သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရြးေကာက္ပြဲလြန္ ရခိုင္ျပည္ႏုိင္ငံေရးအေျခအေန စိုးရိမ္မႈေတြ ထြက္ေပၚ


၂၀၂၀ ေရြးေကာက္ပဲြအတြက္ ၾကိဳတင္မဲေပးဖို႔ မဲျပားကိုင္ထားတဲ့ အမ်ိဳးသမီးတဦးကို ရန္ကုန္ၿမိဳ႕မွာရွိ မဲရံုတခုမွာ ေတြ႔ရ။ (ေအာက္တိုဘာ ၂၉၊ ၂၀၂၀)

[Zawgyi/Unicode]

လာမယ့္ေရြးေကာက္ပြဲမွာ မဲဆႏၵနယ္ေျမအမ်ားဆံုး ပယ္ဖ်က္ခံထားရတဲ့ တုိင္းရင္းသားေဒသတခုျဖစ္တဲ့ ရခုိင္ျပည္နယ္မွာ ေရြးေကာက္ပြဲအလြန္ ႏိုင္ငံေရးအေျခအေနေတြအေပၚ အကဲခတ္ေတြက စိုးရိမ္ေနၾကတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏုိင္က သတင္းေပးပို႔ထားပါတယ္။

ၿမိဳ႕နယ္ ကိုး ခုမွာေရြးေကာက္ပြဲ မက်င္းပျဖစ္သလို က်န္တဲ့ ၿမိဳ႕နယ္ေတြထဲက တခ်ိဳ႕မွာလည္း ၿမိဳ႕ေပၚ မဲဆႏၵနယ္ေျမေလာက္သာ က်င္းပမွာ ျဖစ္တာေၾကာင့္ ေရြးေကာက္ပြဲေနာက္ပုိင္း ရခိုင္ျပည္နယ္မွာ ႏိုင္ငံေရးျပႆနာေတြ ပုိႀကီးထြားလာႏုိင္တယ္လုိ႔ အကဲခတ္ေတြ သတိေပးေနပါတယ္။

မဲဆႏၵနယ္ေျမေတာ္ေတာ္မ်ား ေရြးေကာက္ပဲြ က်င္းပခြင့္ မရေတာ့တာေၾကာင့္ ရခိုင္ျပည္နယ္လႊတ္ေတာ္မွာလည္း ကုိယ္စားလွယ္ေတြ အျပည့္အ၀ရွိမွာ မဟုတ္တာေၾကာင့္ အစုိးရနဲ႔ အျပန္အလွန္ထိန္းေက်ာင္းမႈေတြ အားနည္းလာႏိုင္တယ္လို႔လည္း ႏိုင္ငံေရးေလ့လာသံုးသပ္သူ ေဒါက္တာရန္မ်ိဳးသိမ္းကေျပာပါတယ္။

"အစိုးရအဖြဲ႔ကေတာ့ ႏိုင္ငံေတာ္ သမၼတကေနၿပီးေတာ့ ခန္႔အပ္တဲ့ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္က ဝန္ႀကီးခ်ဳပ္ ျဖစ္လာမွာဆိုေတာ့ လႊတ္ေတာ္ေတြရဲ႕ အစိုးရကို ထိန္းေက်ာင္းႏိုင္မႈကေတာ့ လႊတ္ေတာ္ကိုယ္စားလွယ္ ၂၀ ဦးတည္းနဲ႔ဆိုရင္ အင္မတန္မွ အားနည္းလိမ့္မယ္လို႔ က်ေနာ့္အေနနဲ႔ သံုးသပ္ပါတယ္။"

ရခိုင္ျပည္နယ္မွာ ဆႏၵမဲေပးပိုင္ခြင့္ရွိသူ ၁၆ သိန္းေက်ာ္ရွိေပမဲ့ လက္ရွိအခ်ိန္မွာေတာ့ ၿမိဳ႕နယ္တခ်ိဳ႕နဲ႔ မဲဆႏၵနယ္ေျမေတာ္ေတာ္မ်ားမ်ား ပယ္ဖ်က္ခံရတာေၾကာင့္ မဲေပးခြင့္ရွိသူ ၄၀၀,၀၀၀ ေက်ာ္ေလာက္သာ က်န္ပါေတာ့တယ္။

လက္နက္ကုိင္ ပဋိပကၡေတြနဲ႔ ႏုိင္ငံေရးျပႆနာေတြ ႀကံဳေနရတဲ့ ရခုိင္ျပည္နယ္မွာ ေနရာေတာ္ေတာ္မ်ားမ်ား ေရြးေကာက္ပဲြ မက်င္းပႏုိင္တဲ့ အေပၚမွာေတာ့ ႏုိင္ငံေရးအရ ဆုံး႐ႈံးမႈတခုအျဖစ္နဲ႔လည္း ေဒသခံႏုိင္ငံေရး အသုိင္းအ၀န္းက ျမင္ၾကပါတယ္။ အဓိက ႏုိင္ငံေရးပါတီတခုျဖစ္တဲ့ ရခိုင္အမ်ိဳးသားပါတီ (ANP) ဥကၠ႒ ဦးသာထြန္းလွကေတာ့ ရခုိင္ျပည္နယ္အတြက္ ဆုံး႐ႈံးမႈလုိ႔ အခုလိုေျပာပါတယ္။

"ရခိုင္ျပည္ရဲ႕ ရခိုင္ျပည္နယ္မွာရွိတဲ့ ရခိုင္လူမ်ိဳးေတြရဲ႕ ႏိုင္ငံေရးကို ဖ်က္ဆီးလိုက္တယ္လို႔ ျမင္တယ္ အဲဒါက။ ေရြးေကာက္ပြဲ ဆိုတာ ျပည္သူ႔ဆႏၵအမ်ားၾကီးပါတဲ့ ျပည္သူေတြ ဆႏၵကို ကုိယ္စားျပဳတဲ့ ဒီမိုကေရစီစံခ်ိန္စံညႊန္းမွာ ျပည္သူအမ်ားကို ကိုယ္စားျပဳတဲ့ ဆႏၵေတြပါဖို႔ လိုတယ္။ အခုက ရခိုင္ျပည္သူအမ်ားစု ဆႏၵက မပါေတာ့ဘူး။ အဲဒါေၾကာင့္ ေရြးေကာက္ပဲြက ေရြးေကာက္ပဲြလုပ္ပါတယ္ဆိုတဲ့ ကိုး ၿမိဳ႕နယ္ကို အကုန္ပယ္တယ္။ ေနာက္သံုးၿမိဳ႕နယ္ကို ၿမိဳ႕ေပၚရပ္ကြက္ နည္းနည္းေလာက္ပဲ လုပ္တယ္။ ရခိုင္ျပည္နယ္က ရခိုင္လူမ်ိဳးေတြရဲ႕ ႏိုင္ငံေရးကို ဖ်က္ဆီးလိုက္တာလို႔ အဲဒါေၾကာင့္ က်ေနာ္ေျပာတာျဖစ္တယ္။"

စစ္ေရးတင္းမာမႈေတြ ရွိေနတဲ့ ရခိုင္ျပည္နယ္မွာ မဲဆႏၵနယ္ေျမေတြ အကုန္လံုးကို မက်င္းပျဖစ္တာေၾကာင့္ ရခိုင္ျပည္သူေတြၾကားမွာ ေရြးေကာက္ပြဲႏိုင္ငံေရးအေပၚ ယံုၾကည္မႈေတြ အားနည္းလာႏိုင္သလို ေရွရွည္မွာလည္း ဒီမိုကေရစီျပဳျပင္ ေျပာင္းလဲေရးအေပၚ ထိခိုက္လာမွာကုိလည္း စုိးရိမ္ေနၾကပါတယ္။ ဒီလုိအေျခအေနေတြကုိ ေရွာင္ရွားႏုိင္ေအာင္ ၾကားျဖတ္ေရြးေကာက္ပြဲေတြ က်င္းပဖုိ႔ လုိအပ္လိမ့္မယ္လုိ႔လည္း ႏုိင္ငံေရးေလ့လာသုံးသပ္သူ ေဒါက္တာရန္မ်ိဳးသိမ္းကျမင္ပါတယ္။

"ဒီေရြးေကာက္ပြဲ မလုပ္ႏိုင္တဲ့ ကိစၥရဲ႕ ေနာက္ဆက္တြဲမွာေတာ့ ဘယ္အခ်ိိန္မွာ ရခိုင္ျပည္နယ္မွာ ေရြးေကာက္ပြဲကို ျပန္က်င္းပေပးမလဲဆိုတဲ့ ေမးခြန္းက ေမးစရာျဖစ္လာပါတယ္။ က်ေနာ္အေနနဲ႔ေတာ့ ေရြးေကာက္ပြဲကို ေစာႏိုင္သမွ် ေစာေစာ အျမန္ဆံုး ျပန္ၿပီး က်င္းပဖို႔ လိုအပ္တယ္လို႔ျမင္ပါတယ္။ လႊတ္ေတာ္ဆိုင္ရာ ေရြးေကာက္ပဲြ ဥပေဒအရ ေရြးေကာက္ပဲြ က်င္းပတဲ့ ႏွစ္မွာ လႊတ္ေတာ္ရဲ႕ ပထမ သက္တမ္းႏွစ္ေပါ့ေလ.. ၾကားျဖတ္ေရြးေကာက္ပြဲ က်င္းပတာေတာ့ မရွိပါဘူး။ သို႔ေသာ္လည္း ဒီကိစၥဟာႏိုင္ငံေတာ္နဲ႔ ႏိုင္ငံသားေတြရဲ႕ အက်ိဳးစီးပြား ကုိယ္စားျပဳမႈေတြနဲ႔ ဆက္စပ္ေနတဲ့အတြက္ေၾကာင့္ ရခိုင္ျပည္နယ္အပါအဝင္ ေရြးေကာက္ပြဲ မက်င္းပႏိုင္တဲ့ ၿမိဳ႕နယ္ေတြမွာ လာမယ့္ လႊတ္ေတာ္သက္တမ္းအတြင္း အျမန္ဆံုး ၾကားျဖတ္ ေရြးေကာက္ပြဲ တခု က်င္းပႏိုင္ဖို႔ ေဆာင္ရြက္သင့္တယ္လို႔ ျမင္ပါတယ္။"

ႏုိ၀င္ဘာလ ၈ ရက္ေန႔မွာ က်င္းပမယ့္ ေရြးေကာက္ပဲြမွာေတာ့ ႏိုင္ငံေရးပါတီေပါင္း ၉၀ ေက်ာ္နဲ႔ တသီးပုဂၢလလႊတ္ေတာ္ကိုယ္စားလွယ္ေတြ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမွာျဖစ္ၿပီး မဲေပးခြင့္ရွိသူ ၃၇ သန္းေက်ာ္ ရွိမယ္လို႔လည္း ေ႐ြးေကာက္ပြဲ ေကာ္မရွင္က သတင္းထုတ္ျပန္ထားပါတယ္။ ဒါေပမဲ့လည္း လြတ္လပ္မွ်တတဲ့ အေျခအေနေတြ မရွိဘူးဆုိၿပီး ျပည္နယ္နဲ႔ တုိင္း ၆ ခုက မဲဆႏၵနယ္ေျမတခ်ဳိ႕မွာ ေရြးေကာက္ပဲြ က်င္းပမယ့္အစီအစဥ္ကုိ ပယ္ဖ်က္ထားတာေၾကာင့္ ခန္႔မွန္းေျခမဲဆႏၵရွင္ ၁,၀၀၀,၀၀၀ ေက်ာ္ေလာက္ မဲေပးခြင့္ ဆုံး႐ႈံးမယ့္ အေျခအေနနဲ႔လည္း ႀကံဳေနရပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရွေးကောက်ပွဲလွန် ရခိုင်ပြည်နိုင်ငံရေးအခြေအနေ စိုးရိမ်မှုတွေ ထွက်ပေါ်

လာမယ့်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်မြေအများဆုံး ပယ်ဖျက်ခံထားရတဲ့ တိုင်းရင်းသားဒေသတခုဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲအလွန် နိုင်ငံရေးအခြေအနေတွေအပေါ် အကဲခတ်တွေက စိုးရိမ်နေကြတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က သတင်းပေးပို့ထားပါတယ်။

မြို့နယ် ကိုး ခုမှာရွေးကောက်ပွဲ မကျင်းပဖြစ်သလို ကျန်တဲ့ မြို့နယ်တွေထဲက တချို့မှာလည်း မြို့ပေါ် မဲဆန္ဒနယ်မြေလောက်သာ ကျင်းပမှာ ဖြစ်တာကြောင့် ရွေးကောက်ပွဲနောက်ပိုင်း ရခိုင်ပြည်နယ်မှာ နိုင်ငံရေးပြဿနာတွေ ပိုကြီးထွားလာနိုင်တယ်လို့ အကဲခတ်တွေ သတိပေးနေပါတယ်။

မဲဆန္ဒနယ်မြေတော်တော်များ ရွေးကောက်ပွဲ ကျင်းပခွင့် မရတော့တာကြောင့် ရခိုင်ပြည်နယ်လွှတ်တော်မှာလည်း ကိုယ်စားလှယ်တွေ အပြည့်အဝရှိမှာ မဟုတ်တာကြောင့် အစိုးရနဲ့ အပြန်အလှန်ထိန်းကျောင်းမှုတွေ အားနည်းလာနိုင်တယ်လို့လည်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကပြောပါတယ်။

"အစိုးရအဖွဲ့ကတော့ နိုင်ငံတော် သမ္မတကနေပြီးတော့ ခန့်အပ်တဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က ဝန်ကြီးချုပ် ဖြစ်လာမှာဆိုတော့ လွှတ်တော်တွေရဲ့ အစိုးရကို ထိန်းကျောင်းနိုင်မှုကတော့ လွှတ်တော်ကိုယ်စားလှယ် ၂၀ ဦးတည်းနဲ့ဆိုရင် အင်မတန်မှ အားနည်းလိမ့်မယ်လို့ ကျနော့်အနေနဲ့ သုံးသပ်ပါတယ်။"

ရခိုင်ပြည်နယ်မှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၆ သိန်းကျော်ရှိပေမဲ့ လက်ရှိအချိန်မှာတော့ မြို့နယ်တချို့နဲ့ မဲဆန္ဒနယ်မြေတော်တော်များများ ပယ်ဖျက်ခံရတာကြောင့် မဲပေးခွင့်ရှိသူ ၄၀၀,၀၀၀ ကျော်လောက်သာ ကျန်ပါတော့တယ်။

လက်နက်ကိုင် ပဋိပက္ခတွေနဲ့ နိုင်ငံရေးပြဿနာတွေ ကြုံနေရတဲ့ ရခိုင်ပြည်နယ်မှာ နေရာတော်တော်များများ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ အပေါ်မှာတော့ နိုင်ငံရေးအရ ဆုံးရှုံးမှုတခုအဖြစ်နဲ့လည်း ဒေသခံနိုင်ငံရေး အသိုင်းအဝန်းက မြင်ကြပါတယ်။ အဓိက နိုင်ငံရေးပါတီတခုဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှကတော့ ရခိုင်ပြည်နယ်အတွက် ဆုံးရှုံးမှုလို့ အခုလိုပြောပါတယ်။

"ရခိုင်ပြည်ရဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ ရခိုင်လူမျိုးတွေရဲ့ နိုင်ငံရေးကို ဖျက်ဆီးလိုက်တယ်လို့ မြင်တယ် အဲဒါက။ ရွေးကောက်ပွဲ ဆိုတာ ပြည်သူ့ဆန္ဒအများကြီးပါတဲ့ ပြည်သူတွေ ဆန္ဒကို ကိုယ်စားပြုတဲ့ ဒီမိုကရေစီစံချိန်စံညွှန်းမှာ ပြည်သူအများကို ကိုယ်စားပြုတဲ့ ဆန္ဒတွေပါဖို့ လိုတယ်။ အခုက ရခိုင်ပြည်သူအများစု ဆန္ဒက မပါတော့ဘူး။ အဲဒါကြောင့် ရွေးကောက်ပွဲက ရွေးကောက်ပွဲလုပ်ပါတယ်ဆိုတဲ့ ကိုး မြို့နယ်ကို အကုန်ပယ်တယ်။ နောက်သုံးမြို့နယ်ကို မြို့ပေါ်ရပ်ကွက် နည်းနည်းလောက်ပဲ လုပ်တယ်။ ရခိုင်ပြည်နယ်က ရခိုင်လူမျိုးတွေရဲ့ နိုင်ငံရေးကို ဖျက်ဆီးလိုက်တာလို့ အဲဒါကြောင့် ကျနော်ပြောတာဖြစ်တယ်။"

စစ်ရေးတင်းမာမှုတွေ ရှိနေတဲ့ ရခိုင်ပြည်နယ်မှာ မဲဆန္ဒနယ်မြေတွေ အကုန်လုံးကို မကျင်းပဖြစ်တာကြောင့် ရခိုင်ပြည်သူတွေကြားမှာ ရွေးကောက်ပွဲနိုင်ငံရေးအပေါ် ယုံကြည်မှုတွေ အားနည်းလာနိုင်သလို ရှေရှည်မှာလည်း ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးအပေါ် ထိခိုက်လာမှာကိုလည်း စိုးရိမ်နေကြပါတယ်။ ဒီလိုအခြေအနေတွေကို ရှောင်ရှားနိုင်အောင် ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပဖို့ လိုအပ်လိမ့်မယ်လို့လည်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကမြင်ပါတယ်။

"ဒီရွေးကောက်ပွဲ မလုပ်နိုင်တဲ့ ကိစ္စရဲ့ နောက်ဆက်တွဲမှာတော့ ဘယ်အချိန်မှာ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲကို ပြန်ကျင်းပပေးမလဲဆိုတဲ့ မေးခွန်းက မေးစရာဖြစ်လာပါတယ်။ ကျနော်အနေနဲ့တော့ ရွေးကောက်ပွဲကို စောနိုင်သမျှ စောစော အမြန်ဆုံး ပြန်ပြီး ကျင်းပဖို့ လိုအပ်တယ်လို့မြင်ပါတယ်။ လွှတ်တော်ဆိုင်ရာ ရွေးကောက်ပွဲ ဥပဒေအရ ရွေးကောက်ပွဲ ကျင်းပတဲ့ နှစ်မှာ လွှတ်တော်ရဲ့ ပထမ သက်တမ်းနှစ်ပေါ့လေ.. ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပတာတော့ မရှိပါဘူး။ သို့သော်လည်း ဒီကိစ္စဟာနိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွား ကိုယ်စားပြုမှုတွေနဲ့ ဆက်စပ်နေတဲ့အတွက်ကြောင့် ရခိုင်ပြည်နယ်အပါအဝင် ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မြို့နယ်တွေမှာ လာမယ့် လွှတ်တော်သက်တမ်းအတွင်း အမြန်ဆုံး ကြားဖြတ် ရွေးကောက်ပွဲ တခု ကျင်းပနိုင်ဖို့ ဆောင်ရွက်သင့်တယ်လို့ မြင်ပါတယ်။"

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာတော့ နိုင်ငံရေးပါတီပေါင်း ၉၀ ကျော်နဲ့ တသီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်တွေ ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး မဲပေးခွင့်ရှိသူ ၃၇ သန်းကျော် ရှိမယ်လို့လည်း ရွေးကောက်ပွဲ ကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့လည်း လွတ်လပ်မျှတတဲ့ အခြေအနေတွေ မရှိဘူးဆိုပြီး ပြည်နယ်နဲ့ တိုင်း ၆ ခုက မဲဆန္ဒနယ်မြေတချို့မှာ ရွေးကောက်ပွဲ ကျင်းပမယ့်အစီအစဉ်ကို ပယ်ဖျက်ထားတာကြောင့် ခန့်မှန်းခြေမဲဆန္ဒရှင် ၁,၀၀၀,၀၀၀ ကျော်လောက် မဲပေးခွင့် ဆုံးရှုံးမယ့် အခြေအနေနဲ့လည်း ကြုံနေရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG