သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္ ကန္႔သတ္မႈေတြေၾကာင့္ လက္လုပ္လက္စားတို႔ အခက္ႀကံဳ


ရန္ကုန္ၿမိဳ႕က အသြားအလာ ကန္႔သတ္ထားတဲ့ လမ္းတခုအနီးမွ ျဖတ္သန္းသြားလာေနသူအခ်ဳိ႕။ (စက္တင္ဘာ ၁၁၊ ၂၀၂၀)

(Zawgyi / Unicode)

COVID-19 ကူးစက္မႈ ျမင့္မားေနဆဲ ရန္ကုန္တိုင္းအတြင္း အသြားအလာ ကန္႔သတ္မႈ ရွိေနသလို စီးပြားေရးလုပ္ငန္း အေတာ္မ်ားမ်ားလည္း ပုံမွန္ျပန္ၿပီး မလည္ပတ္ႏုိင္ေသးတဲ့အတြက္ သာမန္ လက္လုပ္လက္စား ျပည္သူေတြ အက်ပ္အတည္းနဲ႔ ရင္ဆိုင္ေနရတာေၾကာင့္ ပရဟိတအဖြဲ႔ေတြကေ ကူညီေထာက္ပံ့ေနၾကတဲ့အေၾကာင္း AFP သတင္းတပုဒ္ကို အေျခခံၿပီး ကိုဉာဏ္ဝင္းေအာင္ စုစည္းတင္ျပထားပါတယ္။

ၿပီးခဲ့တဲ့ သီတင္းတပတ္ကို ျပန္ၾကည့္ရင္ ျမန္မာႏိုင္ငံတြင္း ကိုဗစ္ကူးစက္မႈက ေန႔စဥ္လုိလို ၁,၀၀၀ ေက်ာ္အထက္မွာရွိၿပီး အမ်ားစုဟာ ရန္ကုန္တုိင္းထဲက ျဖစ္ပါတယ္။ စီးပြားေရး လည္ပတ္ေနရေအာင္လို႔ စက္႐ုံ အလုပ္႐ုံတခ်ဳိ႕ကို အစိုးရက ျပန္ဖြင့္ေပးခဲ့ေပမယ့္ ေဆာက္လုပ္ေရးလုပ္ငန္း အပါအဝင္ လုပ္ငန္းအမ်ားစုကေတာ့ ရပ္ဆိုင္းေနဆဲ ျဖစ္ပါတယ္။

ဒီလို လုပ္ငန္းေတြ ရပ္ထားရလုိ႔ မိသားစု ေန႔စဥ္ စားေသာက္ေရး အခက္ႀကဳံလာတာေၾကာင့္ ဒီကပ္ေရာဂါဆိုးႀကီး အျမန္ၿပီးဆုံးဖို႔ ဆုေတာင္းေနရတယ္လို႔ ရန္ကုန္ၿမဳိ႕ ေဆာက္လုပ္ေရးလုပ္ငန္းခြင္တခုက အလုပ္သမ ေဒၚေအးေအးေအာင္က ေျပာပါတယ္။

“က်မတုိ႔ကေတာ့ ဒီဟာကုိ အျမန္ဆုံးၿပီးပါေစလို႔ပဲ ဆုေတာင္းတာေပါ့။ ကေလးငယ္ေလးေတြလည္း ရွိတဲ့အခါၾကေတာ့ စားေရးေသာက္ေရး ေနေရးထုိင္ေရး ဒုကၡေရာက္ေနတဲ့အတြက္ Lockdown လည္း ျမန္ျမန္ၿပီးပါေစ၊ အလုပ္ကေလးေတြလည္း အျမန္ဆုံးပြင့္ပါေစလို႔ ေန႔စဥ္နဲ႔အမွ် ဆုေတာင္းေနရတာပဲ။”

ရန္ကုန္ၿမဳိ႕ ဆင္ေျခဖုံးမွာေနၾကတဲ့ ဆင္းရဲသား မိသားစုေတြကေတာ့ နဂုိကမွ တေန႔လုပ္ တေန႔စား အေျခအေနကေန ကုိဗစ္ေၾကာင့္ အလုပ္လက္မဲ့အျဖစ္ကို ေရာက္သြားၾကၿပီး တခ်ဳိ႕ဆိုရင္ ကိုယ့္ကုိယ္ကို ေသေၾကာင္းႀကံသြားသူေတြေတာင္ ရွိလာပါတယ္။

၃ လသားအရြယ္ ကေလးတဦးရွိတဲ့ မိခင္ မခိုင္သဇင္ျမင့္ကေတာ့ ေဆာက္လုပ္ေရးလုပ္သားျဖစ္ခဲ့တဲ့ သူ႔ခင္ပြန္းျဖစ္သူ ကိုဇင္ႏိုင္ထြန္းဟာ အလုပ္လက္မဲ့ျဖစ္ၿပီး ႀကံရာမရတဲ့အဆုံး ေအာက္တုိဘာလဆန္းပိုင္းမွာ အဆုံးစီရင္သြားတယ္လို႔ ေျပာပါတယ္။

“မင္းလည္း ထမင္းမငတ္ေစရပါဘူးတဲ့၊ ကေလးလည္း အရင္အတုိင္းေလးပဲ ျပန္လည္ပတ္ေစရမယ္၊ ႏုိ႔မႈန္႔ေတြ ဘာေတြကအစ အခက္အခဲ မျဖစ္ေအာင္လို႔ ငါေသရင္ေသပါေစ၊ နင့္ကိုလုပ္ေကၽြးပါမယ္တဲ့။ Lockdown ေတြ စမခ်ခင္ေလာက္ကတည္းက သိပ္ၿပီးေတာ့ အလုပ္က မသြားရေတာ့ဘူး။ ဒီ့ျပင္ အေဝးႀကီးေတြ မသြားရဘဲ ဒီရပ္ကြက္ထဲမွာပဲ လုပ္ပါေသးတယ္။ ဒီဘက္ကိုပါ Lockdown ခ်လုိက္ေတာ့ အုတ္ကား သဲကားေတြ ဝင္လို႔မရေတာ့ဘူးဆုိေတာ့ အဲဒီမွာ လုပ္ငန္းက လုံးဝ ျပတ္သြားတာပါပဲ။ အခု ဒီကေလးေလးမွာ ႏုိ႔မႈန္႔ေတြ ေဆးကအစ လုိအပ္တဲ့အခ်ိန္ ျဖစ္လာတဲ့အခါက်ေတာ့ အဲလိုမ်ဳိးလုပ္သြားလား ညီမ ေတြးတာေပါ့။ အဲဒါက်ေတာ့ ညီမ အတိအက်ေတာ့ မသိဘူးေပါ့။”

ဒီလို အက်ပ္အတည္း ရင္ဆုိင္ေနရသူေတြ စားနပ္ရိကၡာ အကူအညီရေအာင္လို႔ ျပည္သူမွျပည္သူသို႔ လွဴဒါန္းျခင္း အစီအစဥ္နဲ႔ ကူညီေဆာင္ရြက္ေနသူကေတာ့ ေတာင္ဒဂုံၿမိဳ႕နယ္က ရန္ကုန္တုိင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးညီညီ ျဖစ္ပါတယ္။

“ဒီရက္ပုိင္းအတြင္းမွာ ဖုန္းေခၚဆိုမႈေပါင္းက တရက္ကုိ မရွိဘူးဆုိရင္ ၁၅၀ နဲ႔ ၂၀၀ ၾကားရွိပါတယ္။ မွ်ေဝေပးျခင္းဆုိင္ရာမွာလည္း အိမ္ေထာင္စု ၄,၀၀၀၊ ၄,၅၀၀ ဝန္းက်င္ေလာက္ကုိ မွ်ေဝေပးႏုိင္ခဲ့ပါၿပီ။”

ဒီလုိ လွဴဒါန္းမႈေတြ ရွိလာတာေၾကာင့္ ေန႔စဥ္ဘဝ အခက္ႀကဳံေနတဲ့ အျခားသူေတြလည္း သူ႔ခင္ပြန္းသည္လို အျဖစ္ဆိုးမ်ဳိး မႀကဳံပါေစနဲ႔လို႔ မခိုင္သဇင္ျမင့္က ဆႏၵျပဳပါတယ္။

“အခု ဒီလုိ အဖြဲ႔အစည္းေတြ ရွိတယ္၊ ဒုကၡမေရာက္ဘူး၊ ဒါေပမယ့္ ေရရွည္အတြက္ေတာ့ မစဥ္းစားဘဲနဲ႔ အဲဒီလိုမ်ဳိး မလုပ္ေစခ်င္ဘူးေပါ့။ ဒီအခုိက္အတန္႔ ခနမွာေတာ့ လူတုိင္းက ဒုကၡေတြ ခံေနရတာပါ။ ဒီ့အတြက္ေၾကာင့္ အဲဒီလိုမ်ဳိးေတြေတာ့ မလုပ္ေစခ်င္ပါဘူး။”

ကိုဗစ္ကူးစက္မႈေတြ ျမန္မာႏုိင္ငံမွာ မတ္လက စေတြ႔ခဲ့ရေပမယ့္ ကူးစက္ေသဆုံးမႈ နည္းခဲ့ၿပီး ၾသဂုတ္လလယ္ေလာက္ကစလို႔ ရခိုင္ျပည္နယ္မွာ ျပည္တြင္းကူးစက္မႈေတြ စရွိလာရာက အခုဆိုရင္ တျပည္လုံးမွာ ကုိဗစ္ကူးစက္ခဲ့သူေပါင္း ၄၃,၀၀၀ ဝန္းက်င္နဲ႔ ေသဆုံးသူက ၁,၁၀၀ ဝန္းက်င္မွာ ရွိပါတယ္။ ကူးစက္သူအားလုံးရဲ႕ သုံးပုံႏွစ္ပုံက လူဦးေရ ၇ သန္းဝန္းက်င္ရွိတဲ့ ရန္ကုန္တုိင္းက ျဖစ္ပါတယ္။

ကမၻာ့ အျခားႏိုင္ငံေတြမွာလုိပဲ ကိုဗစ္ကူးစက္မႈ အရွိန္က ရပ္သြားဦးမွာ မဟုတ္တာေၾကာင့္ စားေသာက္ေရး အခက္ႀကဳံေနသူေတြကို တတ္ႏုိင္သမွ် အကူအညီေတြ ဆက္ေပးသြားမယ္လို႔ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးညီညီက ေျပာပါတယ္။

“ကိုဗစ္ကာလ ၿပီးတဲ့အခါမွာလည္း က်ေနာ္တုိ႔ရဲ႕ အေျခခံျပည္သူေတြက ယုိင္နဲ႔နဲ႔နဲ႔ ျပန္ထရမယ့္ အေျခအေန ရွိတယ္။ အဲဒီလို အေျခအေနမ်ဳိးေတြကိုလည္း ဆက္ၿပီးေတာ့ က်ေနာ္တုိ႔ တတ္ႏုိင္သေလာက္ တည့္မတ္သြားေအာင္လို႔ စားနပ္ရိကၡာေတြ ပံ့ပုိးသြားဖို႔လည္း ျပည္သူသာအဓိက အစီအစဥ္ အေနနဲ႔ ရွိေနပါတယ္။”

ျပည္သူသာအဓိက ပရဟိတအဖြဲ႔ကလည္း ခက္ခဲေနသူေတြလက္ထဲ စားနပ္ရိကၡာေတြ လိုက္လံ ေဝငွေပးေနပါတယ္။ ျမန္မာႏုိင္ငံမွာ ကိုဗစ္ေၾကာင့္ စုိးရိမ္မႈရွိေနဆဲျဖစ္ၿပီး အသြားအလာ ကန္႔သတ္မႈ ရွိေနေသးေပမယ့္ ႏုိဝင္ဘာလ ၈ ရက္ ေရြးေကာက္ပဲြကိုေတာ့ ရက္မေရႊ႕ဘဲ က်င္းပသြားမယ္လို႔ အစိုးရတာဝန္ရွိသူေတြက ေျပာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------------

(Unicode)

ကိုဗစ် ကန့်သတ်မှုတွေကြောင့် လက်လုပ်လက်စားတို့ အခက်ကြုံ

COVID-19 ကူးစက်မှု မြင့်မားနေဆဲ ရန်ကုန်တိုင်းအတွင်း အသွားအလာ ကန့်သတ်မှု ရှိနေသလို စီးပွားရေးလုပ်ငန်း အတော်များများလည်း ပုံမှန်ပြန်ပြီး မလည်ပတ်နိုင်သေးတဲ့အတွက် သာမန် လက်လုပ်လက်စား ပြည်သူတွေ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာကြောင့် ပရဟိတအဖွဲ့တွေကေ ကူညီထောက်ပံ့နေကြတဲ့အကြောင်း AFP သတင်းတပုဒ်ကို အခြေခံပြီး ကိုဉာဏ်ဝင်းအောင် စုစည်းတင်ပြထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းတပတ်ကို ပြန်ကြည့်ရင် မြန်မာနိုင်ငံတွင်း ကိုဗစ်ကူးစက်မှုက နေ့စဉ်လိုလို ၁,၀၀၀ ကျော်အထက်မှာရှိပြီး အများစုဟာ ရန်ကုန်တိုင်းထဲက ဖြစ်ပါတယ်။ စီးပွားရေး လည်ပတ်နေရအောင်လို့ စက်ရုံ အလုပ်ရုံတချို့ကို အစိုးရက ပြန်ဖွင့်ပေးခဲ့ပေမယ့် ဆောက်လုပ်ရေးလုပ်ငန်း အပါအဝင် လုပ်ငန်းအများစုကတော့ ရပ်ဆိုင်းနေဆဲ ဖြစ်ပါတယ်။

ဒီလို လုပ်ငန်းတွေ ရပ်ထားရလို့ မိသားစု နေ့စဉ် စားသောက်ရေး အခက်ကြုံလာတာကြောင့် ဒီကပ်ရောဂါဆိုးကြီး အမြန်ပြီးဆုံးဖို့ ဆုတောင်းနေရတယ်လို့ ရန်ကုန်မြို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုက အလုပ်သမ ဒေါ်အေးအေးအောင်က ပြောပါတယ်။

“ကျမတို့ကတော့ ဒီဟာကို အမြန်ဆုံးပြီးပါစေလို့ပဲ ဆုတောင်းတာပေါ့။ ကလေးငယ်လေးတွေလည်း ရှိတဲ့အခါကြတော့ စားရေးသောက်ရေး နေရေးထိုင်ရေး ဒုက္ခရောက်နေတဲ့အတွက် Lockdown လည်း မြန်မြန်ပြီးပါစေ၊ အလုပ်ကလေးတွေလည်း အမြန်ဆုံးပွင့်ပါစေလို့ နေ့စဉ်နဲ့အမျှ ဆုတောင်းနေရတာပဲ။”

ရန်ကုန်မြို့ ဆင်ခြေဖုံးမှာနေကြတဲ့ ဆင်းရဲသား မိသားစုတွေကတော့ နဂိုကမှ တနေ့လုပ် တနေ့စား အခြေအနေကနေ ကိုဗစ်ကြောင့် အလုပ်လက်မဲ့အဖြစ်ကို ရောက်သွားကြပြီး တချို့ဆိုရင် ကိုယ့်ကိုယ်ကို သေကြောင်းကြံသွားသူတွေတောင် ရှိလာပါတယ်။

၃ လသားအရွယ် ကလေးတဦးရှိတဲ့ မိခင် မခိုင်သဇင်မြင့်ကတော့ ဆောက်လုပ်ရေးလုပ်သားဖြစ်ခဲ့တဲ့ သူ့ခင်ပွန်းဖြစ်သူ ကိုဇင်နိုင်ထွန်းဟာ အလုပ်လက်မဲ့ဖြစ်ပြီး ကြံရာမရတဲ့အဆုံး အောက်တိုဘာလဆန်းပိုင်းမှာ အဆုံးစီရင်သွားတယ်လို့ ပြောပါတယ်။

“မင်းလည်း ထမင်းမငတ်စေရပါဘူးတဲ့၊ ကလေးလည်း အရင်အတိုင်းလေးပဲ ပြန်လည်ပတ်စေရမယ်၊ နို့မှုန့်တွေ ဘာတွေကအစ အခက်အခဲ မဖြစ်အောင်လို့ ငါသေရင်သေပါစေ၊ နင့်ကိုလုပ်ကျွေးပါမယ်တဲ့။ Lockdown တွေ စမချခင်လောက်ကတည်းက သိပ်ပြီးတော့ အလုပ်က မသွားရတော့ဘူး။ ဒီ့ပြင် အဝေးကြီးတွေ မသွားရဘဲ ဒီရပ်ကွက်ထဲမှာပဲ လုပ်ပါသေးတယ်။ ဒီဘက်ကိုပါ Lockdown ချလိုက်တော့ အုတ်ကား သဲကားတွေ ဝင်လို့မရတော့ဘူးဆိုတော့ အဲဒီမှာ လုပ်ငန်းက လုံးဝ ပြတ်သွားတာပါပဲ။ အခု ဒီကလေးလေးမှာ နို့မှုန့်တွေ ဆေးကအစ လိုအပ်တဲ့အချိန် ဖြစ်လာတဲ့အခါကျတော့ အဲလိုမျိုးလုပ်သွားလား ညီမ တွေးတာပေါ့။ အဲဒါကျတော့ ညီမ အတိအကျတော့ မသိဘူးပေါ့။”

ဒီလို အကျပ်အတည်း ရင်ဆိုင်နေရသူတွေ စားနပ်ရိက္ခာ အကူအညီရအောင်လို့ ပြည်သူမှပြည်သူသို့ လှူဒါန်းခြင်း အစီအစဉ်နဲ့ ကူညီဆောင်ရွက်နေသူကတော့ တောင်ဒဂုံမြို့နယ်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ ဖြစ်ပါတယ်။

“ဒီရက်ပိုင်းအတွင်းမှာ ဖုန်းခေါ်ဆိုမှုပေါင်းက တရက်ကို မရှိဘူးဆိုရင် ၁၅၀ နဲ့ ၂၀၀ ကြားရှိပါတယ်။ မျှဝေပေးခြင်းဆိုင်ရာမှာလည်း အိမ်ထောင်စု ၄,၀၀၀၊ ၄,၅၀၀ ဝန်းကျင်လောက်ကို မျှဝေပေးနိုင်ခဲ့ပါပြီ။”

ဒီလို လှူဒါန်းမှုတွေ ရှိလာတာကြောင့် နေ့စဉ်ဘဝ အခက်ကြုံနေတဲ့ အခြားသူတွေလည်း သူ့ခင်ပွန်းသည်လို အဖြစ်ဆိုးမျိုး မကြုံပါစေနဲ့လို့ မခိုင်သဇင်မြင့်က ဆန္ဒပြုပါတယ်။

“အခု ဒီလို အဖွဲ့အစည်းတွေ ရှိတယ်၊ ဒုက္ခမရောက်ဘူး၊ ဒါပေမယ့် ရေရှည်အတွက်တော့ မစဉ်းစားဘဲနဲ့ အဲဒီလိုမျိုး မလုပ်စေချင်ဘူးပေါ့။ ဒီအခိုက်အတန့် ခနမှာတော့ လူတိုင်းက ဒုက္ခတွေ ခံနေရတာပါ။ ဒီ့အတွက်ကြောင့် အဲဒီလိုမျိုးတွေတော့ မလုပ်စေချင်ပါဘူး။”

ကိုဗစ်ကူးစက်မှုတွေ မြန်မာနိုင်ငံမှာ မတ်လက စတွေ့ခဲ့ရပေမယ့် ကူးစက်သေဆုံးမှု နည်းခဲ့ပြီး သြဂုတ်လလယ်လောက်ကစလို့ ရခိုင်ပြည်နယ်မှာ ပြည်တွင်းကူးစက်မှုတွေ စရှိလာရာက အခုဆိုရင် တပြည်လုံးမှာ ကိုဗစ်ကူးစက်ခဲ့သူပေါင်း ၄၃,၀၀၀ ဝန်းကျင်နဲ့ သေဆုံးသူက ၁,၁၀၀ ဝန်းကျင်မှာ ရှိပါတယ်။ ကူးစက်သူအားလုံးရဲ့ သုံးပုံနှစ်ပုံက လူဦးရေ ၇ သန်းဝန်းကျင်ရှိတဲ့ ရန်ကုန်တိုင်းက ဖြစ်ပါတယ်။

ကမ္ဘာ့ အခြားနိုင်ငံတွေမှာလိုပဲ ကိုဗစ်ကူးစက်မှု အရှိန်က ရပ်သွားဦးမှာ မဟုတ်တာကြောင့် စားသောက်ရေး အခက်ကြုံနေသူတွေကို တတ်နိုင်သမျှ အကူအညီတွေ ဆက်ပေးသွားမယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောပါတယ်။

“ကိုဗစ်ကာလ ပြီးတဲ့အခါမှာလည်း ကျနော်တို့ရဲ့ အခြေခံပြည်သူတွေက ယိုင်နဲ့နဲ့နဲ့ ပြန်ထရမယ့် အခြေအနေ ရှိတယ်။ အဲဒီလို အခြေအနေမျိုးတွေကိုလည်း ဆက်ပြီးတော့ ကျနော်တို့ တတ်နိုင်သလောက် တည့်မတ်သွားအောင်လို့ စားနပ်ရိက္ခာတွေ ပံ့ပိုးသွားဖို့လည်း ပြည်သူသာအဓိက အစီအစဉ် အနေနဲ့ ရှိနေပါတယ်။”

ပြည်သူသာအဓိက ပရဟိတအဖွဲ့ကလည်း ခက်ခဲနေသူတွေလက်ထဲ စားနပ်ရိက္ခာတွေ လိုက်လံ ဝေငှပေးနေပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်ကြောင့် စိုးရိမ်မှုရှိနေဆဲဖြစ်ပြီး အသွားအလာ ကန့်သတ်မှု ရှိနေသေးပေမယ့် နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲကိုတော့ ရက်မရွှေ့ဘဲ ကျင်းပသွားမယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG