သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကပ္ေရာဂါေၾကာင့္ မဲရံုမသြားႏိုင္သူေတြ ႀကိဳတင္မဲေပးႏိုင္ဖို႔ စီစဥ္


၂၀၁၅ ခုႏွစ္ေရြးေကာက္ပဲြတုန္းက ရန္ကုန္ၿမိဳ႕ရွိ မဲရံုတခုမွာ မဲမ်ား ကို ေရတြက္ေနတဲ့ ျမင္ကြင္း။ (ႏို၀င္ဘာ ၀၈၊ ၂၀၁၅)

[Zawgyi/Unicode]

ကုိဗစ္ကပ္ေရာဂါကာလ မၾကာခင္က်င္းပမယ့္ ေရြးေကာက္ပဲြမွာ မဲေပးဖုိ႔ အခက္အခဲရွိသူေတြ ႀကိဳတင္မဲေပးႏိုင္ေအာင္ ျပင္ဆင္ထားတဲ့ အေျခအေနကုိ ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မအိမ့္သႏၲာထြန္းက ေျပာျပပါမယ္။

ကပ္ေရာဂါကူးစက္မႈ အမ်ားဆုံးႀကံဳေနရာတာေၾကာင့္ အိမ္ျပင္မထြက္ရ အမိန္႔ထုတ္ထားတဲ့ ရန္ကုန္တုိင္း အပါအ၀င္ ႏုိင္ငံအ၀န္းမွာ ႀကိဳတင္ဆႏၵမဲ ေပးႏုိင္ေအာင္ စီစဥ္ေနတယ္လုိ႔ ေကာ္မရွင္ တာ၀န္ရွိသူေတြက ေျပာပါတယ္။ ႀကိဳတင္မဲေတြကုိေတာ့ လာမယ့္ၾကာသပေတးေန႔ကစလုိ႔ ေရြးေကာက္ပဲြမတုိင္ခင္ ၁ ရက္အလုိ ႏိုဝင္ဘာလ ၇ ရက္ေန႔အထိ ခြင့္ျပဳသြားမွာ ျဖစ္တယ္လုိ႔လည္း ေကာ္မရွင္ တာ၀န္ရွိသူေတြက ေျပာပါတယ္။

ကပ္ေရာဂါေၾကာင့္ အိမ္မွာပဲ ႀကိဳတင္မဲေပးခြင့္ျပဳထားတဲ့ အသက္ ၆၀ နဲ႔အထက္ သက္ႀကီးပုိင္းေတြ၊ နာမက်န္းသူေတြအျပင္၊ ကိုဗစ္သံသယနဲ႔ Quarantine ဝင္ေနရသူ ခန္႔မွန္းေျခ ၂ ေသာင္း ဝန္းက်င္ေလာက္ကုိ က်န္းမာေရး လမ္းညႊန္ခ်က္ေတြနဲ႔အညီ ႀကိဳတင္မဲေတြ ေကာက္ယူဖုိ႔ စီစဥ္ထားတယ္လုိ႔လည္း ရန္ကုန္တုိင္း၊ ေတာင္ပိုင္းခ႐ိုင္ေကာ္မရွင္ဥကၠ႒ ဦးသိန္းလႈိင္က ေျပာပါတယ္။

“က်ေနာ္တို႔က Stay at Home ၿမိဳ႕နယ္ေတြျဖစ္တဲ့အတြက္ေၾကာင့္မို႔လို႔ အိမ္တိုင္ယာေရာက္ သြားၿပီးေတာ့ ေကာက္ပါတယ္။ အဲ့ဒီမွာ ရပ္ေက်းေတြအေနနဲ႔ အစုအဖြဲ႕ေတြ စုဖြဲ႕မယ္။ ၿပီးရင္ ေၾကညာထားတဲ့ လမ္းေတြေပါ့ဗ်ာ၊ အဲ့ဒီကို က်ေနာ္တို႔ ကိုယ္တိုင္ကိုယ္က် သြားၿပီးေတာ့ က်ေနာ္တို႔ ေကာက္မွာပါ။ အသက္ ၆၀ ေက်ာ္ရယ္၊ နာမက်န္းျဖစ္သူရယ္ေပါ့၊ အဲ့ဒီမွာ က်ေနာ္တို႔ တစ္ခါတည္း ေကာက္မွာပါ။ အနည္းဆုံး ၅ ေယာက္ေပါ့၊ အုပ္စုဖြဲ႕မယ္။ က်ေနာ္တို႔ စည္းမ်ဥ္းလုပ္ထားတယ္။ စည္းမ်ဥ္းေတြနဲ႔ က်ေနာ္တို႔ ေကာက္ပါမယ္ ခင္ဗ်။”

