[Zawgyi/Unicode]
ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတ ဦးဝင္းျမင့္ အပါအဝင္ ျမန္မာႏိုင္ငံအဝန္း လာမယ့္ေ႐ြးေကာက္ပြဲအတြက္ ႀကိဳတင္မဲေတြ ဒီကေန႔ပဲ စေပးေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မေမခက သတင္းေပးပို႔ထားပါတယ္။
ႏိုဝင္ဘာလ ၈ ရက္ ေ႐ြးေကာက္ပြဲေန႔မွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မဲမေပးႏိုင္သူေတြ အပါအဝင္ ႏိုင္ငံအဝန္း ႀကိဳတင္မဲေတြ စေပးေနရာမွာ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတ ဦးဝင္းျမင့္ တို႔ဟာလည္း မဲဆႏၵနယ္ျပင္ပမွာ ေရာက္ရွိေနသူေတြအျဖစ္ ေနျပည္ေတာ္မွာ မဲေပးခဲ့ၾကတာပါ။ ဇမၺဴသီရိၿမိဳ႕နယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ခြဲ႐ုံးမွာ ႀကိဳတင္မဲေပးခဲ့တဲ့ သမၼတဦးဝင္းျမင့္ကေတာ့ လူထုေထာက္ခံမႈကို ယုံၾကည္ေၾကာင္း မဲေပးအၿပီးမွာပဲ သတင္းေထာက္ေတြကို ေျပာသြားပါတယ္။
"ျပည္သူေတြကေတာ့ ယုံၾကည္အားကိုးၿပီးသားပါ။ ျပည္ေတြအေပၚမွာ က်ေနာ္တို႔က ယုံၾကည္မႈ အျပည့္ရွိပါတယ္။ ျပည္သူေတြကလည္း က်ေနာ္တို႔ကို ယုံၾကည္မႈအျပည့္ရွိတယ္လို႔ယုံၾကည္ထားပါတယ္။"
ရန္ကုန္တိုင္း အပါအဝင္ ကိုဗစ္ေရာဂါ ကူးစက္မႈေတြေၾကာင့္ အိမ္ျပင္မထြက္ဖို႔ အမိန႔္ထုတ္ထားတဲ့ ေနရာေတြမွာ အသက္ ၆၀ နဲ႔အထက္ မဲဆႏၵရွင္ေတြ၊ နာမက်န္းျဖစ္ေနသူေတြ၊ ကပ္ေရာဂါကာလ သက္ဆိုင္ရာမဲဆႏၵနယ္ေျမ ျပင္ပမွာ ေရာက္ေနသူေတြနဲ႔ ေ႐ြးေကာက္ပြဲေန႔မွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မဲမေပးႏိုင္တဲ့ ႏိုင္ငံဝန္ထမ္းေတြပါ ႀကိဳတင္မဲေတြ စေပးေနၾကတာပါ။
တေက်ာ့ျပန္ကပ္ေရာဂါ ကူးစက္မႈေတြ စတင္ခဲ့တဲ့ ရခိုင္ျပည္နယ္မွာလည္း မဲဆႏၵနယ္ေျမ ေတာ္ေတာ္မ်ားမ်ား ေ႐ြးေကာက္ပြဲ မက်င္းပႏိုင္ေပမဲ့ စစ္ေတြၿမိဳ႕ေတာ္လို ေနရာမ်ိဳးမွာေတာ့ ႏိုင္ငံဝန္ထမ္းေတြနဲ႔ သက္ႀကီးပိုင္းေတြ ႀကိဳတင္မဲေတြ စေပးေနၾကပါတယ္။
ကပ္ေရာဂါကာလ ကန႔္သတ္ခ်က္ေတြနဲ႔ စည္းကမ္းေတြၾကား က်င္းပမယ့္ ေ႐ြးေကာက္ပြဲမွာ အဆင္မေျပမႈေတြ ရွိတယ္လို႔ ေျပာသူေတြလည္း ရွိပါတယ္။ စစ္ကိုင္းၿမိဳ႕ တေကာင္းရပ္ကြက္က အသက္ ၇၅ ႏွစ္အ႐ြယ္ ဦးေအာင္ကိုကေတာ့ အရင္ေ႐ြးေကာက္ပြဲေတြနဲ႔ မတူတဲ့ အခက္အခဲတခ်ိဳ႕နဲ႔ ႀကဳံခဲ့ရတယ္လို႔ ေျပာပါတယ္။
"ကြာျခားတယ္။ အစီအစဥ္က နည္းနည္းအဆင္သိပ္ၿပီး မေျပဘူး။ ဒုတိယအႀကိမ္ေပးရတာေလာက္ အဆင္မေျပဘူး။ ဒီပုံစံတိုင္းဆိုရင္.. ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး႐ုံးေတြမွာ မဲေပးတာကေတာ့ အဆင္မေျပဘူး။ လူေတြက ရႈပ္ရွက္ခတ္တယ္။ မဲထုတ္ရတာနဲ႔ နယ္ေျမ ၁၊ ၂၊ ၄ ေပါင္းထားေတာ့ အသက္ႀကီးတဲ့သူေတြ ခက္တယ္။ အေတြ႕အႀကဳံရွိေတာ့ က်ေနာ္တို႔က အဆင္ေျပတယ္။ အေတြ႕အႀကဳံ မရွိသူေတြက ခက္မယ္။"
ဒီတႀကိမ္ေ႐ြးေကာက္ပြဲကို ကပ္ေရာဂါကာလအတြင္းမွာ က်င္းပမွာျဖစ္တာေၾကာင့္ ႀကိဳတင္မဲေပးသူေတြ သိသိသာသာ မ်ားလိမ့္မယ္လို႔လည္း ခန႔္မွန္းထားပါတယ္။ ဒါေပမဲ့လည္း သက္ႀကီးပိုင္းေတြ အပါအဝင္ ႀကိဳတင္မဲေပးခြင့္ရသူေတြ ႀကိဳတင္မဲေပးတဲ့ ေနရာမွာ အခက္အခဲေတြ ရွိေနတာေၾကာင့္ ေ႐ြးေကာက္ပြဲေန႔ဟာ ႀကီးမားတဲ့ စိန္ေခၚမႈ ျဖစ္ႏိုင္တယ္လို႔လည္း မြန္ျပည္နယ္ေ႐ြးေကာက္ပြဲ ေလ့လာေစာင့္ၾကည့္ေရးအဖဲြ႔က ဦးေမာင္ေဇာ္ထြန္းက ေျပာပါတယ္။
"သက္ႀကီး႐ြယ္အိုေတြမွာ တန္းဆီရတာမို႔ အခက္အခဲေတြေတာ္ေတာ္ရွိတယ္။ မလိုအပ္ဘဲ လူမ်ားတာေတြ ရွိတယ္။ တခ်ိဴ႕ေတြမွာ မဲေပးတဲ့ အသိပညာ အားနည္းေတာ့ၾကာတယ္။ မိနစ္ ၂၀ ေလာက္ ၾကာတယ္။ ေစာင့္ၾကည့္တာ ၉ နာရီကေန ၃ နာရီထိ ကို ၁၀၀ ေက်ာ္ပဲၿပီးတယ္။ အဲဒီေတာ့ တကယ္မဲႀကီးေပးတဲ့ေန႔မွာ ခက္ခဲႏိုင္တယ္။"
ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္ကေတာ့ ကပ္ေရာဂါကူးစက္မႈ အႏၲရာယ္ကာကြယ္ေရး အစီအမံေတြနဲ႔ ေ႐ြးေကာက္ပြဲ က်င္းပဖို႔ ႀကိဳတင္ေလ့က်င့္ ျပင္ဆင္ထားတယ္လို႔ ေျပာဆိုထားပါတယ္။ ေ႐ြးေကာက္ပြဲမွာ အမွားအယြင္းေတြ ႀကဳံရမယ္ဆိုရင္လည္း ေျဖရွင္းႏိုင္ေအာင္ ႀကိဳးစားမွာျဖစ္ေၾကာင္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္ ၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးခင္ေမာင္ဦးက ဗီြအိုေအကိုေျပာပါတယ္။
"က်ေနာ္တို႔ဆီမွာ တရားဝင္ official အေနနဲ႔ေတာ့ ဒီလို အခ်က္အလက္ေတြ ေရာက္တာမ်ိဳးေတာ့ မရွိေသးပါဘူး။ က်ေနာ္တို႔ ႐ုံးမွာလည္း ရွိပါတယ္။ ေျမျပင္မွာ ျဖစ္လည္း သက္ဆိုင္ရာေကာ္ခြဲေတြက ေျဖရွင္းေဆာင္႐ြက္ေပးပါတယ္။ ႐ုံးခ်ဳပ္က ဆုံးျဖတ္ေပးဆိုလည္း ႐ုံးခ်ဳပ္ကိုေရာက္ပါတယ္။ ၿပီးခဲ့တဲ့ ကိစၥေတြလည္း က်ေနာ္တို႔ အဆုံးအျဖတ္ ေပးၿပီး ျဖစ္ပါတယ္။ အေစာပိုင္းကကိစၥကို က်ေနာ္တို႔ဥပေဒနဲ႔အညီ ၫႊန္ၾကားလုပ္ေဆာင္ၿပီးလည္းျဖစ္ပါတယ္။ ဒါေတြက ေျပလည္ေအာင္ ေကာ္ခြဲအဆင့္ဆင့္က ဥပေဒနဲ႔ အညီေဆာင္႐ြက္ေနတာျဖစ္ပါတယ္။ တႏိုင္ငံလုံးေဆာင္႐ြက္တာမွာ ဒီလိုေလးေတြေတာ့ အျငင္းပြားသလိုပဲျဖစ္ျဖစ္၊ ေျပာတာဆိုတာေလးေတြေတာ့ ရွိလာႏိုင္ပါတယ္။ ဒါေပမဲ့ က်ေနာ္တို႔က ဥပေဒနဲ႔ အညီေဆာင္႐ြက္ေပးမွာျဖစ္ပါတယ္။"
ႏိုဝင္ဘာလ ၈ ရက္ေန႔မွာ က်င္းပမယ့္ ေ႐ြးေကာက္ပြဲမွာေတာ့ ႏိုင္ငံေရးပါတီေပါင္း ၉၀ ေက်ာ္နဲ႔ တသီးပုဂၢလလႊတ္ေတာ္ကိုယ္စားလွယ္ေတြ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမွာျဖစ္ၿပီး မဲေပးခြင့္ရွိသူ ၃၇ သန္းေက်ာ္ ရွိမယ္လို႔လည္း ေ႐ြးေကာက္ပြဲ ေကာ္မရွင္က သတင္းထုတ္ျပန္ထားပါတယ္။ ဒါေပမဲ့လည္း လြတ္လပ္မွ်တတဲ့ အေျခအေနေတြ မရွိဘူးဆိုၿပီး ျပည္နယ္နဲ႔ တိုင္း ၆ ခုက မဲဆႏၵနယ္ေျမတခ်ိဳ႕မွာ ေ႐ြးေကာက္ပြဲ က်င္းပမယ့္အစီအစဥ္ကို ပယ္ဖ်က္ထားတာေၾကာင့္ ခန႔္မွန္းေျခမဲဆႏၵရွင္ ၁,၀၀၀,၀၀၀ ေက်ာ္ေလာက္ မဲေပးခြင့္ ဆုံးရႈံးမယ့္ အေျခအေနမွာ ရွိေနပါတယ္။
[Unicode Version]
သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကြိုတင်မဲပေး
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် မြန်မာနိုင်ငံအဝန်း လာမယ့်ရွေးကောက်ပွဲအတွက် ကြိုတင်မဲတွေ ဒီကနေ့ပဲ စပေးနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။
နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲနေ့မှာ အကြောင်းအမျိုးမျိုးကြောင့် မဲမပေးနိုင်သူတွေ အပါအဝင် နိုင်ငံအဝန်း ကြိုတင်မဲတွေ စပေးနေရာမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် တို့ဟာလည်း မဲဆန္ဒနယ်ပြင်ပမှာ ရောက်ရှိနေသူတွေအဖြစ် နေပြည်တော်မှာ မဲပေးခဲ့ကြတာပါ။ ဇမ္ဗူသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှာ ကြိုတင်မဲပေးခဲ့တဲ့ သမ္မတဦးဝင်းမြင့်ကတော့ လူထုထောက်ခံမှုကို ယုံကြည်ကြောင်း မဲပေးအပြီးမှာပဲ သတင်းထောက်တွေကို ပြောသွားပါတယ်။
"ပြည်သူတွေကတော့ ယုံကြည်အားကိုးပြီးသားပါ။ ပြည်တွေအပေါ်မှာ ကျနော်တို့က ယုံကြည်မှု အပြည့်ရှိပါတယ်။ ပြည်သူတွေကလည်း ကျနော်တို့ကို ယုံကြည်မှုအပြည့်ရှိတယ်လို့ယုံကြည်ထားပါတယ်။"
ရန်ကုန်တိုင်း အပါအဝင် ကိုဗစ်ရောဂါ ကူးစက်မှုတွေကြောင့် အိမ်ပြင်မထွက်ဖို့ အမိန့်ထုတ်ထားတဲ့ နေရာတွေမှာ အသက် ၆၀ နဲ့အထက် မဲဆန္ဒရှင်တွေ၊ နာမကျန်းဖြစ်နေသူတွေ၊ ကပ်ရောဂါကာလ သက်ဆိုင်ရာမဲဆန္ဒနယ်မြေ ပြင်ပမှာ ရောက်နေသူတွေနဲ့ ရွေးကောက်ပွဲနေ့မှာ အကြောင်းအမျိုးမျိုးကြောင့် မဲမပေးနိုင်တဲ့ နိုင်ငံဝန်ထမ်းတွေပါ ကြိုတင်မဲတွေ စပေးနေကြတာပါ။
တကျော့ပြန်ကပ်ရောဂါ ကူးစက်မှုတွေ စတင်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာလည်း မဲဆန္ဒနယ်မြေ တော်တော်များများ ရွေးကောက်ပွဲ မကျင်းပနိုင်ပေမဲ့ စစ်တွေမြို့တော်လို နေရာမျိုးမှာတော့ နိုင်ငံဝန်ထမ်းတွေနဲ့ သက်ကြီးပိုင်းတွေ ကြိုတင်မဲတွေ စပေးနေကြပါတယ်။
ကပ်ရောဂါကာလ ကန့်သတ်ချက်တွေနဲ့ စည်းကမ်းတွေကြား ကျင်းပမယ့် ရွေးကောက်ပွဲမှာ အဆင်မပြေမှုတွေ ရှိတယ်လို့ ပြောသူတွေလည်း ရှိပါတယ်။ စစ်ကိုင်းမြို့ တကောင်းရပ်ကွက်က အသက် ၇၅ နှစ်အရွယ် ဦးအောင်ကိုကတော့ အရင်ရွေးကောက်ပွဲတွေနဲ့ မတူတဲ့ အခက်အခဲတချို့နဲ့ ကြုံခဲ့ရတယ်လို့ ပြောပါတယ်။
"ကွာခြားတယ်။ အစီအစဉ်က နည်းနည်းအဆင်သိပ်ပြီး မပြေဘူး။ ဒုတိယအကြိမ်ပေးရတာလောက် အဆင်မပြေဘူး။ ဒီပုံစံတိုင်းဆိုရင်.. ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွေမှာ မဲပေးတာကတော့ အဆင်မပြေဘူး။ လူတွေက ရှုပ်ရှက်ခတ်တယ်။ မဲထုတ်ရတာနဲ့ နယ်မြေ ၁၊ ၂၊ ၄ ပေါင်းထားတော့ အသက်ကြီးတဲ့သူတွေ ခက်တယ်။ အတွေ့အကြုံရှိတော့ ကျနော်တို့က အဆင်ပြေတယ်။ အတွေ့အကြုံ မရှိသူတွေက ခက်မယ်။"
ဒီတကြိမ်ရွေးကောက်ပွဲကို ကပ်ရောဂါကာလအတွင်းမှာ ကျင်းပမှာဖြစ်တာကြောင့် ကြိုတင်မဲပေးသူတွေ သိသိသာသာ များလိမ့်မယ်လို့လည်း ခန့်မှန်းထားပါတယ်။ ဒါပေမဲ့လည်း သက်ကြီးပိုင်းတွေ အပါအဝင် ကြိုတင်မဲပေးခွင့်ရသူတွေ ကြိုတင်မဲပေးတဲ့ နေရာမှာ အခက်အခဲတွေ ရှိနေတာကြောင့် ရွေးကောက်ပွဲနေ့ဟာ ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်နိုင်တယ်လို့လည်း မွန်ပြည်နယ်ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့က ဦးမောင်ဇော်ထွန်းက ပြောပါတယ်။
"သက်ကြီးရွယ်အိုတွေမှာ တန်းဆီရတာမို့ အခက်အခဲတွေတော်တော်ရှိတယ်။ မလိုအပ်ဘဲ လူများတာတွေ ရှိတယ်။ တချိူ့တွေမှာ မဲပေးတဲ့ အသိပညာ အားနည်းတော့ကြာတယ်။ မိနစ် ၂၀ လောက် ကြာတယ်။ စောင့်ကြည့်တာ ၉ နာရီကနေ ၃ နာရီထိ ကို ၁၀၀ ကျော်ပဲပြီးတယ်။ အဲဒီတော့ တကယ်မဲကြီးပေးတဲ့နေ့မှာ ခက်ခဲနိုင်တယ်။"
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကတော့ ကပ်ရောဂါကူးစက်မှု အန္တရာယ်ကာကွယ်ရေး အစီအမံတွေနဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ ကြိုတင်လေ့ကျင့် ပြင်ဆင်ထားတယ်လို့ ပြောဆိုထားပါတယ်။ ရွေးကောက်ပွဲမှာ အမှားအယွင်းတွေ ကြုံရမယ်ဆိုရင်လည်း ဖြေရှင်းနိုင်အောင် ကြိုးစားမှာဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးက ဗွီအိုအေကိုပြောပါတယ်။
"ကျနော်တို့ဆီမှာ တရားဝင် official အနေနဲ့တော့ ဒီလို အချက်အလက်တွေ ရောက်တာမျိုးတော့ မရှိသေးပါဘူး။ ကျနော်တို့ ရုံးမှာလည်း ရှိပါတယ်။ မြေပြင်မှာ ဖြစ်လည်း သက်ဆိုင်ရာကော်ခွဲတွေက ဖြေရှင်းဆောင်ရွက်ပေးပါတယ်။ ရုံးချုပ်က ဆုံးဖြတ်ပေးဆိုလည်း ရုံးချုပ်ကိုရောက်ပါတယ်။ ပြီးခဲ့တဲ့ ကိစ္စတွေလည်း ကျနော်တို့ အဆုံးအဖြတ် ပေးပြီး ဖြစ်ပါတယ်။ အစောပိုင်းကကိစ္စကို ကျနော်တို့ဥပဒေနဲ့အညီ ညွှန်ကြားလုပ်ဆောင်ပြီးလည်းဖြစ်ပါတယ်။ ဒါတွေက ပြေလည်အောင် ကော်ခွဲအဆင့်ဆင့်က ဥပဒေနဲ့ အညီဆောင်ရွက်နေတာဖြစ်ပါတယ်။ တနိုင်ငံလုံးဆောင်ရွက်တာမှာ ဒီလိုလေးတွေတော့ အငြင်းပွားသလိုပဲဖြစ်ဖြစ်၊ ပြောတာဆိုတာလေးတွေတော့ ရှိလာနိုင်ပါတယ်။ ဒါပေမဲ့ ကျနော်တို့က ဥပဒေနဲ့ အညီဆောင်ရွက်ပေးမှာဖြစ်ပါတယ်။"
နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာတော့ နိုင်ငံရေးပါတီပေါင်း ၉၀ ကျော်နဲ့ တသီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်တွေ ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး မဲပေးခွင့်ရှိသူ ၃၇ သန်းကျော် ရှိမယ်လို့လည်း ရွေးကောက်ပွဲ ကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့လည်း လွတ်လပ်မျှတတဲ့ အခြေအနေတွေ မရှိဘူးဆိုပြီး ပြည်နယ်နဲ့ တိုင်း ၆ ခုက မဲဆန္ဒနယ်မြေတချို့မှာ ရွေးကောက်ပွဲ ကျင်းပမယ့်အစီအစဉ်ကို ပယ်ဖျက်ထားတာကြောင့် ခန့်မှန်းခြေမဲဆန္ဒရှင် ၁,၀၀၀,၀၀၀ ကျော်လောက် မဲပေးခွင့် ဆုံးရှုံးမယ့် အခြေအနေမှာ ရှိနေပါတယ်။