သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မဲေဆာက္-ျမဝတီ နယ္စပ္ကုန္သြယ္ေရး ေအာက္တိုဘာ ၂၇ ျပန္ဖြင့္မည္


မဲေဆာက္-ျမဝတီ ကုန္စည္စီးဆင္းမႈေတြ လြယ္ကူေစဖို႔ အစမ္းေလ့က်င့္ေနတဲ့ျမင္ကြင္း။ (ေအာက္တုိဘာ ၂၄၊ ၂၀၂၀)

(Zawgyi / Unicode)

ကိုဗစ္ကပ္ေရာဂါ ထိန္းခ်ဳပ္ႏုိင္ဖို႔အတြက္ ကုန္စည္စီးဆင္းမႈေတြ ရပ္နားထားတဲ့ ထိုင္း-ျမန္မာနယ္စပ္ မဲေဆာက္-ျမဝတီ ကုန္သြယ္ေရးလုပ္ငန္းေတြကို လာမယ့္သီတင္းပတ္ ေအာက္တုိဘာလ ၂၇ ရက္ေန႔ကစၿပီး ျပန္ဖြင့္ေတာ့မွာျဖစ္ေၾကာင္း ထုိင္းဘက္က သတင္းထုတ္ျပန္ခဲ့ပါတယ္။ အျပည့္အစုံကို ထုိင္းအေျခစုိက္ ဗီြအုိေအျမန္မာပုိင္း သတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

ထုိင္း-ျမန္မာနယ္စပ္ မဲေဆာက္ၿမိဳ႕မွာ ျမန္မာႏုိင္ငံဘက္ကလာတဲ့ ကုန္တင္ကားေမာင္းသမားေတြမွာ ေရာဂါပိုး ေတြ႔ရွိၿပီးတဲ့ေနာက္ မဲေဆာက္ၿမိဳ႕တြင္းမွာလည္း ျပည္တြင္းကူးစက္မဳႈေတြ ရွိခ့ဲၿပီး ထိုင္း-ျမန္မာနယ္စပ္က ကုန္စည္စီးဆင္းမႈေတြကို ယာယီရပ္နားထားတာပါ။ ထိုင္းႏုိင္ငံ တာ့ခ္ခ႐ုိင္ မဲေဆာက္ၿမိဳ႕မွာ တာ့ခ္ခ႐ုိင္အုပ္ခ်ဳပ္ေရးမွဴး Mr. Pongrat Phiromrat က COVID-19 ကပ္ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ နယ္စပ္ကုန္သြယ္ေရး ျပန္လည္ဖြင့္လွစ္ႏုိင္ဖို႔ ေဆြးေႏြးေပဲြကုိ ေအာက္တုိဘာလ ၂၃ ရက္ေန႔က က်င္းပခဲ့ပါတယ္။

ဒီေဆြးေႏြးပဲြအတြင္း မဲေဆာက္ၿမိဳ႕က ကပ္ေရာဂါပိုးေတြ႔ရွိတဲ့ ထံုေထာင္း မဒီနာရပ္ကြက္ကို COVID-19 အေရးေပၚကန္႔သတ္မိန္႔ ေျဖေလွ်ာ့ေပးဖို႔ ထိုင္း-ျမန္မာ မဲေဆာက္-ျမဝတီ ႏွစ္ႏုိင္ငံ နယ္စပ္ကုန္သြယ္ေရး ပံုမွန္အတိုင္း ျပန္ဖြင့္ေပးဖို႔ ဆံုးျဖတ္ခဲ့တယ္လို႔ ဆိုပါတယ္။

ကုန္သြယ္ေရးဇုန္ ဖြင့္တဲ့အခါ ျမန္မာႏုိင္ငံဘက္က ဝင္လာတဲ့ ကုန္ေတြကုိ တဖက္နဲ႔တဖက္ ဘယ္လိုဖလွယ္ၾကမလဲ၊ ေရာဂါကာကြယ္ေရးအတြက္ ဘယ္လိုလုပ္မလဲ ဆုိတာကိုေတာ့ ေအာက္တိုဘာလ ၂၄ ရက္ေန႔က အစမ္းေလ့က်င့္ေနၾကပါတယ္။

အခုလို နယ္စပ္ကုန္သြယ္ေရး ျပန္ဖြင့္ဖို႔ ဆံုးျဖတ္ခဲ့တာဟာ ကိုဗစ္ေရာဂါပိုးကို ထိန္းခ်ဳပ္ႏုိင္လုိ႔ ျပန္ဖြင့္ဖို႔ ဆံုးျဖတ္ခဲ့တာျဖစ္ေၾကာင္း တာ့ခ္ခ႐ုိင္ အုပ္ခ်ဳပ္ေရးမွဴး Mr. Pongrat Phiromrat က ထိုင္းဘာသာနဲ႔ အခုလို ေျပာဆိုသြားပါတယ္။

“ကုန္သြယ္ေရးဇုန္ ဖြင့္တဲ့အခါ ျမန္မာႏုိင္ငံဘက္က ဝင္လာတဲ့ ကုန္ေတြကုိ တဖက္နဲ႔တဖက္ ကပ္ေရာဂါထိန္းခ်ဳပ္ေရးနဲ႔အညီ ဖလွယ္မႈေတြ လုပ္သြားပါမယ္။ အခုလို နယ္စပ္ကုန္သြယ္ေရး ျပန္ဖြင့္တဲ့အခါ ယဥ္ေမာင္း ကုန္တင္ကုန္ခ်သူအားလံုး မ်က္ႏွာအကာ (Mask) ေတြ ဝတ္ဆင္ထားရမယ့္အျပင္ နယ္စပ္ကုန္ေတြ လဲႊေျပာင္းေရးလုပ္တဲ့အခါ ထိုင္းနဲ႔ ျမန္မာကားမ်ားကေန တဖက္တဖက္ ကုန္ပစၥည္းမ်ား ေျပာင္းလဲသယ္ေဆာင္ရာမွာ လြယ္ကူေစမယ့္ Roller မ်ား အသံုးျပဳၿပီး လုပ္ေဆာင္ၾကရမွာျဖစ္ပါတယ္။ နယ္စပ္က သတ္မွတ္ဇုန္မွာ ကုန္တင္ကုန္ခ်သူေတြဟာ တဦးနဲ႔တဦး သံုးမီတာအကြာ ေနၾကဖို႔ စတဲ့ ကန္႔သတ္ခ်က္ေတြ ခ်ထားမွာျဖစ္တယ္” လုိ႔လည္း တာ့ခ္ခ႐ုိင္ အုပ္ခ်ဳပ္ေရးမွဴးက ေျပာဆိုသြားတာပါ။

ထိုင္းဘက္က ထုတ္ျပန္ခ်က္အရ နယ္စပ္ကုန္သြယ္ေရး တံတားအမွတ္ ၂ ကို လာမယ့္ အဂၤါေန႔ ေအာက္တိုဘာလ ၂၇ ရက္ေန႔ကစၿပီး ျပန္လည္ဖြင့္လွစ္ေတာ့မွာျဖစ္ၿပီး COVID-19 ေရာဂါပိုး စေတြ႔တဲ့ ထံုေထာင္္း မဒီနာရပ္ကြက္ကိုလည္း ကန္႔သတ္မိန္႔ အဆံုးသတ္ၿပီး ပံုမွန္သြားလာေနထိုင္ခြင့္ေတြ ေပးေတာ့မွာျဖစ္ပါတယ္။

ျမန္မာႏုိင္ငံသားအမ်ားစုရွိတဲ့ မဲေဆာက္ၿမိဳ႕က ထံုေထာင္း မဒီနာရပ္ကြက္နဲ႔ ေရာဂါျပန္႔ပြားႏုိင္တဲ့ ေနရာေတြကုိေတာ့ ကန္႔သတ္ပိတ္ဆို႔တာေတြ လုပ္ၿပီး လူဦးေရ ၁၀,၁၇၇ ဦးကုိ ကပ္ေရာဂါ စစ္ေဆးေပးခဲ့ေၾကာင္း ထုိင္းအာဏာပုိင္ေတြက ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

မဲဆောက်-မြဝတီ နယ်စပ်ကုန်သွယ်ရေး အောက်တိုဘာ ၂၇ ပြန်ဖွင့်မည်

ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်နိုင်ဖို့အတွက် ကုန်စည်စီးဆင်းမှုတွေ ရပ်နားထားတဲ့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြဝတီ ကုန်သွယ်ရေးလုပ်ငန်းတွေကို လာမယ့်သီတင်းပတ် အောက်တိုဘာလ ၂၇ ရက်နေ့ကစပြီး ပြန်ဖွင့်တော့မှာဖြစ်ကြောင်း ထိုင်းဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ မြန်မာနိုင်ငံဘက်ကလာတဲ့ ကုန်တင်ကားမောင်းသမားတွေမှာ ရောဂါပိုး တွေ့ရှိပြီးတဲ့နောက် မဲဆောက်မြို့တွင်းမှာလည်း ပြည်တွင်းကူးစက်မုှုတွေ ရှိခဲ့ပြီး ထိုင်း-မြန်မာနယ်စပ်က ကုန်စည်စီးဆင်းမှုတွေကို ယာယီရပ်နားထားတာပါ။ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့မှာ တာ့ခ်ခရိုင်အုပ်ချုပ်ရေးမှူး Mr. Pongrat Phiromrat က COVID-19 ကပ်ရောဂါထိန်းချုပ်ရေးနဲ့ နယ်စပ်ကုန်သွယ်ရေး ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ဆွေးနွေးပေွဲကို အောက်တိုဘာလ ၂၃ ရက်နေ့က ကျင်းပခဲ့ပါတယ်။

ဒီဆွေးနွေးပွဲအတွင်း မဲဆောက်မြို့က ကပ်ရောဂါပိုးတွေ့ရှိတဲ့ ထုံထောင်း မဒီနာရပ်ကွက်ကို COVID-19 အရေးပေါ်ကန့်သတ်မိန့် ဖြေလျှော့ပေးဖို့ ထိုင်း-မြန်မာ မဲဆောက်-မြဝတီ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ပုံမှန်အတိုင်း ပြန်ဖွင့်ပေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

ကုန်သွယ်ရေးဇုန် ဖွင့်တဲ့အခါ မြန်မာနိုင်ငံဘက်က ဝင်လာတဲ့ ကုန်တွေကို တဖက်နဲ့တဖက် ဘယ်လိုဖလှယ်ကြမလဲ၊ ရောဂါကာကွယ်ရေးအတွက် ဘယ်လိုလုပ်မလဲ ဆိုတာကိုတော့ အောက်တိုဘာလ ၂၄ ရက်နေ့က အစမ်းလေ့ကျင့်နေကြပါတယ်။

အခုလို နယ်စပ်ကုန်သွယ်ရေး ပြန်ဖွင့်ဖို့ ဆုံးဖြတ်ခဲ့တာဟာ ကိုဗစ်ရောဂါပိုးကို ထိန်းချုပ်နိုင်လို့ ပြန်ဖွင့်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူး Mr. Pongrat Phiromrat က ထိုင်းဘာသာနဲ့ အခုလို ပြောဆိုသွားပါတယ်။

“ကုန်သွယ်ရေးဇုန် ဖွင့်တဲ့အခါ မြန်မာနိုင်ငံဘက်က ဝင်လာတဲ့ ကုန်တွေကို တဖက်နဲ့တဖက် ကပ်ရောဂါထိန်းချုပ်ရေးနဲ့အညီ ဖလှယ်မှုတွေ လုပ်သွားပါမယ်။ အခုလို နယ်စပ်ကုန်သွယ်ရေး ပြန်ဖွင့်တဲ့အခါ ယဉ်မောင်း ကုန်တင်ကုန်ချသူအားလုံး မျက်နှာအကာ (Mask) တွေ ဝတ်ဆင်ထားရမယ့်အပြင် နယ်စပ်ကုန်တွေ လွဲှပြောင်းရေးလုပ်တဲ့အခါ ထိုင်းနဲ့ မြန်မာကားများကနေ တဖက်တဖက် ကုန်ပစ္စည်းများ ပြောင်းလဲသယ်ဆောင်ရာမှာ လွယ်ကူစေမယ့် Roller များ အသုံးပြုပြီး လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။ နယ်စပ်က သတ်မှတ်ဇုန်မှာ ကုန်တင်ကုန်ချသူတွေဟာ တဦးနဲ့တဦး သုံးမီတာအကွာ နေကြဖို့ စတဲ့ ကန့်သတ်ချက်တွေ ချထားမှာဖြစ်တယ်” လို့လည်း တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးက ပြောဆိုသွားတာပါ။

ထိုင်းဘက်က ထုတ်ပြန်ချက်အရ နယ်စပ်ကုန်သွယ်ရေး တံတားအမှတ် ၂ ကို လာမယ့် အင်္ဂါနေ့ အောက်တိုဘာလ ၂၇ ရက်နေ့ကစပြီး ပြန်လည်ဖွင့်လှစ်တော့မှာဖြစ်ပြီး COVID-19 ရောဂါပိုး စတွေ့တဲ့ ထုံထောင်း မဒီနာရပ်ကွက်ကိုလည်း ကန့်သတ်မိန့် အဆုံးသတ်ပြီး ပုံမှန်သွားလာနေထိုင်ခွင့်တွေ ပေးတော့မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံသားအများစုရှိတဲ့ မဲဆောက်မြို့က ထုံထောင်း မဒီနာရပ်ကွက်နဲ့ ရောဂါပြန့်ပွားနိုင်တဲ့ နေရာတွေကိုတော့ ကန့်သတ်ပိတ်ဆို့တာတွေ လုပ်ပြီး လူဦးရေ ၁၀,၁၇၇ ဦးကို ကပ်ရောဂါ စစ်ဆေးပေးခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG