သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္စည္းမ်ဥ္းနဲ႔အညီ မဲေပးႏုိင္ဖို႔ က်န္းမာေရးတာဝန္ရွိသူေတြ စီစဥ္ထား


ေအာက္တိုဘာလ ၁၇ ရက္ေန႔က ကမာရြတ္ၿမိဳ႕နယ္မွာ ၾကိဳတင္မဲေပးႏိုင္ဖို႔ ၾကိဳတင္ျပင္ဆင္ေနတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - Nay Yan Oo (ေနယံဦး ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း)'s Facebook - ေအာက္တိုဘာ ၁၇၊ ၂၀၂၀)

(Zawgyi / Unicode)

COVID-19 ကပ္ေရာဂါကာလ က်င္းပမယ့္ ေရြးေကာက္ပြဲမွာ မဲလာေပးမယ့္ ျပည္သူေတြ ေဘးကင္းလုံၿခဳံစြာ မဲေပးႏိုင္ေရး က်န္းမာေရးဝန္ႀကီးဌာနဘက္က အထူးစီမံေဆာင္ရြက္ထားသလို ျပည္သူေတြဘက္ကလည္း လိုက္နာရမယ့္ က်န္းမာေရးဆိုင္ရာ စည္းမ်ဥ္းစည္းကမ္းေတြကို သတိႀကီးႀကီးနဲ႔ လိုက္နာၾကဖို႔ ေဆးပညာရွင္ေတြနဲ႔ ဆရာဝန္ေတြက အႀကံေပးပါတယ္။ အျပည့္အစုံကို မဆုမြန္ စုစည္း တင္ျပထားပါတယ္။

လာမယ့္သီတင္းပတ္ ႏုိဝင္ဘာလ ၈ ရက္ေန႔မွာ က်င္းပေတာ့မယ့္ ၂၀၂၀ ျပည့္ႏွစ္ ပါတီစုံဒီမိုကေရစီ အေထြေထြေရြးေကာက္ပြဲႀကီးမွာ မဲလာေပးၾကမယ့္ ႏိုင္ငံတဝန္းက မဲဆႏၵရွင္ ျပည္သူေတြအေနနဲ႔ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ COVID-19 ကူးစက္မႈ ကာကြယ္ထိန္းခ်ဳပ္ေရး လမ္းၫႊန္ခ်က္ေတြနဲ႔အညီ ေဘးကင္းလုံၿခဳံစြာ ဆႏၵမဲေပးၾကဖို႔ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္က တိုက္တြန္းေနတာပါ။ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနဘက္ကလည္း ၂၀၂၀ ေရြးေကာက္ပြဲအတြက္ က်န္းမာေရးဆိုင္ရာ အထူးအစီအစဥ္ေတြနဲ႔ စီမံေဆာင္ရြက္ထားပါတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန သတင္းထုတ္ျပန္ေရးအဖြဲ႔ဝင္ ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမွဴး ေဒါက္တာခင္ခင္ႀကီးက ဗြီအိုေအျမန္မာပိုင္းကို ေျပာျပပါတယ္။

“ႏုိဝင္ဘာလ ၈ ရက္ေန႔ မဲေပးဖို႔ကလည္း အရမ္းနီးလာၿပီေပါ့ေနာ္။ ျပည္သူေတြလည္း မဲေပးဖို႔အတြက္ စိတ္လႈပ္ရွားေနၾကမယ္ဆိုတာ ယုံၾကည္ပါတယ္။ အဲဒီေတာ့ မဲေပးတဲ့အခါမွာ အႏၲရာယ္ကင္းစြာနဲ႔ စနစ္တက် မဲေပးႏိုင္ဖို႔ အစီအစဥ္ေတြလည္း လုပ္ထားပါတယ္။ မဲေပးတဲ့ဆီ ေရာက္ၿပီဆိုရင္ Mask ေပးမယ္၊ လက္အိတ္ထပ္ေပးပါမယ္။ ပါလာတဲ့ Mask လည္း လက္အိတ္ဝတ္ေပါ့ေနာ္။ ၿပီးရင္ တန္းစီတဲ့အခါမွာ တေယာက္နဲ႔တေယာက္ ၆ ေပျခားဖို႔အတြက္ကိုလည္း အစီအစဥ္ေတြ ေသခ်ာလုပ္ထားပါတယ္။ တေထာင္ေလာက္ မဲေပးမယ့္ မဲ႐ုံေတြမွာဆိုလည္း စနစ္တက်နဲ႔ ဒီလူတေထာင္ကို သတ္မွတ္ထားတဲ့ အခ်ိန္အတြင္းမွာ မဲေပးႏိုင္ဖို႔ဆိုရင္ လိုအပ္တဲ့ လူအင္အားေတြကိုလည္း ပိုၿပီး ျဖည့္ဆည္းေပးထားပါတယ္။ ေနာက္ တတ္ႏိုင္သမွ် အုပ္စုလိုက္မျဖစ္ေအာင္ ေသခ်ာေဆာင္ရြက္ထားတယ္။

