သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပန္ဖြင့္ရန္ကုန္စက္ရံုတခ်ိဳ႕ ကိုဗစ္ကူးစက္မႈ ျဖစ္ေန


ႏွာေခါင္းစည္း၀တ္ထားတဲ့ စက္ရံုအလုပ္သမားတခ်ိဳ႕ကို ရန္ကုန္ၿမိဳ႕ လိႈင္သာယာၿမိဳ႕နယ္မွာ စက္ရံုတခုမွာေတြ႔ရ။ (ေအာက္တိုဘာ ၂၁၊ ၂၀၂၀)

[Zawgyi/Unicode]

ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ အမ်ားစုနဲ႔ ႀကံဳေနရတဲ့ ရန္ကုန္တိုင္းမွာ ကုန္ထုတ္လုပ္ငန္းေတြ ျပန္လည္လုပ္ကုိင္ခြင့္ ျပဳခဲ့ၿပီးေနာက္ စက္႐ုံတခ်ဳိ႕မွာ ေရာဂါကူးစက္မႈေတြ ႀကံဳေနရတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မအဂၢႏြန္က ေျပာျပပါမယ္။

ကပ္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရး သတ္မွတ္ခ်က္ေတြနဲ႔ ကုိက္ညီတဲ့ လုပ္ငန္းေတြ ျပန္လည္လုပ္ကုိင္ႏုိင္ေၾကာင္း ခြင့္ျပဳလုိက္ၿပီးေနာက္ ရန္ကုန္တုိင္းအတြင္း စက္႐ုံတခ်ဳိ႕မွာ ေရာဂါကူးစက္မႈ သတင္းေတြ ထြက္ေပၚလာေနတာပါ။ အခုေနာက္ဆုံးမွာ ဆုိရင္လည္း ေရႊျပည္သာၿမိဳ႕နယ္က စက္႐ုံတခ်ဳိ႕မွာ အလုပ္သမား ၄၀၀ ေက်ာ္ ကူးစက္ခံထားရေၾကာင္း ၿမိဳ႕နယ္ ျပည္သူ႔က်န္းမာေရးနဲ႔ ကုသေရးဦးစီးဌာနမွဴး ေဒါက္တာျမတ္ျမတ္ႏွင္းက ေျပာပါတယ္။

“ေလာေလာဆယ္ က်မတို႔ ေရႊျပည္သာစက္မႈဇုန္က က်မတို႔မွာက စက္မႈဇုန္ ၁ ရယ္၊ ၂ ရယ္၊ ဝါးတစ္ရာစက္မႈဇုန္၊ သာဓုကန္စက္မႈဇုန္ဆိုၿပီး က်မတို႔ စက္မႈဇုန္ ၄ ခုေပါ့ေနာ္... က်မတို႔က ေဆာင္ရြက္ရတယ္ေပါ့ေနာ္၊ အဲ့ဒီမွာ က်မတို႔ ေရႊျပည္သာျမိဳ႕နယ္န႔ဲဆိုရင္ အခု positive ထြက္တယ္၊ ၁,၃၀၀ ေက်ာ္မွာ စက္႐ုံအလုပ္သားေပါင္း ၄၀၀ ေလာက္ေပါ့ေနာ္ positive ထြက္ပါတယ္။ primary contact က ေလာေလာဆယ္ က်မ အတိအက်ေတာ့ မေျပာႏိုင္ေတာ့ ၅,၀၀၀ ေလာက္ေတာ့ရွိမယ္။”

ေရာဂါကူးစက္သူ အလုပ္သမားေတြနဲ႔ ထိေတြ႔ဆက္ဆံခဲ့ဖူးသူေတြကုိေတာ့ ေစာင့္ၾကည့္စစ္ေဆးေနပါတယ္။ က်န္းမာေရးအတြက္ သတ္မွတ္ခ်က္နဲ႔ ကိုက္ညီမႈရွိတဲ့ စက္႐ုံေတြကို ျပန္ဖြင့္ႏိုင္ေၾကာင္း ေအာက္တိုဘာ ၁၂ ေန႔မွာ ခြင့္ျပဳၿပီးေနာက္ မဂၤလာဒုံစက္မႈဇုန္က မွန္ဘီလူးစက္႐ုံမွာလည္း ရာဂဏန္းရွိတဲ့ အလုပ္သမားေတြ ေရာဂါပုိးကူးစက္ေနတာ ေတြ႔ရွိခဲ့တာပါ။ အလုပ္သမားေတြ လုပ္ငန္းခြင္မွာ ထမင္းစားခ်ိန္ ႏွာေခါင္းစည္း အကာအကြယ္ ဖယ္ရွားတဲ့အခါ ေရာဂါကူးစက္ႏုိင္တဲ့ အႏၱရာယ္ ရွိတယ္လုိ႔လည္း ေရႊျပည္သာၿမိဳ႕နယ္ ျပည္သူ႔က်န္းမာေရးနဲ႔ ကုသေရးဦးစီးဌာနမွဴး ေဒါက္တာျမတ္ျမတ္ႏွင္းက ေျပာပါတယ္။

လိႈင္ယာသာၿမိဳ႕နယ္က အထည္ခ်ဳပ္စက္႐ုံတခ်ဳိ႕မွာလည္း ေရာဂါကူးစက္မႈ သတင္းေတြ ထြက္ေပၚေနတယ္လုိ႔ ျမန္မာႏိုင္ငံလံုးဆုိင္ရာ အလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္ရဲ႕ အလုပ္သမားကိုယ္စားလွယ္ ေဒၚသင္ဇာထက္က ေျပာပါတယ္။

“မေန႔တုန္းက ဆိုလို႔ရွိရင္ က်မတို႔ ဒီလိႈင္သာယာမွာေပါ့ေနာ္၊ Positive စစ္ေဆးတဲ့ဌာနမွာေပ့ါ။ မေန႔က တစ္ရက္ကေလးကိုပဲ က်မတို႔ ဒီအခ်ိန္ပိုင္းေလးအတြင္းမွာ ၂၅ ေယာက္စစ္တာေတာင္ ၁၅ ေယာက္က positive၊ ၁၀ ေယာက္က Negative ေပါ့ေနာ္ အဲ့ဒီလိုမ်ဳိး အေနအထားမ်ဳိးေတြ႕ရတဲ့အထဲမွာမွ စက္႐ုံ အလုပ္သားမ်ားတယ္၊ စက္႐ုံအလုပ္သားမ်ားတယ္ရွင့္။ အဲ့စက္႐ုံအလုပ္သားနဲ႔ ထိစပ္ၿပီး မိသားစုကေလးေတြ ဒီဟာကို ကူးစက္တာကုိ က်မတို႔ ေတြ႕ရတယ္။”

ကုန္ထုတ္လုပ္ငန္း အမ်ားအျပားရွိရာ လိႈင္သာယာၿမိဳ႕နယ္မွာ အလုပ္သမားေတြၾကား ေရာဂါကူးစက္မႈေတြ ႀကံဳေနရသလုိ၊ ေရာဂါလကၡဏာ ရွိသူေတြ တုိးလာေနတယ္လုိ႔လည္း က်န္းမာေရး၀န္ထမ္းေတြက ေျပာပါတယ္။ လႈိင္သာယာၿမိဳ႕နယ္ ဖ်ားနာကု ေဆးခန္းမွာဆုိရင္လည္း ေန႔စဥ္လာတဲ့ လူ ၁၀၀ ေက်ာ္ေလာက္မွာ ကုိဗစ္ေရာဂါလကၡဏာတခုျဖစ္တဲ့ အနံ႔အာ႐ုံမရတဲ့အတြက္ လာေရာက္စစ္ေဆးတဲ့ အလုပ္သမားေတြ ရွိေနတယ္လုိ႔ ဖ်ားနာကုေဆးခန္း တာဝန္ခံ ေဒါက္တာႏိုင္မင္းထြဋ္က ေျပာပါတယ္။

“က်ေနာ္တို႔ ေဆးခန္းက မ်ားေသာအားျဖင့္ အကုန္လံုးက နယ္ပယ္အသီးအသီး လာၾကတယ္ေပါ့ေနာ္၊ အခုဆိုရင္ မဲ႐ုံေစာင့္မယ့္ ေက်ာင္းဆရာမေတြ ဖ်ားလို႔လာၾကတာေတြရွိတယ္ေပါ့ေနာ္၊ ေနာက္ ဝန္ထမ္းေတြ အလုပ္သမားေတြ လာျပတာရွိတယ္၊ ရပ္ကြက္ထဲမွာ အေမေတြအဖြားေတြ လာျပတာေတြရွိတယ္ေပါ့ေနာ္၊ စက္႐ုံအလုပ္သမားသီးသန္႔ေတာ့ က်ေနာ္တို႔ ခြဲေျပာလို႔မရဘူးခင္ဗ်၊ အကုန္လံုးလာျပၾကတယ္ခင္ဗ်ာ။ ခန္႔မွန္ေျခေတာ့ ဒီရက္ပိုင္းမွာ ၈၀ နဲ႔အထက္မွာပဲ ရွိေနတယ္ခင္ဗ်ာ၊ ခန္႔မွန္းေျခဆိုရင္ အၿမဲတမ္း ၈၀ က အနည္းဆံုးေတာ့ ၈၀ ေပါ့ေနာ္၊ အမ်ားဆံုးကေတာ့ ၁၁၀ ေပါ့ အဲ့ေလာက္ထိရွိတယ္။”

ရန္ကုန္တုိင္းမွာ အမ်ားစုအပါအ၀င္ ျမန္မာႏုိင္ငံမွာ ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ တေက်ာ့ျပန္ တုိးလာေနခ်ိန္မွာပဲ ကုန္ထုတ္လုပ္ငန္းေတြကုိ အစုိးရက ျပန္လုပ္ခြင့္ျပဳလုိက္တဲ့အတြက္ စုိးရိမ္မႈေတြလည္း ထြက္ေပၚေနတာပါ။ ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ ကပ္ေရာဂါေၾကာင့္ တုိင္းျပည္စီးပြားေရး ထိခုိက္ေနခ်ိန္မွာ ကုန္ထုတ္လုပ္ငန္းေတြကို အခ်ိန္ၾကာၾကာ ရပ္ဆိုင္းထားမယ္ဆိုရင္ ရင္းႏွီးျမွုဳပ္ႏွံမႈေတြနဲ႔ အတူ ေနာက္ဆက္တဲြ အလုပ္သမားေတြရဲ႕ ဘ၀ရပ္တည္မႈကိုပါ ထိခိုက္လာႏုိင္ေၾကာင္း ေျပာဆုိထားတာပါ။ ဒါေပမဲ့လည္းလုပ္ငန္းေတြကုိ ျပန္လည္ပတ္ရာမွာ ေရာဂါအႏၱရာယ္ ကာကြယ္ေရး စည္းမ်ဥ္းစည္းကမ္းေတြကို တိတိက်က် လိုက္နာဖုိ႔ လုိအပ္ေၾကာင္းလည္း သတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ပြန်ဖွင့်ရန်ကုန်စက်ရုံတချို့ ကိုဗစ်ကူးစက်မှု ဖြစ်နေ

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ အများစုနဲ့ ကြုံနေရတဲ့ ရန်ကုန်တိုင်းမှာ ကုန်ထုတ်လုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်ခွင့် ပြုခဲ့ပြီးနောက် စက်ရုံတချို့မှာ ရောဂါကူးစက်မှုတွေ ကြုံနေရတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအဂ္ဂနွန်က ပြောပြပါမယ်။

ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ လုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်နိုင်ကြောင်း ခွင့်ပြုလိုက်ပြီးနောက် ရန်ကုန်တိုင်းအတွင်း စက်ရုံတချို့မှာ ရောဂါကူးစက်မှု သတင်းတွေ ထွက်ပေါ်လာနေတာပါ။ အခုနောက်ဆုံးမှာ ဆိုရင်လည်း ရွှေပြည်သာမြို့နယ်က စက်ရုံတချို့မှာ အလုပ်သမား ၄၀၀ ကျော် ကူးစက်ခံထားရကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာနမှူး ဒေါက်တာမြတ်မြတ်နှင်းက ပြောပါတယ်။

“လောလောဆယ် ကျမတို့ ရွှေပြည်သာစက်မှုဇုန်က ကျမတို့မှာက စက်မှုဇုန် ၁ ရယ်၊ ၂ ရယ်၊ ဝါးတစ်ရာစက်မှုဇုန်၊ သာဓုကန်စက်မှုဇုန်ဆိုပြီး ကျမတို့ စက်မှုဇုန် ၄ ခုပေါ့နော်... ကျမတို့က ဆောင်ရွက်ရတယ်ပေါ့နော်၊ အဲ့ဒီမှာ ကျမတို့ ရွှေပြည်သာမြို့နယ်နဲ့ဆိုရင် အခု positive ထွက်တယ်၊ ၁,၃၀၀ ကျော်မှာ စက်ရုံအလုပ်သားပေါင်း ၄၀၀ လောက်ပေါ့နော် positive ထွက်ပါတယ်။ primary contact က လောလောဆယ် ကျမ အတိအကျတော့ မပြောနိုင်တော့ ၅,၀၀၀ လောက်တော့ရှိမယ်။”

ရောဂါကူးစက်သူ အလုပ်သမားတွေနဲ့ ထိတွေ့ဆက်ဆံခဲ့ဖူးသူတွေကိုတော့ စောင့်ကြည့်စစ်ဆေးနေပါတယ်။ ကျန်းမာရေးအတွက် သတ်မှတ်ချက်နဲ့ ကိုက်ညီမှုရှိတဲ့ စက်ရုံတွေကို ပြန်ဖွင့်နိုင်ကြောင်း အောက်တိုဘာ ၁၂ နေ့မှာ ခွင့်ပြုပြီးနောက် မင်္ဂလာဒုံစက်မှုဇုန်က မှန်ဘီလူးစက်ရုံမှာလည်း ရာဂဏန်းရှိတဲ့ အလုပ်သမားတွေ ရောဂါပိုးကူးစက်နေတာ တွေ့ရှိခဲ့တာပါ။ အလုပ်သမားတွေ လုပ်ငန်းခွင်မှာ ထမင်းစားချိန် နှာခေါင်းစည်း အကာအကွယ် ဖယ်ရှားတဲ့အခါ ရောဂါကူးစက်နိုင်တဲ့ အန္တရာယ် ရှိတယ်လို့လည်း ရွှေပြည်သာမြို့နယ် ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာနမှူး ဒေါက်တာမြတ်မြတ်နှင်းက ပြောပါတယ်။

လှိုင်ယာသာမြို့နယ်က အထည်ချုပ်စက်ရုံတချို့မှာလည်း ရောဂါကူးစက်မှု သတင်းတွေ ထွက်ပေါ်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ အလုပ်သမားကိုယ်စားလှယ် ဒေါ်သင်ဇာထက်က ပြောပါတယ်။

“မနေ့တုန်းက ဆိုလို့ရှိရင် ကျမတို့ ဒီလှိုင်သာယာမှာပေါ့နော်၊ Positive စစ်ဆေးတဲ့ဌာနမှာပေ့ါ။ မနေ့က တစ်ရက်ကလေးကိုပဲ ကျမတို့ ဒီအချိန်ပိုင်းလေးအတွင်းမှာ ၂၅ ယောက်စစ်တာတောင် ၁၅ ယောက်က positive၊ ၁၀ ယောက်က Negative ပေါ့နော် အဲ့ဒီလိုမျိုး အနေအထားမျိုးတွေ့ရတဲ့အထဲမှာမှ စက်ရုံ အလုပ်သားများတယ်၊ စက်ရုံအလုပ်သားများတယ်ရှင့်။ အဲ့စက်ရုံအလုပ်သားနဲ့ ထိစပ်ပြီး မိသားစုကလေးတွေ ဒီဟာကို ကူးစက်တာကို ကျမတို့ တွေ့ရတယ်။”

ကုန်ထုတ်လုပ်ငန်း အများအပြားရှိရာ လှိုင်သာယာမြို့နယ်မှာ အလုပ်သမားတွေကြား ရောဂါကူးစက်မှုတွေ ကြုံနေရသလို၊ ရောဂါလက္ခဏာ ရှိသူတွေ တိုးလာနေတယ်လို့လည်း ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။ လှိုင်သာယာမြို့နယ် ဖျားနာကု ဆေးခန်းမှာဆိုရင်လည်း နေ့စဉ်လာတဲ့ လူ ၁၀၀ ကျော်လောက်မှာ ကိုဗစ်ရောဂါလက္ခဏာတခုဖြစ်တဲ့ အနံ့အာရုံမရတဲ့အတွက် လာရောက်စစ်ဆေးတဲ့ အလုပ်သမားတွေ ရှိနေတယ်လို့ ဖျားနာကုဆေးခန်း တာဝန်ခံ ဒေါက်တာနိုင်မင်းထွဋ်က ပြောပါတယ်။

“ကျနော်တို့ ဆေးခန်းက များသောအားဖြင့် အကုန်လုံးက နယ်ပယ်အသီးအသီး လာကြတယ်ပေါ့နော်၊ အခုဆိုရင် မဲရုံစောင့်မယ့် ကျောင်းဆရာမတွေ ဖျားလို့လာကြတာတွေရှိတယ်ပေါ့နော်၊ နောက် ဝန်ထမ်းတွေ အလုပ်သမားတွေ လာပြတာရှိတယ်၊ ရပ်ကွက်ထဲမှာ အမေတွေအဖွားတွေ လာပြတာတွေရှိတယ်ပေါ့နော်၊ စက်ရုံအလုပ်သမားသီးသန့်တော့ ကျနော်တို့ ခွဲပြောလို့မရဘူးခင်ဗျ၊ အကုန်လုံးလာပြကြတယ်ခင်ဗျာ။ ခန့်မှန်ခြေတော့ ဒီရက်ပိုင်းမှာ ၈၀ နဲ့အထက်မှာပဲ ရှိနေတယ်ခင်ဗျာ၊ ခန့်မှန်းခြေဆိုရင် အမြဲတမ်း ၈၀ က အနည်းဆုံးတော့ ၈၀ ပေါ့နော်၊ အများဆုံးကတော့ ၁၁၀ ပေါ့ အဲ့လောက်ထိရှိတယ်။”

ရန်ကုန်တိုင်းမှာ အများစုအပါအဝင် မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တကျော့ပြန် တိုးလာနေချိန်မှာပဲ ကုန်ထုတ်လုပ်ငန်းတွေကို အစိုးရက ပြန်လုပ်ခွင့်ပြုလိုက်တဲ့အတွက် စိုးရိမ်မှုတွေလည်း ထွက်ပေါ်နေတာပါ။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ကပ်ရောဂါကြောင့် တိုင်းပြည်စီးပွားရေး ထိခိုက်နေချိန်မှာ ကုန်ထုတ်လုပ်ငန်းတွေကို အချိန်ကြာကြာ ရပ်ဆိုင်းထားမယ်ဆိုရင် ရင်းနှီးမြှုုပ်နှံမှုတွေနဲ့ အတူ နောက်ဆက်တွဲ အလုပ်သမားတွေရဲ့ ဘဝရပ်တည်မှုကိုပါ ထိခိုက်လာနိုင်ကြောင်း ပြောဆိုထားတာပါ။ ဒါပေမဲ့လည်းလုပ်ငန်းတွေကို ပြန်လည်ပတ်ရာမှာ ရောဂါအန္တရာယ် ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းတွေကို တိတိကျကျ လိုက်နာဖို့ လိုအပ်ကြောင်းလည်း သတိပေးထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG