သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စက္ရံု၊ အလုပ္ရံုေတြ ျပန္ဖြင့္ေပမဲ့ ကပ္ေရာဂါသတိထားဖို႔ လိုေသး


အလုပ္လာၾကသူမ်ားကို ကိုယ္အပူခ်ိန္တိုင္းေပးေနတဲ့ ဝန္ထမ္းတဦးကို ရန္ကုန္ၿမိဳ႕ရွိ လိႈင္သာယာၿမိဳ႕နယ္ရွိ စက္ရံုတခုမွာ ေတြ႔ရ။ (ေအာက္တိုဘာ ၁၂၊ ၂၀၂၀)

[Zawgyi/Unicode]

ကိုဗစ္ကပ္ေရာဂါ ႀကံဳေနရခ်ိန္မွာပဲ ကုန္ထုတ္လုပ္ငန္းေတြ ျပန္လည္လုပ္ကုိင္ခြင့္ ျပဳလုိက္တာေၾကာင့္ ေရာဂါကူးစက္မယ့္ အႏၱရာယ္ကုိ ကာကြယ္ႏုိင္ေအာင္ ျပင္ဆင္ထားၾကဖုိ႔ က်န္းမာေရးပညာရွင္ေတြ သတိေပးေနတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မအဂၢႏြန္က ေျပာျပပါမယ္။

ကပ္ေရာဂါေၾကာင့္ အိမ္ျပင္မထြက္ရ အမိန္႔ထုတ္ထားေပမဲ့ က်န္းမာေရးသတ္မွတ္ခ်က္ေတြနဲ႔ ကုိက္ညီတဲ့ ကုန္ၾကမ္းယူ၊ ကုန္ေခ်ာေပး လက္ခစားလုပ္ငန္းေတြကုိ ျပန္လည္လုပ္ကုိင္ႏုိင္ေၾကာင္း က်န္းမာေရး၀န္ႀကီးဌာနက ခြင့္ျပဳလုိက္ေပမဲ့ ေရာဂါကူးစက္မႈေတြ မျဖစ္ေအာင္ ျပင္ဆင္ထားဖုိ႔ က်န္းမာေရး ပညာရွင္ေတြ သတိေပးေနၾကတာပါ။ ေရာဂါကူးစက္မႈေတြ အမ်ားဆုံး ႀကံဳေနရတဲ့ ရန္ကုန္တုိင္း အပါအ၀င္ တျခားေဒသေတြမွာပါ ကုန္ၾကမ္းယူ ကုန္ေခ်ာေပးလက္ခစားလုပ္ငန္း (CMP) ဝန္ထမ္းေတြ အလုပ္သမားေတြ လုပ္ငန္းခြင္ ျပန္၀င္ခြင့္ျပဳလုိက္ေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာက မေန႔ကပဲ ေၾကညာခဲ့တာပါ။ ဒါေပမဲ့လည္း ကပ္ေရာဂါ ကူးစက္မႈ အႏၱရာယ္ ရွိေနဆဲ ျဖစ္တာေၾကာင့္ လုပ္ငန္းခြင္မွာ က်န္းမာေရးစစ္ေဆးႏုိင္မယ့္ ဆရာ၀န္ေတြထားရွိၿပီး ပုံမွန္စစ္ေဆးသင့္တယ္လို႔လည္း ဖ်ားနာကုေဆးခန္း တာဝန္ခံ ေဒါက္တာေက်ာ္မင္းထြန္းက ေျပာပါတယ္။

“ေဆးခန္းေပ့ါေနာ္ ... ဆရာဝန္က ကိုယ္ပိုင္ဆရာဝန္ေတြန႔ဲ ထားဖို႔လိုအပ္တယ္။ ဝန္ထမ္းအေယာက္ေရမ်ားတဲ့ စက္႐ုံေတြေပါ့ေနာ္။ ၂၀၀၊ ၃၀၀ ေလာက္ရွိမယ္ဆိုရင္ေတာ့ အနည္းဆံုး ဆရာဝန္တစ္ေယာက္ေလာက္ထားဖို႔ လိုမယ္။ တစ္ပတ္ ႏွစ္ရက္၊ သံုးရက္ေလာက္ေပါ့ေနာ္၊ ႏွစ္ရက္ေလာက္ ထားမယ္ဆိုရင္ အဲ့ဒီဆရာဝန္က လာၿပီး ၾကည့္မယ္။ ဖ်ားနာလူနာေတြ႕တာရွိမယ္၊ ကိုဗစ္သံသယလူနာ ဟုတ္၊ မဟုတ္ဆံုးျဖတ္မယ္ေပါ့ေနာ္။ ဆံုးျဖတ္ၿပီးေတာ့ တကယ္လို႔ ဟုတ္တယ္ဆိုရင္ ခ်က္ခ်င္းလိုတာေလး ျမန္ျမန္လုပ္လို႔ရေအာင္ေပါ့ေနာ္။”

COVID-19 ကာကြယ္၊ ထိန္းခ်ဳပ္ကုသေရး အမ်ဳိးသားအဆင့္ ဗဟုိေကာ္မတီကလည္း ဒီလထဲမွာပဲ က်န္းမာေရးအဆင့္သတ္မွတ္ခ်က္နဲ႔ ကုိက္ညီတဲ့ CMP စက္႐ုံ၊ အလုပ္႐ုံေတြ၊ အေသးစား၊ အလတ္စား လုပ္ငန္းေတြကုိ ျပန္လည္လုပ္ကုိင္ခြင့္ ျပဳထားပါတယ္။ အလုပ္သမား အခ်င္းခ်င္း ႐ုိင္းပင္းကူညီေရးအဖြဲ႕ LHEO အျငင္းပြားမႈ ေျဖရွင္းေရး တာဝန္ခံ ေဒၚခခ ကေတာ့ လုပ္ငန္းေတြ ျပန္ဖြင့္ဖုိ႔ တာ၀န္ရွိသူေတြဘက္က ျပင္ဆင္မႈေတြ အားနည္းတာေတြ႔ရတယ္လုိ႔ ေျပာပါတယ္။

“အစိုးရအဖြဲ႕အေနနဲ႔လည္း ဒီလို စက္႐ုံ၊ အလုပ္႐ုံ ပိတ္ဖို႔ ကိစၥနဲ႔ ပတ္သက္ၿပီး အားတက္သေရာ ႀကိဳတင္စီမံေဆာင္ရြက္မႈ အားနည္းတယ္၊ ဒီဧရာဝတီတိုင္းအစိုးရအေနနဲ႔က အမွန္တကယ္ဆိုရင္ စက္႐ုံ၊ အလုပ္႐ုံပိတ္တဲ့ကိစၥနဲ႔ ပတ္သက္တယ္ဆိုရင္ ႀကိဳတင္ၿပီးေတာ့မွာ ေဆြးေႏြးတိုင္ပင္ၿပီးေတာ့မွ အခ်ိန္မီ အခ်ိန္နဲ႔ တေျပးညီေပါ့... တိက်ျပတ္သားတဲ့ ထုတ္ျပန္ခ်က္ေတြ ထုတ္ျပန္ေပးဖို႔ လိုတယ္ပါတယ္ရွင္။”

ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ အမ်ားစုႀကံဳေနရတဲ့ ရန္ကုန္တုိင္းအတြင္း လုပ္ငန္းေတြ ျပန္လည္လုပ္ကုိင္ခြင့္ ျပဳလုိက္တဲ့အတြက္ လူအမ်ားနဲ႔ လုပ္ကုိင္တဲ့ လုပ္ငန္းခြင္ေတြမွာ ကူးစက္မႈေတြ ႀကံဳရမွာကုိလည္း အလုပ္သမားေရး လႈပ္ရွားသူေတြနဲ႔ က်န္းမာေရး၀န္ထမ္းေတြ စုိးရိမ္ေနပါတယ္။ ဖ်ားနာကုေဆးခန္းတာ၀န္ခံ ေဒါက္တာေက်ာ္မင္းထြန္းကေတာ့ လုပ္ငန္းခြင္မွာ သြားလာလႈပ္ရွားမႈေတြကုိ သတိထားဖုိ႔ လုိတယ္လုိ႔ ေျပာပါတယ္။

“စက္႐ုံ၊ အလုပ္႐ုံကက်ေတာ့ အဓိကျပန္လည္ပတ္ေနၿပီးေပါ့ေနာ္၊ လည္ျပန္ေနၿပီဆိုေတာ့ အခုကအထူးသျဖင့္ ဖ်ားနာမႈ မရွိေအာင္ အဓိကဂ႐ုစိုက္ရမယ္၊ အဲ့မွာ တစ္ေယာက္က ဖ်ားရင္ အဲ့မွာ စက္႐ုံ၊ အလုပ္႐ုံက အဓိက ျပႆနာက လူကအမ်ားႀကီးနဲ႔ အလုပ္လုပ္ရတယ္၊ အလုပ္လုပ္ရေတာ့ တစ္ေယာက္က positive တကယ္၍ထြက္သြားခဲ့ရင္ အဲ့မွာအကုန္လံုးကူးစက္ႏိုင္ေျခရွိတယ္ေပါ့ေနာ္၊ အဓိက ေဆာင္ရန္ ေရွာင္ရန္ေတြအေနနဲ႔ကေတာ့ ျဖစ္ႏိုင္ရင္ အတတ္ႏိုင္ဆံုး အျပင္မထြက္ဘဲနဲ႔ စက္႐ုံဝန္း ျပင္ပ မထြက္ဘဲနဲ႔ အဲ့ဒီထဲမွာပဲ ေနၿပီးေတာ့ အလုပ္လုပ္ႏိုင္ရင္ ပိုအဆင္ေျပႏိုင္တယ္ေပါ့ေနာ္။”

ျမန္မာႏုိင္ငံမွာ ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ တေက်ာ့ျပန္တုိးလာရာက ေသဆုံးသူ ေထာင္ဂဏန္းနဲ႔ ကူးစက္သူ ေသာင္းဂဏန္းအထိ ရွိလာေနေပမဲ့လည္း စီးပြားေရးအရ ထိခုိက္မႈေတြ ႀကီးမားႏုိင္တာေၾကာင့္ လုပ္ငန္းေတြ ျပန္ဖြင့္ဖုိ႔ လုိအပ္တယ္ဆုိၿပီးေတာ့လည္း တာ၀န္ရွိသူေတြ ေျပာဆုိထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

စက်ရုံ၊ အလုပ်ရုံတွေ ပြန်ဖွင့်ပေမဲ့ ကပ်ရောဂါသတိထားဖို့ လိုသေး

ကိုဗစ်ကပ်ရောဂါ ကြုံနေရချိန်မှာပဲ ကုန်ထုတ်လုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်ခွင့် ပြုလိုက်တာကြောင့် ရောဂါကူးစက်မယ့် အန္တရာယ်ကို ကာကွယ်နိုင်အောင် ပြင်ဆင်ထားကြဖို့ ကျန်းမာရေးပညာရှင်တွေ သတိပေးနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအဂ္ဂနွန်က ပြောပြပါမယ်။

ကပ်ရောဂါကြောင့် အိမ်ပြင်မထွက်ရ အမိန့်ထုတ်ထားပေမဲ့ ကျန်းမာရေးသတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ ကုန်ကြမ်းယူ၊ ကုန်ချောပေး လက်ခစားလုပ်ငန်းတွေကို ပြန်လည်လုပ်ကိုင်နိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ခွင့်ပြုလိုက်ပေမဲ့ ရောဂါကူးစက်မှုတွေ မဖြစ်အောင် ပြင်ဆင်ထားဖို့ ကျန်းမာရေး ပညာရှင်တွေ သတိပေးနေကြတာပါ။ ရောဂါကူးစက်မှုတွေ အများဆုံး ကြုံနေရတဲ့ ရန်ကုန်တိုင်း အပါအဝင် တခြားဒေသတွေမှာပါ ကုန်ကြမ်းယူ ကုန်ချောပေးလက်ခစားလုပ်ငန်း (CMP) ဝန်ထမ်းတွေ အလုပ်သမားတွေ လုပ်ငန်းခွင် ပြန်ဝင်ခွင့်ပြုလိုက်ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာက မနေ့ကပဲ ကြေညာခဲ့တာပါ။ ဒါပေမဲ့လည်း ကပ်ရောဂါ ကူးစက်မှု အန္တရာယ် ရှိနေဆဲ ဖြစ်တာကြောင့် လုပ်ငန်းခွင်မှာ ကျန်းမာရေးစစ်ဆေးနိုင်မယ့် ဆရာဝန်တွေထားရှိပြီး ပုံမှန်စစ်ဆေးသင့်တယ်လို့လည်း ဖျားနာကုဆေးခန်း တာဝန်ခံ ဒေါက်တာကျော်မင်းထွန်းက ပြောပါတယ်။

“ဆေးခန်းပေ့ါနော်... ဆရာဝန်က ကိုယ်ပိုင်ဆရာဝန်တွေနဲ့ ထားဖို့လိုအပ်တယ်။ ဝန်ထမ်းအယောက်ရေများတဲ့ စက်ရုံတွေပေါ့နော်။ ၂၀၀၊ ၃၀၀ လောက်ရှိမယ်ဆိုရင်တော့ အနည်းဆုံး ဆရာဝန်တစ်ယောက်လောက်ထားဖို့ လိုမယ်။ တစ်ပတ် နှစ်ရက်၊ သုံးရက်လောက်ပေါ့နော်၊ နှစ်ရက်လောက် ထားမယ်ဆိုရင် အဲ့ဒီဆရာဝန်က လာပြီး ကြည့်မယ်။ ဖျားနာလူနာတွေ့တာရှိမယ်၊ ကိုဗစ်သံသယလူနာ ဟုတ်၊ မဟုတ်ဆုံးဖြတ်မယ်ပေါ့နော်။ ဆုံးဖြတ်ပြီးတော့ တကယ်လို့ ဟုတ်တယ်ဆိုရင် ချက်ချင်းလိုတာလေး မြန်မြန်လုပ်လို့ရအောင်ပေါ့နော်။”

COVID-19 ကာကွယ်၊ ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကလည်း ဒီလထဲမှာပဲ ကျန်းမာရေးအဆင့်သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ CMP စက်ရုံ၊ အလုပ်ရုံတွေ၊ အသေးစား၊ အလတ်စား လုပ်ငန်းတွေကို ပြန်လည်လုပ်ကိုင်ခွင့် ပြုထားပါတယ်။ အလုပ်သမား အချင်းချင်း ရိုင်းပင်းကူညီရေးအဖွဲ့ LHEO အငြင်းပွားမှု ဖြေရှင်းရေး တာဝန်ခံ ဒေါ်ခခ ကတော့ လုပ်ငန်းတွေ ပြန်ဖွင့်ဖို့ တာဝန်ရှိသူတွေဘက်က ပြင်ဆင်မှုတွေ အားနည်းတာတွေ့ရတယ်လို့ ပြောပါတယ်။

“အစိုးရအဖွဲ့အနေနဲ့လည်း ဒီလို စက်ရုံ၊ အလုပ်ရုံ ပိတ်ဖို့ ကိစ္စနဲ့ ပတ်သက်ပြီး အားတက်သရော ကြိုတင်စီမံဆောင်ရွက်မှု အားနည်းတယ်၊ ဒီဧရာဝတီတိုင်းအစိုးရအနေနဲ့က အမှန်တကယ်ဆိုရင် စက်ရုံ၊ အလုပ်ရုံပိတ်တဲ့ကိစ္စနဲ့ ပတ်သက်တယ်ဆိုရင် ကြိုတင်ပြီးတော့မှာ ဆွေးနွေးတိုင်ပင်ပြီးတော့မှ အချိန်မီ အချိန်နဲ့ တပြေးညီပေါ့... တိကျပြတ်သားတဲ့ ထုတ်ပြန်ချက်တွေ ထုတ်ပြန်ပေးဖို့ လိုတယ်ပါတယ်ရှင်။”

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ အများစုကြုံနေရတဲ့ ရန်ကုန်တိုင်းအတွင်း လုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်ခွင့် ပြုလိုက်တဲ့အတွက် လူအများနဲ့ လုပ်ကိုင်တဲ့ လုပ်ငန်းခွင်တွေမှာ ကူးစက်မှုတွေ ကြုံရမှာကိုလည်း အလုပ်သမားရေး လှုပ်ရှားသူတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ စိုးရိမ်နေပါတယ်။ ဖျားနာကုဆေးခန်းတာဝန်ခံ ဒေါက်တာကျော်မင်းထွန်းကတော့ လုပ်ငန်းခွင်မှာ သွားလာလှုပ်ရှားမှုတွေကို သတိထားဖို့ လိုတယ်လို့ ပြောပါတယ်။

“စက်ရုံ၊ အလုပ်ရုံကကျတော့ အဓိကပြန်လည်ပတ်နေပြီးပေါ့နော်၊ လည်ပြန်နေပြီဆိုတော့ အခုကအထူးသဖြင့် ဖျားနာမှု မရှိအောင် အဓိကဂရုစိုက်ရမယ်၊ အဲ့မှာ တစ်ယောက်က ဖျားရင် အဲ့မှာ စက်ရုံ၊ အလုပ်ရုံက အဓိက ပြဿနာက လူကအများကြီးနဲ့ အလုပ်လုပ်ရတယ်၊ အလုပ်လုပ်ရတော့ တစ်ယောက်က positive တကယ်၍ထွက်သွားခဲ့ရင် အဲ့မှာအကုန်လုံး ကူးစက်နိုင်ခြေရှိတယ်ပေါ့နော်၊ အဓိက ဆောင်ရန် ရှောင်ရန်တွေအနေနဲ့ကတော့ ဖြစ်နိုင်ရင် အတတ်နိုင်ဆုံး အပြင်မထွက်ဘဲနဲ့ စက်ရုံဝန်း ပြင်ပ မထွက်ဘဲနဲ့ အဲ့ဒီထဲမှာပဲ နေပြီးတော့ အလုပ်လုပ်နိုင်ရင် ပိုအဆင်ပြေနိုင်တယ်ပေါ့နော်။”

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တကျော့ပြန်တိုးလာရာက သေဆုံးသူ ထောင်ဂဏန်းနဲ့ ကူးစက်သူ သောင်းဂဏန်းအထိ ရှိလာနေပေမဲ့လည်း စီးပွားရေးအရ ထိခိုက်မှုတွေ ကြီးမားနိုင်တာကြောင့် လုပ်ငန်းတွေ ပြန်ဖွင့်ဖို့ လိုအပ်တယ်ဆိုပြီးတော့လည်း တာဝန်ရှိသူတွေ ပြောဆိုထားကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG