သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်ဖြန့်ချီမှု မြန်မာပူးပေါင်းဆောင်ရွက်မည်


နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အိန္ဒိယတပ်မတော် ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး MM Naravane ၊ အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးအတွင်းဝန် Shri Harsh V Shringla၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး Shri Saurabh Kumar။ (ဓာတ်ပုံ - India in Myanmar (Embassy of India, Yangon) - အောက်တိုဘာ ၀၅၊ ၂၀၂၀)
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အိန္ဒိယတပ်မတော် ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး MM Naravane ၊ အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးအတွင်းဝန် Shri Harsh V Shringla၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး Shri Saurabh Kumar။ (ဓာတ်ပုံ - India in Myanmar (Embassy of India, Yangon) - အောက်တိုဘာ ၀၅၊ ၂၀၂၀)

[Zawgyi/Unicode]

ကမ္ဘာမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှု ဒုတိယအများဆုံး ဖြစ်နေတဲ့ အိန္ဒိယနိုင်ငံက ကာကွယ်ဆေး ထုတ်လုပ်မယ့် အစီအစဉ်မှာ ပူးပေါင်းပါဝင်ဖို့ ကမ်းလှမ်းချက်ကို မြန်မာနိုင်ငံက လက်ခံလိုက်တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က ပြောပြပေးပါမယ်။

ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေး ထုတ်လုပ်၊ ဖြန့်ဖြူးဖို့ အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်ရဲ့ မကြာသေးခင်က မြန်မာပြည်ခရီးစဉ်အတွင်း ကမ်းလှမ်းချက်ကို မြန်မာတာဝန်ရှိသူတွေက လက်ခံတဲ့အကြောင်း တုံ့ပြန်လိုက်တာပါ။ အိန္ဒိယနိုင်ငံက ဆေးထုတ်လုပ်မယ့် အစီအစဉ်မှာ ပူးပေါင်းပါဝင်မယ့်အကြောင်း တုံ့ပြန်ထားပြီး အသေးစိတ်ကိုတော့ မဆွေးနွေးရသေးဘူးလို့လည်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကိုက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ဘက်က အစိုးရကတော့ joint production ပေါ့နော်၊ ပူးတွဲထုတ်လုပ်ဖို့ပေါ့လေ၊ အဲဒီဟာနဲ့၊ ပူးပေါင်းဆောင်ရွက်မယ်ဆိုပြီး သူတို့ရဲ့ proposal (အဆိုပြုချက်) အပေါ်ကျနော်တို့ ပြန်ကြားထားပါတယ်။ အသေးစိတ်ကတော့ သူတို့လည်း trial ပေါ့နော် စမ်းသပ်ပြီးတော့ လုပ်နေတယ်၊ အဲဒီတော့ joint production ထုတ်ဖို့ စိတ်ဝင်စားတယ်ဆိုပြီး ကျနော်တို့ အစိုးရက ဟိုဘက်ကို ပြန်ကြားထားတော့ ကျနော်တို့ နိုင်ငံခြားရေးအပိုင်းကတော့ coordinate (ပူးပေါင်း) ပြီးပြီပေါ့နော်။”

အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် Harsh Shringla ရဲ့ အောက်တိုဘာလ ၅ ရက် မြန်မာနိုင်ငံခရီးစဉ်မှာ ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်ဖြန့်ဖြူးရာမှာ ပူးပေါင်းပါဝင်ဖို့ ကမ်းလှမ်းခဲ့သလို၊ ကိုဗစ်ရောဂါကုသရာမှာ လက်ရှိအသုံးများနေတဲ့ Remdesivir ထိုးဆေး အလုံး ၃,၀၀၀ ကိုလည်း နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ထံ ပေးအပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံ ကိုဗစ်ကာကွယ်ရေးအတွက် အမေရိကန်ဒေါ်လာ ၁,၀၀၀,၀၀၀ ကိုလည်း အိန္ဒိယအစိုးရက ကူညီထားပါတယ်။

ကိုဗစ်ကာကွယ်ဆေးကို နိုင်ငံတော်တော်များများမှာ နောက်ဆုံးအဆင့်အနေနဲ့ စမ်းသပ်နေတာတွေ ရှိနေပေမဲ့လည်း တရားဝင် အသိအမှတ်ပြု ထုတ်လုပ် သုံးစွဲနိုင်တဲ့ အဆင့်တော့ မရောက်သေးပါဘူး။ ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်ရေး ပူးပေါင်းဆောင်ရွက်မယ့် အစီအစဉ်အတွက် ၂ နိုင်ငံ တာဝန်ရှိသူတွေ ပြီးခဲ့တဲ့အပတ်က အွန်လိုင်းမှာ ပထမဆုံးအကြိမ် တွေ့ခဲ့ပြီး ပူးတွဲထုတ်လုပ်ရေးနဲ့ ဖြန့်ဖြူးရေး အလားအလာတွေကို အပြန်အလှန်ဆွေးနွေး ခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံဟာ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၁၁၀,၀၀၀ ကျော်၊ ကူးစက်သူ ၇,၈၀၀,၀၀၀ ကျော် ရှိနေသလို မြန်မာနိုင်ငံမှာတော့ သေဆုံးသူ ၁,၀၀၀ ကျော်၊ ကူးစက်သူ ၄၅,၀၀၀ လောက် ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]







XS
SM
MD
LG