သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာလ က်င္းပမယ့္ေရြးေကာက္ပြဲ ႀကိဳတင္မဲေပးသူ မ်ားႏုိင္


မြန္ျပည္နယ္ ေပါင္ၿမိဳ႕မွာ ဆႏၵမဲေပးခြင့္ရွိသူ အမည္စာရင္းကို ၾကည့္႐ႈေနသူတခ်ဳိ႕။ (ဇူလုိင္ ၂၇၊ ၂၀၂၀။ ဓာတ္ပုံ - MOI)

[Zawgyi/Unicode]

ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ ႀကံဳေနရခ်ိန္မွာ က်င္းပမယ့္ ေရြးေကာက္ပဲြမွာ ႀကိဳတင္မဲေပးမယ့္သူ အေရအတြက္ အရင္ထက္ ပုိမ်ားမယ္လုိ႔ ခန္႔မွန္းေနတာေၾကာင့္ အမွားအယြင္းေတြနဲ႔ အားနည္းခ်က္ေတြ မျဖစ္ဖုိ႔လည္း သတိေပးေနၾကတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေမခက သတင္းေပးပို႔ထားပါတယ္။

ကပ္ေရာဂါေၾကာင့္ သြားလာလႈပ္ရွားမႈေတြ ကန္႔သတ္ထားရတာေၾကာင့္ ဒီႏွစ္ေရြးေကာက္ပဲြမွာ ႀကိဳတင္မဲေပးမယ့္သူေတြအတြက္ ျပည္ေထာင္စု ေရြးေကာက္ပဲြ ေကာ္မရွင္က အစီအစဥ္သစ္ေတြကုိ ျပင္ဆင္ေနတာပါ။ သက္ႀကီးပုိင္းေတြ ေရွ႕သီတင္းပတ္ကစ ႀကိဳတင္မဲေပးမယ့္ အစီအစဥ္အပါအ၀င္ ျပည္တြင္းျပည္ပ ႀကိဳတင္မဲေပးသူ အေရအတြက္ ဒီႏွစ္မွာ ပုိမ်ားမယ္လုိ႔ ခန္႔မွန္းထားေၾကာင္းလည္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ၫႊန္ၾကားေရးမႈးခ်ဳပ္ ဦးခင္ေမာင္ဦးကေျပာပါတယ္။

"ႀကိဳတင္မဲဆိုတာကေတာ့ ႏိုင္ငံျခားႀကိဳတင္မဲလည္း ရွိတယ္ေလ။ ေက်ာင္းေတြ၊ ေဆးရံုေတြ၊ အခ်ဳပ္ေတြ အဲဒီမွာရွိတဲ့ ၾကိဳတင္မဲလည္းရွိတယ္ေလ။ ေနာက္ၿပီးေတာ့ တပ္မေတာ္ဝင္မ်ားနဲ႔ အတူေန မိသားစုေတြရဲ႕ ၾကိဳတင္မဲလည္း ရွိတယ္ေလ။ ဥပေဒနဲ႔အညီ အဲဒါေတြကလည္းရွိတယ္။ အဲဒါေတြအျပင္ ၁၀ ရက္ၾကိဳတင္မဲဆိုတာလည္းရွိတယ္၊ ၂ ရက္ ၾကိဳတင္မဲဆိုတာလည္း ရွိတာေပါ့ေနာ့္။ ရွိတဲ့အခါက်ေတာ့ process ကေတာ့ အဲဒီအတိုင္းရွိမယ္။ အခုဟာက်ေတာ့ ဒီမွာက ကိုဗစ္ေၾကာင့္ ထူးျခားတာေလးကေတာ့ အသက္ ၆၀ အထက္ stay at home ၿမိဳ႕ေတြရွိတယ္။ ေနာက္ ၁ square kilometer မွာ လူ ၅,၀၀၀ အထက္ ရွိတဲ့ ေနရာေတြ... ၿမိဳ႕နယ္ ၇၀ ေက်ာ္ ရွိတယ္။ အဲဒီက ပုဂၢိဳလ္ေတြက ကိုဗစ္ အႏၱရာယ္ရွိေတာ့ ၾကိဳတင္မဲေပးခိုင္းတာေၾကာင့္ ၾကိဳတင္မဲေတြ ရွိတယ္။ ၾကိဳတင္မဲ process က လုပ္ေနတာေတြလည္း ရွိတယ္။ ေနာက္ ၂၉ ရက္ကေန ၅ ရက္အထိ ထပ္လုပ္မွာေတြလည္း ရွိတယ္။ မေရာက္ေသးတာေတြလည္းရွိတယ္။ ဒါေပမဲ့ သာမန္အားျဖင့္ေတာ့ ဒီကိုဗစ္ေၾကာင့္ နည္းနည္းေတာ့ တိုးလာမွာေပါ့ေလ။ ဒါ ဥပေဒနဲ႔အညီလုပ္တာျဖစ္ပါတယ္။"

ရန္ကုန္နဲ႔ မႏၲေလးတုိင္းအတြင္း ၃၄ ၿမိဳ႕နယ္က သက္ႀကီးပုိင္းေတြအတြက္ အိမ္တုိင္ယာေရာက္သြားၿပီး ႀကိဳတင္မဲေတြ ေကာက္ခံမယ့္ အစီအစဥ္ကုိ ေကာ္မရွင္က ေအာက္တုိဘာလ ၂၉ ရက္ေန႔ကေန ႏုိ၀င္ဘာ ၅ ရက္အတြင္း ေဆာင္ရြက္သြားဖုိ႔ ရည္ရြယ္ထားတာပါ။

ကပ္ေရာဂါေၾကာင့္ ႀကိဳတင္မဲေပးမယ့္သူေတြ ပုိမ်ားလာတာနဲ႔အမွ် အခက္အခဲေတြနဲ႔ အမွားအယြင္းေတြ ပုိမ်ားလာမွာကုိလည္း ေရြးေကာက္ပဲြ အကဲခတ္ေတြၾကားမွာ စုိးရိမ္ေနၾကပါတယ္။ အရင္က ေရြးေကာက္ပဲြေတြမွာ ႀကိဳတင္မဲ ေကာက္ခံမႈနဲ႔ ပတ္သက္လုိ႔ ျပႆနာေတြေပၚခဲ့ဖူးတာေၾကာင့္ စနစ္တက် ျပင္ဆင္ထားဖုိ႔ လုိတယ္လုိ႔လည္း ေရြးေကာက္ပဲြ ေစာင့္ၾကည့္ အကဲခတ္ေနတဲ့ Open Myanmar Initiative (OMI) က အမႈေဆာင္ ဒါ႐ိုက္တာ ဦးေအးေက်ာ္က ေျပာပါတယ္။

"ေသခ်ာတာက အဲဒီလို လွ်ိဳ႕ဝွက္ဆႏၵျပဳခန္းတို႔၊ ဘာတို႔ မရွိဘဲနဲဲ႔ မဲေပးတာက open ၾကီးလို ျဖစ္ေနေတာ့ေလ... ပံုမွန္ က်ေနာ္တို႔ ေရြးေကာက္ပဲြဥပေဒအရ ၾကိဳတင္မဲ ေပးရတဲ့ အေရအတြက္က ေတာ္ေတာ္ေလး ရာခိုင္ႏႈန္းအားျဖင့္နည္းတာေပါ့ေနာ္။ ကူးစက္ေရာဂါကလည္း က်ေရာက္ေနတဲ့ ကာလျဖစ္ေတာ့ ရာခိုင္ႏႈန္းအားျဖင့္ ေသခ်ာတယ္... ၄၀ ရာခိုင္ႏႈန္းေလာက္ေတာင္ ျဖစ္လာႏိုင္တာေပါ့ေနာ္။ အဲဒီေတာ့ ၾကိဳတင္မဲေတြကေတာ့ သိပ္လြတ္လပ္မႈမရွိဘူးေပါ့ေနာ္။ အဲဒီလို လြတ္လပ္မႈမရွိတဲ့ အေျခအေနေတြ ရွိတဲ့အတြက္ ၾကိဳတင္မဲ မ်ားတာနဲ႔ အမ်ွ ဒီေရြးေကာက္ပဲြရဲ႕ တရားမွ်တမႈ လြတ္လပ္တဲ့ဟာကေတာ့ ထိခိုင္လာႏိုင္တာမ်ိဳးေတာ့ ရွိတယ္ဗ်။ အဲဒီေတာ့ ေကာ္မရွင္ကလည္း အဲဒီၾကိဳတင္မဲေတြကို ဘယ္လိုပံုစံနဲ႔ေပါ့ေနာ္... မဲထည့္ခိုင္းဖို႔ လုပ္မလဲဆိုတဲ့ဟာက အခုအခ်ိန္အထိ ထုတ္ျပန္တာမ်ိဳးေတြ မရွိေသးဘူး။ ကိုယ့္တိုက္အေရွ႕ကို ကိုယ္က အေပၚကေနေအာက္ဆင္းၿပီး ထည့္ရမွာလား။ ဘယ္ေန႔ ဘယ္ရက္လာမွာလဲ။ အဲဒါမ်ိဳးေတြကို မဲဆႏၵရွင္ေတြဆီ သိေအာင္ လုပ္သင့္တယ္လို႔ တိုက္တြန္းခ်င္တယ္ဗ်။

Panna Institute က ပ႐ိုဂရမ္ မန္ေနဂ်ာ ဦးေအာင္ႏိုင္ေမာ္ကေတာ့ ႀကိဳတင္မဲေပးႏုိင္ေအာင္ ေကာ္မရွင္က စီစဥ္ေနတဲ့အေပၚ ႀကိဳဆုိေပမဲ့ အားနည္းခ်က္ေတြလည္း ရွိေနတယ္လုိ႔ ျမင္ပါတယ္။ အထူးသျဖင့္ ေရြးေကာက္ပဲြ ေစာင့္ၾကည့္ အကဲခတ္သူေတြ အရပ္ဘက္ အဖဲြ႔အစည္းေတြနဲ႔ ေကာ္မရွင္က ပူးေပါင္းေဆာင္ရြက္မႈေတြ အားနည္းေနတယ္လုိ႔လည္း ေျပာပါတယ္။

"ၾကိဳတင္မဲေပးတဲ့အခါမွာ က်ေနာ္တို႔က ဒီမဲရံုမွဴး လက္မွတ္ထိုးတာမဟုတ္ဘူး။ စာရြက္ရဲ႕ေနာက္ေက်ာ၊ ဒီ မဲလက္မွတ္ရဲ႕ ေနာက္ေက်ာမွာ သက္ဆိုင္ရာ ေကာ္မရွင္ အဖဲြ႔ခဲြက တာဝန္ရွိတဲ့သူရဲ႕ လက္မွတ္နဲ႔ ပါဖို႔လိုတယ္။ အဲဒီတခ်က္ကို မျဖစ္မေန သိဖို႔လိုတယ္။ ၾကိဳတင္မဲက ကိုယ္က ေပးေတာ့ေပးလိုက္ပါရဲ႕ ဒါေပမဲ့ ကိုယ္ၾကိဳတင္မဲေပးတဲ့ မဲလက္မွတ္ရဲ႕ ေနာက္ေက်ာဘက္မွာ သက္ဆိုင္ရာ ေရြးေကာက္ပဲြ ေကာ္မရွင္အဖဲြ႔ခဲြရဲ႕ seal တံဆိပ္နဲ႔ လက္မွတ္မပါဘူးဆိုရင္ ဒါသည္ ပယ္မဲ ျဖစ္ႏိုင္တယ္ေပါ့ေနာ္။ အဲဒါေၾကာင့္မို႔ ၾကိဳတင္မဲေပးမယ့္သူေတြက ၾကိဳတင္မဲရဲ႕ ေနာက္ေက်ာဘက္ကို မျဖစ္မေန ေသခ်ာၾကည့္ဖို႔လိုတယ္။"

ႏုိ၀င္ဘာလ ၈ ရက္ေန႔မွာ က်င္းပမယ့္ ေရြးေကာက္ပဲြမွာေတာ့ ႏိုင္ငံေရးပါတီေပါင္း ၉၀ ေက်ာ္နဲ႔ တသီးပုဂၢလ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမွာျဖစ္ၿပီး မဲေပးခြင့္ရွိသူ ၃၇ သန္းေက်ာ္ ရွိမယ္လို႔လည္း ေ႐ြးေကာက္ပြဲ ေကာ္မရွင္က သတင္းထုတ္ျပန္ထားပါတယ္။ ဒါေပမဲ့လည္း ကပ္ေရာဂါကာလ သြားလာလႈပ္ရွားမႈေတြ ကန္႔သတ္ထားတာေၾကာင့္ ေရြးေကာက္ပဲြ လုပ္ငန္းစဥ္မွာ ထိခုိက္ႏုိင္တယ္လုိ႔ ခန္႔မွန္းေနၾကသလုိ လြတ္လပ္မွ်တတဲ့ အေျခအေနေတြ မရွိဘူးဆုိၿပီး မဲဆႏၵ နယ္ေျမတခ်ဳိ႕မွာ ေရြးေကာက္ပဲြ က်င္းပမယ့္အစီအစဥ္ကုိ ပယ္ဖ်က္ထားတာေၾကာင့္ ခန္႔မွန္းေျခမဲဆႏၵရွင္ ၁,၀၀၀,၀၀၀ ေက်ာ္ေလာက္ မဲေပးခြင့္ ဆုံး႐ႈံးရမယ့္ အေျခအေနမွာ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်ကာလ ကျင်းပမယ့်ရွေးကောက်ပွဲ ကြိုတင်မဲပေးသူ များနိုင်

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ ကြုံနေရချိန်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ကြိုတင်မဲပေးမယ့်သူ အရေအတွက် အရင်ထက် ပိုများမယ်လို့ ခန့်မှန်းနေတာကြောင့် အမှားအယွင်းတွေနဲ့ အားနည်းချက်တွေ မဖြစ်ဖို့လည်း သတိပေးနေကြတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

ကပ်ရောဂါကြောင့် သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ထားရတာကြောင့် ဒီနှစ်ရွေးကောက်ပွဲမှာ ကြိုတင်မဲပေးမယ့်သူတွေအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အစီအစဉ်သစ်တွေကို ပြင်ဆင်နေတာပါ။ သက်ကြီးပိုင်းတွေ ရှေ့သီတင်းပတ်ကစ ကြိုတင်မဲပေးမယ့် အစီအစဉ်အပါအဝင် ပြည်တွင်းပြည်ပ ကြိုတင်မဲပေးသူ အရေအတွက် ဒီနှစ်မှာ ပိုများမယ်လို့ ခန့်မှန်းထားကြောင်းလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ညွှန်ကြားရေးမှုးချုပ် ဦးခင်မောင်ဦးကပြောပါတယ်။

"ကြိုတင်မဲဆိုတာကတော့ နိုင်ငံခြားကြိုတင်မဲလည်း ရှိတယ်လေ။ ကျောင်းတွေ၊ ဆေးရုံတွေ၊ အချုပ်တွေ အဲဒီမှာရှိတဲ့ ကြိုတင်မဲလည်းရှိတယ်လေ။ နောက်ပြီးတော့ တပ်မတော်ဝင်များနဲ့ အတူနေ မိသားစုတွေရဲ့ ကြိုတင်မဲလည်း ရှိတယ်လေ။ ဥပဒေနဲ့အညီ အဲဒါတွေကလည်းရှိတယ်။ အဲဒါတွေအပြင် ၁၀ ရက်ကြိုတင်မဲဆိုတာလည်းရှိတယ်၊ ၂ ရက် ကြိုတင်မဲဆိုတာလည်း ရှိတာပေါ့နော့်။ ရှိတဲ့အခါကျတော့ process ကတော့ အဲဒီအတိုင်းရှိမယ်။ အခုဟာကျတော့ ဒီမှာက ကိုဗစ်ကြောင့် ထူးခြားတာလေးကတော့ အသက် ၆၀ အထက် stay at home မြို့တွေရှိတယ်။ နောက် ၁ square kilometer မှာ လူ ၅,၀၀၀ အထက် ရှိတဲ့ နေရာတွေ... မြို့နယ် ၇၀ ကျော် ရှိတယ်။ အဲဒီက ပုဂ္ဂိုလ်တွေက ကိုဗစ် အန္တရာယ်ရှိတော့ ကြိုတင်မဲပေးခိုင်းတာကြောင့် ကြိုတင်မဲတွေ ရှိတယ်။ ကြိုတင်မဲ process က လုပ်နေတာတွေလည်း ရှိတယ်။ နောက် ၂၉ ရက်ကနေ ၅ ရက်အထိ ထပ်လုပ်မှာတွေလည်း ရှိတယ်။ မရောက်သေးတာတွေလည်းရှိတယ်။ ဒါပေမဲ့ သာမန်အားဖြင့်တော့ ဒီကိုဗစ်ကြောင့် နည်းနည်းတော့ တိုးလာမှာပေါ့လေ။ ဒါ ဥပဒေနဲ့အညီလုပ်တာဖြစ်ပါတယ်။"

ရန်ကုန်နဲ့ မန္တလေးတိုင်းအတွင်း ၃၄ မြို့နယ်က သက်ကြီးပိုင်းတွေအတွက် အိမ်တိုင်ယာရောက်သွားပြီး ကြိုတင်မဲတွေ ကောက်ခံမယ့် အစီအစဉ်ကို ကော်မရှင်က အောက်တိုဘာလ ၂၉ ရက်နေ့ကနေ နိုဝင်ဘာ ၅ ရက်အတွင်း ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားတာပါ။

ကပ်ရောဂါကြောင့် ကြိုတင်မဲပေးမယ့်သူတွေ ပိုများလာတာနဲ့အမျှ အခက်အခဲတွေနဲ့ အမှားအယွင်းတွေ ပိုများလာမှာကိုလည်း ရွေးကောက်ပွဲ အကဲခတ်တွေကြားမှာ စိုးရိမ်နေကြပါတယ်။ အရင်က ရွေးကောက်ပွဲတွေမှာ ကြိုတင်မဲ ကောက်ခံမှုနဲ့ ပတ်သက်လို့ ပြဿနာတွေပေါ်ခဲ့ဖူးတာကြောင့် စနစ်တကျ ပြင်ဆင်ထားဖို့ လိုတယ်လို့လည်း ရွေးကောက်ပွဲ စောင့်ကြည့် အကဲခတ်နေတဲ့ Open Myanmar Initiative (OMI) က အမှုဆောင် ဒါရိုက်တာ ဦးအေးကျော်က ပြောပါတယ်။

"သေချာတာက အဲဒီလို လျှို့ဝှက်ဆန္ဒပြုခန်းတို့၊ ဘာတို့ မရှိဘဲနဲ့ မဲပေးတာက open ကြီးလို ဖြစ်နေတော့လေ... ပုံမှန် ကျနော်တို့ ရွေးကောက်ပွဲဥပဒေအရ ကြိုတင်မဲ ပေးရတဲ့ အရေအတွက်က တော်တော်လေး ရာခိုင်နှုန်းအားဖြင့်နည်းတာပေါ့နော်။ ကူးစက်ရောဂါကလည်း ကျရောက်နေတဲ့ ကာလဖြစ်တော့ ရာခိုင်နှုန်းအားဖြင့် သေချာတယ်... ၄၀ ရာခိုင်နှုန်းလောက်တောင် ဖြစ်လာနိုင်တာပေါ့နော်။ အဲဒီတော့ ကြိုတင်မဲတွေကတော့ သိပ်လွတ်လပ်မှုမရှိဘူးပေါ့နော်။ အဲဒီလို လွတ်လပ်မှုမရှိတဲ့ အခြေအနေတွေ ရှိတဲ့အတွက် ကြိုတင်မဲ များတာနဲ့ အမျှ ဒီရွေးကောက်ပွဲရဲ့ တရားမျှတမှု လွတ်လပ်တဲ့ဟာကတော့ ထိခိုင်လာနိုင်တာမျိုးတော့ ရှိတယ်ဗျ။ အဲဒီတော့ ကော်မရှင်ကလည်း အဲဒီကြိုတင်မဲတွေကို ဘယ်လိုပုံစံနဲ့ပေါ့နော်... မဲထည့်ခိုင်းဖို့ လုပ်မလဲဆိုတဲ့ဟာက အခုအချိန်အထိ ထုတ်ပြန်တာမျိုးတွေ မရှိသေးဘူး။ ကိုယ့်တိုက်အရှေ့ကို ကိုယ်က အပေါ်ကနေအောက်ဆင်းပြီး ထည့်ရမှာလား။ ဘယ်နေ့ ဘယ်ရက်လာမှာလဲ။ အဲဒါမျိုးတွေကို မဲဆန္ဒရှင်တွေဆီ သိအောင် လုပ်သင့်တယ်လို့ တိုက်တွန်းချင်တယ်ဗျ။

Panna Institute က ပရိုဂရမ် မန်နေဂျာ ဦးအောင်နိုင်မော်ကတော့ ကြိုတင်မဲပေးနိုင်အောင် ကော်မရှင်က စီစဉ်နေတဲ့အပေါ် ကြိုဆိုပေမဲ့ အားနည်းချက်တွေလည်း ရှိနေတယ်လို့ မြင်ပါတယ်။ အထူးသဖြင့် ရွေးကောက်ပွဲ စောင့်ကြည့် အကဲခတ်သူတွေ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ကော်မရှင်က ပူးပေါင်းဆောင်ရွက်မှုတွေ အားနည်းနေတယ်လို့လည်း ပြောပါတယ်။

"ကြိုတင်မဲပေးတဲ့အခါမှာ ကျနော်တို့က ဒီမဲရုံမှူး လက်မှတ်ထိုးတာမဟုတ်ဘူး။ စာရွက်ရဲ့နောက်ကျော၊ ဒီ မဲလက်မှတ်ရဲ့ နောက်ကျောမှာ သက်ဆိုင်ရာ ကော်မရှင် အဖွဲ့ခွဲက တာဝန်ရှိတဲ့သူရဲ့ လက်မှတ်နဲ့ ပါဖို့လိုတယ်။ အဲဒီတချက်ကို မဖြစ်မနေ သိဖို့လိုတယ်။ ကြိုတင်မဲက ကိုယ်က ပေးတော့ပေးလိုက်ပါရဲ့ ဒါပေမဲ့ ကိုယ်ကြိုတင်မဲပေးတဲ့ မဲလက်မှတ်ရဲ့ နောက်ကျောဘက်မှာ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရဲ့ seal တံဆိပ်နဲ့ လက်မှတ်မပါဘူးဆိုရင် ဒါသည် ပယ်မဲ ဖြစ်နိုင်တယ်ပေါ့နော်။ အဲဒါကြောင့်မို့ ကြိုတင်မဲပေးမယ့်သူတွေက ကြိုတင်မဲရဲ့ နောက်ကျောဘက်ကို မဖြစ်မနေ သေချာကြည့်ဖို့လိုတယ်။"

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာတော့ နိုင်ငံရေးပါတီပေါင်း ၉၀ ကျော်နဲ့ တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်တွေ ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး မဲပေးခွင့်ရှိသူ ၃၇ သန်းကျော် ရှိမယ်လို့လည်း ရွေးကောက်ပွဲ ကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့လည်း ကပ်ရောဂါကာလ သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ထားတာကြောင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ ထိခိုက်နိုင်တယ်လို့ ခန့်မှန်းနေကြသလို လွတ်လပ်မျှတတဲ့ အခြေအနေတွေ မရှိဘူးဆိုပြီး မဲဆန္ဒ နယ်မြေတချို့မှာ ရွေးကောက်ပွဲ ကျင်းပမယ့်အစီအစဉ်ကို ပယ်ဖျက်ထားတာကြောင့် ခန့်မှန်းခြေမဲဆန္ဒရှင် ၁,၀၀၀,၀၀၀ ကျော်လောက် မဲပေးခွင့် ဆုံးရှုံးရမယ့် အခြေအနေမှာ ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG