သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ COVID-19 ကူးစက်သူ ၅၀,၀၀၀ ကျော်သွားပြီ


COVID ရောဂါ ရှိ၊ မရှိ swab နမူနာယူစစ်ဆေးပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတဦး။ (အောက်တိုဘာ ၁၆၊ ၂၀၂၀)
COVID ရောဂါ ရှိ၊ မရှိ swab နမူနာယူစစ်ဆေးပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတဦး။ (အောက်တိုဘာ ၁၆၊ ၂၀၂၀)

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၅ဝ,ဝဝဝ ကျော်သွားပြီဆိုတာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီနေ့မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁,၃၃၁ ယောက်ရှိတာကြောင့် ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၅၀,၄၀၃ ယောက် ရှိသွားပြီဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဒါ့အပြင် ဗိုင်းရပ်စ်ကြောင့် နောက်ထပ် ၂၇ ယောက် ထပ်မံသေဆုံးခဲ့တဲ့အတွက် သေဆုံးသူ စုစုပေါင်း ၁,၁၉၉ ယောက်ရှိသွားပြီဖြစ်တယ်လို့ ပြောပါတယ်။ ဒီနေ့ သေဆုံးသွားသူတွေထဲက ၂၂ ယောက်ကတော့ နဂို ရောဂါအခံရှိသူတွေဖြစ်တယ်လို့လည်း ပြောပါတယ်။

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓါတ်ခွဲနမူနာ ၁၄,၂၅၂ ခုကို စမ်းသပ်စစ်ဆေးခဲ့တာမှာ အဲဒီလို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ မနေ့ကတော့ နေ့စဉ်ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁,၄၀၆ ယောက်ရှိခဲ့တဲ့အတွက် ဒီနေ့မှာ ကူးစက်သူအရေအတွက်တော့ မနေ့ကထက်စာရင် အနည်းငယ်ကျဆင်းခဲ့တာဖြစ်ပါတယ်။ အဲဒီထဲမှာ ရန်ကုန်တိုင်းက ၁,၀၆၈ ယောက် နဲ့ အများဆုံးဖြစ်ပြီး မကွေးတိုင်း ၇၁ ယောက်နဲ့ ဒုတိယ၊ မန္တလေးတိုင်းက ၆၉ ယောက်နဲ့ တတိယ၊ ပဲခူးတိုင်းက ၆၃ ယောက်နဲ့ စတုတ္တအများဆုံးဖြစ်ခဲ့ပါတယ်။

ဒီနေ့မှာ ၂ ကြိမ်ဆက် ပိုးမတွေ့လို့ ဆေးရုံက ဆင်းခွင့်ရသူ ၁,၃၇၁ ယောက်ရှိတာကြောင့် စုစုပေါင်း ၃၀,၀၀၇ ယောက်ရှိသွားပြီ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းက ဟိုတယ် နဲ့ တခြားနေရာအသီးသီးမှာ သီးခြားခွဲနေတဲ့သူတွေထဲက ရောဂါပိုးမတွေ့ရှိသူ ၂,၁၅၅ ယောက်ကို နေအိမ်တွေမှာ ဆက်ပြီးတော့ အသွားအလာကန့်သတ်စောင့်ကြည့်သွားမယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]







XS
SM
MD
LG