“ဒီေနရာမွာ မဲေပးတဲ့ ျပည္သူေတြအေနနဲ႔ကလည္း စနစ္တက် ေရြးေကာ္က သတ္မွတ္ထားတဲ့ စည္းကမ္းအတိုင္း မဲေပးၾကရပါမယ္။ လက္အိတ္ကိုခၽြတ္၊ လက္သန္း မွင္တို႔ရမွာေပါ့ေနာ္။ မွင္တို႔တဲ့အခါမွာလည္း အႏၲရာယ္ကင္းေအာင္ ပိုးသတ္ထားတဲ့ ပိုးသန႔္စင္တဲ့ ေဆးေတြနဲ႔ လုပ္ထားတာျဖစ္ပါတယ္။ ဒါ့အျပင္ မဲ႐ုံမွာ တာဝန္က်တဲ့သူေတြ အေနနဲ႔လည္း သူတို႔အတြက္ လိုအပ္တဲ့ Mask, Face Shield, Cap, Apron အကာအကြယ္ဝတ္စုံေတြနဲ႔ ဝတ္ဆင္ခိုင္းထားတဲ့အတြက္ သူတို႔ဆီကလည္း ကိုယ့္ကို မကူးစက္ဖို႔ မလြယ္ပါဘူး။ တတ္ႏိုင္သမွ် မဲေပးမယ့္အခ်ိန္ကို အတိုဆုံး ေဆာင္ရြက္ေပးထားပါတယ္။ မဲေပးၿပီးတာနဲ႔ ဟိုသြား ဒီသြား ဟိုဝင္ဒီထြက္ မလုပ္ဘဲနဲ႔ အိမ္ကိုပဲ တန္းတန္းမတ္မတ္ မိမိအိမ္ကို ျပန္ရမွာျဖစ္ပါတယ္။”

၂၀၁၅ ျမန္မာ့ေရြးေကာက္ပြဲ မဲေပးသူဦးေရ တျခား ႏုိင္ငံတကာေရြးေကာက္ပြဲမ်ားႏွင့္ ႏႈိင္းယွဥ္ခ်က္။
၂၀၁၅ ျမန္မာ့ေရြးေကာက္ပြဲ မဲေပးသူဦးေရ တျခား ႏုိင္ငံတကာေရြးေကာက္ပြဲမ်ားႏွင့္ ႏႈိင္းယွဥ္ခ်က္။

သက္ဆိုင္ရာ ရပ္ကြက္ ၿမိဳ႕နယ္ေတြက မဲ႐ုံေတြအျပင္ ကြာရမ္တင္းစင္တာေတြ ေဆး႐ုံေတြမွာ မဲေပးမယ့္ျပည္သူတဦး မဲ႐ုံတြင္း မဲေပးပုံအဆင့္ဆင့္ ၾကာျမင့္ႏိုင္ေျခ အခ်ိန္ေတြကိုလည္း က်န္းမာေရးဝန္ထမ္းေတြနဲ႔ ေရြးေကာက္ပြဲ တာဝန္ရွိသူေတြ၊ မဲ႐ုံတာဝန္ခံ မဲ႐ုံမွဴးေတြ အႀကိမ္ႀကိမ္ ႀကိဳတင္ေလ့က်င့္ထားၾကၿပီး ေရာဂါပိုး မကူးစက္ရေအာင္ ေဆာင္ရြက္ထားပါတယ္လို႔ ေဒါက္တာခင္ခင္ႀကီးက ဆက္ေျပာျပပါတယ္။

“မဲေပးတဲ့ျဖစ္စဥ္မွာ လူတေယာက္ စေရာက္လာတာကေန မဲေပးတဲ့အခ်ိန္အထိ ဘယ္ေလာက္ၾကာသလဲေပါ့၊ ပ်မ္းမွ်အားျဖင့္ဆိုရင္ေတာ့ သုံးမိနစ္ဝန္းက်င္ေလာက္ပဲ ၾကာျမင့္ႏုိင္တာ ေတြ႔ရပါတယ္။ အစပိုင္းတုန္းကေတာ့ ၅ မိနစ္ေက်ာ္၊ ၆ မိနစ္ေလာက္ၾကာတာ ေတြ႔ရပါတယ္။ ပိုၿပီးေတာ့ ျမန္ႏိုင္သထက္ ျမန္ေအာင္ဆိုၿပီး အစီအစဥ္ေတြ ေဆာင္ရြက္ထားတာ ရွိပါတယ္။ အခုအခ်ိန္ဟာ ကမာၻ႔ကပ္ေရာဂါျဖစ္ေနတယ္၊ သာမန္အခ်ိန္မဟုတ္ဘူး၊ ႀကဳံေတြ႔ရႏုိင္တဲ့ အေျခအေနေတြကို မူတည္ၿပီး ဘယ္လိုေဆာင္ရြက္ရမလဲဆိုတဲ့ နည္းလမ္းေတြ အခ်ိန္ဇယားေတြလည္း ဒါမ်ိဳးေတြလည္း ဆြဲထားၿပီးျဖစ္ပါတယ္။ ဒီေနရာမွာ ကြာရမ္တင္းစင္တာမွာ မဲေပးမယ့္သူေတြ ရွိတယ္။ ေဆး႐ုံမွာလည္း ေဆး႐ုံမွာ မဲေပးရမယ့္ နည္းလမ္းေတြ ရွိပါတယ္။ မဲပုံးကို ေရြးေကာ္ကယူလာမယ္၊ ၿပီးလို႔ရွိရင္ သက္ဆိုင္ရာ Ward တာဝန္ရွိတဲ့သူေတြက မဲပုံးကို ယူသြားၿပီး မဲေပးႏိုင္ဖို႔လည္း လုပ္ထားပါတယ္။ ကိုယ္တိုင္ မဲမေပးႏိုင္ဘူးဆိုလည္း သူေပးခ်င္တဲ့ပါတီကို သူဆႏၵရွိတဲ့အတိုင္း ကူညီေပးမယ္ေပါ့။ အဲ့ဒီ့ေနရာမွာ CCTV ကေနလည္း မဲေပးတဲ့ျဖစ္စဥ္ကို က်န္တဲ့သူေတြက ၾကည့္ႏိုင္ပါတယ္။”

ရန္ကုန္တိုင္း လႈိင္သာယာၿမိဳ႕နယ္ အခမဲ့ Fever Clinic ေဆးခန္းတာဝန္ခံ ေဒါက္တာႏိုင္မင္းထြဋ္ကလည္း ျပည္သူေတြ ေရြးေကာက္ပြဲအတြက္ မဲေပးဖို႔ အျပင္ထြက္ၾကမယ့္အခ်ိန္ ကူးစက္ျမန္ေရာဂါ မကူးစက္ေစေရး ေဆာင္ရန္ေရွာင္ရန္ေတြကို သတိႀကီးႀကီးထား လိုက္နာၾကဖို႔ သတိေပးပါတယ္။

“က်န္းမာေရး႐ႈေထာင့္ကေန ၾကည့္ရမယ္ဆိုရင္ေတာ့ သက္ႀကီးရြယ္အိုေတြကို ႀကိဳတင္မဲေကာက္လိုက္တဲ့ အတြက္ေၾကာင့္ သက္ႀကီးရြယ္အိုေတြမွာ ကူးစက္မႈ ရာခိုင္ႏႈန္းေတာ့ အထိုက္အေလ်ာက္ေတာ့ ေလွ်ာ့ခ်ႏုိင္မယ္ေပါ့ေနာ္။ ေနာက္ လာမယ့္ ႏိုဝင္ဘာ ၈ ရက္ အဓိက မဲေပးရမယ့္ေန႔ရက္ေပါ့ေနာ္၊ အဲ့ဒီ့ေန႔ရက္မွာေတာ့ မဲ႐ုံေတြမွာ လူစုလူေဝးေတြ ရွိေနႏုိင္တယ္ေပါ့။ အဓိက မဲ႐ုံမွာ တာဝန္က်တဲ့ တာဝန္ခံေတြ၊ ေဗာ္လံတီယာေတြ၊ ဆရာဆရာမေတြကေတာ့ ဖ်ားနာေနရင္ ဒီတာဝန္ကို လႊဲေျပာင္းေပးအပ္သင့္ပါတယ္လို႔ နံပါတ္တစ္ အႀကံေပးခ်င္ပါတယ္။ မလာသင့္ပါဘူး။ မဲလာေပးမယ့္သူေတြကေတာ့ Mask ကို ေသခ်ာတပ္ရပါမယ္။ လက္အိတ္ဝတ္မယ္။ တတ္ႏိုင္မယ္ဆိုရင္ Face Shield ေဆာင္းလို႔ရတယ္။ အမ်ိဳးသမီးေတြဆိုလည္း တတ္ႏိုင္သေလာက္ ဆံပင္ကအစ ေသခ်ာစည္းေႏွာင္ၿပီး Cap ေဆာင္းထားသင့္ပါတယ္။ ေဆာင္ရန္ေရွာင္ရန္ေတြကို စနစ္တက် လုပ္ရပါမယ္။ ျပန္လာၾကၿပီ၊ မဲ႐ုံက ျပန္လာၿပီဆိုရင္လည္း လက္ကို လံုးဝ ဆပ္ျပာနဲ႔ တေတာင္ဆစ္ကေန ေဆးခ်ပစ္လိုက္တာ အေကာင္းဆံုးျဖစ္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ မဲေပးၿပီးရင္ျဖစ္ျဖစ္ မဲမေပးခင္ျဖစ္ျဖစ္ ဖ်ားနာလာၿပီဆိုရင္ ဖ်ားနာကုေဆးခန္းေတြမွာ တိုင္ပင္ေဆြးေႏြးၾကပါလို႔ ဆရာ့အေနနဲ႔ အႀကံေပးခ်င္ပါတယ္။”

အခုလို က်န္းမာေရးဝန္ထမ္းေတြနဲ႔ ေရြးေကာက္ပြဲ တာဝန္ရွိသူေတြဘက္က အတတ္ႏုိင္ဆုံး စနစ္တက် ျပင္ဆင္ ေဆာင္ရြက္ေနခ်ိန္ ျပည္သူေတြကလည္း ပူးေပါင္းပါဝင္ၾကပါလို႔ က်န္းမာေရးဝန္ႀကီးဌာန ေျပာခြင့္ရ ေဒါက္တာခင္ခင္ႀကီးက တိုက္တြန္းပါတယ္။

“ျပည္သူေတြ စည္းကမ္းရွိရွိ လိုက္နာၾကမယ္ဆိုရင္ ေရြးေကာက္ပြဲႀကီးကိုလည္း ေအာင္ေအာင္ျမင္ျမင္ က်င္းပႏိုင္သလို က်မတို႔ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရး ကိစၥရပ္ေတြလည္း ေအာင္ေအာင္ျမင္ျမင္နဲ႔ ေဆာင္ရြက္ႏိုင္မယ္လို႔ က်မေတာ့ ထင္ျမင္ပါတယ္။ က်မတို႔ႏိုင္ငံ အေျခအေနေပၚ မူတည္ၿပီး က်မတို႔ေဒသနဲ႔ လိုက္ေလ်ာညီေထြျဖစ္ေအာင္ အေကာင္းဆုံး ေဆာင္ရြက္ထားတာ ျဖစ္ပါတယ္။ အခုဆိုရင္ အသက္အရြယ္ႀကီးတဲ့သူေတြ အသက္ ၆၀ နဲ႔ အထက္ေတြကိုလည္း ေနအိမ္မွာ ဆႏၵမဲေပးတဲ့ ကိစၥေတြကိုလည္း ၂၉ ရက္ေန႔ကစၿပီး လုပ္ေနတာဆိုေတာ့ ႀကိဳတင္မဲေကာက္ခံေနေတာ့ အႏၲရာယ္မ်ားတာကေန ႀကိဳတင္ဖယ္ရွားထားၿပီး ျဖစ္ပါတယ္။ ျပည္သူေတြအေနနဲ႔ ေရြးေကာက္ပြဲကလည္း ဘယ္ေလာက္မွ မက်န္ေတာ့ဘူး။ ျပည္သူေတြအေနနဲ႔ တတ္ႏိုင္သေလာက္ အႏၲရာယ္ရွိတဲ့ အျပဳအမူေတြကို မလုပ္ၾကပါနဲ႔။ ကိုယ့္ရဲ႕က်န္းမာေရးအတြက္ အေကာင္းဆုံး အေနအထားျဖစ္ေအာင္ ေဆာင္သင့္တာကိုေဆာင္၊ ေရွာင္သင့္တာကို ေရွာင္မယ္ဆိုရင္ ဒါဆိုလို႔ဆိုရင္ေတာ့ ႏိုဝင္ဘာလ ၈ ရက္ေန႔မွာ ေအာင္ေအာင္ျမင္ျမင္နဲ႔ မဲေပးႏိုင္မွာျဖစ္သလို ေနာက္ဆက္တြဲ ေရာဂါျဖစ္ပြားမႈ ရလဒ္ကို မရမွာျဖစ္ပါတယ္။”

အခုလက္ရွိမွာေတာ့ ျမန္မာႏုိင္ငံမွာ COVID-19 ကူးစက္ျမန္ေရာဂါပိုး လူ ၅၁,၀၀၀ ေက်ာ္ ကူးစက္ခံေနရၿပီး ကိုဗစ္ေၾကာင့္ ေသဆံုးသူကေတာ့ ၁,၂၀၀ ဝန္းက်င္ ရွိေနတာပါ။ ၂၀၂၀ ေရြးေကာက္ပြဲအတြက္ တႏိုင္ငံလံုး အတုိင္းအတာနဲ႔ မဲ႐ုံေပါင္း ၄၁,၀၀၀ ဝန္းက်င္အတြက္ မဲ႐ုံဝန္ထမ္းက ၄၁၀,၀၀၀ တာဝန္ယူမွာျဖစ္ၿပီး မဲေပးမယ့္သူေပါင္းကေတာ့ ၃၇ သန္းေက်ာ္ရွိမယ္လို႔ ေရြးေကာက္ပြဲေကာ္မရွင္က ေၾကညာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

ကိုဗစ်စည်းမျဉ်းနဲ့အညီ မဲပေးနိုင်ဖို့ ကျန်းမာရေးတာဝန်ရှိသူတွေ စီစဉ်ထား

COVID-19 ကပ်ရောဂါကာလ ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲလာပေးမယ့် ပြည်သူတွေ ဘေးကင်းလုံခြုံစွာ မဲပေးနိုင်ရေး ကျန်းမာရေးဝန်ကြီးဌာနဘက်က အထူးစီမံဆောင်ရွက်ထားသလို ပြည်သူတွေဘက်ကလည်း လိုက်နာရမယ့် ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို သတိကြီးကြီးနဲ့ လိုက်နာကြဖို့ ဆေးပညာရှင်တွေနဲ့ ဆရာဝန်တွေက အကြံပေးပါတယ်။ အပြည့်အစုံကို မဆုမွန် စုစည်း တင်ပြထားပါတယ်။

လာမယ့်သီတင်းပတ် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပတော့မယ့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးမှာ မဲလာပေးကြမယ့် နိုင်ငံတဝန်းက မဲဆန္ဒရှင် ပြည်သူတွေအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ COVID-19 ကူးစက်မှု ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်တွေနဲ့အညီ ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးကြဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တိုက်တွန်းနေတာပါ။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနဘက်ကလည်း ၂၀၂၀ ရွေးကောက်ပွဲအတွက် ကျန်းမာရေးဆိုင်ရာ အထူးအစီအစဉ်တွေနဲ့ စီမံဆောင်ရွက်ထားပါတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန သတင်းထုတ်ပြန်ရေးအဖွဲ့ဝင် ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဗွီအိုအေမြန်မာပိုင်းကို ပြောပြပါတယ်။

“နိုဝင်ဘာလ ၈ ရက်နေ့ မဲပေးဖို့ကလည်း အရမ်းနီးလာပြီပေါ့နော်။ ပြည်သူတွေလည်း မဲပေးဖို့အတွက် စိတ်လှုပ်ရှားနေကြမယ်ဆိုတာ ယုံကြည်ပါတယ်။ အဲဒီတော့ မဲပေးတဲ့အခါမှာ အန္တရာယ်ကင်းစွာနဲ့ စနစ်တကျ မဲပေးနိုင်ဖို့ အစီအစဉ်တွေလည်း လုပ်ထားပါတယ်။ မဲပေးတဲ့ဆီ ရောက်ပြီဆိုရင် Mask ပေးမယ်၊ လက်အိတ်ထပ်ပေးပါမယ်။ ပါလာတဲ့ Mask လည်း လက်အိတ်ဝတ်ပေါ့နော်။ ပြီးရင် တန်းစီတဲ့အခါမှာ တယောက်နဲ့တယောက် ၆ ပေခြားဖို့အတွက်ကိုလည်း အစီအစဉ်တွေ သေချာလုပ်ထားပါတယ်။ တထောင်လောက် မဲပေးမယ့် မဲရုံတွေမှာဆိုလည်း စနစ်တကျနဲ့ ဒီလူတထောင်ကို သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ မဲပေးနိုင်ဖို့ဆိုရင် လိုအပ်တဲ့ လူအင်အားတွေကိုလည်း ပိုပြီး ဖြည့်ဆည်းပေးထားပါတယ်။ နောက် တတ်နိုင်သမျှ အုပ်စုလိုက်မဖြစ်အောင် သေချာဆောင်ရွက်ထားတယ်။

“ဒီနေရာမှာ မဲပေးတဲ့ ပြည်သူတွေအနေနဲ့ကလည်း စနစ်တကျ ရွေးကော်က သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်း မဲပေးကြရပါမယ်။ လက်အိတ်ကိုချွတ်၊ လက်သန်း မှင်တို့ရမှာပေါ့နော်။ မှင်တို့တဲ့အခါမှာလည်း အန္တရာယ်ကင်းအောင် ပိုးသတ်ထားတဲ့ ပိုးသန့်စင်တဲ့ ဆေးတွေနဲ့ လုပ်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် မဲရုံမှာ တာဝန်ကျတဲ့သူတွေ အနေနဲ့လည်း သူတို့အတွက် လိုအပ်တဲ့ Mask, Face Shield, Cap, Apron အကာအကွယ်ဝတ်စုံတွေနဲ့ ဝတ်ဆင်ခိုင်းထားတဲ့အတွက် သူတို့ဆီကလည်း ကိုယ့်ကို မကူးစက်ဖို့ မလွယ်ပါဘူး။ တတ်နိုင်သမျှ မဲပေးမယ့်အချိန်ကို အတိုဆုံး ဆောင်ရွက်ပေးထားပါတယ်။ မဲပေးပြီးတာနဲ့ ဟိုသွား ဒီသွား ဟိုဝင်ဒီထွက် မလုပ်ဘဲနဲ့ အိမ်ကိုပဲ တန်းတန်းမတ်မတ် မိမိအိမ်ကို ပြန်ရမှာဖြစ်ပါတယ်။”

ေဘးကင္းလုံၿခဳံစြာ မဲေပးႏုိင္ေရး UEC ရဲ႕ လက္ကမ္းစာေစာင္။ (ဓာတ္ပုံ - UEC)
ေဘးကင္းလုံၿခဳံစြာ မဲေပးႏုိင္ေရး UEC ရဲ႕ လက္ကမ္းစာေစာင္။ (ဓာတ္ပုံ - UEC)


သက်ဆိုင်ရာ ရပ်ကွက် မြို့နယ်တွေက မဲရုံတွေအပြင် ကွာရမ်တင်းစင်တာတွေ ဆေးရုံတွေမှာ မဲပေးမယ့်ပြည်သူတဦး မဲရုံတွင်း မဲပေးပုံအဆင့်ဆင့် ကြာမြင့်နိုင်ခြေ အချိန်တွေကိုလည်း ကျန်းမာရေးဝန်ထမ်းတွေနဲ့ ရွေးကောက်ပွဲ တာဝန်ရှိသူတွေ၊ မဲရုံတာဝန်ခံ မဲရုံမှူးတွေ အကြိမ်ကြိမ် ကြိုတင်လေ့ကျင့်ထားကြပြီး ရောဂါပိုး မကူးစက်ရအောင် ဆောင်ရွက်ထားပါတယ်လို့ ဒေါက်တာခင်ခင်ကြီးက ဆက်ပြောပြပါတယ်။

“မဲပေးတဲ့ဖြစ်စဉ်မှာ လူတယောက် စရောက်လာတာကနေ မဲပေးတဲ့အချိန်အထိ ဘယ်လောက်ကြာသလဲပေါ့၊ ပျမ်းမျှအားဖြင့်ဆိုရင်တော့ သုံးမိနစ်ဝန်းကျင်လောက်ပဲ ကြာမြင့်နိုင်တာ တွေ့ရပါတယ်။ အစပိုင်းတုန်းကတော့ ၅ မိနစ်ကျော်၊ ၆ မိနစ်လောက်ကြာတာ တွေ့ရပါတယ်။ ပိုပြီးတော့ မြန်နိုင်သထက် မြန်အောင်ဆိုပြီး အစီအစဉ်တွေ ဆောင်ရွက်ထားတာ ရှိပါတယ်။ အခုအချိန်ဟာ ကမ္ဘာ့ကပ်ရောဂါဖြစ်နေတယ်၊ သာမန်အချိန်မဟုတ်ဘူး၊ ကြုံတွေ့ရနိုင်တဲ့ အခြေအနေတွေကို မူတည်ပြီး ဘယ်လိုဆောင်ရွက်ရမလဲဆိုတဲ့ နည်းလမ်းတွေ အချိန်ဇယားတွေလည်း ဒါမျိုးတွေလည်း ဆွဲထားပြီးဖြစ်ပါတယ်။ ဒီနေရာမှာ ကွာရမ်တင်းစင်တာမှာ မဲပေးမယ့်သူတွေ ရှိတယ်။ ဆေးရုံမှာလည်း ဆေးရုံမှာ မဲပေးရမယ့် နည်းလမ်းတွေ ရှိပါတယ်။ မဲပုံးကို ရွေးကော်ကယူလာမယ်၊ ပြီးလို့ရှိရင် သက်ဆိုင်ရာ Ward တာဝန်ရှိတဲ့သူတွေက မဲပုံးကို ယူသွားပြီး မဲပေးနိုင်ဖို့လည်း လုပ်ထားပါတယ်။ ကိုယ်တိုင် မဲမပေးနိုင်ဘူးဆိုလည်း သူပေးချင်တဲ့ပါတီကို သူဆန္ဒရှိတဲ့အတိုင်း ကူညီပေးမယ်ပေါ့။ အဲ့ဒီ့နေရာမှာ CCTV ကနေလည်း မဲပေးတဲ့ဖြစ်စဉ်ကို ကျန်တဲ့သူတွေက ကြည့်နိုင်ပါတယ်။”

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အခမဲ့ Fever Clinic ဆေးခန်းတာဝန်ခံ ဒေါက်တာနိုင်မင်းထွဋ်ကလည်း ပြည်သူတွေ ရွေးကောက်ပွဲအတွက် မဲပေးဖို့ အပြင်ထွက်ကြမယ့်အချိန် ကူးစက်မြန်ရောဂါ မကူးစက်စေရေး ဆောင်ရန်ရှောင်ရန်တွေကို သတိကြီးကြီးထား လိုက်နာကြဖို့ သတိပေးပါတယ်။

“ကျန်းမာရေးရှုထောင့်ကနေ ကြည့်ရမယ်ဆိုရင်တော့ သက်ကြီးရွယ်အိုတွေကို ကြိုတင်မဲကောက်လိုက်တဲ့ အတွက်ကြောင့် သက်ကြီးရွယ်အိုတွေမှာ ကူးစက်မှု ရာခိုင်နှုန်းတော့ အထိုက်အလျောက်တော့ လျှော့ချနိုင်မယ်ပေါ့နော်။ နောက် လာမယ့် နိုဝင်ဘာ ၈ ရက် အဓိက မဲပေးရမယ့်နေ့ရက်ပေါ့နော်၊ အဲ့ဒီ့နေ့ရက်မှာတော့ မဲရုံတွေမှာ လူစုလူဝေးတွေ ရှိနေနိုင်တယ်ပေါ့။ အဓိက မဲရုံမှာ တာဝန်ကျတဲ့ တာဝန်ခံတွေ၊ ဗော်လံတီယာတွေ၊ ဆရာဆရာမတွေကတော့ ဖျားနာနေရင် ဒီတာဝန်ကို လွှဲပြောင်းပေးအပ်သင့်ပါတယ်လို့ နံပါတ်တစ် အကြံပေးချင်ပါတယ်။ မလာသင့်ပါဘူး။ မဲလာပေးမယ့်သူတွေကတော့ Mask ကို သေချာတပ်ရပါမယ်။ လက်အိတ်ဝတ်မယ်။ တတ်နိုင်မယ်ဆိုရင် Face Shield ဆောင်းလို့ရတယ်။ အမျိုးသမီးတွေဆိုလည်း တတ်နိုင်သလောက် ဆံပင်ကအစ သေချာစည်းနှောင်ပြီး Cap ဆောင်းထားသင့်ပါတယ်။ ဆောင်ရန်ရှောင်ရန်တွေကို စနစ်တကျ လုပ်ရပါမယ်။ ပြန်လာကြပြီ၊ မဲရုံက ပြန်လာပြီဆိုရင်လည်း လက်ကို လုံးဝ ဆပ်ပြာနဲ့ တတောင်ဆစ်ကနေ ဆေးချပစ်လိုက်တာ အကောင်းဆုံးဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မဲပေးပြီးရင်ဖြစ်ဖြစ် မဲမပေးခင်ဖြစ်ဖြစ် ဖျားနာလာပြီဆိုရင် ဖျားနာကုဆေးခန်းတွေမှာ တိုင်ပင်ဆွေးနွေးကြပါလို့ ဆရာ့အနေနဲ့ အကြံပေးချင်ပါတယ်။”

အခုလို ကျန်းမာရေးဝန်ထမ်းတွေနဲ့ ရွေးကောက်ပွဲ တာဝန်ရှိသူတွေဘက်က အတတ်နိုင်ဆုံး စနစ်တကျ ပြင်ဆင် ဆောင်ရွက်နေချိန် ပြည်သူတွေကလည်း ပူးပေါင်းပါဝင်ကြပါလို့ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရ ဒေါက်တာခင်ခင်ကြီးက တိုက်တွန်းပါတယ်။

“ပြည်သူတွေ စည်းကမ်းရှိရှိ လိုက်နာကြမယ်ဆိုရင် ရွေးကောက်ပွဲကြီးကိုလည်း အောင်အောင်မြင်မြင် ကျင်းပနိုင်သလို ကျမတို့ ရောဂါကာကွယ်ထိန်းချုပ်ရေး ကိစ္စရပ်တွေလည်း အောင်အောင်မြင်မြင်နဲ့ ဆောင်ရွက်နိုင်မယ်လို့ ကျမတော့ ထင်မြင်ပါတယ်။ ကျမတို့နိုင်ငံ အခြေအနေပေါ် မူတည်ပြီး ကျမတို့ဒေသနဲ့ လိုက်လျောညီထွေဖြစ်အောင် အကောင်းဆုံး ဆောင်ရွက်ထားတာ ဖြစ်ပါတယ်။ အခုဆိုရင် အသက်အရွယ်ကြီးတဲ့သူတွေ အသက် ၆၀ နဲ့ အထက်တွေကိုလည်း နေအိမ်မှာ ဆန္ဒမဲပေးတဲ့ ကိစ္စတွေကိုလည်း ၂၉ ရက်နေ့ကစပြီး လုပ်နေတာဆိုတော့ ကြိုတင်မဲကောက်ခံနေတော့ အန္တရာယ်များတာကနေ ကြိုတင်ဖယ်ရှားထားပြီး ဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲကလည်း ဘယ်လောက်မှ မကျန်တော့ဘူး။ ပြည်သူတွေအနေနဲ့ တတ်နိုင်သလောက် အန္တရာယ်ရှိတဲ့ အပြုအမူတွေကို မလုပ်ကြပါနဲ့။ ကိုယ့်ရဲ့ကျန်းမာရေးအတွက် အကောင်းဆုံး အနေအထားဖြစ်အောင် ဆောင်သင့်တာကိုဆောင်၊ ရှောင်သင့်တာကို ရှောင်မယ်ဆိုရင် ဒါဆိုလို့ဆိုရင်တော့ နိုဝင်ဘာလ ၈ ရက်နေ့မှာ အောင်အောင်မြင်မြင်နဲ့ မဲပေးနိုင်မှာဖြစ်သလို နောက်ဆက်တွဲ ရောဂါဖြစ်ပွားမှု ရလဒ်ကို မရမှာဖြစ်ပါတယ်။”

အခုလက်ရှိမှာတော့ မြန်မာနိုင်ငံမှာ COVID-19 ကူးစက်မြန်ရောဂါပိုး လူ ၅၁,၀၀၀ ကျော် ကူးစက်ခံနေရပြီး ကိုဗစ်ကြောင့် သေဆုံးသူကတော့ ၁,၂၀၀ ဝန်းကျင် ရှိနေတာပါ။ ၂၀၂၀ ရွေးကောက်ပွဲအတွက် တနိုင်ငံလုံး အတိုင်းအတာနဲ့ မဲရုံပေါင်း ၄၁,၀၀၀ ဝန်းကျင်အတွက် မဲရုံဝန်ထမ်းက ၄၁၀,၀၀၀ တာဝန်ယူမှာဖြစ်ပြီး မဲပေးမယ့်သူပေါင်းကတော့ ၃၇ သန်းကျော်ရှိမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG