[Zawgyi/Unicode]
ျမန္မာႏိုင္ငံမွာ မေန႔ COVID – 19 ကူးစက္သူလူနာ ေနာက္ထပ္ ၁,၄၂၆ ေယာက္ အတည္ျပဳလိုက္တဲ့အတြက္ စုစုေပါင္းကူးစက္သူေပါင္း ၄၆,၂၀၀ ရွိၿပီျဖစ္ပါတယ္။ ေအာက္တိုဘာလ ၂၆ ရက္ေန႔အတြက္ ဓာတ္ခြဲ နမူနာေပါင္း ၁၂,၄၀၀ ခုကို စစ္ေဆးခဲ့တာမွာ အခုလို ကူးစက္သူ ၁,၄၀၀ ေက်ာ္ကို ထပ္ၿပီးေတြ႕တာပါ။
ဒီကေန႔ ေသဆုံးသူက ၂၇ ေယာက္ရွိတဲ့အတြက္ COVID – 19 ေၾကာင့္ ေသဆုံးသူေပါင္း ၁,၁၂၂ ေယာက္ရွိၿပီျဖစ္ပါတယ္။ အခုအခ်ိန္ထိ ဓာတ္ခြဲစစ္ေဆးမႈေပါင္း ၆၁၈,၂၄၃ ခုျပဳလုပ္ခဲ့ၿပီး အတည္ျပဳထားတဲ့ လူနာေတြထဲ ျပန္ၿပီး က်န္းမာလာတဲ့သူ ၂၆,၀၀၇ ေယာက္ရွိပါတယ္။
ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္ကေတာ့ ႏိုဝင္ဘာ ၈ ရက္ေန႔မွာက်င္းပမယ့္ အေထြေထြေ႐ြးေကာက္ပြဲမွာ မဲေပးတဲ့ လုပ္ငန္းစဥ္ေတြကို COVID – 19 ကပ္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ ကုသေရး လုပ္ငန္းစဥ္ေတြနဲ႔ အညီ ျဖစ္ဖို႔ ေဆာင္႐ြက္ေနတယ္လို႔ မေန႔က သတင္းထုတ္ျပန္ ထားပါတယ္။
ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ ေ႐ြးေကာက္ပြဲ လုပ္ငန္းစဥ္ေတြေအာင္ျမင္ေရး ကပ္ေရာဂါနဲ ႔ပတ္သက္လို႔ လိုက္နာေဆာင္႐ြက္ရမယ့္ စည္းမ်ဥ္းေတြကို သိရွိ႐ုံသာမက အမွန္တကယ္လိုက္နာေဆာင္႐ြက္ဖို႔ အေရးႀကီးတယ္လို႔လည္း ႏိုင္ငံေတာ္ အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္က ႏိုင္ငံတြင္း COVID – 19ေရာဂါျဖစ္ပြါးမႈ ေနာက္ဆုံးအေျခအေနနဲ႔ ပတ္သက္လို႔ဒီကေန႔ ျပည္သူေတြကို အစီရင္ခံတင္ျပတဲ့မိန္႔ခြန္းမွာ တိုက္တြန္းေျပာၾကားခဲ့ပါတယ္။
[Unicode Version]
မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၄၆,၂၀၀ ဦး၊ သေဆုံး ၁,၁၂၂ ဦး
မြန်မာနိုင်ငံမှာ မနေ့ COVID – 19 ကူးစက်သူလူနာ နောက်ထပ် ၁,၄၂၆ ယောက် အတည်ပြုလိုက်တဲ့အတွက် စုစုပေါင်းကူးစက်သူပေါင်း ၄၆,၂၀၀ ရှိပြီဖြစ်ပါတယ်။ အောက်တိုဘာလ ၂၆ ရက်နေ့အတွက် ဓာတ်ခွဲ နမူနာပေါင်း ၁၂,၄၀၀ ခုကို စစ်ဆေးခဲ့တာမှာ အခုလို ကူးစက်သူ ၁,၄၀၀ ကျော်ကို ထပ်ပြီးတွေ့တာပါ။
ဒီကနေ့ သေဆုံးသူက ၂၇ ယောက်ရှိတဲ့အတွက် COVID – 19 ကြောင့် သေဆုံးသူပေါင်း ၁,၁၂၂ ယောက်ရှိပြီဖြစ်ပါတယ်။ အခုအချိန်ထိ ဓာတ်ခွဲစစ်ဆေးမှုပေါင်း ၆၁၈,၂၄၃ ခုပြုလုပ်ခဲ့ပြီး အတည်ပြုထားတဲ့ လူနာတွေထဲ ပြန်ပြီး ကျန်းမာလာတဲ့သူ ၂၆,၀၀၇ ယောက်ရှိပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကတော့ နိုဝင်ဘာ ၈ ရက်နေ့မှာကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ မဲပေးတဲ့ လုပ်ငန်းစဉ်တွေကို COVID – 19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းစဉ်တွေနဲ့ အညီ ဖြစ်ဖို့ ဆောင်ရွက်နေတယ်လို့ မနေ့က သတင်းထုတ်ပြန် ထားပါတယ်။
ရောဂါထိန်းချုပ်ရေးနဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေအောင်မြင်ရေး ကပ်ရောဂါနဲ့ပတ်သက်လို့ လိုက်နာဆောင်ရွက်ရမယ့် စည်းမျဉ်းတွေကို သိရှိရုံသာမက အမှန်တကယ်လိုက်နာဆောင်ရွက်ဖို့ အရေးကြီးတယ်လို့လည်း နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတွင်း COVID – 19ရောဂါဖြစ်ပွါးမှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ဒီကနေ့ ပြည်သူတွေကို အစီရင်ခံတင်ပြတဲ့မိန့်ခွန်းမှာ တိုက်တွန်းပြောကြားခဲ့ပါတယ်။