သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့ COVID-19 ေဆးစစ္မႈႏႈန္း ေလ်ာ့လာရတဲ့ အေၾကာင္းရင္း


ရန္ကုန္-မႏၱေလး အျမန္လမ္းမွာ ကုန္ကားေမာင္းသူေတြကို COVID-19 စစ္ေဆးေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။ (ေအာက္တုိဘာ ၁၃၊ ၂၀၂၀)

(Zawgyi / Unicode)

ျမန္မာႏိုင္ငံမွာ ကိုဗစ္စစ္ႏႈန္းက အရင္ရက္ပိုင္းေတြအတြင္းက ၁,၀၀၀ ဝန္းက်င္စီ က်ဆင္းခဲ့ရာကေန ေမန႔ တနဂၤေႏြတုန္းကေတာ့ ၄,၀၀၀ ေက်ာ္အထိ က်ဆင္းသြားတာအေပၚ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ေျပာခြင့္ရ ေဒါက္တာသန္းႏိုင္စိုးကို ကိုဝင္းမင္းကေမးရာမွာ ပိုးေတြ႔ႏႈန္းနဲ႔ ေသဆံုးႏႈန္းပါ က်လာေပမယ့္ ဘိုးဘြားရိပ္သာမွာလို အစုလိုက္ ကူးစက္မႈေလးေတြကေတာ့ စိုးရိမ္ေနရသးတယ္လို႔ဆိုကာ စစ္ႏႈန္းက်ရျခင္းကို ခုလို စရွင္းျပပါတယ္။

ေဒါက္တာသန္းႏုိင္စုိး - “ဒါကေတာ့ ရွင္းပါတယ္၊ ဟိုရက္ကေတာ့ အစပိုင္းမွာ Eligible Population (စစ္ေပးသင့္သူ) လို႔ေခၚတာေပါ့ေနာ္၊ စစ္ေပးရမယ့္ သူေတြကလည္း Other Group (အျခားအုပ္စု) ေတြမွာ စစ္ရတာကုိး၊ ဥပမာ Truck Driver (ကုန္တင္ကားေမာင္းသူ) လုိဟာမ်ဳိးေတြ၊ ၿပီးေတာ့ ေရြးေကာက္ပြဲအတြက္ အုပ္စုေတြလည္း စစ္တယ္၊ အထူးရဲလိုဟာမ်ဳိးေပါ့၊ အမ်ားႀကီးစစ္ရတယ္။ ၿပီးေတာ့ Contact Tracing (ထိေတြ႔သူေျခရာခံမိသူ) ေတြလည္း စစ္တယ္၊ စစ္ေဆးတဲ့ဟာ မ်ားတယ္ေပါ့။ အခုေနာက္ပုိင္းက်ေတာ့ တခ်ဳိ႕ဟာ ေတာ္ေတာ္မ်ားမ်ားလည္း စစ္ေဆးၿပီးျဖစ္ၿပီေပါ့။ အဲဒီအခါက်ေတာ့ ေန႔စဥ္ ေန႔စဥ္ ဒီ တရက္ႏွစ္ရက္သုံးရက္အတြင္း စစ္ေဆးရတဲ့ Load (ပမာဏ) က နည္းေနတာေပါ့။

“ေနာက္တခုက Case (လူနာ) မ်ားလာေလေလ Contact Tracing (ထိေတြ႔သူေျခရာခံမိတာ) က မ်ားမ်ားစစ္ရေလေပါ့။ ကြာရမ္တင္းစင္တာေတြ ေရာက္တာ မ်ားေနလို႔။ အခုက်ေတာ့ Case (လူနာ) နည္းတာနဲ႔အမွ် Contact (ထိေတြ႔သူ) ပုိင္း စစ္ရတာနည္းတယ္။ လူနာေတြ နည္းေလေလ၊ Contact ေတြ နည္းေလေလ၊ ကြာရမ္တင္းေတြ နည္းေလေလေပါ့။ အဲဒီအခါက်ရင္ စစ္ရတာလည္း နည္းတာေပါ့။ ေနာက္တခုက ဒီေနရာမွာ Absolute Number (ဂဏန္းအတိအက်) ေတြ ၾကည့္တာနဲ႔စာရင္ က်ေနာ္တုိ႔က Possibility Rate (ျဖစ္ႏႈန္း) ေလးေတြ ၾကည့္ေစခ်င္တာေပါ့။ ပိုးေတြ႔တဲ့ႏႈန္းက က်တယ္။ မေန႔ကဆုိရင္ ၈,၀၀၀ ေက်ာ္ စစ္တဲ့အထဲမွာ ၆၉၉ ဆုိေတာ့ ၁၀ ရာခုိင္ႏႈန္းေအာက္ကုိ က်တယ္။”

ကုိဝင္းမင္း - ေရြးေကာက္ပြဲနဲ႔ ပတ္သက္တဲ့ အရာရွိေတြကို စစ္ေဆးရာမွာလည္း ခုန အထူးရဲတို႔၊ ဝန္ထမ္းေတြေရာေပါ့၊ ထူးျခားမႈေရာ ရွိခဲ့လား။

ေဒါက္တာသန္းႏုိင္စုိး - “ထူးထူးျခားျခားေတာ့ မရွိပါဘူး။ သူက ပုိးေတြ႔တာမ်ားတဲ့ ဧရိယာေလးေတြမွာေတာ့ နည္းနည္းေတြ႔တယ္။ ဒါေပမယ့္ Cluster (အစု) ေလးေတြပါပဲ၊ နည္းနည္းေလးေတြပါပဲ။ အမ်ားႀကီး သိပ္စုိးရိမ္ေကာင္းေလာက္ေအာင္ အေနအထား ပိုးေတြ႔ႏႈန္း ၅ ရာခုိင္ႏႈန္းတုိ႔ ၁၀ ရာခုိင္ႏႈန္းတုိ႔ မရွိပါဘူး။ အမ်ားဆုံးေတြ႔တဲ့ အေနအထားမွ ၂ ရာခုိင္ႏႈန္း၊ ၃ ရာခုိင္ႏႈန္းေပါ့။ ဒါလည္း သူ႔ Cluster အုပ္စုေတြမွာပဲေတြ႔တာ။ တျခားဧရိယာ သူနဲ႔ ဆက္စပ္မႈမရွိဘူးဆုိရင္ မေတြ႔ဘူးေပါ့။”

ကိုဝင္းမင္း - ဒီေနရာမွာ ေသဆုံးမႈလည္း တစုံတရာ က်လာတဲ့သေဘာ ေတြ႔ရပါတယ္။ အဲဒီအေပၚမွာေရာ ဘယ္လို ထူးျခားမႈ ေတြ႔မိလဲ။

ေဒါက္တာသန္းႏုိင္စုိး - “ေသႏႈန္းကလည္းက်တယ္။ အရင္တုုန္းကလိုမ်ဳိး ၃၀ ေက်ာ္ အေနအထားကေန ၂၀ ေက်ာ္၊ အဲလုိအေနအထားေတြ က်လာတယ္။ ဒါလည္း ေကာင္းတဲ့အခ်က္ေပါ့။ ဘယ္ေနရာမွာ သိသာလဲဆုိေတာ့ ေဆး႐ုံေတြမွာ ေနရာလြတ္ေတြ စေတြ႔လာရတယ္။ ICU (အထူးၾကပ္မတ္ကုသေဆာင္) မွာေတာ့ ေနရာလြတ္က နည္းနည္းရွားေသးတယ္၊ ျပင္းထန္တဲ့လူေတြကလည္း ရွိေသးတဲ့အခါက်ေတာ့။ တဖက္က ႐ုိး႐ုိးလူနာေတြထားတဲ့ အေနအထားမွာ ကုတင္ေလးေတြ တျဖည္းျဖည္း လြတ္လာတာ ေတြ႔ရတယ္။ အဲဒါေလးေတြကေတာ့ ေကာင္းတဲ့အခ်က္ေပါ့။ ဆုိးတဲ့အခ်က္ကေတာ့ တခ်ဳိ႕ေနရာေတြမွာ Clusters (အစုေလးေတြ) အလုိက္ ေတြ႔ရေသးတယ္။ အထူးသျဖင့္ ဘုိးဘြားရိပ္သာေပါ့။ ဒီရက္ပုိင္းအတြင္းပဲ သန္လ်င္ဘက္က အဘုိးအဘြားေတြ စုေနတဲ့ ေနရာတခုမွာ Clusters of Cases (လူနာအစုေလးေတြ) ေတြ ေတြ႔ေနရတယ္။ အဲဒီဟာကေတာ့ ေတာ္ေတာ္အေရးႀကီးတယ္။ အဘုိးအဘြားေတြဆုိေတာ့ Vulnerable Population (ထိလြယ္ခိုက္လြယ္တဲ့သူေတြ) လည္းျဖစ္တယ္။ တဦးနဲ႔တဦး နီးနီးကပ္ကပ္လည္း ေနတယ္။ အုပ္စုလုိက္လည္း ေနတယ္ဆုိေတာ့၊ ဒီေနရာမွာ ဆက္မျဖစ္ေအာင္ ေတာ္ေတာ္ထိန္းသိမ္းသြားရမယ့္ အေနအထားေပါ့။”

ကုိဝင္းမင္း - အဲဒီေတာ့ ခုန ေသဆုံးမႈ ေလ်ာ့က်ရျခင္း အေၾကာင္းရင္းမွာ အရင္တုန္းက ကားတုိက္မႈေၾကာင့္လို တျခားအေၾကာင္းေၾကာင့္ ေသခဲ့တဲ့လူေတြကို ကိုဗစ္ပိုးစစ္လို႔ ေတြ႔ရင္ ကိုဗစ္ေၾကာင့္ ေသဆုံးရသူေတြအထဲ ေရာထည့္ခဲ့တဲ့ အေနအထားကေန အခုေတာ့ ကိုဗစ္သီးသန္႔ေၾကာင့္ ေသဆုံးရသူေတြကိုပဲ ထည့္တာနဲ႔၊ ေနာက္ အခုလုိ ေဆး႐ုံေတြမွာ ကုတင္ေတြပါ မ်ားလာၿပီးေတာ့ ထိထိေရာက္ေရာက္ ကုသႏုိင္တာလည္း ပါမွာေပါ့ ဆရာ၊ ေနာက္ေရာ အဓိက။

ေဒါက္တာသန္းႏုိင္စုိး - “အဓိကေတာ့ ကုိဗစ္ကလည္း အခုဆုိ ၁၀ လသား၊ ၁၁ လသားေတာင္ ျဖစ္ေတာ့မယ္ေပါ့ေနာ္၊ တျဖည္းျဖည္းနဲ႔ သူကလည္း၊ ဒီလိုမ်ဳိး အေနအထားမ်ဳိးမွာ ကုသမႈ အတိအက်ႀကီး ေျပာလို႔မရေပမယ့္ ကုသေထာက္ကူတဲ့ ပစၥည္းေတြေပါ့၊ ဥပမာ ေအာက္ဆီဂ်င္ အရမ္းေကာင္းတဲ့ကိစၥေတြ၊ Dexamethasone ေကာင္းတဲ့ကိစၥေတြ၊ ေသြးက်ဲေဆး ဟာမ်ဳိးေတြေပါ့။ တခ်ဳိ႕ေနရာေတြမွာ Remdesivir ေတြကလည္း ထိေရာက္ေနတာေပါ့၊ ေသြးရည္ၾကည္ကုထုံးလို ဟာမ်ဳိးေတြေပါ့။”

ကုိဝင္းမင္း - ေက်းဇူးအမ်ားႀကီးတင္ပါတယ္ ဆရာ။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

မြန်မာ့ COVID-19 ဆေးစစ်မှုနှုန်း လျော့လာရတဲ့ အကြောင်းရင်း

မြန်မာနိုင်ငံမှာ ကိုဗစ်စစ်နှုန်းက အရင်ရက်ပိုင်းတွေအတွင်းက ၁,၀၀၀ ဝန်းကျင်စီ ကျဆင်းခဲ့ရာကနေ မေန့ တနင်္ဂနွေတုန်းကတော့ ၄,၀၀၀ ကျော်အထိ ကျဆင်းသွားတာအပေါ် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောခွင့်ရ ဒေါက်တာသန်းနိုင်စိုးကို ကိုဝင်းမင်းကမေးရာမှာ ပိုးတွေ့နှုန်းနဲ့ သေဆုံးနှုန်းပါ ကျလာပေမယ့် ဘိုးဘွားရိပ်သာမှာလို အစုလိုက် ကူးစက်မှုလေးတွေကတော့ စိုးရိမ်နေရသးတယ်လို့ဆိုကာ စစ်နှုန်းကျရခြင်းကို ခုလို စရှင်းပြပါတယ်။

ဒေါက်တာသန်းနိုင်စိုး - “ဒါကတော့ ရှင်းပါတယ်၊ ဟိုရက်ကတော့ အစပိုင်းမှာ Eligible Population (စစ်ပေးသင့်သူ) လို့ခေါ်တာပေါ့နော်၊ စစ်ပေးရမယ့် သူတွေကလည်း Other Group (အခြားအုပ်စု) တွေမှာ စစ်ရတာကိုး၊ ဥပမာ Truck Driver (ကုန်တင်ကားမောင်းသူ) လိုဟာမျိုးတွေ၊ ပြီးတော့ ရွေးကောက်ပွဲအတွက် အုပ်စုတွေလည်း စစ်တယ်၊ အထူးရဲလိုဟာမျိုးပေါ့၊ အများကြီးစစ်ရတယ်။ ပြီးတော့ Contact Tracing (ထိတွေ့သူခြေရာခံမိသူ) တွေလည်း စစ်တယ်၊ စစ်ဆေးတဲ့ဟာ များတယ်ပေါ့။ အခုနောက်ပိုင်းကျတော့ တချို့ဟာ တော်တော်များများလည်း စစ်ဆေးပြီးဖြစ်ပြီပေါ့။ အဲဒီအခါကျတော့ နေ့စဉ် နေ့စဉ် ဒီ တရက်နှစ်ရက်သုံးရက်အတွင်း စစ်ဆေးရတဲ့ Load (ပမာဏ) က နည်းနေတာပေါ့။

“နောက်တခုက Case (လူနာ) များလာလေလေ Contact Tracing (ထိတွေ့သူခြေရာခံမိတာ) က များများစစ်ရလေပေါ့။ ကွာရမ်တင်းစင်တာတွေ ရောက်တာ များနေလို့။ အခုကျတော့ Case (လူနာ) နည်းတာနဲ့အမျှ Contact (ထိတွေ့သူ) ပိုင်း စစ်ရတာနည်းတယ်။ လူနာတွေ နည်းလေလေ၊ Contact တွေ နည်းလေလေ၊ ကွာရမ်တင်းတွေ နည်းလေလေပေါ့။ အဲဒီအခါကျရင် စစ်ရတာလည်း နည်းတာပေါ့။ နောက်တခုက ဒီနေရာမှာ Absolute Number (ဂဏန်းအတိအကျ) တွေ ကြည့်တာနဲ့စာရင် ကျနော်တို့က Possibility Rate (ဖြစ်နှုန်း) လေးတွေ ကြည့်စေချင်တာပေါ့။ ပိုးတွေ့တဲ့နှုန်းက ကျတယ်။ မနေ့ကဆိုရင် ၈,၀၀၀ ကျော် စစ်တဲ့အထဲမှာ ၆၉၉ ဆိုတော့ ၁၀ ရာခိုင်နှုန်းအောက်ကို ကျတယ်။”

ကိုဝင်းမင်း - ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အရာရှိတွေကို စစ်ဆေးရာမှာလည်း ခုန အထူးရဲတို့၊ ဝန်ထမ်းတွေရောပေါ့၊ ထူးခြားမှုရော ရှိခဲ့လား။

ဒေါက်တာသန်းနိုင်စိုး - “ထူးထူးခြားခြားတော့ မရှိပါဘူး။ သူက ပိုးတွေ့တာများတဲ့ ဧရိယာလေးတွေမှာတော့ နည်းနည်းတွေ့တယ်။ ဒါပေမယ့် Cluster (အစု) လေးတွေပါပဲ၊ နည်းနည်းလေးတွေပါပဲ။ အများကြီး သိပ်စိုးရိမ်ကောင်းလောက်အောင် အနေအထား ပိုးတွေ့နှုန်း ၅ ရာခိုင်နှုန်းတို့ ၁၀ ရာခိုင်နှုန်းတို့ မရှိပါဘူး။ အများဆုံးတွေ့တဲ့ အနေအထားမှ ၂ ရာခိုင်နှုန်း၊ ၃ ရာခိုင်နှုန်းပေါ့။ ဒါလည်း သူ့ Cluster အုပ်စုတွေမှာပဲတွေ့တာ။ တခြားဧရိယာ သူနဲ့ ဆက်စပ်မှုမရှိဘူးဆိုရင် မတွေ့ဘူးပေါ့။”

ကိုဝင်းမင်း - ဒီနေရာမှာ သေဆုံးမှုလည်း တစုံတရာ ကျလာတဲ့သဘော တွေ့ရပါတယ်။ အဲဒီအပေါ်မှာရော ဘယ်လို ထူးခြားမှု တွေ့မိလဲ။

ဒေါက်တာသန်းနိုင်စိုး - “သေနှုန်းကလည်းကျတယ်။ အရင်တုန်းကလိုမျိုး ၃၀ ကျော် အနေအထားကနေ ၂၀ ကျော်၊ အဲလိုအနေအထားတွေ ကျလာတယ်။ ဒါလည်း ကောင်းတဲ့အချက်ပေါ့။ ဘယ်နေရာမှာ သိသာလဲဆိုတော့ ဆေးရုံတွေမှာ နေရာလွတ်တွေ စတွေ့လာရတယ်။ ICU (အထူးကြပ်မတ်ကုသဆောင်) မှာတော့ နေရာလွတ်က နည်းနည်းရှားသေးတယ်၊ ပြင်းထန်တဲ့လူတွေကလည်း ရှိသေးတဲ့အခါကျတော့။ တဖက်က ရိုးရိုးလူနာတွေထားတဲ့ အနေအထားမှာ ကုတင်လေးတွေ တဖြည်းဖြည်း လွတ်လာတာ တွေ့ရတယ်။ အဲဒါလေးတွေကတော့ ကောင်းတဲ့အချက်ပေါ့။ ဆိုးတဲ့အချက်ကတော့ တချို့နေရာတွေမှာ Clusters (အစုလေးတွေ) အလိုက် တွေ့ရသေးတယ်။ အထူးသဖြင့် ဘိုးဘွားရိပ်သာပေါ့။ ဒီရက်ပိုင်းအတွင်းပဲ သန်လျင်ဘက်က အဘိုးအဘွားတွေ စုနေတဲ့ နေရာတခုမှာ Clusters of Cases (လူနာအစုလေးတွေ) တွေ တွေ့နေရတယ်။ အဲဒီဟာကတော့ တော်တော်အရေးကြီးတယ်။ အဘိုးအဘွားတွေဆိုတော့ Vulnerable Population (ထိလွယ်ခိုက်လွယ်တဲ့သူတွေ) လည်းဖြစ်တယ်။ တဦးနဲ့တဦး နီးနီးကပ်ကပ်လည်း နေတယ်။ အုပ်စုလိုက်လည်း နေတယ်ဆိုတော့၊ ဒီနေရာမှာ ဆက်မဖြစ်အောင် တော်တော်ထိန်းသိမ်းသွားရမယ့် အနေအထားပေါ့။”

ကိုဝင်းမင်း - အဲဒီတော့ ခုန သေဆုံးမှု လျော့ကျရခြင်း အကြောင်းရင်းမှာ အရင်တုန်းက ကားတိုက်မှုကြောင့်လို တခြားအကြောင်းကြောင့် သေခဲ့တဲ့လူတွေကို ကိုဗစ်ပိုးစစ်လို့ တွေ့ရင် ကိုဗစ်ကြောင့် သေဆုံးရသူတွေအထဲ ရောထည့်ခဲ့တဲ့ အနေအထားကနေ အခုတော့ ကိုဗစ်သီးသန့်ကြောင့် သေဆုံးရသူတွေကိုပဲ ထည့်တာနဲ့၊ နောက် အခုလို ဆေးရုံတွေမှာ ကုတင်တွေပါ များလာပြီးတော့ ထိထိရောက်ရောက် ကုသနိုင်တာလည်း ပါမှာပေါ့ ဆရာ၊ နောက်ရော အဓိက။

ဒေါက်တာသန်းနိုင်စိုး - “အဓိကတော့ ကိုဗစ်ကလည်း အခုဆို ၁၀ လသား၊ ၁၁ လသားတောင် ဖြစ်တော့မယ်ပေါ့နော်၊ တဖြည်းဖြည်းနဲ့ သူကလည်း၊ ဒီလိုမျိုး အနေအထားမျိုးမှာ ကုသမှု အတိအကျကြီး ပြောလို့မရပေမယ့် ကုသထောက်ကူတဲ့ ပစ္စည်းတွေပေါ့၊ ဥပမာ အောက်ဆီဂျင် အရမ်းကောင်းတဲ့ကိစ္စတွေ၊ Dexamethasone ကောင်းတဲ့ကိစ္စတွေ၊ သွေးကျဲဆေး ဟာမျိုးတွေပေါ့။ တချို့နေရာတွေမှာ Remdesivir တွေကလည်း ထိရောက်နေတာပေါ့၊ သွေးရည်ကြည်ကုထုံးလို ဟာမျိုးတွေပေါ့။”

ကိုဝင်းမင်း - ကျေးဇူးအများကြီးတင်ပါတယ် ဆရာ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG