သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ကိုဗစ်ဓာတ်ခွဲအတည်ပြု စုစုပေါင်း ၅၃,၄၀၅ ဦး၊ သေဆုံး ၁,၂၅၈ ဦး


ရန်ကုန်မြို့ ကွာရမ်တင်းစင်တာတခုမှာ COVID-19 စစ်ဆေးဖို့ Swab နမူနာယူနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (အောက်တိုဘာ ၁၆၊ ၂၀၂၀)
ရန်ကုန်မြို့ ကွာရမ်တင်းစင်တာတခုမှာ COVID-19 စစ်ဆေးဖို့ Swab နမူနာယူနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (အောက်တိုဘာ ၁၆၊ ၂၀၂၀)

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ COVID-19 ရောဂါ နောက်ထပ်ကူးစက်ခံရသူ ၆၉၉ ယောက်နဲ့ သေဆုံးသူ ၂၁ ယောက်ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ပြောလိုက်ပါတယ်။ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၈,၁၀၈ ခုကို စစ်ဆေးခဲ့တာမှာ အခုလို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ နိုဝင်ဘာ ၁ ရက် ည ၈ နာရီ ထုတ်ပြန်ချက်။ (ဓာတ်ပုံ - MOHS)
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ နိုဝင်ဘာ ၁ ရက် ည ၈ နာရီ ထုတ်ပြန်ချက်။ (ဓာတ်ပုံ - MOHS)

ဒါကြောင့် အခုဆိုရင် မြန်မာနိုင်ငံမှာ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၅၃,၄၀၅ ယောက်နဲ့ သေဆုံးသူက ၁,၂၅၈ ယောက်ရှိသွားပြီဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒီနေ့ သေဆုံးတဲ့အထဲမှာ ၁၇ ယောက်ကတော့ ရောဂါအခံရှိသူတွေ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒီနေ့မှာတော့ ရောဂါပိုးကူးစက်ခံရသူ အရေအတွက်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေထက်စာရင် သိသိသာသာ ကျဆင်းခဲ့တာကို တွေ့ရပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတော်ကြာကစပြီး နေ့စဉ် ဓာတ်ခွဲနမူနာတွေ နေ့စဉ်စမ်းသပ်စစ်ဆေးမှုက ပျမ်းမျှအားဖြင့် ၁၀,၀၀၀ အထက်မှာ ရှိခဲ့ပေမယ့် ဒီနေ့မှာတော့ ဓာတ်ခွဲနမူနာ ၈,၁၀၀ လောက်ပဲ စစ်ဆေးခဲ့တာဖြစ်ပြီး ဓာတ်ခွဲစမ်းသပ်မှုအပိုင်းမှာလည်း နည်းခဲ့တာတွေ တွေ့ရပါတယ်။

မနေ့ကတော့ ရောဂါကူးစက်ခံရသူ ၁,၂၁၀ ရှိခဲ့ပြီး အဲဒီထဲမှာ ရန်ကုန်တိုင်းက ၉၅၁ ယောက်နဲ့ အများဆုံး ပါဝင်ခဲ့ပါတယ်။ အဲဒီနောက် မန္တလေးတိုင်းက ၈၇ ယောက်နဲ့ ဒုတိယအများဆုံးဖြစ်ပြီး ပဲခူးတိုင်း ၆၈ ယောက်နဲ့ တတိယအများဆုံး ဖြစ်ပါတယ်။

ဒါ့အပြင် ဒီနေ့မှာ ဆေးရုံကဆင်းခွင့်ရသူ ၁,၄၁၅ ယောက်ရှိတာကြောင့် ရောဂါသက်သာပျောက်ကင်းသူ ၃၄,၁၈၉ ယောက် ရှိသွားပြီဖြစ်တယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------------

(Unicode)







XS
SM
MD
LG