံျပဳခ်က္ေတြ ပါဝင္ေၾကာင္းလည္း ေကာ္မရွင္အဖြဲ႕ဝင္ ဦးျမင့္ႏိုင္ကေျပာပါတယ္။

"ကာကြယ္ေရးဝန္ႀကီးဌာန၊ ျပည္ထဲေရးဝန္ႀကီးဌာန စတဲ့ သက္ဆိုင္ရာအဖြဲ႕အစည္းေတြဆီက သေဘာထား မွတ္ခ်က္ေတြကို ေတာင္းခံရယူခဲ့ပါတယ္။ သက္ဆိုင္ရာ ေကာ္မရွင္အဖဲြ႔ခဲြေတြရဲ႕ တင္ျပခ်က္ေတြ၊ ဒါေတြကို စုေပါင္းၿပီးေတာ့ ျပည္ေထာင္စု ေရြးေကာက္ပဲြေကာ္မရွင္က မိမိသေဘာနဲ႔ မိမိ ဆံုးျဖတ္ေနတာ မဟုတ္ဘူး။"

လက္ရွိေ႐ြးေကာက္ပြဲ က်င္းပႏိုင္ျခင္း မရွိဘူးလို႔ ထုတ္ျပန္လိုက္တဲ့ ၿမိဳ႕နယ္ေတြမွာ ရခိုင္ျပည္နယ္က ၿမိဳ႕နယ္ ၉ ၿမိဳ႕နယ္နဲ႔ တျခား ၿမိဳ႕နယ္ ၄ ၿမိဳ႕နယ္က ရပ္ကြက္ေက်း႐ြာ အုပ္စု ၁၅၂ အုပ္စု၊ ကခ်င္ျပည္နယ္က ၿမိဳ႕နယ္ ၁၁ ၿမိဳ႕နယ္မွ ေက်း႐ြာ အုပ္စု ၁၉၂ အုပ္စု၊ ကရင္ျပည္နယ္က ၿမိဳ႕နယ္ ၆ ၿမိဳ႕နယ္ရွိ ေက်း႐ြာအုပ္စု ၅၃ အုပ္စု ပါဝင္ေနပါတယ္။ ေနာက္ၿပီး ရွမ္းျပည္နယ္က ၿမိဳ႕နယ္ ၆ ၿမိဳ႕နယ္နဲ႔ တျခားၿမိဳ႕နယ္ ၁၇ ခုမွ ရပ္ကြက္ေက်း႐ြာ အုပ္စု ၁၅၁ အုပ္စုနဲ႔ မြန္ျပည္နယ္က ေက်း႐ြာအုပ္စု ၁ စုနဲ႔ ပဲခူးတိုင္းက ၿမိဳ႕နယ္ ၂ ခုက ေက်း႐ြာ အုပ္စု ၄၂ အုပ္စု စတာေတြ ပါဝင္ပါတယ္။

ဒီထုတ္ျပန္ခ်က္နဲ႔ ပတ္သက္ၿပီး ျပန္သုံးသပ္ျပင္ဆင္ေပးဖို႔ တိုင္းရင္းသား ၅ ပါတီျဖစ္တဲ့ ကခ်င္ျပည္နယ္ျပည္သူ႔ပါတီ၊ ကယားျပည္နယ္ ဒီမိုကရက္တစ္ပါတီ၊ ကရင္အမ်ိဳးသားဒီမိုကရက္တစ္ပါတီ၊ ခ်င္းအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္နဲ႔ မြန္ညီၫႊတ္ေရးပါတီနဲ႔ တိုင္းရင္းသားႏိုင္ငံေရးပါတီ ၁၃ ပါတီနဲ႔ ဖြဲ႕စည္းထားတဲ့ တိုင္းရင္းသားလူမ်ိဳးမ်ားမဟာမိတ္ (UNA) အဖြဲ႕တို႔က ၿပီးခဲ့တဲ့ ရက္ပိုင္းက ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ထံ ေတာင္းဆိုထားပါတယ္။

ရခိုင္ျပည္နယ္မွာ ေ႐ြးေကာက္ပြဲေတြ မက်င္းပဖို႔ ေၾကညာထားတဲ့ ၿမိဳ႕နယ္ ၉ ၿမိဳ႕နယ္ထဲက အမ္းၿမိဳ႕နယ္နဲ႔ ပတ္သက္လို႔ ျပန္လည္သုံးသပ္မယ့္ အစီအစဥ္ကိုေတာ့ ရခိုင္ျပည္နယ္ ေ႐ြးေကာက္ပြဲေစာင့္ၾကည့္ေလ့လာေရးအဖြဲ႕က ဦးခိုင္ေကာင္းစံက ႀကိဳဆိုလိုက္ပါတယ္။

"အဓိကကေတာ့ ေကာ္မရွင္အေနနဲ႔ ျပန္လည္ သံုးသပ္သင့္တာေပါ့ေနာ္။ ျပန္လည္သံုးသပ္တာကေတာ့ သူတို႔အတြက္ မွန္ကန္တဲ့ သံုးသပ္မႈ ျဖစ္လိမ့္မွာေပါ့။"

ၿပီးခဲ့တဲ့ ၂၀၁၅ ခုႏွစ္ ေ႐ြးေကာက္ပြဲမွာေတာ့ ကခ်င္၊ ကရင္၊ မြန္ျပည္နယ္ေတြနဲ႔ ပဲခူးတိုင္းအတြင္းက ၿမိဳ႕ ၇ ၿမိဳ႕နဲ႔ ေက်း႐ြာအုပ္စု ၆၀၀ ေလာက္အျပင္ ရွမ္းျပည္နယ္ဘက္က ၿမိဳ႕နယ္ ၇ ခုနဲ႔ ဝ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ေဒေသၾတမွာ လုံၿခဳံေရး စိတ္မခ်ရတာေၾကာင့္ ေ႐ြးေကာက္ပြဲ က်င္းပမယ့္ အစီအစဥ္ေတြကို ဖ်က္ခဲ့ရဖူးပါတယ္။ ဒီတႀကိမ္ေ႐ြးေကာက္ပြဲကိုေတာ့ ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈေတြၾကားမွာ က်င္းပရမယ့္ အေျခအေနေၾကာင့္ မဲေပးတဲ့လုပ္ငန္းစဥ္မွာ ထိခိုက္မွာကိုလည္း စိုးရိမ္မႈေတြ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

“အမ်းနဲ့ ပလက်ဝမဲဆန္ဒနယ်ပြန်လည်သုံးသပ်မယ်” ရွေးကောက်ပွဲကော်မရှင်

ရွေးကောက်ပွဲ ကျင်းပနိုင်တဲ့ အခြေအနေမရှိဘူးလို့ ကြေညာထားတဲ့ မဲဆန္ဒနယ်မြေတွေထဲက ရခိုင်ပြည်နယ် အမ်းမြို့နယ်နဲ့ရွေးကောက်ပွဲကျင်းပဖို့ ရှိနေပေမဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေက အခြေအနေတွေကို ပြန်လည်သုံးသပ် ထုတ်ပြန်ပေးမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြောကြားလိုက်ပါတယ်။

အောက်တိုဘာလ (၂၀)ရက် အင်္ဂါနေ့က ပြုလုပ်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ရွေးကောက်ပွဲလုပ်ဖို့ရှိမရှိ မဲဆန္ဒနယ်မြေတွေနဲ့ ပတ်သက်လို့ ပြောကြားချက်တွေကို ဗွီအိုအေသတင်းထောက် မေခ ကောက်နုတ်တင်ပြထားပါတယ်။

ရှေ့လကျင်းပမယ့် ရွေးကောက်ပွဲမှာ တိုင်းနဲ့ပြည်နယ် ၆ ခုမှာ လွတ်လပ်မျှတမှု ရှိရှိ ကျင်းပနိုင်မယ့် အခြေအနေမရှိကြောင်း ကြေညာထားပေမဲ့ ဒီအထဲက အမ်းနဲ့ ပလက်ဝမြို့နယ်တွေက အခြေအနေတွေကို ပြန်သုံးသပ်မှာဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ပြောဆိုလိုက်တာပါ။ ရွေးကောက်ပွဲ ကျင်းပဖို့ တလတောင် မလိုတော့တဲ့ အချိန်မှာပဲ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်နဲ့ ပတ်သက်လို့ ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

"အမ်းနဲ့ ပတ်သက်ပြီးတော့လည်းပဲ သက်ဆိုင်ရာက သဘောထား မှတ်ချက်တွေပေးထားပါတယ်။ အဲ့ဒီအပေါ်မှာလည်းပဲ ကြည့်ပြီးတော့ ကျနော်တို့ ကြေငြာခြင်းဖြစ်တယ်၊ ပြန်လည်ပြီးတော့ သုံးသပ်မယ်။ ပလက်ဝမြို့နယ်ကတော့ နောက်ထပ် ထပ်ကြေငြာစရာရှိတယ်၊ စီစစ်စရာရှိတယ်။ စီစစ်စရာရှိတာကို ဆက်ပြီး စီစစ်နေတယ်။ ပလက်ဝနဲ့ ပတ်သက်ပြီးတော့လည်း ထပ်ပြီး ကြေငြာစရာရှိပါတယ်။ မကျင်းပနိုင်တော့ ရွှေ့ဆိုင်းတဲ့ ကိစ္စတွေကတော့ ၂၀၁၅ ခုနှစ်ကလည်းပဲ ဒီနည်းလမ်းအတိုင်းပါပဲ။"

ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ပဲခူးတိုင်းထဲက နယ်မြေတချို့မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ အခြေအနေမရှိတဲ့အတွက်ရွေးကောက်ပွဲ ကျင်းပမှာ မဟုတ်ဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပြီးခဲ့တဲ့ သောကြာနေ့ကပဲ သတင်းထုတ်ပြန်ထားတာပါ။ ဒီထုတ်ပြန်ချက်ထဲမှာ ပါဝင်တဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ လတ်တလော လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားနေတာမျိုး မရှိသလို၊ တချို့ဒေသတွေဟာလည်း ရွေးကောက်ပွဲတွေ မကျင်းပနိုင်လောက်အောင် စိုးရိမ်ရလောက်တဲ့ အခြေအနေမှာ ရှိရဲ့လားဆိုပြီး မေးခွန်းတွေ ထွက်ပေါ်နေချိန်မှာပဲ ကော်မရှင်က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြန်လည်သုံးသပ်မယ့် အစီအစဉ်ကို ကြေညာလိုက်တာပါ။

ကော်မရှင်ဘက်ကတော့ ၂၀၂၀ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့နေရာတွေကို ထုတ်ပြန်ကြေညာဖို့ ဆုံးဖြတ်ရာမှာ လုံခြုံရေးအရ အဆုံးအဖြတ် ပေးနိုင်တဲ့ ကာကွယ်ရေးနဲ့ ပြည်ထဲရေးအပါအဝင် သက်ဆိုင်ရာဌာနတွေ အဖွဲ့အစည်းတွေရဲ့ အကြံပြုချက်တွေ ပါဝင်ကြောင်းလည်း ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်ကပြောပါတယ်။

"ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန စတဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေဆီက သဘောထား မှတ်ချက်တွေကို တောင်းခံရယူခဲ့ပါတယ်။ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲတွေရဲ့ တင်ပြချက်တွေ၊ ဒါတွေကို စုပေါင်းပြီးတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မိမိသဘောနဲ့ မိမိ ဆုံးဖြတ်နေတာ မဟုတ်ဘူး။"

လက်ရှိရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိဘူးလို့ ထုတ်ပြန်လိုက်တဲ့ မြို့နယ်တွေမှာ ရခိုင်ပြည်နယ်က မြို့နယ် ၉ မြို့နယ်နဲ့ တခြား မြို့နယ် ၄ မြို့နယ်က ရပ်ကွက်ကျေးရွာ အုပ်စု ၁၅၂ အုပ်စု၊ ကချင်ပြည်နယ်က မြို့နယ် ၁၁ မြို့နယ်မှ ကျေးရွာ အုပ်စု ၁၉၂ အုပ်စု၊ ကရင်ပြည်နယ်က မြို့နယ် ၆ မြို့နယ်ရှိ ကျေးရွာအုပ်စု ၅၃ အုပ်စု ပါဝင်နေပါတယ်။ နောက်ပြီး ရှမ်းပြည်နယ်က မြို့နယ် ၆ မြို့နယ်နဲ့ တခြားမြို့နယ် ၁၇ ခုမှ ရပ်ကွက်ကျေးရွာ အုပ်စု ၁၅၁ အုပ်စုနဲ့ မွန်ပြည်နယ်က ကျေးရွာအုပ်စု ၁ စုနဲ့ ပဲခူးတိုင်းက မြို့နယ် ၂ ခုက ကျေးရွာ အုပ်စု ၄၂ အုပ်စု စတာတွေ ပါဝင်ပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ပြန်သုံးသပ်ပြင်ဆင်ပေးဖို့ တိုင်းရင်းသား ၅ ပါတီဖြစ်တဲ့ ကချင်ပြည်နယ်ပြည်သူ့ပါတီ၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ မွန်ညီညွှတ်ရေးပါတီနဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီ ၁၃ ပါတီနဲ့ ဖွဲ့စည်းထားတဲ့ တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) အဖွဲ့တို့က ပြီးခဲ့တဲ့ ရက်ပိုင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တောင်းဆိုထားပါတယ်။

ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲတွေ မကျင်းပဖို့ ကြေညာထားတဲ့ မြို့နယ် ၉ မြို့နယ်ထဲက အမ်းမြို့နယ်နဲ့ ပတ်သက်လို့ ပြန်လည်သုံးသပ်မယ့် အစီအစဉ်ကိုတော့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့က ဦးခိုင်ကောင်းစံက ကြိုဆိုလိုက်ပါတယ်။

"အဓိကကတော့ ကော်မရှင်အနေနဲ့ ပြန်လည် သုံးသပ်သင့်တာပေါ့နော်။ ပြန်လည်သုံးသပ်တာကတော့ သူတို့အတွက် မှန်ကန်တဲ့ သုံးသပ်မှု ဖြစ်လိမ့်မှာပေါ့။"

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာတော့ ကချင်၊ ကရင်၊ မွန်ပြည်နယ်တွေနဲ့ ပဲခူးတိုင်းအတွင်းက မြို့ ၇ မြို့နဲ့ ကျေးရွာအုပ်စု ၆၀၀ လောက်အပြင် ရှမ်းပြည်နယ်ဘက်က မြို့နယ် ၇ ခုနဲ့ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသေတြမှာ လုံခြုံရေး စိတ်မချရတာကြောင့် ရွေးကောက်ပွဲ ကျင်းပမယ့် အစီအစဉ်တွေကို ဖျက်ခဲ့ရဖူးပါတယ်။ ဒီတကြိမ်ရွေးကောက်ပွဲကိုတော့ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေကြားမှာ ကျင်းပရမယ့် အခြေအနေကြောင့် မဲပေးတဲ့လုပ်ငန်းစဉ်မှာ ထိခိုက်မှာကိုလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG