သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပုဂၢလိက ေဆးရံုေတြမွာ ကိုဗစ္-၁၉ ကုသခြင့္ျပဳဖို႔ မူအရ သေဘာတူညီမႈရ


PPE ၀တ္စံု၀တ္ ပရဟိတလုပ္သားတဦးကို ရန္ကုန္ၿမိဳ႕ရွိ လမ္းတခုတြင္ ေတြ႔ရ။ (ေအာက္တိုဘာ ၁၇၊ ၂၀၂၀)

(Zawgyi/Unicode)

ပုဂၢလိက ေဆးရံုနဲ႔ ဓာတ္ခြဲခန္းေတြမွာ ကိုဗစ္စစ္ဖို႔နဲ႔ ကုသဖို႔ ညိႈႏိႈင္းထားတာကို ခြင့္ျပဳလိုက္ၿပီလို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီး ေဒါက္တာျမင့္ေထြးက တနဂၤေႏြေန႔ က ေနျပည္ေတာ္မွာျပဳလုပ္တဲ့ အပတ္စဥ္ အစည္းအေ၀းမွာ ေျပာၾကားလိုက္ပါတယ္။

ဒီေျပာၾကားခ်က္နဲ႔ ပတ္သက္လို႔ က်န္းမာေရး ဝန္ႀကီးဌာနေျပာခြင့္ရ ေဒါက္တာသန္းႏိုင္စိုးကို ကိုဝင္းမင္းက ဆက္သြယ္ေမးျမန္းရာမွာ သူက အခုလိုစရွင္းျပပါတယ္။

ေဒါက္တာ သန္းႏိုင္စိုး ။ ။ဒီဟာေတာ့ ညိႈႏိႈင္းတုန္းပါ၊အဓိကေတာ့ ပုဂၢလိက ေဆးရံုေတြကို ကၽြန္ေတာ္တို႔က ဒီလူနာေပါ့ေနာ္၊ ေစာင့္ေရွာက္ေပးတဲ့အပိုင္းေတြကို၊ ျပန္ၿပီးေတာ့ ေဆာင္ရြက္ေစခ်င္တာေပါ့။အဲ့ဒီေတာ့ ဒီဟာေတြေဆာင္ရြက္လိုက္မယ္ဆိုရင္ သူတို႔ဖက္က ကၽြန္ေတာ္တုိ႔ ဒီ NCD (Non-Communicable Diseases - ကူးစက္တာမဟုတ္တဲ့ နာတာရွည္ေရာဂါမ်ား) နဲ႔ ပတ္သက္တဲ့ အပိုင္းေတြေပါ့ေနာ္၊ ခုနက COVID Negative (ကိုဗစ္ပိုးမရွိသူ) ေတြေပါ့၊ ဒါေတြ ေတာ္ေတာ္မ်ားမ်ားလည္း ကုလာႏိုင္မယ္။တကယ္ေတာ့ တစ္ဖက္က ပုဂၢလိက System (စနစ္) နဲ႔ ေပးေနတဲ့ ဒီ Primary Care (ပဏာမ က်န္းမာေရးေစာင့္ေရွာက္မူ)၊ တစ္နည္းအားျဖင့္ GP (General Practitioners - အေထြေထြေရာဂါကုဆရာဝန္မ်ား) System (စနစ္) ေတြ၊ ပုဂၢလိက ေဆးရံု၊ ေဆးခန္းေတြ၊ ဒါေတြ ျပန္လည္ရွင္သန္လာတာနဲ႔အမွ်၊ ကၽြန္ေတာ္တို႔ ဒီ (အစိုးရ) ေဆးရံုေတြမွာရွိတဲ့၊ Double Burden (ဝန္ထုတ္ဝန္ပိုး ၂ ဆထမ္းရတာ)၊ ကိုဗစ္ေကာ၊ Communicable (ကူးစက္) ေကာ၊ Non-Communicable (မကူးစက္) ေကာ၊ ထမ္းေနရတဲ့ဟာေတြက အမ်ားႀကီး သက္သာေလ်ာ့သြားမယ္ေပါ့။စားရိတ္တတ္ႏိုင္တဲ့ သူေတြအေနနဲ႔ ဒီသြားရိုးသြားစဥ္ေပါ့ေနာ္၊ ပုဂၢလိကေဆးရံုေတြကို ျပန္သြားႏိုင္တာေပါ့။

ဝင္းမင္း ။ ။အဲ့ဒီေတာ့ ဒီေနရာမွာ ကိုဗစ္ ရွိမရွိ အျမန္စစ္ဖို႔ လိုလာတာေပါ့ေနာ္၊ ပုဂၢလိကေဆးရံုေတြဘက္မွာ။

ေဒါက္တာသန္းႏိုင္စိုး ။ ။ဟုတ္ကဲ။ စစ္ရမွာေပါ့။ဒါ ကၽြန္ေတာ္တို႔က Rapid Test Kit (အျမန္စစ္နည္း) ကေတာ့ သံုးလို႔ရတယ္။Test Kit သံုးလုိက္လို႔ Positive (ပိုးရွိတာ) ဆိုရင္ေတာ့၊ ပုဂၢလိကေဆးရုံေတြက ကၽြန္ေတာ္တို႔ဘက္ကို ျပန္လႊဲမလား။အဲ့ဒိေတာ့ ပုဂၢလိကေတြဖက္က ဒီ RDT (Rapid Diagnosis Test - အျမန္စစ္နည္း) နဲ႔ စစ္လိုက္လို႔၊ အမ်ားႀကီး လႊဲလာႏိုင္တဲ့ လူနာ Load (ပမာဏ) ကို၊ ကၽြန္ေတာ္တို႔ဘက္ (အစိုးရဘက္) ကေရာ၊ ခံႏိုင္မလားေပါ့ေနာ္။ဒါဆို ဒါမွမဟုတ္ဘူးဆိုရင္၊ ပုဂၢလိကေဆးရံုေတြဘက္က၊ သူတို႔မွာလည္း ေဆးရံုေတြ အႀကီးႀကီးေတြရွိတယ္ေလ။ကုတင္ ၅၀၀ ေလာက္အထိ ဆန္႔တဲ့ ေဆးရံုႀကီးေတြရွိတယ္။အဲ့ဒိလိုေဆးရံုႀကီးေတြကေနၿပီးေတာ့၊ ျပန္ၿပီးေတာ့အခါက်ေတာ့၊ သူတို႔ ေဆးရံုတစ္ရံုကိုေပါ့၊ Designated Hospital (ကိုဗစ္သီးသန္႔ေဆးရံု) အျဖစ္ သူတို႔သတ္မွတ္ၿပီးေတာ့၊ သူတို႔ ကိုဗစ္လူနာေတြကို ပုဂၢလိက ေဆးရံုအခ်င္းခ်င္းေပါ့၊ Referral (လူနာလႊဲေပးတာ) လုပ္တဲ့ အေနအထားမ်ိဳး နဲ႔ ထားမလားေပါ့။

ဝင္းမင္း ။ ။ဒါကေတာ့ အျမန္နည္းနဲ႔ စစ္လို႔ ပိုးေတြ႔ခဲ့ရင္ေပါ့။တကယ္လို႔ ပိုးမေတြ႔ခဲရင္ေရာ၊ ဒီ အျမန္စစ္တဲ့နည္းက အားနည္းခ်က္ တစံုတရာ ရွိေတာ့။

ေဒါက္တာသန္းႏိုင္စိုး ။ ။အဲ့ဒိေတာ့ RDT (Rapid Diagnostic Test - အျမန္စစ္တဲ့နည္းနဲ႔) Negative (ပိုးမေတြ႔တာ) ျဖစ္ရင္လည္း လြတ္ႏိုင္တဲ့ဟာေတြ ရွိတယ္ေပါ့ေနာ္။လကၡဏာမျပခင္ ၂ ရက္၊ လကၡဏာျပၿပီး ၆ ရက္ဆိုတဲ့ဟာက၊ ခုနက RDT Negative ျဖစ္ေပမဲ့လည္း၊ ခုနက PUI (ေစာင့္ၾကည္လူနာ) ရဲ႕ လကၡဏာေတြ ရွိေနတယ္ဆိုရင္ စိတ္မခ်ရေသးဘူးေပါ့ေနာ္။အဲ့ဒီအခါက်ရင္ Confirmatory Test (အတည္ျပဳဖို႔ စစ္ေဆးတာ) လိုေတာေပါ့။တစ္နည္းအားျဖင့္ေတာ့ PCR (ပံုမွန္စစ္တဲ့နည္း) သံုးတာေတြရွိလာႏိုင္တယ္။အဲ့ဒိေတာ့ PCR သံုးရမယ္ဆိုရင္၊ ဒါ ကၽြန္ေတာ္တို႔ ဒီ NHL (အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမူဆိုင္ရာဌာန) အေနနဲ႔ပဲ၊ ဒီ PCR ေတြကို ေတာ္ေလွ်ာက္ျဖတ္ႏိုင္မလား။ဒါမွမဟုတ္ ဒီ ပုဂၢလိက System (စနစ္) ထဲမွာရွိတဲ့၊ ဓာတ္ခြဲခန္းေပါ့ေနာ္၊ ဒါအျပင္မွာ ဒီ Professional (ကၽြမ္းက်င္တဲ့) ဓာတ္ခြဲခန္းအႀကီးႀကီးေတြ သူတို႔ဖြင့္ထားတာရွိတယ္။အဲ့ဒီလိုေနရာမ်ိဳးေတြမွာ PCR ကို သံုးၿပီးတဲ့ အခါက်ေတာ့၊ ဒါ Accreditation (ေထာက္ခံခ်က္ေပးတာ) ေပါ့ေနာ္။ဒီ WHO ရဲ့ Accreditation (ေထာက္ခံခ်က္ေပးတာ)၊ေနာက္ NHL (အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမူဆိုင္ရာဌာန) Accreditation (ေထာက္ခံခ်က္ေပးတာ) လုပ္လို႔ ၊ သူတို႔ဘက္က ဒါမ်ိဳးေတြ ဒီ Confirmatory Test (အတည္ျပဳဖို႔ ေဆးစစ္တာ) ေတြလုပ္ႏိုင္ မလားေပါ့ေနာ္။ေနာက္ ဒီ Confirmatory Test လုပ္ၿပီးတဲ့လူနာေတြကို ျပင္းထန္လာရင္၊ HDU (အထူးေအာက္ဆီဂ်င္ေပးေဆာင္) တို႔၊ ICU (အထူးၾကပ္မတ္ကုသေဆာင္) တို႔ Service (ဝန္ေဆာင္မူ) ေတြလိုလာရင္၊ ခုနက သူတို႔ရဲ့ Designated Hospital (ကိုဗစ္သီးသန္႔ေဆးရံု) ကို ပို႔ႏိုင္မလား ေပါ့ေနာ္။ဒါေတြဟာ ပုဂၢလိကက်န္းမာေရးအဖြဲ႔အစည္းနဲ႔ ညိႈရမွာေတြရွိတယ္။ကၽြန္ေတာ္တို႔က အဲ့ဒါေတြ Greenlight (ခြင့္ျပဳခ်က္) ရလာရင္၊ ဘယ္လို ပူးေပါင္းေဆာင္ရြက္မယ္ဆိုတဲ့ SOP (Standard Operation Procedure - လိုက္နာရမဲ့လုပ္ထံုးလုပ္နည္း) လည္း အတိအက်ရွိဖို႔လိုတယ္။ေနာက္ ပုဂၢလိကက်ေတာ့ ဝန္ေဆာင္ခတို႔ ေဆးဖိုးတို႔က သူတို႔က ယူမွာကိုး။အဲ့ဒီအခါက်ေတာ့၊ လူနာေတြဘက္က ေက်နပ္မူေပါ့ေနာ္၊ ဒါေတြလည္း ရဖို႔လိုတယ္။အစိုးရေဆးရံုေတြကေတာ့ တတ္ႏိုင္သမွ်ကေတာ့ အကုန္လံုးေပါ့ေနာ္၊ ကိုဗစ္လူနာေတြဆို အကုန္ Free (အခမဲ့) ပဲေပါ့ေနာ္။ အဲ့ဒီေတာ့ ဒါေတြကလည္း တစ္ဖက္က Medical Ethic (က်န္းမာေရးသီလကိုယ္က်င့္တရား) အရေပါ့ေနာ္၊ ေနာက္ Business (စီးပြားေရး) အရ၊စဥ္းစားရမဲ့ အပိုင္းေတြလည္း အမ်ားႀကီးရွိတာေပါ့ေနာ္။

ဝင္းမင္း ။ ။အဲ့ဒီေတာ့ ဒီ ပုဂၢလိကေဆးရံုေတြဘက္က ဒီကိုဗစ္နဲ႔ ပတ္သက္ၿပီး လက္ခံေဆာင္ရြက္ေပးလာႏိုင္ရင္၊ အစိုးရေဆးရံုေတြဘက္မွာ ဝန္ပိတာကို သက္သာေစတာအျပင္၊ အျခားေရာ၊ ဘယ္လိုအက်ိဳးရွိႏိုင္ေသးလဲ ဆရာ။

ေဒါက္တာသန္းႏိုင္စိုး ။ ။ခုနက NCD (ကူးစက္မဟုတ္တဲ့ နာတာရွည္ေရာဂါ) ေတြကို အမ်ားႀကီး ေစာင့္ေရွာက္မူေပးႏိုင္တယ္ဆိုရင္၊ NCD လူနာေတြက Care (ေစာင့္ေရွာက္မူ) ေကာင္းေကာင္းရမယ္။သူတို႔ရဲ့ ဒီ Status Quo (လက္ရွိပံုမွန္အေျခအေန) ေပါ့ေနာ္၊ ဒါေတြကို ထိန္းထားႏိုင္မယ္ဆိုရင္၊ ကိုဗစ္တကယ္လို႔ ဝင္ခဲ့ရင္ေတာင္မွ၊ လူနာေတြဟာ လူေကာင္းနဲ႔ မျခား ခံႏိုင္ရည္ရွိမွာေပါ့ေနာ္။ဒါမ်ိဳးေတြကလည္း ေသႏႈန္းက်ဆင္းေစတဲ့အခ်က္ထဲမွာ အေရးႀကီးတဲ့ ဟာေတြေပါ့ေနာ္။Win Win (သူေရာကုိယ္ပါ အားလံုးအက်ိဳးျဖစ္တာ) ေပါ့ေနာ္။ခုနကေျပာသလို အက်ိဳးရွိမဲ့ ကိစၥေတြျဖစ္ပါတယ္။အဲ့ဒီေတာ့ ကၽြန္ေတာ္တို႔အေနနဲ႔ကေတာ့ Agree in Principle (မူအရသေဘာတူတာ) ေတာ့ ျဖစ္ပါတယ္။ဒါေပမဲ့ ဒီဟာကို အလုပ္လုပ္ႏိုင္မယ့္ Mechanism (လုပ္ငန္းစဥ္ယႏၱယား) ေပါ့၊Modus Oprendi (လုပ္ထံုးလုပ္နည္း) ေပါ့။ဒါေလးကေတာ့ ကၽြန္ေတာ္တို႔ လိုေနေသးတယ္ေပါ့ေနာ္။တစ္ဖက္က၊ ဒီ ကိုဗစ္ဆိုတဲ့ ဒီ Pandemic Disease (ကမာၻ့ကပ္ေရာဂါႀကီး) ရဲ့ Transmissibility(ကူးစက္ႏိုင္အား) ေပါ့၊ ဒီ Infectivity (ပိုးကူးႏိုင္အား)၊ ေနာက္ သူ႔ရဲ့ Virulence (ျပင္းထန္မူ) ေပါ့၊ ဒါကိုလည္း ကၽြန္ေတာ္တို႔က ေလွ်ာ့တြက္လို႔မရဘူး။ဒါကလည္း အရမ္းသတိထားရမဲ့ အခ်က္ျဖစ္တယ္၊ဒီႏွစ္ခုရဲ့ၾကားထဲမွာ ကၽြန္ေတာ္တို႔က လုပ္လို႔ရမဲ့ ခုနက Principle (နည္းလမ္း) ကိုရွာရတာ၊ ရႏိုင္မဲ့ Window of Opportunity (အခြင့္အလမ္း) ကိုရွာရမွာ။

ဝင္းမင္း ။ ။အဲ့ဒီေတာ့ မူအားျဖင့္ေတာ့ ပုဂၢလိကေဆးရံုေတြကို ဒီကုိဗစ္စစ္ခြင့္ျပဳလိုက္ၿပီ၊ ဒါေပမဲ့ အႏၱရာယ္ကင္းေအာင္နဲ႔ ေနာက္ ဆရာအရင္ကေျပာခဲ့တဲ့၊ ဒီ စစ္ၿပီးပိုးေတြ႔တဲ့ လူနာေတြနဲ႔၊ ေနာက္ Contact (လူနာနဲ႔တိုက္ရိုက္ထိေတြ႔သူ) ေတြပါ လိုလာမွာေပါ့ ဆရာေနာ္၊ သူတို႔ကို ဘယ္လိုဆက္ထားမဲ့ကိစၥ၊ ဒီ လုပ္ငန္းစဥ္တစ္ခုလံုး အေသးစိတ္ကို ျပင္ဆင္ေနရတဲ့အခါက်ေတာ့၊ အခ်ိန္ကာလအားျဖင့္ေရာ ဆရာေရ၊ ဘယ္ေလာက္ၾကာဖို႔။

ေဒါက္တာသန္းႏိုင္စိုး ။ ။ ေအာ္ ဟုတ္ကဲ့၊အဲ့ဒိေတာ့ စစ္ႏိုင္ဖို႔ စၿပီးေတာ့ အဲ့ဒါ စစ္ရမယ့္ ကိစၥေပါ့။စစစ္ၿပီးတာနဲ႔ ေနာက္က ဆံုးေအာင္ လိုက္ႏိုင္ရမယ္၊ အဲ့ဒီလို မလိုက္ႏိုင္ဘဲနဲ႔ေတာ့ စစ္တဲ့ဟာ မလြယ္ဘူး။ဒါေပမဲ့ ျဖစ္လာမွာပါ။မၾကာခင္ ဒီဟာ ေျပလည္သြားမွာပါ။ဆရာႀကီး ျပည္ေထာင္စုဝန္ႀကီးကေတာ့ ဒီကိစၥအျမန္ဆံုးေပါ့ေနာ္၊ အေကာင္အထည္ေဖာ္ေပးဖို႔ေတာ့ လမ္းညႊန္ထားပါတယ္။

ဝင္မင္း ။ ။ ေက်းဇူးအမ်ားႀကီးတင္ပါတယ္။အျမန္ဆံုး ပုဂၢလိက ေဆးရံုေဆးခန္းေတြဘက္ကေန ကိုဗစ္ကိစၥ ပူးေပါင္းေဆာင္ရြက္ေပးႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္




..................

(Unicode)

ပုဂ္ဂလိက ဆေးရုံနဲ့ ဓာတ်ခွဲခန်းတွေမှာ ကိုဗစ်စစ်ဖို့နဲ့ ကုသဖို့ ညှိုနှိုင်းထားတာကို ခွင့်ပြုလိုက်ပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက တနင်္ဂနွေနေ့ က နေပြည်တော်မှာပြုလုပ်တဲ့ အပတ်စဉ် အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။

ဒီပြောကြားချက်နဲ့ ပတ်သက်လို့ ကျန်းမာရေး ဝန်ကြီးဌာနပြောခွင့်ရ ဒေါက်တာသန်းနိုင်စိုးကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းရာမှာ သူက အခုလိုစရှင်းပြပါတယ်။

ဒေါက်တာ သန်းနိုင်စိုး ။ ။ဒီဟာတော့ ညှိုနှိုင်းတုန်းပါ၊အဓိကတော့ ပုဂ္ဂလိက ဆေးရုံတွေကို ကျွန်တော်တို့က ဒီလူနာပေါ့နော်၊ စောင့်ရှောက်ပေးတဲ့အပိုင်းတွေကို၊ ပြန်ပြီးတော့ ဆောင်ရွက်စေချင်တာပေါ့။အဲ့ဒီတော့ ဒီဟာတွေဆောင်ရွက်လိုက်မယ်ဆိုရင် သူတို့ဖက်က ကျွန်တော်တို့ ဒီ NCD (Non-Communicable Diseases - ကူးစက်တာမဟုတ်တဲ့ နာတာရှည်ရောဂါများ) နဲ့ ပတ်သက်တဲ့ အပိုင်းတွေပေါ့နော်၊ ခုနက COVID Negative (ကိုဗစ်ပိုးမရှိသူ) တွေပေါ့၊ ဒါတွေ တော်တော်များများလည်း ကုလာနိုင်မယ်။တကယ်တော့ တစ်ဖက်က ပုဂ္ဂလိက System (စနစ်) နဲ့ ပေးနေတဲ့ ဒီ Primary Care (ပဏာမ ကျန်းမာရေးစောင့်ရှောက်မူ)၊ တစ်နည်းအားဖြင့် GP (General Practitioners - အထွေထွေရောဂါကုဆရာဝန်များ) System (စနစ်) တွေ၊ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းတွေ၊ ဒါတွေ ပြန်လည်ရှင်သန်လာတာနဲ့အမျှ၊ ကျွန်တော်တို့ ဒီ (အစိုးရ) ဆေးရုံတွေမှာရှိတဲ့၊ Double Burden (ဝန်ထုတ်ဝန်ပိုး ၂ ဆထမ်းရတာ)၊ ကိုဗစ်ကော၊ Communicable (ကူးစက်) ကော၊ Non-Communicable (မကူးစက်) ကော၊ ထမ်းနေရတဲ့ဟာတွေက အများကြီး သက်သာလျော့သွားမယ်ပေါ့။စားရိတ်တတ်နိုင်တဲ့ သူတွေအနေနဲ့ ဒီသွားရိုးသွားစဉ်ပေါ့နော်၊ ပုဂ္ဂလိကဆေးရုံတွေကို ပြန်သွားနိုင်တာပေါ့။

ဝင်းမင်း ။ ။အဲ့ဒီတော့ ဒီနေရာမှာ ကိုဗစ် ရှိမရှိ အမြန်စစ်ဖို့ လိုလာတာပေါ့နော်၊ ပုဂ္ဂလိကဆေးရုံတွေဘက်မှာ။

ဒေါက်တာသန်းနိုင်စိုး ။ ။ဟုတ်ကဲ။ စစ်ရမှာပေါ့။ဒါ ကျွန်တော်တို့က Rapid Test Kit (အမြန်စစ်နည်း) ကတော့ သုံးလို့ရတယ်။Test Kit သုံးလိုက်လို့ Positive (ပိုးရှိတာ) ဆိုရင်တော့၊ ပုဂ္ဂလိကဆေးရုံတွေက ကျွန်တော်တို့ဘက်ကို ပြန်လွှဲမလား။အဲ့ဒိတော့ ပုဂ္ဂလိကတွေဖက်က ဒီ RDT (Rapid Diagnosis Test - အမြန်စစ်နည်း) နဲ့ စစ်လိုက်လို့၊ အများကြီး လွှဲလာနိုင်တဲ့ လူနာ Load (ပမာဏ) ကို၊ ကျွန်တော်တို့ဘက် (အစိုးရဘက်) ကရော၊ ခံနိုင်မလားပေါ့နော်။ဒါဆို ဒါမှမဟုတ်ဘူးဆိုရင်၊ ပုဂ္ဂလိကဆေးရုံတွေဘက်က၊ သူတို့မှာလည်း ဆေးရုံတွေ အကြီးကြီးတွေရှိတယ်လေ။ကုတင် ၅၀၀ လောက်အထိ ဆန့်တဲ့ ဆေးရုံကြီးတွေရှိတယ်။အဲ့ဒိလိုဆေးရုံကြီးတွေကနေပြီးတော့၊ ပြန်ပြီးတော့အခါကျတော့၊ သူတို့ ဆေးရုံတစ်ရုံကိုပေါ့၊ Designated Hospital (ကိုဗစ်သီးသန့်ဆေးရုံ) အဖြစ် သူတို့သတ်မှတ်ပြီးတော့၊ သူတို့ ကိုဗစ်လူနာတွေကို ပုဂ္ဂလိက ဆေးရုံအချင်းချင်းပေါ့၊ Referral (လူနာလွှဲပေးတာ) လုပ်တဲ့ အနေအထားမျိုး နဲ့ ထားမလားပေါ့။

ဝင်းမင်း ။ ။ဒါကတော့ အမြန်နည်းနဲ့ စစ်လို့ ပိုးတွေ့ခဲ့ရင်ပေါ့။တကယ်လို့ ပိုးမတွေ့ခဲရင်ရော၊ ဒီ အမြန်စစ်တဲ့နည်းက အားနည်းချက် တစုံတရာ ရှိတော့။

ဒေါက်တာသန်းနိုင်စိုး ။ ။အဲ့ဒိတော့ RDT (Rapid Diagnostic Test - အမြန်စစ်တဲ့နည်းနဲ့) Negative (ပိုးမတွေ့တာ) ဖြစ်ရင်လည်း လွတ်နိုင်တဲ့ဟာတွေ ရှိတယ်ပေါ့နော်။လက္ခဏာမပြခင် ၂ ရက်၊ လက္ခဏာပြပြီး ၆ ရက်ဆိုတဲ့ဟာက၊ ခုနက RDT Negative ဖြစ်ပေမဲ့လည်း၊ ခုနက PUI (စောင့်ကြည်လူနာ) ရဲ့ လက္ခဏာတွေ ရှိနေတယ်ဆိုရင် စိတ်မချရသေးဘူးပေါ့နော်။အဲ့ဒီအခါကျရင် Confirmatory Test (အတည်ပြုဖို့ စစ်ဆေးတာ) လိုတောပေါ့။တစ်နည်းအားဖြင့်တော့ PCR (ပုံမှန်စစ်တဲ့နည်း) သုံးတာတွေရှိလာနိုင်တယ်။အဲ့ဒိတော့ PCR သုံးရမယ်ဆိုရင်၊ ဒါ ကျွန်တော်တို့ ဒီ NHL (အမျိုးသားကျန်းမာရေးဓာတ်ခွဲမူဆိုင်ရာဌာန) အနေနဲ့ပဲ၊ ဒီ PCR တွေကို တော်လျှောက်ဖြတ်နိုင်မလား။ဒါမှမဟုတ် ဒီ ပုဂ္ဂလိက System (စနစ်) ထဲမှာရှိတဲ့၊ ဓာတ်ခွဲခန်းပေါ့နော်၊ ဒါအပြင်မှာ ဒီ Professional (ကျွမ်းကျင်တဲ့) ဓာတ်ခွဲခန်းအကြီးကြီးတွေ သူတို့ဖွင့်ထားတာရှိတယ်။အဲ့ဒီလိုနေရာမျိုးတွေမှာ PCR ကို သုံးပြီးတဲ့ အခါကျတော့၊ ဒါ Accreditation (ထောက်ခံချက်ပေးတာ) ပေါ့နော်။ဒီ WHO ရဲ့ Accreditation (ထောက်ခံချက်ပေးတာ)၊နောက် NHL (အမျိုးသားကျန်းမာရေးဓာတ်ခွဲမူဆိုင်ရာဌာန) Accreditation (ထောက်ခံချက်ပေးတာ) လုပ်လို့ ၊ သူတို့ဘက်က ဒါမျိုးတွေ ဒီ Confirmatory Test (အတည်ပြုဖို့ ဆေးစစ်တာ) တွေလုပ်နိုင် မလားပေါ့နော်။နောက် ဒီ Confirmatory Test လုပ်ပြီးတဲ့လူနာတွေကို ပြင်းထန်လာရင်၊ HDU (အထူးအောက်ဆီဂျင်ပေးဆောင်) တို့၊ ICU (အထူးကြပ်မတ်ကုသဆောင်) တို့ Service (ဝန်ဆောင်မူ) တွေလိုလာရင်၊ ခုနက သူတို့ရဲ့ Designated Hospital (ကိုဗစ်သီးသန့်ဆေးရုံ) ကို ပို့နိုင်မလား ပေါ့နော်။ဒါတွေဟာ ပုဂ္ဂလိကကျန်းမာရေးအဖွဲ့အစည်းနဲ့ ညှိုရမှာတွေရှိတယ်။ကျွန်တော်တို့က အဲ့ဒါတွေ Greenlight (ခွင့်ပြုချက်) ရလာရင်၊ ဘယ်လို ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ SOP (Standard Operation Procedure - လိုက်နာရမဲ့လုပ်ထုံးလုပ်နည်း) လည်း အတိအကျရှိဖို့လိုတယ်။နောက် ပုဂ္ဂလိကကျတော့ ဝန်ဆောင်ခတို့ ဆေးဖိုးတို့က သူတို့က ယူမှာကိုး။အဲ့ဒီအခါကျတော့၊ လူနာတွေဘက်က ကျေနပ်မူပေါ့နော်၊ ဒါတွေလည်း ရဖို့လိုတယ်။အစိုးရဆေးရုံတွေကတော့ တတ်နိုင်သမျှကတော့ အကုန်လုံးပေါ့နော်၊ ကိုဗစ်လူနာတွေဆို အကုန် Free (အခမဲ့) ပဲပေါ့နော်။ အဲ့ဒီတော့ ဒါတွေကလည်း တစ်ဖက်က Medical Ethic (ကျန်းမာရေးသီလကိုယ်ကျင့်တရား) အရပေါ့နော်၊ နောက် Business (စီးပွားရေး) အရ၊စဉ်းစားရမဲ့ အပိုင်းတွေလည်း အများကြီးရှိတာပေါ့နော်။

ဝင်းမင်း ။ ။အဲ့ဒီတော့ ဒီ ပုဂ္ဂလိကဆေးရုံတွေဘက်က ဒီကိုဗစ်နဲ့ ပတ်သက်ပြီး လက်ခံဆောင်ရွက်ပေးလာနိုင်ရင်၊ အစိုးရဆေးရုံတွေဘက်မှာ ဝန်ပိတာကို သက်သာစေတာအပြင်၊ အခြားရော၊ ဘယ်လိုအကျိုးရှိနိုင်သေးလဲ ဆရာ။

ဒေါက်တာသန်းနိုင်စိုး ။ ။ခုနက NCD (ကူးစက်မဟုတ်တဲ့ နာတာရှည်ရောဂါ) တွေကို အများကြီး စောင့်ရှောက်မူပေးနိုင်တယ်ဆိုရင်၊ NCD လူနာတွေက Care (စောင့်ရှောက်မူ) ကောင်းကောင်းရမယ်။သူတို့ရဲ့ ဒီ Status Quo (လက်ရှိပုံမှန်အခြေအနေ) ပေါ့နော်၊ ဒါတွေကို ထိန်းထားနိုင်မယ်ဆိုရင်၊ ကိုဗစ်တကယ်လို့ ဝင်ခဲ့ရင်တောင်မှ၊ လူနာတွေဟာ လူကောင်းနဲ့ မခြား ခံနိုင်ရည်ရှိမှာပေါ့နော်။ဒါမျိုးတွေကလည်း သေနှုန်းကျဆင်းစေတဲ့အချက်ထဲမှာ အရေးကြီးတဲ့ ဟာတွေပေါ့နော်။Win Win (သူရောကိုယ်ပါ အားလုံးအကျိုးဖြစ်တာ) ပေါ့နော်။ခုနကပြောသလို အကျိုးရှိမဲ့ ကိစ္စတွေဖြစ်ပါတယ်။အဲ့ဒီတော့ ကျွန်တော်တို့အနေနဲ့ကတော့ Agree in Principle (မူအရသဘောတူတာ) တော့ ဖြစ်ပါတယ်။ဒါပေမဲ့ ဒီဟာကို အလုပ်လုပ်နိုင်မယ့် Mechanism (လုပ်ငန်းစဉ်ယန္တယား) ပေါ့၊Modus Oprendi (လုပ်ထုံးလုပ်နည်း) ပေါ့။ဒါလေးကတော့ ကျွန်တော်တို့ လိုနေသေးတယ်ပေါ့နော်။တစ်ဖက်က၊ ဒီ ကိုဗစ်ဆိုတဲ့ ဒီ Pandemic Disease (ကမ္ဘာ့ကပ်ရောဂါကြီး) ရဲ့ Transmissibility(ကူးစက်နိုင်အား) ပေါ့၊ ဒီ Infectivity (ပိုးကူးနိုင်အား)၊ နောက် သူ့ရဲ့ Virulence (ပြင်းထန်မူ) ပေါ့၊ ဒါကိုလည်း ကျွန်တော်တို့က လျှော့တွက်လို့မရဘူး။ဒါကလည်း အရမ်းသတိထားရမဲ့ အချက်ဖြစ်တယ်၊ဒီနှစ်ခုရဲ့ကြားထဲမှာ ကျွန်တော်တို့က လုပ်လို့ရမဲ့ ခုနက Principle (နည်းလမ်း) ကိုရှာရတာ၊ ရနိုင်မဲ့ Window of Opportunity (အခွင့်အလမ်း) ကိုရှာရမှာ။

ဝင်းမင်း ။ ။အဲ့ဒီတော့ မူအားဖြင့်တော့ ပုဂ္ဂလိကဆေးရုံတွေကို ဒီကိုဗစ်စစ်ခွင့်ပြုလိုက်ပြီ၊ ဒါပေမဲ့ အန္တရာယ်ကင်းအောင်နဲ့ နောက် ဆရာအရင်ကပြောခဲ့တဲ့၊ ဒီ စစ်ပြီးပိုးတွေ့တဲ့ လူနာတွေနဲ့၊ နောက် Contact (လူနာနဲ့တိုက်ရိုက်ထိတွေ့သူ) တွေပါ လိုလာမှာပေါ့ ဆရာနော်၊ သူတို့ကို ဘယ်လိုဆက်ထားမဲ့ကိစ္စ၊ ဒီ လုပ်ငန်းစဉ်တစ်ခုလုံး အသေးစိတ်ကို ပြင်ဆင်နေရတဲ့အခါကျတော့၊ အချိန်ကာလအားဖြင့်ရော ဆရာရေ၊ ဘယ်လောက်ကြာဖို့။

ဒေါက်တာသန်းနိုင်စိုး ။ ။ အော် ဟုတ်ကဲ့၊အဲ့ဒိတော့ စစ်နိုင်ဖို့ စပြီးတော့ အဲ့ဒါ စစ်ရမယ့် ကိစ္စပေါ့။စစစ်ပြီးတာနဲ့ နောက်က ဆုံးအောင် လိုက်နိုင်ရမယ်၊ အဲ့ဒီလို မလိုက်နိုင်ဘဲနဲ့တော့ စစ်တဲ့ဟာ မလွယ်ဘူး။ဒါပေမဲ့ ဖြစ်လာမှာပါ။မကြာခင် ဒီဟာ ပြေလည်သွားမှာပါ။ဆရာကြီး ပြည်ထောင်စုဝန်ကြီးကတော့ ဒီကိစ္စအမြန်ဆုံးပေါ့နော်၊ အကောင်အထည်ဖော်ပေးဖို့တော့ လမ်းညွှန်ထားပါတယ်။

ဝင်မင်း ။ ။ ကျေးဇူးအများကြီးတင်ပါတယ်။အမြန်ဆုံး ပုဂ္ဂလိက ဆေးရုံဆေးခန်းတွေဘက်ကနေ ကိုဗစ်ကိစ္စ ပူးပေါင်းဆောင်ရွက်ပေးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG