(Zawgyi/Unicode)
ျမန္မာနိုင္ငံမွာ က်င္းပမယ့္ ေရြးေကာက္ပြဲအႀကိဳ အခင္းအက်င္းနဲ႔ ပတ္သက္ၿပီး အေမရိကန္ အေျခစိုက္ ေရြးေကာက္ပြဲ ေလ့လာ ေစာင့္ၾကည့္ေရး အဖြဲ႕တစ္ခုျဖစ္တဲ့ Carter Center က သတင္းထုတ္ျပန္ခ်က္ တစ္ေစာင္ကို ဒုတိယအႀကိမ္ ထုတ္ျပန္လိုက္ ပါတယ္။
ေအာက္တိုဘာလ ၃၀ ရက္ေန႔ ရက္စြဲနဲ႔ Carter Center ရဲ့ ထုတ္ျပန္ခ်က္မွာ မဲဆႏၵနယ္တစ္ခ်ိဳ႕ကို လုံျခဳံေရး အေၾကာင္းျပခ်က္နဲ႔ ဖ်က္သိမ္းခဲ့တဲ့ ျဖစ္စဥ္ဟာ ပြင့္လင္းျမင္သာမႈ နည္းပါးတယ္လို႔ ေဝဖန္ ေထာက္ျပထားပါတယ္။
ဒီဆုံးျဖတ္ခ်က္အေပၚ ေရြးေကာက္ပြဲ ဝင္မယ့္ ပါတီတစ္ခ်ိဳ႕က ေမးခြန္းထုတ္စရာ ကိစၥျဖစ္လာသလို ဆုံးျဖတ္ခ်က္ေၾကာင့္ မဲဆႏၵရွင္ ၁.၄ သန္း မဲမေပးနိုင္ဘဲ ျဖစ္ရေၾကာင္း အဲဒီ အထဲ ရခိုင္ျပည္နယ္က မဲဆႏၵရွင္ အမ်ားစု ပါဝင္ေၾကာင္း ေထာက္ျပထား ပါတယ္။
ဒါ့အျပင္ ညီညြတ္ေသာ ဒီမိုကရက္တစ္ ပါတီ (UDP) ကို ဖ်က္သိမ္းတာေၾကာင့္လည္း ေရြးေကာက္ပြဲ ဝင္မယ့္ ကိုယ္စားလွယ္ေလာင္း အေရအတြက္လည္း သိသိသာသာ ေလ်ာ့က်သြားခဲ့ေၾကာင္း၊ အမ်ိဳးသမီးကိုယ္စားလွယ္ေလာင္းေတြ ပိုၿပီးမ်ားျပားလာေပမဲ့ရာခိုင္ႏႈန္း အရ ၁၆ ရာခိုင္ႏႈန္းသာ ရွိတယ္လို႔လည္း Carter Center ရဲ့ ေၾကညာခ်က္မွာ ပါရွိပါတယ္။
Carter Center အေနနဲ႔ ေရြးေကာက္ပြဲ ေလ့လာေရး အဖြဲ႕ေတြကို ျပည္နယ္နဲ႔ တိုင္းေဒသႀကီး အေတာ္မ်ားမ်ားမွာ ေစလႊတ္ခ်ထားၿပီး မဲဆြယ္ေရးကာလ အေျခအေန၊ မဲေပးတာ၊ မဲေရတြက္တာနဲ႔ ရလဒ္ ထုတ္ျပန္ခ်က္ေတြကို ေစာင့္ၾကည့္ေလ့လာသြားမယ္လို႔ ဆို ပါတယ္။
ေလ့လာ ေတြ႕ရွိခ်က္ေတြကို ေရြးေကာက္ပြဲ အၿပီး မၾကာခင္အတြင္း ပဏာမ ေၾကညာခ်က္အေနနဲ႔ ထုတ္ျပန္ေၾကညာသြားမယ္လို႔ လည္းCarter Center က ေျပာပါတယ္။
...........
မြန်မာရွေးကောက်ပွဲ စီစဉ်ပုံ Carter Center ဝေဖန်
(Unicode)
မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲအကြို အခင်းအကျင်းနဲ့ ပတ်သက်ပြီး အမေရိကန် အခြေစိုက် ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်ရေး အဖွဲ့တစ်ခုဖြစ်တဲ့ Carter Center က သတင်းထုတ်ပြန်ချက် တစ်စောင်ကို ဒုတိယအကြိမ် ထုတ်ပြန်လိုက် ပါတယ်။
အောက်တိုဘာလ ၃၀ ရက်နေ့ ရက်စွဲနဲ့ Carter Center ရဲ့ ထုတ်ပြန်ချက်မှာ မဲဆန္ဒနယ်တစ်ချို့ကို လုံခြုံရေး အကြောင်းပြချက်နဲ့ ဖျက်သိမ်းခဲ့တဲ့ ဖြစ်စဉ်ဟာ ပွင့်လင်းမြင်သာမှု နည်းပါးတယ်လို့ ဝေဖန် ထောက်ပြထားပါတယ်။
ဒီဆုံးဖြတ်ချက်အပေါ် ရွေးကောက်ပွဲ ဝင်မယ့် ပါတီတစ်ချို့က မေးခွန်းထုတ်စရာ ကိစ္စဖြစ်လာသလို ဆုံးဖြတ်ချက်ကြောင့် မဲဆန္ဒရှင် ၁.၄ သန်း မဲမပေးနိုင်ဘဲ ဖြစ်ရကြောင်း အဲဒီ အထဲ ရခိုင်ပြည်နယ်က မဲဆန္ဒရှင် အများစု ပါဝင်ကြောင်း ထောက်ပြထား ပါတယ်။
ဒါ့အပြင် ညီညွတ်သော ဒီမိုကရက်တစ် ပါတီ (UDP) ကို ဖျက်သိမ်းတာကြောင့်လည်း ရွေးကောက်ပွဲ ဝင်မယ့် ကိုယ်စားလှယ်လောင်း အရေအတွက်လည်း သိသိသာသာ လျော့ကျသွားခဲ့ကြောင်း၊ အမျိုးသမီးကိုယ်စားလှယ်လောင်းတွေ ပိုပြီးများပြားလာပေမဲ့ရာခိုင်နှုန်း အရ ၁၆ ရာခိုင်နှုန်းသာ ရှိတယ်လို့လည်း Carter Center ရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။
Carter Center အနေနဲ့ ရွေးကောက်ပွဲ လေ့လာရေး အဖွဲ့တွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီး အတော်များများမှာ စေလွှတ်ချထားပြီး မဲဆွယ်ရေးကာလ အခြေအနေ၊ မဲပေးတာ၊ မဲရေတွက်တာနဲ့ ရလဒ် ထုတ်ပြန်ချက်တွေကို စောင့်ကြည့်လေ့လာသွားမယ်လို့ ဆို ပါတယ်။
လေ့လာ တွေ့ရှိချက်တွေကို ရွေးကောက်ပွဲ အပြီး မကြာခင်အတွင်း ပဏာမ ကြေညာချက်အနေနဲ့ ထုတ်ပြန်ကြေညာသွားမယ်လို့ လည်းCarter Center က ပြောပါတယ်။