သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ ကိုဗစ္လူနာကုသေရး ေဆး႐ံုေတြ တိုးခ်ဲ႕ဖို႔ ျပင္ဆင္ေန


ရန္ကုန္ၿမိဳ႕ရွိ Quarantine Center တခုတြင္ ကိုဗစ္သံသယရွိလူနာစာရင္းကို စစ္ေဆးေနသည့္ PPE ဝတ္စံုဝတ္ ပရဟိတလုပ္သားတစ္ဦး။ (ေအာက္တုိဘာ ၁၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ ကုိဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးမႈေတြနဲ႔ ကူးစက္မႈေတြ တုိးေနခ်ိန္မွာပဲ တုိင္းနဲ႔ ျပည္နယ္ေတြမွာပါ လူနာေတြကုိ ကုသေပးႏုိင္ေအာင္ ေဆး႐ုံေတြကုိ တုိးခ်ဲ႕ျပင္ဆင္ေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဒီသတင္းကို ဗြီအုိေအျမန္မာပုိင္း သတင္းေထာက္ မစုစုက တင္ဆက္ေပးမွာပါ။

ကုိဗစ္ကပ္ေရာဂါ ကူးစက္သူ ေန႔စဥ္ ေထာင္ဂဏန္း၀န္းက်င္နဲ႔ ေသဆုံးသူ ပုံမွန္လုိလုိ ရွိေနခ်ိန္မွာ ကူးစက္မႈ အမ်ားစုႀကံဳေနရတဲ့ ရန္ကုန္တုိင္းမွာသာမက တုိင္းနဲ႔ျပည္နယ္ေတြမွာပါ ျပင္ဆင္မႈေတြ တုိးျမွင့္လာေနတာပါ။ အစုိးရရံုးဆုိက္ရာ ေနျပည္ေတာ္မွာလည္း လတ္တေလာမွာ ကိုဗစ္ပုိးေတြ႕လူနာ ၃၀၀ ေက်ာ္ကုိ ေဆးရံုေတြမွာ ထားရွိကုသေနၿပီး၊ ေနာက္ထပ္လည္း တုိးခ်ဲ႕ျပင္ဆင္ေနတယ္လို႔ ေနျပည္ေတာ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာန၊ ဒုညႊန္ခ်ဳပ္ ေဒါက္တာျမတ္ဝဏၰစုိးက VOA ကုိေျပာပါတယ္။

“က်ေနာ္တို႔ အခုေလာေလာဆယ္အထိကေတာ့ လူနာ ၂၀၀ ေလာက္အထိေတာ့ လက္ခံၿပီးေတာ့ ကုသႏုိင္တဲ့အေနအထားမွာ ရွိေနပါတယ္။ ဒါလတ္တေလာ အေျခအေနေပါ့။ တကယ္လို႔ ဒီထက္ပိုၿပီးေတာ့ လိုအပ္လာမယ္ဆုိရင္လည္း ေနျပည္ေတာ္၊ သီရိၿမိဳ႕ေတြမွာရွိတဲ့ ကုတင္ ၅၀ ေဆးရံုေတြမွာ ထပ္ၿပီးေတာ့ ကုိဗစ္လူနာကိုပဲ သီးသန္႔ထားလို႔ရပါတယ္။ ထုိ႔အတူပဲ လူနာတေယာက္ Positive ျဖစ္မယ္ဆိုရင္ သူ႕ရဲ႕ Contact ေတြကို Quarantine လုပ္ရပါတယ္။ အဲဒါလည္း က်ေနာ္တို႔ ေနျပည္ေတာ္စည္ပင္ရိပ္သာမွာ လုပ္သလို၊ တခ်ိဳ႕ Contact ေတြကုိ သက္ဆုိင္ရာေဆးရံုေတြျဖစ္တဲ့ ပ်ဥ္းမနားတို႔၊ လယ္ေဝးေဆးရံုတို႔၊ အဲဒီေဆးရံုေတြမွာ Quarantine ထားလို႔ရပါတယ္။”

ေနျပည္ေတာ္ကုိ ေရာက္လာသူေတြထဲက အသြားအလာ ကန္႔သတ္ထားတဲ့ ၿမိဳ႕ေတြကလာသူေတြကုိ သီတင္း ၂ ပတ္ၾကာ ေစာင့္ၾကည့္စစ္ေဆးဖုိ႔၊ တျခားၿမိဳ႕ေတြက လာသူေတြဆိုရင္ေတာ့ ၃ ရက္ သီးျခားေစာင့္ၾကည့္မွာ ျဖစ္ပါတယ္။ ေရာဂါပုိးကူးစက္မႈ အဓိက ႀကံဳေနရတာေၾကာင့္ အိမ္ျပင္မထြက္ဖုိ႔ အမိန္႔ထုတ္ထားတဲ့ ရန္ကုန္တုိင္းမွာ ကူးစက္မႈေတြ က်ဆင္းေအာင္ ေဆာင္ရြက္စရာေတြ က်န္ေသးတယ္လို႔လည္း ရန္ကုန္တုိင္း ကုိဗစ္ေကာ္မတီ ဒုဥကၠ႒ ေဒါက္တာေဇာ္ေဝစုိးက ေျပာပါတယ္။

“အထူးသျဖင့္ က်ေနာ္တုိ႔ ရံုးပိတ္ရက္ ၅ ရက္ ရွိမွာျဖစ္ပါတယ္။ အဲဒီရံုးပိတ္ရက္ ၅ ရက္ဟာ က်ေနာ္တို႔ အသံုးခ်တတ္ရင္ COVID -19 ထိန္းခ်ဳပ္ေရးအတြက္ အခြင့္အေရးတခုျဖစ္ပါတယ္။ က်ေနာ္တုိ႔ အသံုးမခ်တတ္လုိ႔ မလိုက္နာ၊ မေဆာင္ရြက္ရင္ ဒီ ၅ ရက္ဟာ က်ေနာ္တုိ႔ကုိ ေကာင္းေကာင္းဒုကၡေပးႏုိင္တဲ့ ၅ ရက္ျဖစ္ပါတယ္။ ဒါကို အားလံုးသိရွိၿပီး သတိႀကီးစြာနဲ႔ ေနထုိင္သြားလာဖို႔ လိုသလို၊ သည္းခံထိန္းခ်ဳပ္ၾကဖို႔ အေရးႀကီးပါတယ္။”

ရံုးပိတ္ရက္ရွည္တဲ့ကာလကို ေရာက္ေနေပမဲ့လည္း အခါႀကီးရက္ႀကီးေတြမွာ လူစုလူေဝးမျဖစ္ေစဖို႔ကိုလည္း ကိုဗစ္ေရာဂါကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ ဗဟုိေကာ္မတီဥကၠ႒ျဖစ္သူ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကလည္း သတိေပးထားပါတယ္။

“သီတင္းကၽြတ္က နီးလာၿပီဆုိေတာ့ သီတင္းကၽြတ္အတြက္ အစီအစဥ္ေတြ လုပ္ေနတဲ့အခါမွာ လူစုလူေဝးမျဖစ္တဲ့ အစီအစဥ္ေတြပဲလုပ္ဖို႔ က်မအေနနဲ႔ သတိေပးခ်င္ပါတယ္။ ဘာျဖစ္လို႔လည္းဆိုေတာ့ ႏွစ္တုိင္းႏွစ္တုိင္းမွာ က်မတုိ႔ရဲ႕ ျပည္သူေတြဟာ ဒီသီတင္းကၽြတ္ အခ်ိန္မ်ိဳးမွာဆုိရင္ ဘုရားသြားတာ၊ ေက်ာင္းသြားတာ၊ ဘုန္းေတာ္ႀကီးေက်ာင္းေတြ သြားတာ၊ ေစတီေတာ္ႀကီးေတြကို သြားၿပီးေတာ့ဖူးတာ ဒါေတြကေတာ့ လုပ္ေနၾကအလုပ္ေတြ ျဖစ္ပါတယ္။ ဒါေပမဲ့ ဒီအခ်ိန္မွာေတာ့ လုပ္လုိ႔မျဖစ္ပါဘူး။ လုပ္လုိ႔မျဖစ္တဲ့အခါက်ေတာ့ တျခားနည္းနဲ႔ က်မတုိ႔ရဲ႕အထြဋ္အျမတ္ ဘာသာေရးအရ၊ ဗုဒၶဘာသာအရ အထြဋ္အျမတ္ေန႔ တေန႔ျဖစ္တဲ့ သီတင္းကၽြတ္ကို က်မတုိ႔ဆင္ႏႊဲရမွာေပါ့။ ဒါေၾကာင့္မုိ႔လို႔ သီတင္းကၽြတ္ကုိ ကုသုိလ္လည္းရေအာင္လို႔ စိတ္လည္းေအးခ်မ္းရေအာင္လို႔ ဆင္ႏႊဲၾကရမယ္ဆုိတာ အခုကတည္းကေနစၿပီး စဥ္းစားထားၾကပါ။”

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔မြန္းလြဲပိုင္း ထုတ္ျပန္ၿပီးခ်ိန္အထိဆို ျပည္တြင္းမွာကိုဗစ္အတည္ျပဳ လူနာေပါင္း ၅၀,၄၀၃ ဦးရွိေနၿပီး၊ ေသဆံုးသူကေတာ့ ၁,၁၉၉ ဦးရွိေနပါတယ္။ ျမန္မာ့ရိုးရာ သီတင္းကၽြတ္ကာလမွာ လူႀကီးမိဘေတြကုိ ဂါရဝျပဳရာမွာလည္း ကပ္ေရာဂါကာလ ထုတ္ျပန္ထားတဲ့စည္းမ်ဥ္းေတြအတုိင္း လုိက္နာဖုိ႔ကုိ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက တိုက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာ ကိုဗစ်လူနာကုသရေး ဆေးရုံတွေ တိုးချဲ့ဖို့ ပြင်ဆင်နေ

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးမှုတွေနဲ့ ကူးစက်မှုတွေ တိုးနေချိန်မှာပဲ တိုင်းနဲ့ ပြည်နယ်တွေမှာပါ လူနာတွေကို ကုသပေးနိုင်အောင် ဆေးရုံတွေကို တိုးချဲ့ပြင်ဆင်နေတဲ့အကြောင်း ပြောပြပါမယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက တင်ဆက်ပေးမှာပါ။

ကိုဗစ်ကပ်ရောဂါ ကူးစက်သူ နေ့စဉ် ထောင်ဂဏန်းဝန်းကျင်နဲ့ သေဆုံးသူ ပုံမှန်လိုလို ရှိနေချိန်မှာ ကူးစက်မှု အများစုကြုံနေရတဲ့ ရန်ကုန်တိုင်းမှာသာမက တိုင်းနဲ့ပြည်နယ်တွေမှာပါ ပြင်ဆင်မှုတွေ တိုးမြှင့်လာနေတာပါ။ အစိုးရရုံးဆိုက်ရာ နေပြည်တော်မှာလည်း လတ်တလောမှာ ကိုဗစ်ပိုးတွေ့လူနာ ၃၀၀ ကျော်ကို ဆေးရုံတွေမှာ ထားရှိကုသနေပြီး၊ နောက်ထပ်လည်း တိုးချဲ့ပြင်ဆင်နေတယ်လို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုညွှန်ချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက VOA ကိုပြောပါတယ်။

“ကျနော်တို့ အခုလောလောဆယ်အထိကတော့ လူနာ ၂၀၀ လောက်အထိတော့ လက်ခံပြီးတော့ ကုသနိုင်တဲ့အနေအထားမှာ ရှိနေပါတယ်။ ဒါလတ်တလော အခြေအနေပေါ့။ တကယ်လို့ ဒီထက်ပိုပြီးတော့ လိုအပ်လာမယ်ဆိုရင်လည်း နေပြည်တော်၊ သီရိမြို့တွေမှာရှိတဲ့ ကုတင် ၅၀ ဆေးရုံတွေမှာ ထပ်ပြီးတော့ ကိုဗစ်လူနာကိုပဲ သီးသန့်ထားလို့ရပါတယ်။ ထို့အတူပဲ လူနာတယောက် Positive ဖြစ်မယ်ဆိုရင် သူ့ရဲ့ Contact တွေကို Quarantine လုပ်ရပါတယ်။ အဲဒါလည်း ကျနော်တို့ နေပြည်တော်စည်ပင်ရိပ်သာမှာ လုပ်သလို၊ တချို့ Contact တွေကို သက်ဆိုင်ရာဆေးရုံတွေဖြစ်တဲ့ ပျဉ်းမနားတို့၊ လယ်ဝေးဆေးရုံတို့၊ အဲဒီဆေးရုံတွေမှာ Quarantine ထားလို့ရပါတယ်။”

နေပြည်တော်ကို ရောက်လာသူတွေထဲက အသွားအလာ ကန့်သတ်ထားတဲ့ မြို့တွေကလာသူတွေကို သီတင်း ၂ ပတ်ကြာ စောင့်ကြည့်စစ်ဆေးဖို့၊ တခြားမြို့တွေက လာသူတွေဆိုရင်တော့ ၃ ရက် သီးခြားစောင့်ကြည့်မှာ ဖြစ်ပါတယ်။ ရောဂါပိုးကူးစက်မှု အဓိက ကြုံနေရတာကြောင့် အိမ်ပြင်မထွက်ဖို့ အမိန့်ထုတ်ထားတဲ့ ရန်ကုန်တိုင်းမှာ ကူးစက်မှုတွေ ကျဆင်းအောင် ဆောင်ရွက်စရာတွေ ကျန်သေးတယ်လို့လည်း ရန်ကုန်တိုင်း ကိုဗစ်ကော်မတီ ဒုဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

“အထူးသဖြင့် ကျနော်တို့ ရုံးပိတ်ရက် ၅ ရက် ရှိမှာဖြစ်ပါတယ်။ အဲဒီရုံးပိတ်ရက် ၅ ရက်ဟာ ကျနော်တို့ အသုံးချတတ်ရင် COVID -19 ထိန်းချုပ်ရေးအတွက် အခွင့်အရေးတခုဖြစ်ပါတယ်။ ကျနော်တို့ အသုံးမချတတ်လို့ မလိုက်နာ၊ မဆောင်ရွက်ရင် ဒီ ၅ ရက်ဟာ ကျနော်တို့ကို ကောင်းကောင်းဒုက္ခပေးနိုင်တဲ့ ၅ ရက်ဖြစ်ပါတယ်။ ဒါကို အားလုံးသိရှိပြီး သတိကြီးစွာနဲ့ နေထိုင်သွားလာဖို့ လိုသလို၊ သည်းခံထိန်းချုပ်ကြဖို့ အရေးကြီးပါတယ်။”

ရုံးပိတ်ရက်ရှည်တဲ့ကာလကို ရောက်နေပေမဲ့လည်း အခါကြီးရက်ကြီးတွေမှာ လူစုလူဝေးမဖြစ်စေဖို့ကိုလည်း ကိုဗစ်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း သတိပေးထားပါတယ်။

“သီတင်းကျွတ်က နီးလာပြီဆိုတော့ သီတင်းကျွတ်အတွက် အစီအစဉ်တွေ လုပ်နေတဲ့အခါမှာ လူစုလူဝေးမဖြစ်တဲ့ အစီအစဉ်တွေပဲလုပ်ဖို့ ကျမအနေနဲ့ သတိပေးချင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ နှစ်တိုင်းနှစ်တိုင်းမှာ ကျမတို့ရဲ့ ပြည်သူတွေဟာ ဒီသီတင်းကျွတ် အချိန်မျိုးမှာဆိုရင် ဘုရားသွားတာ၊ ကျောင်းသွားတာ၊ ဘုန်းတော်ကြီးကျောင်းတွေသွားတာ၊ စေတီတော်ကြီးတွေကို သွားပြီးတော့ဖူးတာ ဒါတွေကတော့ လုပ်နေကြအလုပ်တွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအချိန်မှာတော့ လုပ်လို့မဖြစ်ပါဘူး။ လုပ်လို့မဖြစ်တဲ့အခါကျတော့ တခြားနည်းနဲ့ ကျမတို့ရဲ့အထွဋ်အမြတ် ဘာသာရေးအရ၊ ဗုဒ္ဓဘာသာအရ အထွဋ်အမြတ်နေ့ တနေ့ဖြစ်တဲ့ သီတင်းကျွတ်ကို ကျမတို့ဆင်နွှဲရမှာပေါ့။ ဒါကြောင့်မို့လို့ သီတင်းကျွတ်ကို ကုသိုလ်လည်းရအောင်လို့ စိတ်လည်းအေးချမ်းရအောင်လို့ ဆင်နွှဲကြရမယ်ဆိုတာ အခုကတည်းကနေစပြီး စဉ်းစားထားကြပါ။”

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့မွန်းလွဲပိုင်း ထုတ်ပြန်ပြီးချိန်အထိဆို ပြည်တွင်းမှာကိုဗစ်အတည်ပြု လူနာပေါင်း ၅၀,၄၀၃ ဦးရှိနေပြီး၊ သေဆုံးသူကတော့ ၁,၁၉၉ ဦးရှိနေပါတယ်။ မြန်မာ့ရိုးရာ သီတင်းကျွတ်ကာလမှာ လူကြီးမိဘတွေကို ဂါရဝပြုရာမှာလည်း ကပ်ရောဂါကာလ ထုတ်ပြန်ထားတဲ့စည်းမျဉ်းတွေအတိုင်း လိုက်နာဖို့ကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG