သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႀကိဳတင္မဲေပးတဲ့အေျခအေနေပၚ ေဝဖန္ေထာက္ျပတာေတြ ရွိေန


ေအာက္တိုဘာလ ၁၇ ရက္ေန႔က ကမာရြတ္ၿမိဳ႕နယ္မွာ ၾကိဳတင္မဲေပးႏိုင္ဖို႔ ၾကိဳတင္ျပင္ဆင္ေနတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - ေနယံဦး (ကမာရြတ္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း) Facebook - ေအာက္တိုဘာ ၁၇၊ ၂၀၂၀)

[Zawgyi/Unicode]

၂၀၂၀ ေ႐ြးေကာက္ပြဲအတြက္ ႀကိဳတင္မဲေတြ စေပးေနၾကေပမဲ့ မဲဆႏၵရွင္ေတြအတြက္ မဲေပးနည္းစနစ္ ပညာေပးတာ အားနည္းခဲ့သလို ႀကိဳတင္မဲေပးတဲ့ခ်ိန္မွာလည္း လွ်ိဳ႕ဝွက္နည္းစနစ္နဲ႔ မဲမေပးႏိုင္ခဲ့ဘူးလို႔ ေစာင့္ၾကည့္ေလ့လာခဲ့သူေတြက ေျပာပါတယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မဆုမြန္က စုစည္းတင္ျပထားပါတယ္။

၂၀၂၀ ျပည့္ႏွစ္ ပါတီစုံဒီမိုကေရစီေ႐ြးေကာက္ပြဲႀကီးအတြက္ အသက္ ၆၀ ႏွစ္နဲ႔အထက္ မဲဆႏၵရွင္ေတြအေနနဲ႔ မိမိတို႔ေနထုိင္ရာ ၿမိဳ႕နယ္ ရပ္ကြက္ေက်းရြာအုပ္စုေတြမွာ ေအာက္တိုဘာ ၂၉ ကေန ႏိုဝင္ဘာ ၆ ရက္ေန႔အထိ ႀကိဳတင္မဲေပးႏုိင္ၾကၿပီ ျဖစ္ပါတယ္။ ႀကိဳတင္မဲေတြကို အိမ္တိုင္ယာေရာက္ေရာ သက္ဆိုင္ရာ ေရြးေကာက္ပြဲေကာ္မရွင္ရဲ႕ စီစဥ္မႈနဲ႔ ယာယီမဲ႐ုံ၊ ေ႐ြ႕လ်ားမဲ႐ုံေလးေတြနဲ႔ လိုက္လံေကာက္ခံေနတာျဖစ္ပါတယ္။ ဒါေပမဲ့လည္း ျပည္သူေတြၾကား ၾကိဳတင္မဲေပးတာနဲ႔ ပတ္သက္လို႔ စာအိတ္ပိတ္တာကအစ မိမိတို႔ေပးလို္တဲ့ ႏုိင္ငံေရးပါတီ ကိုယ္စားလွယ္ေလာင္းေရြးခ်ယ္မႈအဆံုး အဆင္မေျပျဖစ္ - အခက္အခဲေတြနဲ႔ၾကံဳရတဲ့ သတင္းေတြ ထြက္ေပၚေနပါတယ္။

ေအာက္တိုဘာလ ၁၇ ရက္ေန႔က ကမာရြတ္ၿမိဳ႕နယ္မွာ ၾကိဳတင္မဲေပးႏိုင္ဖို႔ ၾကိဳတင္ျပင္ဆင္ေနတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - ေနယံဦး (ကမာရြတ္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း) Facebook - ေအာက္တိုဘာ ၁၇၊ ၂၀၂၀)
ေအာက္တိုဘာလ ၁၇ ရက္ေန႔က ကမာရြတ္ၿမိဳ႕နယ္မွာ ၾကိဳတင္မဲေပးႏိုင္ဖို႔ ၾကိဳတင္ျပင္ဆင္ေနတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - ေနယံဦး (ကမာရြတ္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း) Facebook - ေအာက္တိုဘာ ၁၇၊ ၂၀၂၀)

ရန္ကုန္တိုင္း ကမာ႐ြတ္ၿမိဳ႕နယ္ ရပ္ကြက္ေတြထဲက ယာယီမဲ႐ုံေတြမွာ ႀကိဳတင္မဲေပးေနၾကတာကို ကိုယ္တိုင္သြားေရာက္ေလ့လာခဲ့တဲ့ ျပည္သူ႔ပါတီက ကမာ႐ြတ္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးေနယံဦးက မဲေပးမယ့္ျပည္သူေတြၾကား ႀကဳံရတဲ့အခက္အခဲေတြနဲ႔ သူျမင္ခဲ့ရတဲ့ အေတြ႕အႀကဳံေျပာျပပါတယ္။

"အခက္အခဲေတြကေန စေျပာရမယ္ဆိုရင္ ျပည္သူေတြဟာ အခုအခ်ိန္အထိ မဲေပးပုံ မဲေပးနည္းစနစ္ကို နားမလည္ေသးဘူးေပါ့ေနာ္။ အခုဟာက အသက္ႀကီးပိုင္းဆိုေတာ့ ပိုဆိုးတာေပါ့ေနာ္။ ဒီႏွစ္ကလည္း ကိုဗစ္၁၉ ကလည္း ျဖစ္သြားတယ္ဆိုေတာ့ မဲဆႏၵရွင္အသိပညာေပးလုပ္ငန္းေတြ လုပ္တာက အရမ္းအားနည္းတယ္လို႔ က်ေနာ္တို႔ျမင္တယ္။ ေ႐ြးေကာက္ပြဲေကာ္မရွင္ဘက္က Voter Education လို႔ေခၚတဲ့ မဲဆႏၵရွင္ေတြကို အသိပညာေပးတာကို အားနည္းတဲ့အတြက္ မဲေပးတဲ့အခါမွာ ေသေသခ်ာခ်ာ မဲ ၃မဲ ေပးရမယ္။ မဲဆႏၵနယ္ ၃ ခု အမ်ိဳးသားလႊတ္ေတာ္ ျပည္သူ႔လႊတ္ေတာ္ တိုင္းေဒသႀကီးလႊတ္ေတာ္ဆိုတာကို သူတို႔ကိုယ္တုိင္က ကြဲကြဲျပားျပား ျဖစ္မေနဘူးဆိုတာ သိရတယ္ေပါ့ေနာ္။ေနာက္တခုက ကိုဗစ္ကာလမွာ မဲေပးတဲ့အခါမွာ မဲေပးတဲ့သူေတြက ႏွာေခါင္းစည္းေတြ၊ ပါးစပ္စည္းေတြေတာ့ တပ္လာတယ္။ သို႔ေသာ္လည္းပဲ ၆ေပ ျခားၿပီး မဲေပးမယ္ဆိုတဲ့ Social Distancing ကေတာ့ ဘယ္လိုမွ မရွိပါဘူး။ လူေတြက ဝိုင္းအုံၿပီးေတာ့ မဲေပးၾကတယ္ အဲ့ဒါမ်ိဳးေတြ ေတြ႕ရပါတယ္။"

ႀကိဳတင္မဲေပးသူေတြၾကား အခုလက္ရွိႀကဳံေနၾကရတဲ့အဓိက အခက္အခဲျပႆနာရဲ႕အရင္းျမစ္ကေတာ့ မဲဆႏၵရွင္ျပည္သူေတြၾကား မဲေပးနည္းစနစ္ပညာေပးမႈ အားနည္းခဲ့တာေၾကာင့္လို႔ ေ႐ြးေကာက္ပြဲဆိုင္ရာ ျပည္သူ႔လႈပ္ရွားမႈအဖြဲ႕ (PACE) ရဲ႕ ပ႐ိုဂရမ္မန္ေနဂ်ာ ကိုဟန္စိုးထြန္းက ေျပာပါတယ္။

"ကိုဗစ္ကာလမွာ ေ႐ြးေကာက္ပြဲ က်င္းပမယ္ဆိုတဲ့အခါက်ေတာ့ ႀကိဳတင္မဲေပးမယ့္ကာလေပါ့ေနာ္... ၁ အခ်က္က Voter Education လုပ္ခြင့္မရခဲ့ဘူး အရပ္ဘက္အဖြဲ႕အစည္းေတြအေနနဲ႔။ ေကာ္မရွင္ဘက္က Voter Education လုပ္ေသာ္လည္းပဲ လုပ္ရတဲ့အခ်ိန္ တအားေနာက္က်တာေပါ့ေနာ္။ ႀကိဳတင္ၿပီးေတာ့ ျပင္ဆင္ထားႏိုင္ျခင္းမရွိဘူး။ Voter Education ကို ကပ္ေပးတာထက္ စာရင္ ေ႐ြးေကာက္ပြဲရက္ေၾကညာကတည္းက Voter Education ေတြ ေပးႏိုင္ရမယ္။ ဥပမာ အသက္၆၀ နဲ႔အထက္အတြက္ အစီအစဥ္ Plan ရွိတယ္ဆိုရင္လည္း အဲ့ဒီ Plan ကိုသုံးရမွာေပါ့။ အခုက်ေတာ့မွ ကပ္ၿပီးေတာ့မွ ေျပာရတာဆိုေတာ့ Voter Education လုံေလာက္မႈ မရွိခဲ့ဘူးလို႔ပဲ က်ေနာ္ေျပာခ်င္ပါတယ္။ Plan ေတြ အေစာႀကီးကတည္းက ရွိရမယ္၊ မရွိခဲ့ဘူးဆိုရင္ အခု ဒါေတြ လုပ္မယ္ဆိုရင္ ပိုၿပီးေတာ့ အင္အားအျပည့္နဲ႔ ပူးေပါင္းလုပ္ဖို႔လိုပါမယ္။"

ႀကိဳတင္မဲေပးတဲ့ မဲဆႏၵရွင္ျပည္သူေတြအတြက္ အဓိက အေရးႀကီးဆုံးျဖစ္တဲ့ လွ်ိဳ႕ဝွက္မဲေပးပိုင္ခြင့္ အခြင့္အေရး ဆုံးရႈံးေနတာကို ျမင္ေတြ႕ခဲ့ရတယ္လို႔ ကိုယ္စားလွယ္ေလာင္း ဦးေနယံဦးက ဆက္ေျပာပါတယ္။

"ယာယီမဲ႐ုံေတြ ဖြင့္တဲ့အခါမွာ ပါတီအလံေထာင္ထားတဲ့ တိုက္ေတြ၊ အေဆာက္အဦးေတြေအာက္မွာ ယာယီမဲ႐ုံေတြ ေ႐ြ႕လ်ားမဲ႐ုံေတြကို ဖြင့္ထားတာေတြ႕ရတယ္။ ဒါကေတာ့ သိပ္ၿပီးေတာ့ မေကာင္းလွဘူးေပါ့။ ဒီ့ထက္ပိုၿပီးေတာ့ ဆိုးတဲ့ျဖစ္စဥ္တခုက ဘာလဲဆိုေတာ့ လွ်ိဳ႕ဝွက္ဆႏၵမဲေပးတဲ့ျဖစ္စဥ္က ေပ်ာက္ဆုံးေနတယ္ခင္ဗ်။ မဲဆႏၵရွင္ေတြဘက္က လြတ္လြတ္လပ္လပ္နဲ႔ ကိုယ္ေပးခ်င္တဲ့ မဲကိုေပးပိုင္ခြင့္ရွိရမွာေပါ့ေနာ္။ သို႔ေသာ္ လက္ေတြ႕မွာက ဘာျဖစ္လဲဆိုေတာ့ျပည္သူေတြေဘးနားမွာ မဲ႐ုံတာဝန္ရွိတဲ့သူေတြက အနီးကပ္ႀကီးၾကပ္ေနၿပီးေတာ့ ဘယ္ေနရာကို ဘယ္လိုတုံးထုရမယ္ စသည္အားျဖင့္ ရွင္းျပေနတာ တခါတေလ ၫႊန္ၾကားခ်က္ေပးေနတာေတြ ေတြ႕ခဲ့ရတယ္။ တကယ္တမ္းက မဲဆႏၵရွင္ျပည္သူေတြ ကိုယ္တိုင္က ေကာ္နဲ႔ပိတ္ၿပီးေတာ့ ပုံးထဲကို ထည့္ရမွာပါ။ သို႔ေသာ္ တကယ္တမ္းလက္ေတြ႕မွာကေတာ့ သို႔ေသာ္ မဲ႐ုံတာဝန္ရွိသူေတြ ကိုယ္တိုင္ကိုက အကာအကြယ္ေတြေနာက္မွာ ကိုယ္တိုင္ဝင္လုပ္ေနတာေတြ ေတြ႕ရတယ္ေပါ့ေနာ္။ အဲ့ဒီေတာ့ ေျပာခ်င္တာက လွ်ိဳ႕ဝွက္မဲဆႏၵေပးျခင္းက အလြန္ကို အေရးပါ ပါတယ္။ သို႔ေသာ္ ႀကိဳတင္မဲေပးျခင္းမွာေတာ့ အဲ့တာက ေပ်ာက္ဆုံးေနတာေတြကို ေတြ႕ခဲ့ရပါတယ္ခင္ဗ်။"

ကိုဗစ္ကာလမွာ ေ႐ြးေကာက္ပြဲကို မျဖစ္မေန က်င္းပဖို႔ဆုံးျဖတ္ခဲ့တယ္ဆိုရင္ မဲေပးမယ့္ျပည္သူေတြ စနစ္က်တဲ့ က်န္းမာေရးကာကြယ္ေစာင့္ေရွာက္မႈေတြနဲ႔ အသက္အႏၲရာယ္ လုံၿခဳံမႈရွိဖို႔ အပါအဝင္ ေရြးေကာက္ပြဲက်င္းပရမွာ စနစ္တက်နဲ႔ လြတ္လပ္တရားမွ်တမႈ ရွိေအာင္ ေဖာ္ေဆာင္ေပးဖို႔ အေရးႀကီးလိုအပ္တယ္လို႔ ဦးေနယံဦးက အႀကံေပးပါတယ္။

"ကိုဗစ္ျဖစ္ေနတဲ့ၾကားထဲကေန ေ႐ြးေကာက္ပြဲကို မျဖစ္မေန လုပ္ဖို႔ဆုံးျဖတ္ခဲ့ၾကတယ္ေပါ့ေနာ္။ ေ႐ြးေကာက္ပြဲကို မေ႐ႊ႕ဘူး၊ ဆက္လုပ္မယ္ ဆက္လုပ္မယ္ဆိုေတာ့လည္း လုံေလာက္တဲ့ျပင္ဆင္မႈေတြ သူတို႔ မလုပ္ခဲ့ဘူး။ ဒါေၾကာင့္ ကိုဗစ္ကာလအတြင္းမွာ အႏၲရာယ္ကင္းတဲ့မဲေပးတဲ့ပုံစံ ဘယ္လိုလုပ္ရမယ္ဆိုတာ မသိခဲ့ဘူး ဒါေၾကာင့္ လက္ေတြ႕မွာက ၫႊန္ၾကားခ်က္ေတြက ရႈပ္ေထြးေနတာ ေျမျပင္မွာ မဲ႐ုံတာဝန္ရွိသူေတြက ဘယ္လိုမ်ိဳးလုပ္ရမယ္ဆိုတာ မသိဘူးျဖစ္ေနတာေတြ ေတြ႕ခဲ့ရတယ္။ က်န္ရွိေနတဲ့ အခ်ိန္အေတာအတြင္းမွာ အျမန္ဆုံးလုပ္သင့္တဲ့ ကိစၥတခုကေတာ့ ပိုးမကူးရေအာင္ အတတ္ႏိုင္ဆုံး Social Distancing ကိုထိန္းေစခ်င္ပါတယ္။ ေနာက္တခုက လွ်ိဳ႕ဝွက္စြာမဲဆႏၵေပးျခင္းကို အတတ္ႏိုင္ဆုံး ထိန္းသိမ္းဖို႔ က်ေနာ္က အႀကံဉာဏ္ေပးခ်င္ပါတယ္ခင္ဗ်။အခုအေနအထားမွာ လွ်ိဳ႕ဝွက္စြာမဲေပးျခင္းဆိုတာ ဘယ္လိုမွ မျဖစ္ခဲ့ဘူးေပါ့ေနာ္။ ေနာက္တခုက ႀကိဳတင္မဲေတြရဲ႕ခိုင္မာမႈေပါ့။ အဲ့ဒီ့ဟာက က်ေနာ္တို႔ႏိုင္ငံမွာ အၿမဲသံသယ ရွိၾကတယ္။ ၂၀၁၀ တုန္းကလည္း ႀကိဳတင္မဲေတြ ျပႆနာတက္ခဲ့တာမ်ိဳးေတြရွိေတာ့ အခုခါမွာလည္း ႀကိဳတင္မဲေတြျပႆနာ တက္ေနတာေတြ ေတြ႕ေတာ့ ေ႐ြးေကာက္ပြဲေကာ္မရွင္အေနနဲ႔ အရပ္ဘက္အဖြဲ႕အစည္းေတြ လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္းေတြနဲ႔ တြဲၿပီးေတာ့ ဒီမိုကေရစီနည္းလမ္းက် လြတ္လပ္ၿပီး တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲျဖစ္စဥ္ တခုျဖစ္လာဖို႔အတြက္ ပူးေပါင္းၿပီးေစာင့္ၾကည့္တဲ့ကိစၥတခုကို တိုက္တိုက္တြန္းတြန္း လုပ္သင့္တယ္လို႔ က်ေနာ္ ထင္ပါတယ္ခင္ဗ်။"

လာမယ့္ နိုဝင္ဘာလ ၈ ရက္ေန႔မွာ က်င္းပမယ့္ ၂၀၂၀ ေရြးေကာက္ပြဲမွာ ျပည္နယ္တိုင္းေဒသၾကီး မဲဆႏၵနယ္ ၁,၁၅၇ နယ္ေျမအတြက္ ပါတီေပါင္း ၉၁ ပါတီက ပါတီကိုယ္စားျပဳနဲ႔ တသီးပုဂၢလကိုယ္စားေပါင္း ၅,၈၃၉ ဦး ပါဝင္ ယွဥ္ၿပိဳင္ၾကမွာပါ။ ဒီလို တႏိုင္ငံလံုး အတုိင္းအတာနဲ႔ မဲရံုေပါင္း ၄၁,၀၀၀ ဝန္းက်င္အတြက္ မဲရံုဝန္ထမ္းက ၄၁၀,၀၀၀ တာဝန္ယူမွာျဖစ္ၿပီး မဲေပးမယ့္သူေပါင္းကေတာ့ ၃၇ သန္းေက်ာ္ရွိမယ္လို႔ ေရြးေကာက္ပြဲေကာ္မရွင္က ေၾကညာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကြိုတင်မဲပေးတဲ့အခြေအနေပေါ် ဝေဖန်ထောက်ပြတာတွေ ရှိနေ

၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်မဲတွေ စပေးနေကြပေမဲ့ မဲဆန္ဒရှင်တွေအတွက် မဲပေးနည်းစနစ် ပညာပေးတာ အားနည်းခဲ့သလို ကြိုတင်မဲပေးတဲ့ချိန်မှာလည်း လျှို့ဝှက်နည်းစနစ်နဲ့ မဲမပေးနိုင်ခဲ့ဘူးလို့ စောင့်ကြည့်လေ့လာခဲ့သူတွေက ပြောပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က စုစည်းတင်ပြထားပါတယ်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကြီးအတွက် အသက် ၆၀ နှစ်နဲ့အထက် မဲဆန္ဒရှင်တွေအနေနဲ့ မိမိတို့နေထိုင်ရာ မြို့နယ် ရပ်ကွက်ကျေးရွာအုပ်စုတွေမှာ အောက်တိုဘာ ၂၉ ကနေ နိုဝင်ဘာ ၆ ရက်နေ့အထိ ကြိုတင်မဲပေးနိုင်ကြပြီ ဖြစ်ပါတယ်။ ကြိုတင်မဲတွေကို အိမ်တိုင်ယာရောက်ရော သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်ရဲ့ စီစဉ်မှုနဲ့ ယာယီမဲရုံ၊ ရွေ့လျားမဲရုံလေးတွေနဲ့ လိုက်လံကောက်ခံနေတာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ပြည်သူတွေကြား ကြိုတင်မဲပေးတာနဲ့ ပတ်သက်လို့ စာအိတ်ပိတ်တာကအစ မိမိတို့ပေးလိုတဲ့ နိုင်ငံရေးပါတီ ကိုယ်စားလှယ်လောင်းရွေးချယ်မှုအဆုံး အဆင်မပြေဖြစ် - အခက်အခဲတွေနဲ့ကြုံရတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် ရပ်ကွက်တွေထဲက ယာယီမဲရုံတွေမှာ ကြိုတင်မဲပေးနေကြတာကို ကိုယ်တိုင်သွားရောက်လေ့လာခဲ့တဲ့ ပြည်သူ့ပါတီက ကမာရွတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနေယံဦးက မဲပေးမယ့်ပြည်သူတွေကြား ကြုံရတဲ့အခက်အခဲတွေနဲ့ သူမြင်ခဲ့ရတဲ့ အတွေ့အကြုံပြောပြပါတယ်။

"အခက်အခဲတွေကနေ စပြောရမယ်ဆိုရင် ပြည်သူတွေဟာ အခုအချိန်အထိ မဲပေးပုံ မဲပေးနည်းစနစ်ကို နားမလည်သေးဘူးပေါ့နော်။ အခုဟာက အသက်ကြီးပိုင်းဆိုတော့ ပိုဆိုးတာပေါ့နော်။ ဒီနှစ်ကလည်း ကိုဗစ်၁၉ ကလည်း ဖြစ်သွားတယ်ဆိုတော့ မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းတွေ လုပ်တာက အရမ်းအားနည်းတယ်လို့ ကျနော်တို့မြင်တယ်။ ရွေးကောက်ပွဲကော်မရှင်ဘက်က Voter Education လို့ခေါ်တဲ့ မဲဆန္ဒရှင်တွေကို အသိပညာပေးတာကို အားနည်းတဲ့အတွက် မဲပေးတဲ့အခါမှာ သေသေချာချာ မဲ ၃မဲ ပေးရမယ်။ မဲဆန္ဒနယ် ၃ ခု အမျိုးသားလွှတ်တော် ပြည်သူ့လွှတ်တော် တိုင်းဒေသကြီးလွှတ်တော်ဆိုတာကို သူတို့ကိုယ်တိုင်က ကွဲကွဲပြားပြား ဖြစ်မနေဘူးဆိုတာ သိရတယ်ပေါ့နော်။နောက်တခုက ကိုဗစ်ကာလမှာ မဲပေးတဲ့အခါမှာ မဲပေးတဲ့သူတွေက နှာခေါင်းစည်းတွေ၊ ပါးစပ်စည်းတွေတော့ တပ်လာတယ်။ သို့သော်လည်းပဲ ၆ပေ ခြားပြီး မဲပေးမယ်ဆိုတဲ့ Social Distancing ကတော့ ဘယ်လိုမှ မရှိပါဘူး။ လူတွေက ဝိုင်းအုံပြီးတော့ မဲပေးကြတယ် အဲ့ဒါမျိုးတွေ တွေ့ရပါတယ်။"

ကြိုတင်မဲပေးသူတွေကြား အခုလက်ရှိကြုံနေကြရတဲ့အဓိက အခက်အခဲပြဿနာရဲ့အရင်းမြစ်ကတော့ မဲဆန္ဒရှင်ပြည်သူတွေကြား မဲပေးနည်းစနစ်ပညာပေးမှု အားနည်းခဲ့တာကြောင့်လို့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) ရဲ့ ပရိုဂရမ်မန်နေဂျာ ကိုဟန်စိုးထွန်းက ပြောပါတယ်။

"ကိုဗစ်ကာလမှာ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတဲ့အခါကျတော့ ကြိုတင်မဲပေးမယ့်ကာလပေါ့နော်... ၁ အချက်က Voter Education လုပ်ခွင့်မရခဲ့ဘူး အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့။ ကော်မရှင်ဘက်က Voter Education လုပ်သော်လည်းပဲ လုပ်ရတဲ့အချိန် တအားနောက်ကျတာပေါ့နော်။ ကြိုတင်ပြီးတော့ ပြင်ဆင်ထားနိုင်ခြင်းမရှိဘူး။ Voter Education ကို ကပ်ပေးတာထက် စာရင် ရွေးကောက်ပွဲရက်ကြေညာကတည်းက Voter Education တွေ ပေးနိုင်ရမယ်။ ဥပမာ အသက်၆၀ နဲ့အထက်အတွက် အစီအစဉ် Plan ရှိတယ်ဆိုရင်လည်း အဲ့ဒီ Plan ကိုသုံးရမှာပေါ့။ အခုကျတော့မှ ကပ်ပြီးတော့မှ ပြောရတာဆိုတော့ Voter Education လုံလောက်မှု မရှိခဲ့ဘူးလို့ပဲ ကျနော်ပြောချင်ပါတယ်။ Plan တွေ အစောကြီးကတည်းက ရှိရမယ်၊ မရှိခဲ့ဘူးဆိုရင် အခု ဒါတွေ လုပ်မယ်ဆိုရင် ပိုပြီးတော့ အင်အားအပြည့်နဲ့ ပူးပေါင်းလုပ်ဖို့လိုပါမယ်။"

ကြိုတင်မဲပေးတဲ့ မဲဆန္ဒရှင်ပြည်သူတွေအတွက် အဓိက အရေးကြီးဆုံးဖြစ်တဲ့ လျှို့ဝှက်မဲပေးပိုင်ခွင့် အခွင့်အရေး ဆုံးရှုံးနေတာကို မြင်တွေ့ခဲ့ရတယ်လို့ ကိုယ်စားလှယ်လောင်း ဦးနေယံဦးက ဆက်ပြောပါတယ်။

"ယာယီမဲရုံတွေ ဖွင့်တဲ့အခါမှာ ပါတီအလံထောင်ထားတဲ့ တိုက်တွေ၊ အဆောက်အဦးတွေအောက်မှာ ယာယီမဲရုံတွေ ရွေ့လျားမဲရုံတွေကို ဖွင့်ထားတာတွေ့ရတယ်။ ဒါကတော့ သိပ်ပြီးတော့ မကောင်းလှဘူးပေါ့။ ဒီ့ထက်ပိုပြီးတော့ ဆိုးတဲ့ဖြစ်စဉ်တခုက ဘာလဲဆိုတော့ လျှို့ဝှက်ဆန္ဒမဲပေးတဲ့ဖြစ်စဉ်က ပျောက်ဆုံးနေတယ်ခင်ဗျ။ မဲဆန္ဒရှင်တွေဘက်က လွတ်လွတ်လပ်လပ်နဲ့ ကိုယ်ပေးချင်တဲ့ မဲကိုပေးပိုင်ခွင့်ရှိရမှာပေါ့နော်။ သို့သော် လက်တွေ့မှာက ဘာဖြစ်လဲဆိုတော့ပြည်သူတွေဘေးနားမှာ မဲရုံတာဝန်ရှိတဲ့သူတွေက အနီးကပ်ကြီးကြပ်နေပြီးတော့ ဘယ်နေရာကို ဘယ်လိုတုံးထုရမယ် စသည်အားဖြင့် ရှင်းပြနေတာ တခါတလေ ညွှန်ကြားချက်ပေးနေတာတွေ တွေ့ခဲ့ရတယ်။ တကယ်တမ်းက မဲဆန္ဒရှင်ပြည်သူတွေ ကိုယ်တိုင်က ကော်နဲ့ပိတ်ပြီးတော့ ပုံးထဲကို ထည့်ရမှာပါ။ သို့သော် တကယ်တမ်းလက်တွေ့မှာကတော့ သို့သော် မဲရုံတာဝန်ရှိသူတွေ ကိုယ်တိုင်ကိုက အကာအကွယ်တွေနောက်မှာ ကိုယ်တိုင်ဝင်လုပ်နေတာတွေ တွေ့ရတယ်ပေါ့နော်။ အဲ့ဒီတော့ ပြောချင်တာက လျှို့ဝှက်မဲဆန္ဒပေးခြင်းက အလွန်ကို အရေးပါ ပါတယ်။ သို့သော် ကြိုတင်မဲပေးခြင်းမှာတော့ အဲ့တာက ပျောက်ဆုံးနေတာတွေကို တွေ့ခဲ့ရပါတယ်ခင်ဗျ။"

ကိုဗစ်ကာလမှာ ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပဖို့ဆုံးဖြတ်ခဲ့တယ်ဆိုရင် မဲပေးမယ့်ပြည်သူတွေ စနစ်ကျတဲ့ ကျန်းမာရေးကာကွယ်စောင့်ရှောက်မှုတွေနဲ့ အသက်အန္တရာယ် လုံခြုံမှုရှိဖို့ အပါအဝင် ရွေးကောက်ပွဲကျင်းပရမှာ စနစ်တကျနဲ့ လွတ်လပ်တရားမျှတမှု ရှိအောင် ဖော်ဆောင်ပေးဖို့ အရေးကြီးလိုအပ်တယ်လို့ ဦးနေယံဦးက အကြံပေးပါတယ်။

"ကိုဗစ်ဖြစ်နေတဲ့ကြားထဲကနေ ရွေးကောက်ပွဲကို မဖြစ်မနေ လုပ်ဖို့ဆုံးဖြတ်ခဲ့ကြတယ်ပေါ့နော်။ ရွေးကောက်ပွဲကို မရွှေ့ဘူး၊ ဆက်လုပ်မယ် ဆက်လုပ်မယ်ဆိုတော့လည်း လုံလောက်တဲ့ပြင်ဆင်မှုတွေ သူတို့ မလုပ်ခဲ့ဘူး။ ဒါကြောင့် ကိုဗစ်ကာလအတွင်းမှာ အန္တရာယ်ကင်းတဲ့မဲပေးတဲ့ပုံစံ ဘယ်လိုလုပ်ရမယ်ဆိုတာ မသိခဲ့ဘူး ဒါကြောင့် လက်တွေ့မှာက ညွှန်ကြားချက်တွေက ရှုပ်ထွေးနေတာ မြေပြင်မှာ မဲရုံတာဝန်ရှိသူတွေက ဘယ်လိုမျိုးလုပ်ရမယ်ဆိုတာ မသိဘူးဖြစ်နေတာတွေ တွေ့ခဲ့ရတယ်။ ကျန်ရှိနေတဲ့ အချိန်အတောအတွင်းမှာ အမြန်ဆုံးလုပ်သင့်တဲ့ ကိစ္စတခုကတော့ ပိုးမကူးရအောင် အတတ်နိုင်ဆုံး Social Distancing ကိုထိန်းစေချင်ပါတယ်။ နောက်တခုက လျှို့ဝှက်စွာမဲဆန္ဒပေးခြင်းကို အတတ်နိုင်ဆုံး ထိန်းသိမ်းဖို့ ကျနော်က အကြံဉာဏ်ပေးချင်ပါတယ်ခင်ဗျ။အခုအနေအထားမှာ လျှို့ဝှက်စွာမဲပေးခြင်းဆိုတာ ဘယ်လိုမှ မဖြစ်ခဲ့ဘူးပေါ့နော်။ နောက်တခုက ကြိုတင်မဲတွေရဲ့ခိုင်မာမှုပေါ့။ အဲ့ဒီ့ဟာက ကျနော်တို့နိုင်ငံမှာ အမြဲသံသယ ရှိကြတယ်။ ၂၀၁၀ တုန်းကလည်း ကြိုတင်မဲတွေ ပြဿနာတက်ခဲ့တာမျိုးတွေရှိတော့ အခုခါမှာလည်း ကြိုတင်မဲတွေပြဿနာ တက်နေတာတွေ တွေ့တော့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေနဲ့ တွဲပြီးတော့ ဒီမိုကရေစီနည်းလမ်းကျ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်စဉ် တခုဖြစ်လာဖို့အတွက် ပူးပေါင်းပြီးစောင့်ကြည့်တဲ့ကိစ္စတခုကို တိုက်တိုက်တွန်းတွန်း လုပ်သင့်တယ်လို့ ကျနော် ထင်ပါတယ်ခင်ဗျ။"

လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်နယ်တိုင်းဒေသကြီး မဲဆန္ဒနယ် ၁,၁၅၇ နယ်မြေအတွက် ပါတီပေါင်း ၉၁ ပါတီက ပါတီကိုယ်စားပြုနဲ့ တသီးပုဂ္ဂလကိုယ်စားပေါင်း ၅,၈၃၉ ဦး ပါဝင် ယှဉ်ပြိုင်ကြမှာပါ။ ဒီလို တနိုင်ငံလုံး အတိုင်းအတာနဲ့ မဲရုံပေါင်း ၄၁,၀၀၀ ဝန်းကျင်အတွက် မဲရုံဝန်ထမ်းက ၄၁၀,၀၀၀ တာဝန်ယူမှာဖြစ်ပြီး မဲပေးမယ့်သူပေါင်းကတော့ ၃၇ သန်းကျော်ရှိမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG