သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရြးေကာက္ပြဲမဲဆြယ္မႈေတြမွာ အၾကမ္းဖက္မႈေတြ ျဖစ္ရျခင္းအေၾကာင္းရင္း


၂၀၂၀ စက္တင္ဘာ ၁၉ ရက္ေန႔က ၂၀၂၀ ေရြးေကာက္ပဲြစည္းရံုေရး အၿပိုင္ဆင္းေနၾကတဲ့ NLD နဲ႔ USDP ပါတီေထာက္ခံသူမ်ား

(Zawgyi/Unicode)

၁၀ ရက္ပဲလိုေတာ့တဲ့ ေရြးေကာက္ပြဲအတြက္ မဲဆြယ္ပြဲေတြမွာ၊ လူေသေစတဲ့အထိ အၾကမ္းဖက္မူေတြျဖစ္လာတဲ့အေပၚ၊ ဘယ္လို ျဖစ္ရတာနဲ႔ ေလ်ာ့ခ်ႏိုင္တာကို၊ ေရြးေကာက္ကြဲေစာင့္ၾကည့္ေရးအဖြဲ႔ေခါင္းေဆာင္၊ လက္ရိိွအစိုးရပါတီေျပာခြင့္ရနဲ႔၊ ယခင္အစိုးရပါတီေျပာခြင့္ရနဲ႔ ဝန္းရံသူတစ္ဦးကို ကို၀င္းမင္းက ေမးထားပါတယ္။

(PACE) လို႔ အတိုေကာက္ေခၚတဲ့ေရြးေကာက္ပြဲဆိုင္ရာ ျပည္သူ႔လႈပ္ရွားမႈ အဖြဲ႔ရဲ႕ အမႈေဆာင္ဒါ႐ိုက္တာ ဦးစိုင္းရဲေက်ာ္စြာျမင့္က အခုတေခါက္ အၾကမ္းဖက္မႈေတြ မ်ားလာတယ္လို႔ ေျပာရခက္ေနေသးတယ္လို႔ အခုလို သံုးသပ္ျပပါတယ္။

“တႏိုင္ငံလံုးကို ၿခံဳငံုၾကည့္မယ္ဆိုရင္ေတာ့ အေရအတြက္နဲ႔ အျဖစ္အပ်က္အားျဖင့္ေတာ့ မ်ားတယ္လို႔ ေကာက္ခ်က္ဆြဲဖို႔ နည္းနည္းခက္ပါေသးတယ္။ ၂၀၁၅ တုန္းကလည္း ဒီလိုမ်ိဳး အၾကမ္းဖက္မႈေတြရွိခဲ့တာပဲ ။ ဥပမာဆိုရင္ အခု လက္ရွိ ရန္ကုန္တိုင္း လူမႈေရးရာ၀န္ႀကီး ဦးႏိုင္ငံလင္း ဆိုရင္ ဓါးနဲ႔ အခုတ္ခံရတာ အဲဒါမ်ိဳးေတြရွိခဲ့တာေပါ့ေလ။”

ဒါေပမယ့္ ဦးစိုင္းရဲေက်ာ္စြာျမင့္ကပဲ ၿပိဳင္ဆိုင္မႈကေတာ့ အရင္ထက္ပိုမ်ားလာၿပီး ထိပ္တိုက္ေတြ႔မွာကို စိုးရိမ္ရတယ္၊ ဘာေၾကာင့္လဲဆိုေတာ့ အာဏာရမယ့္ အက်ိဳးစီးပြား ေသခ်ာလာလို႔ပါလို႔ အခုလိုေထာက္ျပပါတယ္။

“ အရင္ ၂၀၁၅ တုန္းက အေျခအေနကက်ေတာ့ အာဏာလႊဲေျပာင္းမလား၊ မလႊဲေျပာင္းဘူးလားဆိုတာ ႏိုင္ရင္ေတာင္မွ အာဏာရပါ့မလားဆိုတာ စဥ္းစားခ်က္က အဲဒီတုန္းက ရွိခဲ့တာ။ အခုက်ေတာ့ ႏိုင္ရင္ အာဏာရမယ္ ၊ လုပ္ပိုင္ခြင့္ေတြ ရလာမယ္ဆိုေတာ့ ပါတီေတြမွာလည္း အဲဒီ တကယ့္ကို ပိုၿပီးေတာ့မွ ႀကီးမားတဲ့ အက်ိဳးစီးပြားျဖစ္လာတာေပါ့ေလ။ ဒါေပမယ့္ ေလာေလာဆည္မွာေတာ့ အၾကမ္းဖက္မႈေတြက စနစ္တက် စီစဥ္ၿပီးေတာ့ လုပ္တဲ့ဟာမ်ိဳးေတြက ၊က်ယ္က်ယ္ျပန္႔ျပန္႔ျဖစ္ေအာင္ လုပ္တာမ်ိဳးေတြကေတာ့ မေတြ႕ေသးပါဘူး။”

ဒါေပမယ့္ လက္ရွိအစိုးရ ပါတီ NLD အမ်ိဳးသား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ေျပာခြင့္ရ ေဒါက္တာ မ်ိဳးညႊန္႕ကေတာ့ NLD ကို လူထုေထာက္ခံလာတာကို မေၾကနပ္လို႔ ပိုစိတ္လက္မာန္ပါ ျဖစ္လာတာေတြရွိသလို တခ်ိဳ႕ေနရာေတြမွာ ႀကိဳတင္ရည္ရြယ္ခ်က္ရွိရွိ လုပ္ပံုရတယ္လို႔ ဆိုပါတယ္။

“အခုျဖစ္တဲ့ ၿမိဳ႕ေတြမွာ သံသယရွိပါတယ္။ ဥပမာ ကာဘိုးမွာ ဆိုရင္ မဲဆြယ္စည္းရံုးေရးၿပီးၿပီ၊ တခါ ေနာက္တေခါက္ အင္အားမ်ားမ်ားနဲ႔ ျပန္လာၿပီးေတာ့ လုပ္တယ္။ က်ေနာ္တို႔ ရရွိထားတဲ့ အစီရင္ခံစာေတြအရ ခဲေတြ၊ တုတ္ေတြကို အသင့္ ကားေပၚကေန ခ်ေပးတာေတြ ေတြ႔တယ္ဆိုတာမ်ိဳး ။ ဒါေတြကေတာ့ ရည္ရြယ္ခ်က္နဲ႔ လာတာေတြျဖစ္ပါတယ္။”

ဒီအေပၚ အရင္အစိုးရ ပါတီ ျပည္ေထာင္စု ၾကံ႕ခိုင္ဖြံ႔ၿဖိဳးေရး ပါတီက ေျပာခြင့္ရ ေဒါက္တာ နႏၵလွျမင့္ကေတာ့ လံုး၀အျပတ္ ျငင္းလိုက္ပါတယ္။

“လံုး၀မဟုတ္ပါဘူးလို႔ ဥပေဒအရ ေျဖရွင္းၾကပါလို႔ က်ေနာ္ေျပာခ်င္တယ္။ တကယ္လို႔ မဟုတ္မမွန္လုပ္ၾကံေျပာဆိုတယ္ဆိုရင္လည္း က်ေနာ္တို႔က ဥပေဒအရပဲ တရားစြဲဆိုေဆာင္ရြက္သြားမွာပါ။ ဒီ ျပည္ခိုင္ၿဖိဳးယာဥ္တန္းကို တားဆီးပိတ္ဆို႔တာက NLD အဖြဲ႔၀င္ေတြက တားဆီးပိတ္ဆို႔တယ္။ တားဆီးပိတ္ဆို႔ၿပီးေတာ့မွ NLD အဖြဲ႔၀င္တေယာက္က ယာဥ္တန္း ကားမွန္ကို ရိုက္ခြဲတယ္။ ရိုက္ခြဲတဲ့အတြက္ ဒီဘက္က အဖြဲ႔၀င္ေတြက သူတို႔ေနာက္ကို လုိက္တဲ့အခ်ိန္မွာ အိမ္ထဲ ၀င္ေျပးတယ္။ အိမ္ထဲ၀င္ေျပးတဲ့အတြက္ ထားခဲ့တဲ့ဆိုင္ကယ္ကို ရိုက္ခ်ိဳးဖ်က္ဆီးလိုက္တယ္။ လူကို ရိုက္တာေတြ ဘာေတြ မရွိခဲ့ဘူး။”

ဒါ့အျပင္ ၾကံ႕ခိုင္ဖြံ႔ၿဖိဳးေရး ပါတီ၀န္းရံသူနဲ႔ ကန္႔ဘလူၿမိဳ႕နယ္က ရပ္ကြက္၃ မွာ ေနသူ ေတာင္သူ ကိုခင္ေမာင္ဦးကေတာ့ သူတို႔ ႀကိဳတင္ၾကံစည္ခဲ့တာမရွိဘူး ၊ ရရာထင္းေတြ ၿခံတိုင္ေတြကို ဆြဲယူခဲ့တဲ့အဖြဲ႔ကလည္း ပြဲၿပီးေနာက္မွ ေရာက္လာတယ္။ တကယ္က သူတို႔ ရန္စခံခဲ့ရလို႔ ျပန္ျဖစ္တာပါလို႔ အခုလိုရွင္းျပပါတယ္။

“ဒုတိယေျမာက္ ကားေနာက္ကို NLD ပါတီ ၀တ္စံု ၀တ္ဆင္ထားတဲ့ ဆိုင္ကယ္ ၄-၅ စီးေလာက္က လိုက္လာၿပီးေတာ့ အိတ္ေဇာေတြ လီဗာေတြကို နင္းၿပီး ၀ူးဟဲ၊ ၀ူးဟဲ လုပ္ၿပီး လုိက္လာခ်ိန္မွာ အဲဒီ ကားက သူတို႔ ျပႆနာ ရွာခံရမွာ စိုးရိမ္ၿပီးေတာ့ ကားကို ရပ္လိုက္တဲ့အခ်ိန္မွာ အဲဒီ ဆိုင္ကယ္အဖြဲ႔က သူတို႔ဟာသူတို႔ အရွိန္မထိန္းႏိုင္ပဲနဲ႔ လဲသြားတဲ့အခ်ိန္မွာ အဲဒီပါတီ ၀ိုင္းရံတဲ့သူေတြက အဲဒီမွာ ခဲနဲ႔ ထုလိုက္တဲ့အခ်ိန္မွာ အဲဒီကားက ေနာက္ဆံုးမွန္ကြဲသြားတယ္ခင္ဗ်။”

အဲဒီေတာ့ အခုက်န္တဲ့ မဲဆြယ္ရက္ေတြမွာ အခုလို အၾကမ္းဖက္မႈေတြအထိ ျဖစ္မလာေအာင္ ဘယ္လို ကာကြယ္သင့္ပါသလဲလို႔ ေမးရာမွာ စိုင္းရဲေက်ာ္စြာျမင့္က

“ၿမိဳ႕တိုင္း ၿမိဳ႕တိုင္းမွာ အခုေကာ္မရွင္က ဖြဲ႔ထားတဲ့ ေစ့စပ္ညိွႏိႈင္းေရး ေကာ္မတီ ဆိုတာရွိတယ္။ ျပည္ေထာင္စုအဆင့္ကေန စၿပီးေတာ့မွ ခရိုင္အဆင့္၊ ၿမိဳ႕နယ္အဆင့္အထိ ။ ဆိုေတာ့ ဒီ ေစ့စပ္ညိွႏိႈင္းေရး ေကာ္မတီေတြဟာ ဒီထက္ပိုၿပီးေတာ့မွ အခုေလာေလာဆယ္ေတာ့ ဘယ္ေလာက္လုပ္သလဲဆိုတာေတာ့ က်ေနာ္တို႔ သတင္းေတြထဲမွာ မေတြ႔ရဘူး ၊ ျပႆနာျဖစ္မွ ညိွႏိႈင္းတာမဟုတ္ပဲနဲ႔ ေစ့စပ္ညိွႏိႈင္းေရး ေကာ္မတီမွာ ပါတီ၀င္ေတြလည္း ပါတယ္။ ပါတီေတြလည္း ပါတာေၾကာင့္မို႔ မဲဆြယ္စည္းရံုးေရးေတြမွာ ဘယ္လိုမ်ိဳး က်င့္ၾကံၾကမလဲ ၊ ထိန္းေက်ာင္းၾကမလဲဆိုတာမ်ိဳးကို ေအာက္ေျခကစၿပီးေတာ့မွ ေစ့စပ္ညိွႏိႈင္းၾကမယ္ဆိုရင္ ဒီ ထိပ္တိုက္ရင္ဆိုင္မႈက ေလွ်ာ့စရာရွိပါတယ္။”

ေဒါက္တာမ်ိဳးညႊန္႔ကလည္း ဒီ ေစ့စပ္ညိွႏိႈင္းေရးေကာ္မတီကို သံုးခဲ့တာေတြရွိၿပီး ထိေရာက္ခဲ့တယ္လို႔ အခုလို ဆက္ရွင္းျပပါတယ္။

“အျငင္းပြားမႈ ထိပ္တိုက္ဖ်န္ေျဖေရးအဖြဲ႔ေတြရွိပါတယ္ခင္ဗ်။ အဲဒီမွာေတာ့ ၿမိဳ႕နယ္အဆင့္ေတြမွာေတာ့ ေတာ္ေတာ္ေလးကို လုပ္ခဲ့ရတယ္လို႔ က်ေနာ္တို႔ သိပါတယ္။ အနည္းဆံုး ၁၀ ၾကိမ္ထက္မနည္း သူတို႔ လုပ္ခဲ့ရပါတယ္။ ဒီမဲဆြယ္စည္းရံုးေရးအဖြ႔ဲဟာ သတ္မွတ္ထားတဲ့ လူဦးေရထက္ပိုတယ္ဆိုၿပီး တဖက္က တိုင္တာပါ။ အဲဒီေတာ့ က်ေနာ္တို႔ ဘက္က ေျဖရွင္းထားတာက က်ေနာ္တို႔ ကိုဗစ္ကာကြယ္ေရး ပစၥည္းေတြေ၀တယ္။ သတ္မွတ္လူဦးေရအတိုင္းသြားတယ္။ ဒါေပမယ့္ ရပ္ရြာက လူေတြက ပူးေပါင္းလာတဲ့အခါမွာ လူစုလူေ၀းက သတ္မွတ္ထားတာထက္ ပိုၿပီးေက်ာ္သလို ျဖစ္သြားတယ္။ အဲဒါကိုေတာ့ လက္ခံသြားတဲ့အတြက္ တစံုတရာ ထပ္ၿပီးေတာ့ ေျဖရွင္းရတာ မရွိေတာ့ပါဘူး။”

ဒါ့အျပင္ စိုင္းရဲေက်ာ္စြာျမင့္ကပဲ ဒီထိပ္တုိက္ေတြ႔ေနတဲ့ ပါတီႀကီး ၂ ခုက ေခါင္းေဆာင္ေတြအေနနဲ႔ အႏိုင္ရဖို႔ အေရးႀကီးသလို တည္ၿငိမ္ေအးခ်မ္းတဲ့ ေရြးေကာက္ပြဲ ျဖစ္ဖို႔လည္း အေရးႀကီးေၾကာင္းနဲ႔ အၾကမ္းမဖက္ဖို႔ လိုေၾကာင္း ထပ္ခါ ထပ္ခါ ၀ိုင္းရံသူေတြကိုပါ မွာသင့္တယ္လို႔ ေျပာခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

ရွေးကောက်ပွဲမဲဆွယ်မှုတွေမှာ အကြမ်းဖက်မှုတွေ ဖြစ်ရခြင်းအကြောင်းရင်း

(Unicode)

၁၀ ရက်ပဲလိုတော့တဲ့ ရွေးကောက်ပွဲအတွက် မဲဆွယ်ပွဲတွေမှာ၊ လူသေစေတဲ့အထိ အကြမ်းဖက်မူတွေဖြစ်လာတဲ့အပေါ်၊ ဘယ်လို ဖြစ်ရတာနဲ့ လျော့ချနိုင်တာကို၊ ရွေးကောက်ကွဲစောင့်ကြည့်ရေးအဖွဲ့ခေါင်းဆောင်၊ လက်ရှိအစိုးရပါတီပြောခွင့်ရနဲ့၊ ယခင်အစိုးရပါတီပြောခွင့်ရနဲ့ ဝန်းရံသူတစ်ဦးကို ကိုဝင်းမင်းက မေးထားပါတယ်။

(PACE) လို့ အတိုကောက်ခေါ်တဲ့ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှု အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့်က အခုတခေါက် အကြမ်းဖက်မှုတွေ များလာတယ်လို့ ပြောရခက်နေသေးတယ်လို့ အခုလို သုံးသပ်ပြပါတယ်။

“တနိုင်ငံလုံးကို ခြုံငုံကြည့်မယ်ဆိုရင်တော့ အရေအတွက်နဲ့ အဖြစ်အပျက်အားဖြင့်တော့ များတယ်လို့ ကောက်ချက်ဆွဲဖို့ နည်းနည်းခက်ပါသေးတယ်။ ၂၀၁၅ တုန်းကလည်း ဒီလိုမျိုး အကြမ်းဖက်မှုတွေရှိခဲ့တာပဲ ။ ဥပမာဆိုရင် အခု လက်ရှိ ရန်ကုန်တိုင်း လူမှုရေးရာဝန်ကြီး ဦးနိုင်ငံလင်း ဆိုရင် ဓါးနဲ့ အခုတ်ခံရတာ အဲဒါမျိုးတွေရှိခဲ့တာပေါ့လေ။”

ဒါပေမယ့် ဦးစိုင်းရဲကျော်စွာမြင့်ကပဲ ပြိုင်ဆိုင်မှုကတော့ အရင်ထက်ပိုများလာပြီး ထိပ်တိုက်တွေ့မှာကို စိုးရိမ်ရတယ်၊ ဘာကြောင့်လဲဆိုတော့ အာဏာရမယ့် အကျိုးစီးပွား သေချာလာလို့ပါလို့ အခုလိုထောက်ပြပါတယ်။

“ အရင် ၂၀၁၅ တုန်းက အခြေအနေကကျတော့ အာဏာလွှဲပြောင်းမလား၊ မလွှဲပြောင်းဘူးလားဆိုတာ နိုင်ရင်တောင်မှ အာဏာရပါ့မလားဆိုတာ စဉ်းစားချက်က အဲဒီတုန်းက ရှိခဲ့တာ။ အခုကျတော့ နိုင်ရင် အာဏာရမယ် ၊ လုပ်ပိုင်ခွင့်တွေ ရလာမယ်ဆိုတော့ ပါတီတွေမှာလည်း အဲဒီ တကယ့်ကို ပိုပြီးတော့မှ ကြီးမားတဲ့ အကျိုးစီးပွားဖြစ်လာတာပေါ့လေ။ ဒါပေမယ့် လောလောဆည်မှာတော့ အကြမ်းဖက်မှုတွေက စနစ်တကျ စီစဉ်ပြီးတော့ လုပ်တဲ့ဟာမျိုးတွေက ၊ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် လုပ်တာမျိုးတွေကတော့ မတွေ့သေးပါဘူး။”

ဒါပေမယ့် လက်ရှိအစိုးရ ပါတီ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ဒေါက်တာ မျိုးညွှန့်ကတော့ NLD ကို လူထုထောက်ခံလာတာကို မကြေနပ်လို့ ပိုစိတ်လက်မာန်ပါ ဖြစ်လာတာတွေရှိသလို တချို့နေရာတွေမှာ ကြိုတင်ရည်ရွယ်ချက်ရှိရှိ လုပ်ပုံရတယ်လို့ ဆိုပါတယ်။

“အခုဖြစ်တဲ့ မြို့တွေမှာ သံသယရှိပါတယ်။ ဥပမာ ကာဘိုးမှာ ဆိုရင် မဲဆွယ်စည်းရုံးရေးပြီးပြီ၊ တခါ နောက်တခေါက် အင်အားများများနဲ့ ပြန်လာပြီးတော့ လုပ်တယ်။ ကျနော်တို့ ရရှိထားတဲ့ အစီရင်ခံစာတွေအရ ခဲတွေ၊ တုတ်တွေကို အသင့် ကားပေါ်ကနေ ချပေးတာတွေ တွေ့တယ်ဆိုတာမျိုး ။ ဒါတွေကတော့ ရည်ရွယ်ချက်နဲ့ လာတာတွေဖြစ်ပါတယ်။”

ဒီအပေါ် အရင်အစိုးရ ပါတီ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက ပြောခွင့်ရ ဒေါက်တာ နန္ဒလှမြင့်ကတော့ လုံးဝအပြတ် ငြင်းလိုက်ပါတယ်။

“လုံးဝမဟုတ်ပါဘူးလို့ ဥပဒေအရ ဖြေရှင်းကြပါလို့ ကျနော်ပြောချင်တယ်။ တကယ်လို့ မဟုတ်မမှန်လုပ်ကြံပြောဆိုတယ်ဆိုရင်လည်း ကျနော်တို့က ဥပဒေအရပဲ တရားစွဲဆိုဆောင်ရွက်သွားမှာပါ။ ဒီ ပြည်ခိုင်ဖြိုးယာဉ်တန်းကို တားဆီးပိတ်ဆို့တာက NLD အဖွဲ့ဝင်တွေက တားဆီးပိတ်ဆို့တယ်။ တားဆီးပိတ်ဆို့ပြီးတော့မှ NLD အဖွဲ့ဝင်တယောက်က ယာဉ်တန်း ကားမှန်ကို ရိုက်ခွဲတယ်။ ရိုက်ခွဲတဲ့အတွက် ဒီဘက်က အဖွဲ့ဝင်တွေက သူတို့နောက်ကို လိုက်တဲ့အချိန်မှာ အိမ်ထဲ ဝင်ပြေးတယ်။ အိမ်ထဲဝင်ပြေးတဲ့အတွက် ထားခဲ့တဲ့ဆိုင်ကယ်ကို ရိုက်ချိုးဖျက်ဆီးလိုက်တယ်။ လူကို ရိုက်တာတွေ ဘာတွေ မရှိခဲ့ဘူး။”

ဒါ့အပြင် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝန်းရံသူနဲ့ ကန့်ဘလူမြို့နယ်က ရပ်ကွက်၃ မှာ နေသူ တောင်သူ ကိုခင်မောင်ဦးကတော့ သူတို့ ကြိုတင်ကြံစည်ခဲ့တာမရှိဘူး ၊ ရရာထင်းတွေ ခြံတိုင်တွေကို ဆွဲယူခဲ့တဲ့အဖွဲ့ကလည်း ပွဲပြီးနောက်မှ ရောက်လာတယ်။ တကယ်က သူတို့ ရန်စခံခဲ့ရလို့ ပြန်ဖြစ်တာပါလို့ အခုလိုရှင်းပြပါတယ်။

“ဒုတိယမြောက် ကားနောက်ကို NLD ပါတီ ဝတ်စုံ ဝတ်ဆင်ထားတဲ့ ဆိုင်ကယ် ၄-၅ စီးလောက်က လိုက်လာပြီးတော့ အိတ်ဇောတွေ လီဗာတွေကို နင်းပြီး ဝူးဟဲ၊ ဝူးဟဲ လုပ်ပြီး လိုက်လာချိန်မှာ အဲဒီ ကားက သူတို့ ပြဿနာ ရှာခံရမှာ စိုးရိမ်ပြီးတော့ ကားကို ရပ်လိုက်တဲ့အချိန်မှာ အဲဒီ ဆိုင်ကယ်အဖွဲ့က သူတို့ဟာသူတို့ အရှိန်မထိန်းနိုင်ပဲနဲ့ လဲသွားတဲ့အချိန်မှာ အဲဒီပါတီ ဝိုင်းရံတဲ့သူတွေက အဲဒီမှာ ခဲနဲ့ ထုလိုက်တဲ့အချိန်မှာ အဲဒီကားက နောက်ဆုံးမှန်ကွဲသွားတယ်ခင်ဗျ။”

အဲဒီတော့ အခုကျန်တဲ့ မဲဆွယ်ရက်တွေမှာ အခုလို အကြမ်းဖက်မှုတွေအထိ ဖြစ်မလာအောင် ဘယ်လို ကာကွယ်သင့်ပါသလဲလို့ မေးရာမှာ စိုင်းရဲကျော်စွာမြင့်က

“မြို့တိုင်း မြို့တိုင်းမှာ အခုကော်မရှင်က ဖွဲ့ထားတဲ့ စေ့စပ်ညှိနှိုင်းရေး ကော်မတီ ဆိုတာရှိတယ်။ ပြည်ထောင်စုအဆင့်ကနေ စပြီးတော့မှ ခရိုင်အဆင့်၊ မြို့နယ်အဆင့်အထိ ။ ဆိုတော့ ဒီ စေ့စပ်ညှိနှိုင်းရေး ကော်မတီတွေဟာ ဒီထက်ပိုပြီးတော့မှ အခုလောလောဆယ်တော့ ဘယ်လောက်လုပ်သလဲဆိုတာတော့ ကျနော်တို့ သတင်းတွေထဲမှာ မတွေ့ရဘူး ၊ ပြဿနာဖြစ်မှ ညှိနှိုင်းတာမဟုတ်ပဲနဲ့ စေ့စပ်ညှိနှိုင်းရေး ကော်မတီမှာ ပါတီဝင်တွေလည်း ပါတယ်။ ပါတီတွေလည်း ပါတာကြောင့်မို့ မဲဆွယ်စည်းရုံးရေးတွေမှာ ဘယ်လိုမျိုး ကျင့်ကြံကြမလဲ ၊ ထိန်းကျောင်းကြမလဲဆိုတာမျိုးကို အောက်ခြေကစပြီးတော့မှ စေ့စပ်ညှိနှိုင်းကြမယ်ဆိုရင် ဒီ ထိပ်တိုက်ရင်ဆိုင်မှုက လျှော့စရာရှိပါတယ်။”

ဒေါက်တာမျိုးညွှန့်ကလည်း ဒီ စေ့စပ်ညှိနှိုင်းရေးကော်မတီကို သုံးခဲ့တာတွေရှိပြီး ထိရောက်ခဲ့တယ်လို့ အခုလို ဆက်ရှင်းပြပါတယ်။

“အငြင်းပွားမှု ထိပ်တိုက်ဖျန်ဖြေရေးအဖွဲ့တွေရှိပါတယ်ခင်ဗျ။ အဲဒီမှာတော့ မြို့နယ်အဆင့်တွေမှာတော့ တော်တော်လေးကို လုပ်ခဲ့ရတယ်လို့ ကျနော်တို့ သိပါတယ်။ အနည်းဆုံး ၁၀ ကြိမ်ထက်မနည်း သူတို့ လုပ်ခဲ့ရပါတယ်။ ဒီမဲဆွယ်စည်းရုံးရေးအဖွ့ဲဟာ သတ်မှတ်ထားတဲ့ လူဦးရေထက်ပိုတယ်ဆိုပြီး တဖက်က တိုင်တာပါ။ အဲဒီတော့ ကျနော်တို့ ဘက်က ဖြေရှင်းထားတာက ကျနော်တို့ ကိုဗစ်ကာကွယ်ရေး ပစ္စည်းတွေဝေတယ်။ သတ်မှတ်လူဦးရေအတိုင်းသွားတယ်။ ဒါပေမယ့် ရပ်ရွာက လူတွေက ပူးပေါင်းလာတဲ့အခါမှာ လူစုလူဝေးက သတ်မှတ်ထားတာထက် ပိုပြီးကျော်သလို ဖြစ်သွားတယ်။ အဲဒါကိုတော့ လက်ခံသွားတဲ့အတွက် တစုံတရာ ထပ်ပြီးတော့ ဖြေရှင်းရတာ မရှိတော့ပါဘူး။”

ဒါ့အပြင် စိုင်းရဲကျော်စွာမြင့်ကပဲ ဒီထိပ်တိုက်တွေ့နေတဲ့ ပါတီကြီး ၂ ခုက ခေါင်းဆောင်တွေအနေနဲ့ အနိုင်ရဖို့ အရေးကြီးသလို တည်ငြိမ်အေးချမ်းတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့လည်း အရေးကြီးကြောင်းနဲ့ အကြမ်းမဖက်ဖို့ လိုကြောင်း ထပ်ခါ ထပ်ခါ ဝိုင်းရံသူတွေကိုပါ မှာသင့်တယ်လို့ ပြောခဲ့ပါတယ်။

XS
SM
MD
LG