ကပ္ေရာဂါကူးစက္မႈ ရွိ၊ မရွိ ေစာင့္ၾကည့္စစ္ေဆးခံေနရသူေတြ ႀကိဳတင္မဲ ေကာက္ယူရာမွာေတာ့ က်န္းမာေရး၀န္ထမ္းေတြပါ အကူအညီေပးဖုိ႔ စီစဥ္ထားတယ္လုိ႔လည္း ခ႐ိုင္ေကာ္မရွင္ဥကၠ႒ ဦးသိန္းလႈိင္ကေျပာပါတယ္။

“Quarantine Center ေတြက်ေတာ့ က်ေနာ္တို႔က အစုအဖြဲ႕လိုက္ေတာ့ မသြားဘူးဗ်၊ ေကာ္မရွင္ အဖြဲ႕ဝင္ ၂ ေယာက္က ေနၿပီးေတာ့ သတ္မွတ္ထားတဲ့ အခ်ိန္မွာ သြားၿပီးေတာ့ ႀကိဳတင္မဲ ေပးဖို႔ ဆႏၵရွိမရွိဆိုတာ အရင္ ေမးမယ္ေလ၊ ဆႏၵရွိတယ္ဆိုရင္ က်ေနာ္တို႔ကေတာ့ ႀကိဳတင္မဲကိုေတာ့ ဆုတ္ေပးလိုက္မယ္ေလ။ ဒါေပမဲ့ Q Center ေတြရဲ႕ က်န္းမာေရး တာဝန္ရွိတဲ့သူေတြကေန တဆင့္ သူတို႔ ေဆာင္႐ြက္ေပးရမွာေပါ့။ ဆႏၵရွိတဲ့သူကို ေပးပါဆိုၿပီး က်န္းမာေရး တာဝန္ရွိတဲ့သူေတြက ေပးလိုက္မယ္၊ ေပးလိုက္ၿပီးလို႔ အဆင္ေျပၿပီဆိုရင္ ဆႏၵမဲ ေပးတဲ့ အိတ္ထဲကို ျပန္ထည့္ၿပီး ပိတ္ၿပီးေတာ့ က်ေနာ္တို႔ ေကာ္မရွင္ အဖြဲ႕ေတြကို ျပန္ေပးေပါ့ေနာ္။ လိုက္လံ ေဆာင္႐ြက္ေပးရမွာက က်န္းမာေရး တာဝန္ခံေတြေပါ့ေနာ္။”

ပဲခူးတိုင္းမွာလည္း ေရြးေကာက္ပဲြေန႔က်ရင္ မဲေပးဖုိ႔ အခက္အခဲရွိတဲ့ ၀န္ထမ္းေတြ အပါအ၀င္ ႀကိဳတင္မဲေပးခြင့္ ရွိသူေတြ ဒီတပတ္ကစ မဲေပးခြင့္ ရၾကမွာပါ။ ပဲခူးတုိင္းအတြင္း ႀကိဳတင္မဲေပးဖုိ႔ ျပင္ဆင္ထားတဲ့ အေျခအေနကုိေတာ့ တိုင္းေ႐ြးေကာက္ပြဲ ေကာ္မရွင္ဥကၠ႒ ဦးေအာင္ျမင့္က ခုလိုေျပာပါတယ္။

၂၀၂၀ ခုႏွစ္ ေရြးေကာက္ပဲြ မက်င္းမႏိုင္သည့္ ေဒသမ်ား
၂၀၂၀ ခုႏွစ္ ေရြးေကာက္ပဲြ မက်င္းမႏိုင္သည့္ ေဒသမ်ား

“၂၉ ရက္ေန႔ကေနစၿပီးေတာ့ ႀကိဳတင္ ဆႏၵမဲေတြက ဒီ Stay at Home ေဒသ အသက္ ၆၀ ေက်ာ္တဲ့ သူေတြ အကုန္လုံးကို ႀကိဳတင္ဆႏၵမဲ ေနအိမ္မွာပဲ ေပးခိုင္းတာျဖစ္ပါတယ္။ ဒါေၾကာင့္မို႔လို႔ သူတို႔ကို ၂၉ ရက္ေန႔ကေန စၿပီး ေဆာင္႐ြက္ရမွာ ျဖစ္ပါတယ္။ အဲ့ဒီ ေ႐ြးေကာက္ပြဲ လုပ္တဲ့ေန႔မွာ မအားလပ္တဲ့ ဌာနဆိုင္ရာေတြရွိမယ္ ေနာက္တစ္ခါ ေ႐ြးေကာက္ပြဲလုပ္တဲ့ ေန႔မွာ ေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္ၿပီးေတာ့ တာဝန္ထမ္းေဆာင္ရမယ့္သူေတြ သူတို႔ေတြကိုဆိုရင္ ၂၉ ရက္၊ ၁၀ လ၊ ၂၀၂၀ ကေန စၿပီးေတာ့ ၅ ရက္ေန႔အထိ ႀကိဳတင္ ဆႏၵမဲ ေပးပိုင္ခြင့္ရွိပါတယ္။ ေနာက္ သာမာန္ ခရီးသြားလာဖို႔ ရွိတဲ့ အရပ္သားေတြ အေနနဲ႔ကေတာ့ ၆ ရက္နဲ႔ ၇ ရက္၊ ႏွစ္ရက္ေပါ့။ ႀကိဳတင္ ဆႏၵမဲ ေပးရမွာျဖစ္ပါတယ္။ ဒါက ရပ္ကြက္ ေက်း႐ြာ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ အဖြဲ႕ခြဲ ႐ုံးေတြမွာ ေပးရမွာျဖစ္ပါတယ္။”

ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္ကေတာ့ ႏိုဝင္ဘာ ၈ ရက္ေန႔မွာ က်င္းပမယ့္ အေထြေထြေ႐ြးေကာက္ပြဲမွာ မဲေပးတဲ့ လုပ္ငန္းစဥ္ေတြကို ကိုဗစ္ကပ္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ ကုသေရးလုပ္ငန္းစဥ္ေတြနဲ႔ အညီ ျဖစ္ေစဖို႔ ေဆာင္႐ြက္ေနတယ္လို႔ မေန႔ကပဲ သတင္းထုတ္ျပန္ထားပါတယ္။ မဲဆႏၵရွင္ေတြ အေနျဖင့္လည္း ကပ္ေရာဂါကာလမွာ ႏွာေခါင္းစည္းတပ္တာ၊ တစ္ဦးနဲ႔ တစ္ဦး သတ္မွတ္အကြာအေဝးအတိုင္း ခပ္ခြာခြာေနတာ စတာေတြ အပါအ၀င္ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ ၫႊန္ၾကားခ်က္ေတြကုိ လိုက္နာၾကဖို႔လည္း တိုက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကပ်ရောဂါကြောင့် မဲရုံမသွားနိုင်သူတွေ ကြိုတင်မဲပေးနိုင်ဖို့ စီစဉ်

ကိုဗစ်ကပ်ရောဂါကာလ မကြာခင်ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲပေးဖို့ အခက်အခဲရှိသူတွေ ကြိုတင်မဲပေးနိုင်အောင် ပြင်ဆင်ထားတဲ့ အခြေအနေကို ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါမယ်။

ကပ်ရောဂါကူးစက်မှု အများဆုံးကြုံနေရာတာကြောင့် အိမ်ပြင်မထွက်ရ အမိန့်ထုတ်ထားတဲ့ ရန်ကုန်တိုင်း အပါအဝင် နိုင်ငံအဝန်းမှာ ကြိုတင်ဆန္ဒမဲ ပေးနိုင်အောင် စီစဉ်နေတယ်လို့ ကော်မရှင် တာဝန်ရှိသူတွေက ပြောပါတယ်။ ကြိုတင်မဲတွေကိုတော့ လာမယ့်ကြာသပတေးနေ့ကစလို့ ရွေးကောက်ပွဲမတိုင်ခင် ၁ ရက်အလို နိုဝင်ဘာလ ၇ ရက်နေ့အထိ ခွင့်ပြုသွားမှာ ဖြစ်တယ်လို့လည်း ကော်မရှင် တာဝန်ရှိသူတွေက ပြောပါတယ်။

ကပ်ရောဂါကြောင့် အိမ်မှာပဲ ကြိုတင်မဲပေးခွင့်ပြုထားတဲ့ အသက် ၆၀ နဲ့အထက် သက်ကြီးပိုင်းတွေ၊ နာမကျန်းသူတွေအပြင်၊ ကိုဗစ်သံသယနဲ့ Quarantine ဝင်နေရသူ ခန့်မှန်းခြေ ၂ သောင်း ဝန်းကျင်လောက်ကို ကျန်းမာရေး လမ်းညွှန်ချက်တွေနဲ့အညီ ကြိုတင်မဲတွေ ကောက်ယူဖို့ စီစဉ်ထားတယ်လို့လည်း ရန်ကုန်တိုင်း၊ တောင်ပိုင်းခရိုင်ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းလှိုင်က ပြောပါတယ်။

“ကျနော်တို့က Stay at Home မြို့နယ်တွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ အိမ်တိုင်ယာရောက် သွားပြီးတော့ ကောက်ပါတယ်။ အဲ့ဒီမှာ ရပ်ကျေးတွေအနေနဲ့ အစုအဖွဲ့တွေ စုဖွဲ့မယ်။ ပြီးရင် ကြေညာထားတဲ့ လမ်းတွေပေါ့ဗျာ၊ အဲ့ဒီကို ကျနော်တို့ ကိုယ်တိုင်ကိုယ်ကျ သွားပြီးတော့ ကျနော်တို့ ကောက်မှာပါ။ အသက် ၆၀ ကျော်ရယ်၊ နာမကျန်းဖြစ်သူရယ်ပေါ့၊ အဲ့ဒီမှာ ကျနော်တို့ တစ်ခါတည်း ကောက်မှာပါ။ အနည်းဆုံး ၅ ယောက်ပေါ့၊ အုပ်စုဖွဲ့မယ်။ ကျနော်တို့ စည်းမျဉ်းလုပ်ထားတယ်။ စည်းမျဉ်းတွေနဲ့ ကျနော်တို့ ကောက်ပါမယ် ခင်ဗျ။”

ကပ်ရောဂါကူးစက်မှု ရှိ၊ မရှိ စောင့်ကြည့်စစ်ဆေးခံနေရသူတွေ ကြိုတင်မဲ ကောက်ယူရာမှာတော့ ကျန်းမာရေးဝန်ထမ်းတွေပါ အကူအညီပေးဖို့ စီစဉ်ထားတယ်လို့လည်း ခရိုင်ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းလှိုင်ကပြောပါတယ်။

“Quarantine Center တွေကျတော့ ကျနော်တို့က အစုအဖွဲ့လိုက်တော့ မသွားဘူးဗျ၊ ကော်မရှင် အဖွဲ့ဝင် ၂ ယောက်က နေပြီးတော့ သတ်မှတ်ထားတဲ့ အချိန်မှာ သွားပြီးတော့ ကြိုတင်မဲ ပေးဖို့ ဆန္ဒရှိမရှိဆိုတာ အရင် မေးမယ်လေ၊ ဆန္ဒရှိတယ်ဆိုရင် ကျနော်တို့ကတော့ ကြိုတင်မဲကိုတော့ ဆုတ်ပေးလိုက်မယ်လေ။ ဒါပေမဲ့ Q Center တွေရဲ့ ကျန်းမာရေး တာဝန်ရှိတဲ့သူတွေကနေ တဆင့် သူတို့ ဆောင်ရွက်ပေးရမှာပေါ့။ ဆန္ဒရှိတဲ့သူကို ပေးပါဆိုပြီး ကျန်းမာရေး တာဝန်ရှိတဲ့သူတွေက ပေးလိုက်မယ်၊ ပေးလိုက်ပြီးလို့ အဆင်ပြေပြီဆိုရင် ဆန္ဒမဲ ပေးတဲ့ အိတ်ထဲကို ပြန်ထည့်ပြီး ပိတ်ပြီးတော့ ကျနော်တို့ ကော်မရှင် အဖွဲ့တွေကို ပြန်ပေးပေါ့နော်။ လိုက်လံ ဆောင်ရွက်ပေးရမှာက ကျန်းမာရေး တာဝန်ခံတွေပေါ့နော်။”

ပဲခူးတိုင်းမှာလည်း ရွေးကောက်ပွဲနေ့ကျရင် မဲပေးဖို့ အခက်အခဲရှိတဲ့ ဝန်ထမ်းတွေ အပါအဝင် ကြိုတင်မဲပေးခွင့် ရှိသူတွေ ဒီတပတ်ကစ မဲပေးခွင့် ရကြမှာပါ။ ပဲခူးတိုင်းအတွင်း ကြိုတင်မဲပေးဖို့ ပြင်ဆင်ထားတဲ့ အခြေအနေကိုတော့ တိုင်းရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်မြင့်က ခုလိုပြောပါတယ်။

“၂၉ ရက်နေ့ကနေစပြီးတော့ ကြိုတင် ဆန္ဒမဲတွေက ဒီ Stay at Home ဒေသ အသက် ၆၀ ကျော်တဲ့ သူတွေ အကုန်လုံးကို ကြိုတင်ဆန္ဒမဲ နေအိမ်မှာပဲ ပေးခိုင်းတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ သူတို့ကို ၂၉ ရက်နေ့ကနေ စပြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီ ရွေးကောက်ပွဲ လုပ်တဲ့နေ့မှာ မအားလပ်တဲ့ ဌာနဆိုင်ရာတွေရှိမယ် နောက်တစ်ခါ ရွေးကောက်ပွဲလုပ်တဲ့ နေ့မှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ တာဝန်ထမ်းဆောင်ရမယ့်သူတွေ သူတို့တွေကိုဆိုရင် ၂၉ ရက်၊ ၁၀ လ၊ ၂၀၂၀ ကနေ စပြီးတော့ ၅ ရက်နေ့အထိ ကြိုတင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိပါတယ်။ နောက် သာမာန် ခရီးသွားလာဖို့ ရှိတဲ့ အရပ်သားတွေ အနေနဲ့ကတော့ ၆ ရက်နဲ့ ၇ ရက်၊ နှစ်ရက်ပေါ့။ ကြိုတင် ဆန္ဒမဲ ပေးရမှာဖြစ်ပါတယ်။ ဒါက ရပ်ကွက် ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ရုံးတွေမှာ ပေးရမှာဖြစ်ပါတယ်။”

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကတော့ နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ မဲပေးတဲ့ လုပ်ငန်းစဉ်တွေကို ကိုဗစ်ကပ်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းစဉ်တွေနဲ့ အညီ ဖြစ်စေဖို့ ဆောင်ရွက်နေတယ်လို့ မနေ့ကပဲ သတင်းထုတ်ပြန်ထားပါတယ်။ မဲဆန္ဒရှင်တွေ အနေဖြင့်လည်း ကပ်ရောဂါကာလမှာ နှာခေါင်းစည်းတပ်တာ၊ တစ်ဦးနဲ့ တစ်ဦး သတ်မှတ်အကွာအဝေးအတိုင်း ခပ်ခွာခွာနေတာ စတာတွေ အပါအဝင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို လိုက်နာကြဖို့လည်း တိုက်တွန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG