သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 စည္းမ်ဥ္းေတြနဲ႔အညီ မဲေပးႏိုင္ေရး ေရြးေကာက္ပြဲ အထူးရဲေတြနဲ႔ အားျဖည့္


ေလ့က်င့္ခန္းဆင္းေနသည့္ ေရြးေကာက္ပြဲ အထူးလံုျခံဳေရး ရဲတပ္ဖြဲ႔ဝင္မ်ား။ (ေအာက္တိုဘာ ၁၃၊ ၂၀၂၀)

(Zawgyi / Unicode)

COVID-19 အတည္ျပဳလူနာ ေန႔စဥ္ ရာနဲ႔ခ်ီ ဆက္ရွိေနေသးတဲ့ ျမန္မာႏိုင္ငံမွာ ႏိုဝင္ဘာ ၈ ရက္ က်င္းပမယ့္ ေရြးေကာက္ပဲြေန႔ေရာက္ရင္ ျပည္သူေတြ က်န္းမာေရးဆုိင္ရာ စည္းမ်ည္းေတြကို သတိမလစ္ရေအာင္လို႔ က်န္းမာေရးဝန္ႀကီးဌာနနဲ႔ ေရြးေကာက္ပဲြ ေကာ္မရွင္တုိ႔ ပူးေပါင္းၿပီး မဲ႐ုံတဝိုက္မွာ အထူးရဲတပ္ဖြဲ႔ဝင္ေတြက ကူညီ သတိေပးသြားမွာျဖစ္ေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ေျပာခြင့္ရပုဂၢိဳလ္ ေဒါက္တာ သန္းႏိုင္စိုးက ဗြီအိုေအကို ေျပာပါတယ္။

“အိမ္ကစလာကတည္းက ခပ္ခြာခြာေလး ေနၿပီးေတာ့ ထိေတြ႔မႈနည္းေအာင္ စီမံထားတယ္။ အဓိကေတာ့ တန္းစီတဲ့ေနရာ၊ ဓာတ္ပုံ႐ုိက္တဲ့ေနရာမွာ Mask ခၽြတ္ၿပီး စကားေျပာမယ့္သူ၊ ကြမ္းစားမယ့္သူ၊ ေဆးလိပ္ေသာက္မယ့္သူလည္း ရွိႏုိင္တယ္။ ဒါမ်ဳိးေတြက က်နော္တုိ႔ ႀကိဳတင္စဥ္းစားတဲ့ အထဲမွာ နံပါတ္တစ္ စဥ္းစားထားတဲ့ကိစၥ ျဖစ္တယ္။ အဲဒီေတာ့ ဒီလိုေနရာမ်ဳိးမွာ ဒီလိုကိစၥေတြ မရွိရေအာင္ အထူးရဲလို ပုဂၢိဳလ္မ်ဳိးေတြက ေစာင့္ေရွာက္ၿပီးေတာ့ ေျပာၾကားေပးမွာ ျဖစ္တယ္။”

ဒါ့အျပင္ မဲ႐ုံ အဝင္အထြက္မွာလည္း လက္ပိုးသတ္ေဆးရည္ေတြ ဖ်န္းေပးမွာျဖစ္သလို ႏွာေခါင္းစည္း ေမ့က်န္လာသူေတြအတြက္လည္း ႏွာေခါင္းစည္းေဝေပးဖို႔ အသင့္ျပင္ထားၿပီ ျဖစ္တယ္လို႔လည္း ေဒါက္တာ သန္းႏိုင္စိုးက ေျပာပါတယ္။

ႏိုဝင္ဘာ ၁ ရက္ေန႔ ည ၈ နာရီ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ သတင္းထုတ္ျပန္ခ်က္အရ တနဂၤေႏြေန႔ တရက္တည္းမွာ ကိုဗစ္ကူးစက္တဲ့ အတည္ျပဳလူနာသစ္ ၆၉၉ ဦးနဲ႔ ေသဆုံးသူ ၂၁ ဦး ရွိပါတယ္။ ေသဆုံးသူ ၂၁ ဦးထဲက ၁၇ ဦးဟာ ေရာဂါအခံရွိသူေတြ ျဖစ္ပါတယ္။

အခုခ်ိန္ထိ ျမန္မာႏိုင္ငံမွာ ကိုဗစ္ပုိး ကူးစက္ခဲ့သူ စုစုေပါင္း ၅၃,၄၀၅ ဦးနဲ႔ ေသဆုံးသူ စုစုေပါင္း ၁,၂၅၈ ဦး ရွိသြားၿပီ ျဖစ္ပါတယ္။

ေအာက္တိုဘာ ၂၆ ကေန ၃၁ ရက္ေန႔အထိ စာရင္းကို ျပန္ၾကည့္ရင္ ျမန္မာႏိုင္ငံမွာ တပတ္အတြင္း ေန႔စဥ္ ကိုဗစ္ကူးမႈ ၁,၀၀၀ ေက်ာ္ကေန ၁,၄၀၀ ေက်ာ္အထိ ရွိခဲ့ရာက ႏိုဝင္ဘာ ၁ ရက္ေန႔ ကူးစက္မႈက ၆၉၉ ဦးသာရွိတဲ့အတြက္ ႐ုတ္တရက္ သိသိသာသာ က်ဆင္းသြားတဲ့ သေဘာမွာ ရွိပါတယ္။

ဒီလုိ ပုိးေတြ႔သူ က်ဆင္းလာတာဟာ စစ္ေဆးတဲ့ ဓာတ္ခဲြနမူနာ အေရအတြက္ နည္းသြားတာေၾကာင့္ ျဖစ္တယ္လို႔ ေဒါက္တာ သန္းႏိုင္စိုးက ဗြီအုိေအကို ေျပာပါတယ္။

ဒီမတိုင္ခင္တုန္းကေတာ့ ေရြးေကာက္ပဲြအတြက္ ရည္ရြယ္ၿပီး အထူးရဲတပ္ဖြဲ႔ဝင္ေတြ အပါအဝင္ အျခား ေရြးေကာက္ပဲြဆုိင္ရာ အဖြဲ႔ဝင္ေတြကို စစ္ေဆးေပးခဲ့ရတဲ့အတြက္ ပုိးေတြ႔သူ အေရအတြက္ မ်ားျပားခဲ့တာ ျဖစ္ေၾကာင္းလည္း သူက ရွင္းျပပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

COVID-19 စည်းမျဉ်းတွေနဲ့အညီ မဲပေးနိုင်ရေး ရွေးကောက်ပွဲ အထူးရဲတွေနဲ့ အားဖြည့်

COVID-19 အတည်ပြုလူနာ နေ့စဉ် ရာနဲ့ချီ ဆက်ရှိနေသေးတဲ့ မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၈ ရက် ကျင်းပမယ့် ရွေးကောက်ပွဲနေ့ရောက်ရင် ပြည်သူတွေ ကျန်းမာရေးဆိုင်ရာ စည်းမျည်းတွေကို သတိမလစ်ရအောင်လို့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ရွေးကောက်ပွဲ ကော်မရှင်တို့ ပူးပေါင်းပြီး မဲရုံတဝိုက်မှာ အထူးရဲတပ်ဖွဲ့ဝင်တွေက ကူညီ သတိပေးသွားမှာဖြစ်ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ သန်းနိုင်စိုးက ဗွီအိုအေကို ပြောပါတယ်။

“အိမ်ကစလာကတည်းက ခပ်ခွာခွာလေး နေပြီးတော့ ထိတွေ့မှုနည်းအောင် စီမံထားတယ်။ အဓိကတော့ တန်းစီတဲ့နေရာ၊ ဓာတ်ပုံရိုက်တဲ့နေရာမှာ Mask ချွတ်ပြီး စကားပြောမယ့်သူ၊ ကွမ်းစားမယ့်သူ၊ ဆေးလိပ်သောက်မယ့်သူလည်း ရှိနိုင်တယ်။ ဒါမျိုးတွေက ကျနော်တို့ ကြိုတင်စဉ်းစားတဲ့ အထဲမှာ နံပါတ်တစ် စဉ်းစားထားတဲ့ကိစ္စ ဖြစ်တယ်။ အဲဒီတော့ ဒီလိုနေရာမျိုးမှာ ဒီလိုကိစ္စတွေ မရှိရအောင် အထူးရဲလို ပုဂ္ဂိုလ်မျိုးတွေက စောင့်ရှောက်ပြီးတော့ ပြောကြားပေးမှာ ဖြစ်တယ်။”

ဒါ့အပြင် မဲရုံ အဝင်အထွက်မှာလည်း လက်ပိုးသတ်ဆေးရည်တွေ ဖျန်းပေးမှာဖြစ်သလို နှာခေါင်းစည်း မေ့ကျန်လာသူတွေအတွက်လည်း နှာခေါင်းစည်းဝေပေးဖို့ အသင့်ပြင်ထားပြီ ဖြစ်တယ်လို့လည်း ဒေါက်တာ သန်းနိုင်စိုးက ပြောပါတယ်။

နိုဝင်ဘာ ၁ ရက်နေ့ ည ၈ နာရီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ တနင်္ဂနွေနေ့ တရက်တည်းမှာ ကိုဗစ်ကူးစက်တဲ့ အတည်ပြုလူနာသစ် ၆၉၉ ဦးနဲ့ သေဆုံးသူ ၂၁ ဦး ရှိပါတယ်။ သေဆုံးသူ ၂၁ ဦးထဲက ၁၇ ဦးဟာ ရောဂါအခံရှိသူတွေ ဖြစ်ပါတယ်။

အခုချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်ပိုး ကူးစက်ခဲ့သူ စုစုပေါင်း ၅၃,၄၀၅ ဦးနဲ့ သေဆုံးသူ စုစုပေါင်း ၁,၂၅၈ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

အောက်တိုဘာ ၂၆ ကနေ ၃၁ ရက်နေ့အထိ စာရင်းကို ပြန်ကြည့်ရင် မြန်မာနိုင်ငံမှာ တပတ်အတွင်း နေ့စဉ် ကိုဗစ်ကူးမှု ၁,၀၀၀ ကျော်ကနေ ၁,၄၀၀ ကျော်အထိ ရှိခဲ့ရာက နိုဝင်ဘာ ၁ ရက်နေ့ ကူးစက်မှုက ၆၉၉ ဦးသာရှိတဲ့အတွက် ရုတ်တရက် သိသိသာသာ ကျဆင်းသွားတဲ့ သဘောမှာ ရှိပါတယ်။

ဒီလို ပိုးတွေ့သူ ကျဆင်းလာတာဟာ စစ်ဆေးတဲ့ ဓာတ်ခွဲနမူနာ အရေအတွက် နည်းသွားတာကြောင့် ဖြစ်တယ်လို့ ဒေါက်တာ သန်းနိုင်စိုးက ဗွီအိုအေကို ပြောပါတယ်။

ဒီမတိုင်ခင်တုန်းကတော့ ရွေးကောက်ပွဲအတွက် ရည်ရွယ်ပြီး အထူးရဲတပ်ဖွဲ့ဝင်တွေ အပါအဝင် အခြား ရွေးကောက်ပွဲဆိုင်ရာ အဖွဲ့ဝင်တွေကို စစ်ဆေးပေးခဲ့ရတဲ့အတွက် ပိုးတွေ့သူ အရေအတွက် များပြားခဲ့တာ ဖြစ်ကြောင်းလည်း သူက ရှင်းပြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG