သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာနဲ့ မြန်မာ ကိုဗစ်ကူးစက်မှု၊ သေဆုံးမှု နှိုင်းယှဉ်ချက်


ရန်ကုန်မြို့မှာ COVID-19 စစ်ဆေးဖို့ Swab နမူနာယူနေတဲ့ ကျန်းမာရေးဝန်ထမ်းတဦး။ (အောက်တိုဘာ ၈၊ ၂၀၂၀)
ရန်ကုန်မြို့မှာ COVID-19 စစ်ဆေးဖို့ Swab နမူနာယူနေတဲ့ ကျန်းမာရေးဝန်ထမ်းတဦး။ (အောက်တိုဘာ ၈၊ ၂၀၂၀)

(Zawgyi / Unicode)

ကမ္ဘာပေါ်က COVID-19 ကူးစက်မှု အများဆုံးနိုင်ငံပေါင်း ၉၀ စာရင်းထဲမှာ မြန်မာနိုင်ငံက အဆင့် ၇၆ မှာရှိတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြုစုတဲ့ စာရင်းကို ကိုးကားပြီး မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက စနေနေ့ညမှာ သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂၄ စနေနေ့ည ၈ နာရီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ခုချိန်ထိ ကိုဗစ် ကူးစက်ခဲ့သူပေါင်း ၄၃,၇၈၈ နဲ့ သေဆုံးသူ ၁,၀၆၆ ဦး ရှိသွားပြီ ဖြစ်ပါတယ်။ စနေနေ့ တရက်တည်းမှာ လူပေါင်း ၁၄,၀၀၀ ကျော်ကို ဓာတ်ခွဲစမ်းသပ်ခဲ့ရာမှာ လူပေါင်း ၁,၄၃၂ ဦးဆီမှာ ကိုဗစ်ပိုး တွေ့ရှိရတာကြောင့် စစ်ဆေးခဲ့သူအားလုံးရဲ့ ၁၀ ရာခိုင်နှုန်းမှာ ပိုးတွေ့ရတာ ဖြစ်ပါတယ်။

အရှေ့တောင်အာရှဒေသအတွင်း မြန်မာနိုင်ငံဟာ ကိုဗစ်ကူးစက်သူ အရေအတွက် စတုတ္ထအများဆုံးဖြစ်ပြီး ကိုဗစ်ကြောင့် သေဆုံးမှုမှာတော့ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်ပြီးရင် မြန်မာက တတိယအများဆုံး ဖြစ်ပါတယ်။

လက်ရှိအချိန်ထိ ကမ္ဘာမှာ ကိုဗစ်ကူးစက်မှု ထိပ်ဆုံး ၅ နိုင်ငံကတော့ အမေရိကန်၊ အိန္ဒိယ၊ ဘရာဇီးလ်၊ ရုရှားနဲ့ အာဂျင်တီးနား အစဉ်လိုက် ဖြစ်ပါတယ်။

မြန်မာ့အိမ်နီးချင်းထဲမှာတော့ ဘင်္ဂလားဒေ့ရှ်က အဆင့် ၁၈၊ တရုတ်နိုင်ငံက အဆင့် ၅၁ မှာရှိပြီး ထိုင်းနဲ့ လာအိုကတော့ WHO ကထုတ်ပြန်တဲ့ ကူးစက်မှုအများဆုံး နိုင်ငံ ၉၀ စာရင်းမှာ ပါဝင်တာ မတွေ့ရပါဘူး။ ဒါပေမယ့် အင်ဒိုနီးရှားက အဆင့် ၁၉၊ ဖိလစ်ပိုင်က အဆင့် ၂၀ မှာ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------------

(Unicode)







XS
SM
MD
LG