သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာအက်ဥ္းေထာင္တခ်ိဳ႕ ကိုဗစ္ကူးစက္မႈျဖစ္ပြား


ပဲခူးတိုင္း သာယာဝတီၿမိဳ႕ရွိ သာယာဝတီ ဗဟိုအက်ဥ္းေထာင္ေရွ႕ျမင္ကြင္း။ (မွတ္တမ္းဓာတ္ပံု - ဧၿပီ ၀၈၊ ၂၀၁၆)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါကူးစက္မႈေတြ တိုးလာေနခ်ိန္မွာပဲ အနည္းဆုံး အက်ဥ္းေထာင္၂ ခုမွာ အက်ဥ္းသားေတြ၊ ေထာင္ဝန္ထမ္းေတြနဲ႔ မိသားစုဝင္ေတြပါ ကူးစက္ခံရသူ ၃၀၀ ေလာက္ ရွိေနရတဲ့အေၾကာင္း ေျပာျပပါမယ္။ ဒီသတင္းကို ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္မစုစုက တင္ဆက္ေပးမွာပါ။

အက်ဥ္းေထာင္တြင္း ကူးစက္မႈေတြထဲမွာ ေနာက္ဆုံး အတည္ျပဳခဲ့တဲ့ ဧရာဝတီတိုင္း မအူပင္အက်ဥ္းေထာင္မွာေတာ့ အက်ဥ္းသားေတြနဲ႔ ေထာင္ဝန္ထမ္း ၁၀၀ ေက်ာ္ ကူးစက္ခံထားရပါတယ္။ ေထာင္မွာ တာဝန္က်ေနတဲ့ က်န္းမာေရးဝန္ထမ္း တဦးမွာပါ ကူးစက္ခံထားရတဲ့အတြက္ ထိန္းခ်ဳပ္ႏိုင္ေအာင္ ႀကိဳးစားေနတယ္လို႔ မအူပင္ခ႐ိုင္၊ ျပည္သူ႔က်န္းမာေရးဦးစီးဌာနက ေဒါက္တာခင္မာစိုးက VOA ကိုေျပာပါတယ္။

“အဲဒီ ၂ ေယာက္တည္းဆိုေတာ့ မႏိုင္ဘူး။ မႏိုင္တဲ့အတြက္ အစ္မတို႔ ျပည္သူ႔က်န္းမာေရးကေနၿပီးေတာ့ Swab Team နဲ႔ Medical Team ဆိုတာရွိတယ္။ Swab Team ကေနၿပီးေတာ့ ကူၿပီးစစ္ေဆးေပးတယ္။ Medical Team ကလည္း ဆရာဝန္ ၁ ေယာက္နဲ႔ သူနာျပဳ ၂ ေယာက္ကေနၿပီးေတာ့ Positive ျဖစ္တဲ့သူေတြကို Daily ၾကည့္တဲ့အခါမွာ အဲဒီ ၃ ေယာက္ကေနၿပီးေတာ့ ကူေပးတယ္။”

ေရာဂါကူးစက္ခံရသူ ၁၀၄ ဦးထဲက ေထာင္ဝန္ထမ္းေတြကို မအူပင္ေဆး႐ုံမွာ သီးျခားထားကုသေပးေနၿပီး၊ အက်ဥ္းသားေတြကိုေတာ့ ေထာင္တြင္းသီးသန႔္ အေဆာင္မွာ သီးျခားထားၿပီး ကုသေပးေနတယ္လို႔လည္း ေဒါက္တာခင္မာစိုးက ေျပာပါတယ္။

“ေထာင္ဆရာဝန္ရယ္၊ ေထာင္သူနာျပဳရယ္၊ အစ္မတို႔ဒီဘက္က အကူေတြကေနၿပီးေတာ့ ေန႔တိုင္း Oxygen Concentration တို႔၊ Pressure တိုင္းတာတို႔၊ ဖ်ားလား မဖ်ားလား၊ လိုအပ္တဲ့ေဆးေတြေပးတာ ဒါကေတာ့ေန႔တိုင္းလုပ္တယ္။ လုပ္ၿပီးေတာ့မွ မအူပင္ေဆး႐ုံက သမားေတာ္ႀကီးေတြနဲ႔ ခ်ိတ္ဆက္ၿပီး Conserve လုပ္တယ္။ သူတို႔က လိုအပ္တဲ့အခ်ိန္မွာ ဘယ္အခ်ိန္မွာ ေဆး႐ုံကိုလႊဲပါဆိုရင္ ျမန္ျမန္ေပါ့။ ေတာ္ေတာ္မ်ားမ်ားက ေရာဂါလကၡဏာ သိပ္မျပတဲ့သူက မ်ားတယ္ေလ၊ ႀကီးႀကီးမားမား သိပ္မရွိဘူး။ အခုအေျခအေနကေတာ့ အဲဒီပုံစံလုပ္ထားတာပါ။”

ပဲခူးတိုင္းအတြင္းက သာယာဝတီအက်ဥ္းေထာင္မွာလည္း အက်ဥ္းသားအမ်ားစုအပါအဝင္ ကပ္ေရာဂါကူးစက္ခံထားရသူေပါင္း ၁၈၅ ဦးအထိရွိလာပါၿပီ။ သူတို႔ေတြရဲ႕က်န္းမာေရးအေျခအေနဟာ လက္ရွိအခ်ိန္မွာ ေကာင္းမြန္ေနၿပီး ဆက္လက္ေစာင့္ၾကည့္ေနတယ္လို႔ ပဲခူးတိုင္း၊ ျပည္သူ႔က်န္းမာေရးဦးစီးဌာန၊ ကူးစက္ေရာဂါဆိုင္ရာ လက္ေထာက္ၫႊန္ၾကားေရးမႉး ေဒါက္တာသင္းသင္းလႈိင္က VOA ကိုေျပာပါတယ္။

“ေလာေလာဆယ္ ဒီေထာင္ထဲမွာရွိေနတဲ့ အက်ဥ္းသားေပါ့ေနာ္။ အဲဒါေတြက လတ္တေလာအေျခအေနမွာ ေရာဂါလကၡဏာမျပေသာ ပိုးေတြ႕လူနာေတြျဖစ္တဲ့အတြက္ ေနာက္ RPT (Rapid Test Kit) နဲ႔လည္း စစ္ထားတဲ့လူနာေတြျဖစ္တဲ့အတြက္ လက္ရွိမွာေတာ့ ေထာင္မွာရွိတဲ့ ေထာင္ဆရာဝန္၊ က်န္းမာေရးဝန္ထမ္းေတြ ၾကည့္ရႈေစာင့္ေရွာက္ေပးေနခ်ိန္မွာ လတ္တေလာအေျခအေနမွာေတာ့ ေကာင္းမြန္ေနတယ္ေပါ့ေနာ္။”

အက်ဥ္းေထာင္တြင္း ကပ္ေရာဂါကူးစက္ခံရသူေပါင္း ရာနဲ႔ခ်ီ ရွိလာတဲ့အေျခအေနမွာ ကူးစက္ခံရသူေတြ ထပ္ၿပီးရွိမလာဖို႔နဲ႔၊ ဒီေရာဂါကိုထိန္းခ်ဳပ္ ကာကြယ္ႏိုင္ဖို႔ ဘယ္လိုစီမံေဆာင္႐ြက္သြားမယ္ဆိုတာနဲ႔ ပတ္သက္လို႔ အက်ဥ္းဦးစီးဌာနကို ဆက္သြယ္ခဲ့ေပမဲ့ ျပန္လည္ေျဖၾကားတာမ်ိဳး မရွိခဲ့ပါဘူး။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔မြန္းလြဲပိုင္း ထုတ္ျပန္ၿပီးခ်ိန္အထိ ျမန္မာႏိုင္ငံမွာ ကိုဗစ္အတည္ျပဳလူနာေပါင္း ၄၇,၆၆၆ ဦးရွိေနၿပီး ေသဆုံးသူကေတာ့ ၁,၁၄၇ ဦးရွိေနပါတယ္။ အက်ဥ္းေထာင္ေတြမွာ ျဖစ္ပြားေနတဲ့ ကိုဗစ္ေရာဂါနဲ႔ ပတ္သက္ၿပီး ကပ္ေရာဂါပုံစံ ျပန႔္ပြားကူးစက္တာ မရွိေစဖို႔ ကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္းေတြကို အရွိန္ျမႇင့္ေဆာင္႐ြက္သြားရမယ္လို႔ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီးက ေျပာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာအကျဉ်းထောင်တချို့ ကိုဗစ်ကူးစက်မှုဖြစ်ပွား

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကူးစက်မှုတွေ တိုးလာနေချိန်မှာပဲ အနည်းဆုံး အကျဉ်းထောင်၂ ခုမှာ အကျဉ်းသားတွေ၊ ထောင်ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေပါ ကူးစက်ခံရသူ ၃၀၀ လောက် ရှိနေရတဲ့အကြောင်း ပြောပြပါမယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်မစုစုက တင်ဆက်ပေးမှာပါ။

အကျဉ်းထောင်တွင်း ကူးစက်မှုတွေထဲမှာ နောက်ဆုံး အတည်ပြုခဲ့တဲ့ ဧရာဝတီတိုင်း မအူပင်အကျဉ်းထောင်မှာတော့ အကျဉ်းသားတွေနဲ့ ထောင်ဝန်ထမ်း ၁၀၀ ကျော် ကူးစက်ခံထားရပါတယ်။ ထောင်မှာ တာဝန်ကျနေတဲ့ ကျန်းမာရေးဝန်ထမ်း တဦးမှာပါ ကူးစက်ခံထားရတဲ့အတွက် ထိန်းချုပ်နိုင်အောင် ကြိုးစားနေတယ်လို့ မအူပင်ခရိုင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒေါက်တာခင်မာစိုးက VOA ကိုပြောပါတယ်။

“အဲဒီ ၂ ယောက်တည်းဆိုတော့ မနိုင်ဘူး။ မနိုင်တဲ့အတွက် အစ်မတို့ ပြည်သူ့ကျန်းမာရေးကနေပြီးတော့ Swab Team နဲ့ Medical Team ဆိုတာရှိတယ်။ Swab Team ကနေပြီးတော့ ကူပြီးစစ်ဆေးပေးတယ်။ Medical Team ကလည်း ဆရာဝန် ၁ ယောက်နဲ့ သူနာပြု ၂ ယောက်ကနေပြီးတော့ Positive ဖြစ်တဲ့သူတွေကို Daily ကြည့်တဲ့အခါမှာ အဲဒီ ၃ ယောက်ကနေပြီးတော့ ကူပေးတယ်။”

ရောဂါကူးစက်ခံရသူ ၁၀၄ ဦးထဲက ထောင်ဝန်ထမ်းတွေကို မအူပင်ဆေးရုံမှာ သီးခြားထားကုသပေးနေပြီး၊ အကျဉ်းသားတွေကိုတော့ ထောင်တွင်းသီးသန့် အဆောင်မှာ သီးခြားထားပြီး ကုသပေးနေတယ်လို့လည်း ဒေါက်တာခင်မာစိုးက ပြောပါတယ်။

“ထောင်ဆရာဝန်ရယ်၊ ထောင်သူနာပြုရယ်၊ အစ်မတို့ဒီဘက်က အကူတွေကနေပြီးတော့ နေ့တိုင်း Oxygen Concentration တို့၊ Pressure တိုင်းတာတို့၊ ဖျားလား မဖျားလား၊ လိုအပ်တဲ့ဆေးတွေပေးတာ ဒါကတော့နေ့တိုင်းလုပ်တယ်။ လုပ်ပြီးတော့မှ မအူပင်ဆေးရုံက သမားတော်ကြီးတွေနဲ့ ချိတ်ဆက်ပြီး Conserve လုပ်တယ်။ သူတို့က လိုအပ်တဲ့အချိန်မှာ ဘယ်အချိန်မှာ ဆေးရုံကိုလွှဲပါဆိုရင် မြန်မြန်ပေါ့။ တော်တော်များများက ရောဂါလက္ခဏာ သိပ်မပြတဲ့သူက များတယ်လေ၊ ကြီးကြီးမားမား သိပ်မရှိဘူး။ အခုအခြေအနေကတော့ အဲဒီပုံစံလုပ်ထားတာပါ။”

ပဲခူးတိုင်းအတွင်းက သာယာဝတီအကျဉ်းထောင်မှာလည်း အကျဉ်းသားအများစုအပါအဝင် ကပ်ရောဂါကူးစက်ခံထားရသူပေါင်း ၁၈၅ ဦးအထိရှိလာပါပြီ။ သူတို့တွေရဲ့ကျန်းမာရေးအခြေအနေဟာ လက်ရှိအချိန်မှာ ကောင်းမွန်နေပြီး ဆက်လက်စောင့်ကြည့်နေတယ်လို့ ပဲခူးတိုင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကူးစက်ရောဂါဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသင်းသင်းလှိုင်က VOA ကိုပြောပါတယ်။

“လောလောဆယ် ဒီထောင်ထဲမှာရှိနေတဲ့ အကျဉ်းသားပေါ့နော်။ အဲဒါတွေက လတ်တလောအခြေအနေမှာ ရောဂါလက္ခဏာမပြသော ပိုးတွေ့လူနာတွေဖြစ်တဲ့အတွက် နောက် RPT (Rapid Test Kit) နဲ့လည်း စစ်ထားတဲ့လူနာတွေဖြစ်တဲ့အတွက် လက်ရှိမှာတော့ ထောင်မှာရှိတဲ့ ထောင်ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းတွေ ကြည့်ရှုစောင့်ရှောက်ပေးနေချိန်မှာ လတ်တလောအခြေအနေမှာတော့ ကောင်းမွန်နေတယ်ပေါ့နော်။”

အကျဉ်းထောင်တွင်း ကပ်ရောဂါကူးစက်ခံရသူပေါင်း ရာနဲ့ချီ ရှိလာတဲ့အခြေအနေမှာ ကူးစက်ခံရသူတွေ ထပ်ပြီးရှိမလာဖို့နဲ့၊ ဒီရောဂါကိုထိန်းချုပ် ကာကွယ်နိုင်ဖို့ ဘယ်လိုစီမံဆောင်ရွက်သွားမယ်ဆိုတာနဲ့ ပတ်သက်လို့ အကျဉ်းဦးစီးဌာနကို ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေကြားတာမျိုး မရှိခဲ့ပါဘူး။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့မွန်းလွဲပိုင်း ထုတ်ပြန်ပြီးချိန်အထိ မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာပေါင်း ၄၇,၆၆၆ ဦးရှိနေပြီး သေဆုံးသူကတော့ ၁,၁၄၇ ဦးရှိနေပါတယ်။ အကျဉ်းထောင်တွေမှာ ဖြစ်ပွားနေတဲ့ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ကပ်ရောဂါပုံစံ ပြန့်ပွားကူးစက်တာ မရှိစေဖို့ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေကို အရှိန်မြှင့်ဆောင်ရွက်သွားရမယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ပြောထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG