သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ကိုဗစ်ဓာတ်ခွဲအတည်ပြု စုစုပေါင်း ၄၃,၇၈၈ ဦး၊ သေဆုံး ၁,၀၆၆ ဦး


ရန်ကုန်မြို့ ကွာရမ်တင်းစင်တာတခုမှာ COVID-19 စစ်ဆေးဖို့ Swab နမူနာယူနေတဲ့ မြင်ကွင်း။ (အောက်တိုဘာ ၁၆၊ ၂၀၂၀)
ရန်ကုန်မြို့ ကွာရမ်တင်းစင်တာတခုမှာ COVID-19 စစ်ဆေးဖို့ Swab နမူနာယူနေတဲ့ မြင်ကွင်း။ (အောက်တိုဘာ ၁၆၊ ၂၀၂၀)

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်သူ ၁,၄၂၃ ဦး ထပ်တိုးပြီး သေဆုံးသူ ၂၈ ဦး ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ အောက်တိုဘာ ၂၄ ရက် ည ၈ နာရီ ထုတ်ပြန်ချက်။ (ဓာတ်ပုံ - MOHS)
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ အောက်တိုဘာ ၂၄ ရက် ည ၈ နာရီ ထုတ်ပြန်ချက်။ (ဓာတ်ပုံ - MOHS)

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း ၁၄,၂၃၀ ခုကို စစ်ဆေးခဲ့တာမှာ နောက်ထပ် ရောဂါပိုးကူးစက်သူတွေ တွေ့ရတာဖြစ်ပါတယ်။ ဒါကြောင့် ဒီကနေ့ညပိုင်းအထိဆိုရင် စစ်ဆေးပြီးစီးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၅၉၄,၁၅၁ ခုထဲမှာ ကိုဗစ်ရောဂါ ကူးစက်သူပေါင်း ၄၃,၇၈၈ ဦး ရှိသွားပြီဖြစ်သလို သေဆုံးသူပေါင်းက ၁,၀၆၆ ဦး ရှိသွားပါပြီ။

ဒီကနေ့မှာပဲ ဆေးရုံက ဆင်းခွင့်ရရှိသူ ၁,၂၅၄ ဦး ထပ်တိုးတာကြောင့် ဆေးရုံက ဆင်းခွင့်ရရှိသူပေါင်း ၂၃,၇၀၈ ဦး ရှိသွားပြီဖြစ်ပါတယ်။

အရှေ့တောင်အာရှဒေသအတွင်းမှာဆိုရင် မြန်မာနိုင်ငံဟာ ကိုဗစ်ရောဂါ ကူးစက်သူ အရေအတွက် စတုတ္ထအများဆုံး ဖြစ်ပါတယ်။ သေဆုံးသူအရေအတွက်မှာတော့ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်ပြီးရင် မြန်မာက တတိယအများဆုံးပါ။

အာဆီယံဒေသမှာ ကိုဗစ်ရောဂါ ကူးစက်သူနဲ့ သေဆုံးသူ အများဆုံးနိုင်ငံက အင်ဒိုနီးရှားနိုင်ငံ ဖြစ်ပါတယ်။

အာဆီယံဒေသတခုလုံးမှာ ကိုဗစ်ရောဂါ ကူးစက်သူပေါင်း ၈၈၀,၀၀၀ နီးပါး ရှိနေပြီဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------

(Unicode)








XS
SM
MD
LG