သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာလ အလုပ္သမားေထာက္ပံ့ေၾကးေႏွာင့္ေႏွး


အလုပ္ဆင္းဖို႔ အလုပ္သြားၾကတဲ့ အလုပ္သမားမ်ားကို ရန္ကုန္ၿမိဳ႕ရွိ လိႈင္သာယာစက္မႈဇုန္မွာ ေတြ႔ရ။ (ေအာက္တိုဘာ ၁၂၊ ၂၀၂၀)

[Zawgyi/Unicode]

ကုိဗစ္ကပ္ေရာဂါကာလ စား၀တ္ေနေရး အခက္အခဲႀကံဳေနရတဲ့ အလုပ္သမားေတြထဲက လူမႈဖူလုံေရးခံစားခြင့္ မရွိသူေတြကုိ အစုိးရက ကူညီေထာက္ပံ့မယ့္ အစီအစဥ္မွာ ၾကန္႔ၾကာမႈေတြ ႀကံဳေနရတဲ့အေျခအေနကုိ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မအိမ့္သႏၱာထြန္းက ေျပာျပပါေပးမယ္။

ကပ္ေရာဂါ ကူးစက္မႈေတြ အမ်ားစုႀကံဳေနရတဲ့ ရန္ကုန္တုိင္းအတြင္း အခက္အခဲႀကံဳေနရတဲ့ အလုပ္သမားေတြထဲက လူမႈဖူလုံေရး ခံစားခြင့္မရတဲ့သူေတြကို ေထာက္ပံ့ေၾကးအျဖစ္ က်ပ္ေငြ ၃၀,၀၀၀ ေပးဖို႔ စီစဥ္ေနေပမဲ့ ၾကန္႔ၾကာမႈေတြ ႀကံဳေနရတာပါ။ က်ပန္းအလုပ္သမားေတြ အပါအ၀င္ လုပ္ငန္းခြင္အျပင္မွာ အလုပ္လုပ္ေနသူေတြအတြက္ ေထာက္ပံ့ေၾကးေတြကုိ ဒီလထဲမွာ ေပးႏုိင္ေအာင္ စီစဥ္ထားေပမဲ့ အခက္အခဲတခ်ဳိ႕ေၾကာင့္ ၾကန္႔ၾကာေနရတာလုိ႔လည္း ျမန္မာႏိုင္ငံ အလုပ္သမားသမဂၢမ်ား အဖြဲ႕ခ်ဳပ္ လက္ေထာက္ အေထြေထြ အတြင္းေရးမႈး ေဒၚၿဖိဳးစႏၵာစိုးက ေျပာပါတယ္။

“အဆင္မေျပေသးတာက စက္႐ုံ၊ အလုပ္႐ုံ လုပ္ငန္းဌာနထဲမွာ မဟုတ္ဘဲနဲ႔ အျပင္မွာဒီလို က်ပန္းအေနနဲ႔ လိုက္လုပ္တဲ့ ေန႔စား ယာယီ ပုတ္ျပတ္ေတြေပါ့။ အဲ့ဒီအလုပ္သမားေတြအတြက္ကိုေတာ့ လက္ခံတဲ့ ၿမိဳ႕နယ္က လက္ခံတယ္။ လက္မခံတဲ့ ၿမိဳ႕နယ္ကေတာ့ လက္မခံေသးဘူး။ အဲ့ဒါကို အမတို႔ ဒီ ရန္ကုန္တိုင္း လူဝင္မႈ ႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီး ေဒၚမိုးမိုးစုၾကည္ကိုေတာ့ အမတို႔က အေၾကာင္းၾကားထားတယ္။ လက္မခံတဲ့ ၿမိဳ႕နယ္ေတြေပါ့ေနာ္.. ရွိတယ္ဆိုတဲ့ ဟာကို။ အမတို႔ အခု သြားတင္တာဆိုလို႔ရွိရင္ေတာ့ လႈိင္သာယာၿမိဳ႕နယ္၊ ေ႐ႊျပည္သာၿမိဳ႕နယ္၊ အင္းစိန္ၿမိဳ႕နယ္က လက္မခံေသးဘူး။ ဒါေပမယ့္ ဦးစီးမွဴးေတြကေတာ့ ေကာင္းေကာင္းမြန္မြန္ပဲ ေျပာပါတယ္။ သူတို႔ အေပၚကေန ၫႊန္ၾကားခ်က္မရေသးလို႔ သူတို႔ လက္မခံေသးတာလို႔ ေျပာတယ္။ လက္ခံတဲ့ ၿမိဳ႕နယ္ေတြကေတာ့ ေတာ္ေတာ္မ်ားမ်ားရွိပါတယ္။ အခုလက္ခံေနတယ္။”

လူမႈဖူလုံေရး ခံစားခြင့္မရွိတဲ့ အလုပ္သမားေတြအတြက္ ေထာက္ပံ့ေၾကးရႏိုင္ဖို႔ ဘယ္ေနရာမွာ စာရင္းေပးရမလဲဆိုတာ ရွင္းရွင္းလင္းလင္း မရွိတာကလည္း အဓိက အခက္အခဲျဖစ္ေနတယ္လုိ႔ အလုပ္သမားေရး လႈပ္ရွားသူေတြက ေျပာပါတယ္။ လူမႈဖူလုံေရး ခံစားခြင့္မရၾကတဲ့ ေန႔စားယာယီ ပုတ္ျပတ္ အလုပ္သမားေတြကိုေတာ့ သက္ဆိုင္ရာစက္႐ုံေတြကေန အလုပ္သမား႐ုံးေတြနဲ႔ ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး႐ုံးေတြမွာ စာရင္းသြင္းေပးေနသလို အစိုးရအေနနဲ႔လည္း လုပ္ငန္းရွင္ေတြနဲ႔ ေတြဆုံညွိႏႈိင္းေနတယ္လို႔လည္း ေဒၚၿဖိဳးစႏၵာစိုးက ေျပာပါတယ္။

လႈိင္သာယာၿမိဳ႕နယ္ အေနာက္ပိုင္း အုပ္ခ်ဳပ္ေရးမွဴး ဦးေနမင္းထြန္းကေတာ့ ေထာက္ပံ့ေၾကးအတြက္ အုပ္ခ်ဳပ္ေရးမွဴး႐ုံးေတြမွာ စာရင္းေပးသြင္းရမယ္ဆိုတဲ့ ၫႊန္ၾကားခ်က္မ်ိဳး မရွိေသးတာေၾကာင့္ လက္မခံေသးတာလို႔ ေျပာပါတယ္။

“အုပ္ခ်ဳပ္ေရးမွဴး႐ုံးမွာ စာရင္းသြင္းရမယ္လို႔ေတာ့ အဲ့လိုေတာ့ အတိအက် မရွိပါဘူးခင္ဗ်၊ ဇုန္အတြင္းမွာ ဘယ္ေလာက္၊ ဇုန္ျပင္ပမွာ ဘယ္ေလာက္ ဇုန္တြင္း ဇုန္ျပင္ပ မပါဘူး၊ ဒီ လူမႈဖူလုံေရး မထည့္ထားတဲ့သူက ဘယ္မွာဆိုတာ သူ႔ဟာနဲ႔သူ သတ္မွတ္ခ်က္ရွိထားၿပီးသားပါ ခင္ဗ်။ အုပ္ခ်ဳပ္ေရးမွဴး႐ုံးကို လာေရာက္ၿပီးေတာ့ စာရင္းေပးသြင္းပါဆိုရင္ ၫႊန္ၾကားထားရင္ အုပ္ခ်ဳပ္ေရးမွဴး႐ုံးက လက္မခံစရာ မရွိပါဘူးခင္ဗ်။”

ရန္ကုန္တုိင္းအတြင္း ကပ္ေရာဂါေၾကာင့္ ယာယီပိတ္ထားတဲ့ လုပ္ငန္းေတာ္ေတာ္မ်ားမ်ားကုိ က်န္းမာေရးဆုိင္ရာ ကာကြယ္ေရး အစီအမံေတြနဲ႔ မၾကာေသးခင္ကပဲ ျပန္လည္လုပ္ကုိင္ခြင့္ ျပဳထားေပမဲ့ အခက္အခဲႀကံဳေနရတဲ့ အလုပ္သမားေတြ ရွိေနဆဲျဖစ္ပါတယ္။ ဒီလုိစားဝတ္ေနေရး ခက္ခဲေနၾကတဲ့ အလုပ္သမားေတြအတြက္ ေထာက္ပံ့ေၾကးကို ျမန္ျမန္ဆန္ဆန္ေပးႏိုင္ေအာင္ ေဆာင္႐ြက္ေပးဖို႔လည္း ျမန္မာႏိုင္ငံလုံးဆိုင္ရာ အလုပ္သမားသမဂၢမ်ား အဖြဲ႕ခ်ဳပ္က ေတာင္းဆိုထားပါတယ္။

“အလုပ္သမားေတြ ေတာ္ေတာ္ဒုကၡေရာက္ၾကပါတယ္။ အျပင္လုပ္ေနတဲ့ အလုပ္သမားေတြေပါ့ေနာ္။ က်မတို႔က ႏိုင္ငံေတာ္ အစိုးရအေနနဲ႔လည္း ဒီလိုမ်ိဳး က်ပ္ေငြ ၃၀,၀၀၀ စီစဥ္ေပးတဲ့အတြက္ ေက်းဇူးတင္တယ္။ ဒါေပမဲ့ အလုပ္သမားလက္ထဲကို ျမန္ျမန္ဆန္ဆန္ေရာက္ရွိဖို႔ရယ္၊ ေနာက္ၿပီးေတာ့ သြားေလွ်ာက္တဲ့ အခါ လက္မခံေသးတဲ့ ၿမိဳ႕နယ္ေတြ ရွိေသးတယ္။ ဆိုေတာ့ အဲ့ဒါေတြကိုလည္း ျမန္ျမန္ဆန္ဆန္ လက္ခံႏိုင္ေအာင္အတြက္ကို စီစဥ္ေဆာင္႐ြက္ေပးဖို႔ အစိုးရကို ဒီေနရာကေနၿပီးေတာ့ ေတာင္းဆိုခ်င္ပါတယ္။”

အစုိးရကေတာ့ ကပ္ေရာဂါကာလမွာ လူမႈဖူလုံေရးခံစားခြင့္ မရွိတဲ့ အလုပ္သမားေတြ စားဝတ္ေနေရး အခက္အခဲကို ေျဖရွင္းႏိုင္ဖို႔အတြက္ က်ပ္ေငြဘီလီယံ ၂၀ ေက်ာ္သုံးစြဲၿပီး အကူအညီေပးဖို႔ ျပင္ဆင္ထားေၾကာင္း ေျပာဆုိထားပါတယ္။ အခက္အခဲျဖစ္ေနသူေတြအတြက္ လုိအပ္ရင္ အကူအညီေပးႏုိင္ေအာင္ အခ်က္အလက္ေတြ စုေဆာင္းမွာ ျဖစ္ေၾကာင္းလည္း ေျပာဆုိထားပါတယ္။

ကိုဗစ္ကာလ အလုပ္သမားေထာက္ပံ့ေၾကးေႏွာင့္ေႏွး
please wait

No media source currently available

0:00 0:03:27 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်ကာလ အလုပ်သမားထောက်ပံ့ကြေးနှောင့်နှေး

ကိုဗစ်ကပ်ရောဂါကာလ စားဝတ်နေရေး အခက်အခဲကြုံနေရတဲ့ အလုပ်သမားတွေထဲက လူမှုဖူလုံရေးခံစားခွင့် မရှိသူတွေကို အစိုးရက ကူညီထောက်ပံ့မယ့် အစီအစဉ်မှာ ကြန့်ကြာမှုတွေ ကြုံနေရတဲ့အခြေအနေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါပေးမယ်။

ကပ်ရောဂါ ကူးစက်မှုတွေ အများစုကြုံနေရတဲ့ ရန်ကုန်တိုင်းအတွင်း အခက်အခဲကြုံနေရတဲ့ အလုပ်သမားတွေထဲက လူမှုဖူလုံရေး ခံစားခွင့်မရတဲ့သူတွေကို ထောက်ပံ့ကြေးအဖြစ် ကျပ်ငွေ ၃၀,၀၀၀ ပေးဖို့ စီစဉ်နေပေမဲ့ ကြန့်ကြာမှုတွေ ကြုံနေရတာပါ။ ကျပန်းအလုပ်သမားတွေ အပါအဝင် လုပ်ငန်းခွင်အပြင်မှာ အလုပ်လုပ်နေသူတွေအတွက် ထောက်ပံ့ကြေးတွေကို ဒီလထဲမှာ ပေးနိုင်အောင် စီစဉ်ထားပေမဲ့ အခက်အခဲတချို့ကြောင့် ကြန့်ကြာနေရတာလို့လည်း မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် လက်ထောက် အထွေထွေ အတွင်းရေးမှုး ဒေါ်ဖြိုးစန္ဒာစိုးက ပြောပါတယ်။

“အဆင်မပြေသေးတာက စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းဌာနထဲမှာ မဟုတ်ဘဲနဲ့ အပြင်မှာဒီလို ကျပန်းအနေနဲ့ လိုက်လုပ်တဲ့ နေ့စား ယာယီ ပုတ်ပြတ်တွေပေါ့။ အဲ့ဒီအလုပ်သမားတွေအတွက်ကိုတော့ လက်ခံတဲ့ မြို့နယ်က လက်ခံတယ်။ လက်မခံတဲ့ မြို့နယ်ကတော့ လက်မခံသေးဘူး။ အဲ့ဒါကို အမတို့ ဒီ ရန်ကုန်တိုင်း လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်ကိုတော့ အမတို့က အကြောင်းကြားထားတယ်။ လက်မခံတဲ့ မြို့နယ်တွေပေါ့နော်.. ရှိတယ်ဆိုတဲ့ ဟာကို။ အမတို့ အခု သွားတင်တာဆိုလို့ရှိရင်တော့ လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ အင်းစိန်မြို့နယ်က လက်မခံသေးဘူး။ ဒါပေမယ့် ဦးစီးမှူးတွေကတော့ ကောင်းကောင်းမွန်မွန်ပဲ ပြောပါတယ်။ သူတို့ အပေါ်ကနေ ညွှန်ကြားချက်မရသေးလို့ သူတို့ လက်မခံသေးတာလို့ ပြောတယ်။ လက်ခံတဲ့ မြို့နယ်တွေကတော့ တော်တော်များများရှိပါတယ်။ အခုလက်ခံနေတယ်။”

လူမှုဖူလုံရေး ခံစားခွင့်မရှိတဲ့ အလုပ်သမားတွေအတွက် ထောက်ပံ့ကြေးရနိုင်ဖို့ ဘယ်နေရာမှာ စာရင်းပေးရမလဲဆိုတာ ရှင်းရှင်းလင်းလင်း မရှိတာကလည်း အဓိက အခက်အခဲဖြစ်နေတယ်လို့ အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။ လူမှုဖူလုံရေး ခံစားခွင့်မရကြတဲ့ နေ့စားယာယီ ပုတ်ပြတ် အလုပ်သမားတွေကိုတော့ သက်ဆိုင်ရာစက်ရုံတွေကနေ အလုပ်သမားရုံးတွေနဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွေမှာ စာရင်းသွင်းပေးနေသလို အစိုးရအနေနဲ့လည်း လုပ်ငန်းရှင်တွေနဲ့ တွေဆုံညှိနှိုင်းနေတယ်လို့လည်း ဒေါ်ဖြိုးစန္ဒာစိုးက ပြောပါတယ်။

လှိုင်သာယာမြို့နယ် အနောက်ပိုင်း အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းကတော့ ထောက်ပံ့ကြေးအတွက် အုပ်ချုပ်ရေးမှူးရုံးတွေမှာ စာရင်းပေးသွင်းရမယ်ဆိုတဲ့ ညွှန်ကြားချက်မျိုး မရှိသေးတာကြောင့် လက်မခံသေးတာလို့ ပြောပါတယ်။

“အုပ်ချုပ်ရေးမှူးရုံးမှာ စာရင်းသွင်းရမယ်လို့တော့ အဲ့လိုတော့ အတိအကျ မရှိပါဘူးခင်ဗျ၊ ဇုန်အတွင်းမှာ ဘယ်လောက်၊ ဇုန်ပြင်ပမှာ ဘယ်လောက် ဇုန်တွင်း ဇုန်ပြင်ပ မပါဘူး၊ ဒီ လူမှုဖူလုံရေး မထည့်ထားတဲ့သူက ဘယ်မှာဆိုတာ သူ့ဟာနဲ့သူ သတ်မှတ်ချက်ရှိထားပြီးသားပါ ခင်ဗျ။ အုပ်ချုပ်ရေးမှူးရုံးကို လာရောက်ပြီးတော့ စာရင်းပေးသွင်းပါဆိုရင် ညွှန်ကြားထားရင် အုပ်ချုပ်ရေးမှူးရုံးက လက်မခံစရာ မရှိပါဘူးခင်ဗျ။”

ရန်ကုန်တိုင်းအတွင်း ကပ်ရောဂါကြောင့် ယာယီပိတ်ထားတဲ့ လုပ်ငန်းတော်တော်များများကို ကျန်းမာရေးဆိုင်ရာ ကာကွယ်ရေး အစီအမံတွေနဲ့ မကြာသေးခင်ကပဲ ပြန်လည်လုပ်ကိုင်ခွင့် ပြုထားပေမဲ့ အခက်အခဲကြုံနေရတဲ့ အလုပ်သမားတွေ ရှိနေဆဲဖြစ်ပါတယ်။ ဒီလိုစားဝတ်နေရေး ခက်ခဲနေကြတဲ့ အလုပ်သမားတွေအတွက် ထောက်ပံ့ကြေးကို မြန်မြန်ဆန်ဆန်ပေးနိုင်အောင် ဆောင်ရွက်ပေးဖို့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်က တောင်းဆိုထားပါတယ်။

“အလုပ်သမားတွေ တော်တော်ဒုက္ခရောက်ကြပါတယ်။ အပြင်လုပ်နေတဲ့ အလုပ်သမားတွေပေါ့နော်။ ကျမတို့က နိုင်ငံတော် အစိုးရအနေနဲ့လည်း ဒီလိုမျိုး ကျပ်ငွေ ၃၀,၀၀၀ စီစဉ်ပေးတဲ့အတွက် ကျေးဇူးတင်တယ်။ ဒါပေမဲ့ အလုပ်သမားလက်ထဲကို မြန်မြန်ဆန်ဆန်ရောက်ရှိဖို့ရယ်၊ နောက်ပြီးတော့ သွားလျှောက်တဲ့ အခါ လက်မခံသေးတဲ့ မြို့နယ်တွေ ရှိသေးတယ်။ ဆိုတော့ အဲ့ဒါတွေကိုလည်း မြန်မြန်ဆန်ဆန် လက်ခံနိုင်အောင်အတွက်ကို စီစဉ်ဆောင်ရွက်ပေးဖို့ အစိုးရကို ဒီနေရာကနေပြီးတော့ တောင်းဆိုချင်ပါတယ်။”

အစိုးရကတော့ ကပ်ရောဂါကာလမှာ လူမှုဖူလုံရေးခံစားခွင့် မရှိတဲ့ အလုပ်သမားတွေ စားဝတ်နေရေး အခက်အခဲကို ဖြေရှင်းနိုင်ဖို့အတွက် ကျပ်ငွေဘီလီယံ ၂၀ ကျော်သုံးစွဲပြီး အကူအညီပေးဖို့ ပြင်ဆင်ထားကြောင်း ပြောဆိုထားပါတယ်။ အခက်အခဲဖြစ်နေသူတွေအတွက် လိုအပ်ရင် အကူအညီပေးနိုင်အောင် အချက်အလက်တွေ စုဆောင်းမှာ ဖြစ်ကြောင်းလည်း ပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG