သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႀကိဳတင္မဲေကာက္ယူမႈ လဲြမွားမႈတခ်ိဳ႕ ၾကံဳေနရ


ရန္ကုန္ၿမိဳ႕တြင္ အသက္ ၆၀ အထက္ လူႀကီးမ်ား ၾကိဳတင္ မဲေပးၾကသည့္ ျမင္ကြင္းတခ်ိဳ႕။ (ေအာက္တိုဘာ ၂၉၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ လာမယ့္ ေ႐ြးေကာက္ပြဲအတြက္ ႀကိဳတင္မဲေပးတဲ့ လုပ္ငန္းစဥ္ စတင္ေနခ်ိန္မွာပဲ လြဲမွားမႈေတြ ေတြ႕ေနရတဲ့အတြက္ အကဲခတ္ေတြ စိုးရိမ္ေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မေမခက သတင္းေပးပို႔ထားပါတယ္။

ကပ္ေရာဂါကာလ က်င္းပမယ့္ ေ႐ြးေကာက္ပြဲမွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေ႐ြးေကာက္ပြဲေန႔မွာ မဲမေပးႏိုင္တဲ့သူေတြအတြက္ ႀကိဳတင္မဲေတြ ၿပီးခဲ့တဲ့ သီတင္းပတ္ကစ ေကာက္ယူရာမွာ အခက္အခဲေတြ၊ လြဲမွားမႈေတြနဲ႔ မသမာမႈသတင္းေတြနဲ႔အတူ စိုးရိမ္မႈေတြလည္း ထြက္ေပၚလာေနတာပါ။ မဲစာအိတ္ေတြ ေပါက္ၿပဲေနတာ၊ မဲေပးရာမွာသုံးတဲ့ တံဆိပ္တုံးေတြကို အတုေတြနဲ႔ လဲလွယ္ထားတယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚေနတာေတြေၾကာင့္ ပယ္မဲျဖစ္မွာကို စိတ္ပူေနသူေတြလည္း ရွိပါတယ္။ ဒီလိုႀကိဳတင္မဲေပးရာမွာ အျငင္းပြားစရာေတြ၊ မသမာမႈသတင္းေတြေၾကာင့္ ေ႐ြးေကာက္ပြဲ လုပ္ငန္းစဥ္ကို ထိခိုက္မွာ စိုးရိမ္တယ္လို႔လည္း ေ႐ြးေကာက္ပြဲ ေစာင့္ၾကည့္ ေလ့လာေရး အရပ္ဘက္ လူ႔အဖြဲ႕အစည္းေတြတခုျဖစ္တဲ့ New Myanmar Foundation က ေဒၚျမနႏၵာသင္း ကေျပာပါတယ္။

"ႀကိဳတင္မဲေတြနဲ႔ ပတ္သတ္လို႔ က်မတို႔မွာ စိုးရိမ္စိတ္ေတြ ရွိပါတယ္။ မေန႔ကဆိုလည္း နာမည္တခုထဲကိုပဲ မဲစလစ္ေတြ တူေနတာမ်ိဳးေတြရွိတယ္။ မဲစလစ္ေတြတူေနေတာ့ မဲ ၂ ႀကိမ္ ၃ႀကိမ္ေပးႏိုင္တာရွိလာႏိုင္တယ္။ ႀကိဳတင္မဲက မွင္မတို႔ေတာ့ ဒီလိုျပႆနာေတြ ရွိႏိုင္တယ္။ ေနာက္က်မတို႔ ဥပေဒျပင္ထားတာ ရွိတယ္။ ႀကိဳတင္မဲ ေပးၿပီး သူေတြကို မဲစာရင္း ထဲကေန ျခစ္ထုတ္ရမယ္ဆိုတာမ်ိဳး၊ အဲဒီအေျခအေနေတြကေရာ တကယ္တမ္းေ႐ြးေကာက္ပြဲေန႔မွာျဖစ္ေနႏိုင္ပါ့မလား။ အားလုံးအတြက္ေနာက္ဆက္တြဲ မလိုလားအပ္တာေတြ ျဖစ္လာႏိုင္တယ္ဆိုေတာ့ ဒီစိုးရိမ္မႈ တခ်ိဳ႕ရွိတယ္လို႔ေျပာခ်င္ပါတယ္။ မဲဆႏၵရွင္ေတြက မဲေပးရယ္သားနဲ႔ တခုခုေၾကာင့္ပယ္မဲေတြျဖစ္သြားတာ၊ ႀကိဳတင္မဲရဲ႕ရလဒ္ေတြ အေပၚမွာ လက္မခံႏိုင္ျဖစ္ၿပီးေတာ့ အျငင္းပြားမႈ တခ်ိဳ႕ေသာ ကိုယ္စားလွယ္ေလာင္းေတြရဲ႕ ေ႐ြးေကာက္ပြဲရလဒ္ကို ကန႔္ကြက္တာမ်ိဳးေတြ ရွိလာႏိုင္မယ္လို႔ က်မတို႔ စိတ္ပူပန္ေနတာေတြေတာ့ ရွိပါတယ္။"

အသက္ ၆၀ နဲ႔အထက္ သက္ႀကီးပိုင္းေတြ၊ က်န္းမာေရး မေကာင္းသူေတြ ေ႐ြးေကာက္ပြဲေန႔မွာ မဲေပးဖို႔ အခက္အခဲရွိတဲ့ ႏိုင္ငံဝန္ထမ္းေတြ ကပ္ေရာဂါကာလ မဲဆႏၵနယ္ေျမျပင္ပ ေရာက္ေနသူေတြ အပါအဝင္ ႀကိဳတင္မဲေပးခြင့္ ရွိသူေတြ ဒီႏွစ္မွာ ပိုမ်ားမယ့္ အလားအလာ ရွိေနခ်ိန္မွာပဲ အျငင္းပြားစရာ သတင္းေတြလည္း ထြက္ေပၚလာေနတာပါ။

သက္ႀကီးပိုင္းေတြ မဲလက္မွတ္ေပၚမွာ အမွန္ျခစ္ တံဆိပ္တုံးႏွိပ္ၿပီး ဆႏၵျပဳရမယ့္အစား ေဘာပင္နဲ႔ အမွန္ျခစ္ၿပီး မဲထည့္ခဲ့ၾကတာေတြေၾကာင့္ ပယ္ဖ်က္ခံရမွာကို စိုးရိမ္မႈေတြ ထြက္ေပၚလာၿပီး ေနာက္မွာေတာ့ ဒီလိုမဲေတြကို ေ႐ြးေကာက္ပြဲ တာဝန္ရွိသူေတြရဲ႕ မွတ္ခ်က္နဲ႔ လက္ခံမွာျဖစ္ေၾကာင္း ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္က ေအာက္တိုဘာလ ၃၀ ရက္ေန႔မွာပဲ သတင္းထုတ္ျပန္ ထားပါတယ္။

မဲထည့္ထားတဲ့ စာအိတ္ေတြကို ေသခ်ာ ပိတ္မထားတာ၊ ေကာ္ကပ္ရာမွာ မဲလက္မွတ္မွာ အစြန္းအထင္းေတြ ျဖစ္ေပၚတာနဲ႔ ေကာ္မရွင္ တာဝန္ရွိသူေတြ စာအိတ္ေတြကို ဖြင့္ေဖာက္တဲ့ အခါ မဲလက္မွတ္ စုတ္ၿပဲတာေတြ ရွိခဲ့ရင္လည္း ပယ္မဲအျဖစ္ သတ္မွတ္မွာ မဟုတ္ဘူးလို႔ ေျပာပါတယ္။

တခ်ိန္တည္းမွာပဲ ႀကိဳတင္မဲေပးတဲ့ လုပ္ငန္းစဥ္ ယာယီရပ္ဆိုင္းထားရတဲ့အထိ ပဋိပကၡျဖစ္စဥ္ေတြ ရွိေနသလို ေ႐ြးေကာက္ပြဲ လုပ္ငန္းစဥ္မွာ လိုက္ပါကူညီသူေတြၾကားမွာလည္း အျငင္းပြားစရာ ကိစၥေတြ ရွိေနတယ္လို႔ မြန္ျပည္နယ္ေ႐ြးေကာက္ပြဲ ေစာင့္ၾကည့္ေလ့လာ ေရးအဖြဲ႕က ဦးေမာင္ေဇာ္ထြန္းကေျပာပါတယ္။

"မဲလိုက္ကူေပးတဲ့လူေတြမွာ ပါတီအလံေတြ၊ ပါတီအက်ီေတြ၊ ဝတ္တာေတြ၊ တခ်ိဳ႕ေနရာေတြမွာ ေတြ႕ရတယ္။ ၫႊန္ၾကားခ်က္ထဲေတာ့ မပါဘူး။ ရႈံးႏိုင္တဲ့ပါတီေတြက ဒါေတြကို အေထာက္အထားအေနနဲ႔ တင္ရင္ ေကာ္မရွင္ကေန ရလဒ္ ေၾကျငာၿပီးတဲ့အခါမွာ ဘယ္လိုဆုံးျဖတ္မလဲဆိုတဲ့ဟာကလည္း ပရိပကၡ တခု ျဖစ္လာႏိုင္တယ္လို႔ ျမင္တယ္ေပါ့ေနာ္။"

လြတ္လပ္မွ်တတဲ့ အေျခအေန မရွိဘူးဆိုၿပီး မဲဆႏၵနယ္ေျမ ေတာ္ေတာ္မ်ားမ်ားကို ပယ္ဖ်က္ထားတဲ့ ရခိုင္ျပည္နယ္မွာေတာ့ မဲေပးခြင့္ရမယ့္သူ ၃ ပုံ ၁ ပုံသာ က်န္ေပမဲ့ ကပ္ေရာဂါနဲ႔ စစ္ေဘးဒဏ္ၾကား မဲေပးခြင့္ အျပည့္အဝ ရႏိုင္ပါ့မလား စိုးရိမ္မႈေတြလည္း ရွိေနပါတယ္။ တခ်ိန္တည္းမွာပဲ ေ႐ြးေကာက္ပြဲ လုပ္ငန္းစဥ္မွာ အားနည္းခ်က္ေတြကိုလည္း ေတြ႕ေနရတယ္လို႔ ရခိုင္ျပည္နယ္ ေ႐ြးေကာက္ပြဲ ေစာင့္ၾကည့္ေရးအဖြဲ႕က ခိုင္ေကာင္းစံက ေျပာပါတယ္။

"ေ႐ြးေကာက္ပြဲတခုက လြတ္လပ္ၿပီးတရားမွ်တတဲ့ ေ႐ြးေကာက္ပြဲျဖစ္ဖို႔ အရမ္းအေရးႀကီးပါတယ္။ ရခိုင္မွာေတာ့ ေ႐ြးေကာက္ပြဲက လြတ္လပ္မွ်တတဲ့ ေ႐ြးေကာက္ပြဲမျဖစ္ႏိုင္ဘူး။ မဲဆႏၵရွင္ ၃ ပုံ၁ ပုံမဲမေပးႏိုင္ဘူး။ မဲေတြကေရာ လုံၿခဳံမႈ ရွိလား။ ပလက္စတစ္အိတ္ကို ကပ္ၿပီးပို႔လိုက္တယ္။ အဲဒီကပ္တာ အခ်ိန္မေ႐ြးျဖဳတ္ရတယ္။ ေသာ့ခေလာက္စနစ္ ေတာင္မဟုတ္ဘူး။ အဲ့ဒီေတာ့ လာမယ့္ေ႐ြးေကာက္ပြဲရလဒ္၊ ႀကိဳတင္မဲ သမာသမတ္က်မႈ ရာခိုင္ႏႈန္းကို ေျပာမယ္ဆိုရင္ ေတာ္ေတာ္ေလးနည္းမယ္လို႔ထင္ပါတယ္။"

ႏိုဝင္ဘာလ ၈ ရက္ေန႔မွာ က်င္းပမယ့္ ေ႐ြးေကာက္ပြဲမွာေတာ့ ႏိုင္ငံေရးပါတီေပါင္း ၉၀ ေက်ာ္နဲ႔ တသီးပုဂၢလ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမွာျဖစ္ၿပီး မဲေပးခြင့္ရွိသူ ၃၇ သန္းေက်ာ္ ရွိမယ္လို႔လည္း ေ႐ြးေကာက္ပြဲ ေကာ္မရွင္က ခန႔္မွန္းထားေပမဲ့ လြတ္လပ္မွ်တတဲ့ အေျခအေနမရွိဘူးဆိုၿပီး တိုင္းနဲ႔ျပည္နယ္ ၆ ခုက မဲဆႏၵနယ္ေျမေတြကို ေ႐ြးေကာက္ပြဲ မက်င္းပဖို႔ ေၾကညာထားတဲ့အတြက္ မဲဆႏၵရွင္ ခန႔္မွန္းေျခ ၁,၀၀၀,၀၀၀ ေက်ာ္ မဲေပးခြင့္ဆုံးရႈံးမယ့္ အေျခအေနမွာ ရွိေနပါတယ္။

ႀကိဳတင္မဲေကာက္ယူမႈ လဲြမွားမႈတခ်ိဳ႕ ၾကံဳေနရ
please wait

No media source currently available

0:00 0:04:38 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကြိုတင်မဲကောက်ယူမှု လွဲမှားမှုတချို့ ကြုံနေရ

မြန်မာနိုင်ငံမှာ လာမယ့် ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးတဲ့ လုပ်ငန်းစဉ် စတင်နေချိန်မှာပဲ လွဲမှားမှုတွေ တွေ့နေရတဲ့အတွက် အကဲခတ်တွေ စိုးရိမ်နေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

ကပ်ရောဂါကာလ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အကြောင်းအမျိုးမျိုးကြောင့် ရွေးကောက်ပွဲနေ့မှာ မဲမပေးနိုင်တဲ့သူတွေအတွက် ကြိုတင်မဲတွေ ပြီးခဲ့တဲ့ သီတင်းပတ်ကစ ကောက်ယူရာမှာ အခက်အခဲတွေ၊ လွဲမှားမှုတွေနဲ့ မသမာမှုသတင်းတွေနဲ့အတူ စိုးရိမ်မှုတွေလည်း ထွက်ပေါ်လာနေတာပါ။ မဲစာအိတ်တွေ ပေါက်ပြဲနေတာ၊ မဲပေးရာမှာသုံးတဲ့ တံဆိပ်တုံးတွေကို အတုတွေနဲ့ လဲလှယ်ထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာတွေကြောင့် ပယ်မဲဖြစ်မှာကို စိတ်ပူနေသူတွေလည်း ရှိပါတယ်။ ဒီလိုကြိုတင်မဲပေးရာမှာ အငြင်းပွားစရာတွေ၊ မသမာမှုသတင်းတွေကြောင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို ထိခိုက်မှာ စိုးရိမ်တယ်လို့လည်း ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး အရပ်ဘက် လူ့အဖွဲ့အစည်းတွေတခုဖြစ်တဲ့ New Myanmar Foundation က ဒေါ်မြနန္ဒာသင်း ကပြောပါတယ်။

"ကြိုတင်မဲတွေနဲ့ ပတ်သတ်လို့ ကျမတို့မှာ စိုးရိမ်စိတ်တွေ ရှိပါတယ်။ မနေ့ကဆိုလည်း နာမည်တခုထဲကိုပဲ မဲစလစ်တွေ တူနေတာမျိုးတွေရှိတယ်။ မဲစလစ်တွေတူနေတော့ မဲ ၂ ကြိမ် ၃ကြိမ်ပေးနိုင်တာရှိလာနိုင်တယ်။ ကြိုတင်မဲက မှင်မတို့တော့ ဒီလိုပြဿနာတွေ ရှိနိုင်တယ်။ နောက်ကျမတို့ ဥပဒေပြင်ထားတာ ရှိတယ်။ ကြိုတင်မဲ ပေးပြီး သူတွေကို မဲစာရင်း ထဲကနေ ခြစ်ထုတ်ရမယ်ဆိုတာမျိုး၊ အဲဒီအခြေအနေတွေကရော တကယ်တမ်းရွေးကောက်ပွဲနေ့မှာဖြစ်နေနိုင်ပါ့မလား။ အားလုံးအတွက်နောက်ဆက်တွဲ မလိုလားအပ်တာတွေ ဖြစ်လာနိုင်တယ်ဆိုတော့ ဒီစိုးရိမ်မှု တချို့ရှိတယ်လို့ပြောချင်ပါတယ်။ မဲဆန္ဒရှင်တွေက မဲပေးရယ်သားနဲ့ တခုခုကြောင့်ပယ်မဲတွေဖြစ်သွားတာ၊ ကြိုတင်မဲရဲ့ရလဒ်တွေ အပေါ်မှာ လက်မခံနိုင်ဖြစ်ပြီးတော့ အငြင်းပွားမှု တချို့သော ကိုယ်စားလှယ်လောင်းတွေရဲ့ ရွေးကောက်ပွဲရလဒ်ကို ကန့်ကွက်တာမျိုးတွေ ရှိလာနိုင်မယ်လို့ ကျမတို့ စိတ်ပူပန်နေတာတွေတော့ ရှိပါတယ်။"

အသက် ၆၀ နဲ့အထက် သက်ကြီးပိုင်းတွေ၊ ကျန်းမာရေး မကောင်းသူတွေ ရွေးကောက်ပွဲနေ့မှာ မဲပေးဖို့ အခက်အခဲရှိတဲ့ နိုင်ငံဝန်ထမ်းတွေ ကပ်ရောဂါကာလ မဲဆန္ဒနယ်မြေပြင်ပ ရောက်နေသူတွေ အပါအဝင် ကြိုတင်မဲပေးခွင့် ရှိသူတွေ ဒီနှစ်မှာ ပိုများမယ့် အလားအလာ ရှိနေချိန်မှာပဲ အငြင်းပွားစရာ သတင်းတွေလည်း ထွက်ပေါ်လာနေတာပါ။

သက်ကြီးပိုင်းတွေ မဲလက်မှတ်ပေါ်မှာ အမှန်ခြစ် တံဆိပ်တုံးနှိပ်ပြီး ဆန္ဒပြုရမယ့်အစား ဘောပင်နဲ့ အမှန်ခြစ်ပြီး မဲထည့်ခဲ့ကြတာတွေကြောင့် ပယ်ဖျက်ခံရမှာကို စိုးရိမ်မှုတွေ ထွက်ပေါ်လာပြီး နောက်မှာတော့ ဒီလိုမဲတွေကို ရွေးကောက်ပွဲ တာဝန်ရှိသူတွေရဲ့ မှတ်ချက်နဲ့ လက်ခံမှာဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အောက်တိုဘာလ ၃၀ ရက်နေ့မှာပဲ သတင်းထုတ်ပြန် ထားပါတယ်။

မဲထည့်ထားတဲ့ စာအိတ်တွေကို သေချာ ပိတ်မထားတာ၊ ကော်ကပ်ရာမှာ မဲလက်မှတ်မှာ အစွန်းအထင်းတွေ ဖြစ်ပေါ်တာနဲ့ ကော်မရှင် တာဝန်ရှိသူတွေ စာအိတ်တွေကို ဖွင့်ဖောက်တဲ့ အခါ မဲလက်မှတ် စုတ်ပြဲတာတွေ ရှိခဲ့ရင်လည်း ပယ်မဲအဖြစ် သတ်မှတ်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

တချိန်တည်းမှာပဲ ကြိုတင်မဲပေးတဲ့ လုပ်ငန်းစဉ် ယာယီရပ်ဆိုင်းထားရတဲ့အထိ ပဋိပက္ခဖြစ်စဉ်တွေ ရှိနေသလို ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ လိုက်ပါကူညီသူတွေကြားမှာလည်း အငြင်းပွားစရာ ကိစ္စတွေ ရှိနေတယ်လို့ မွန်ပြည်နယ်ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာ ရေးအဖွဲ့က ဦးမောင်ဇော်ထွန်းကပြောပါတယ်။

"မဲလိုက်ကူပေးတဲ့လူတွေမှာ ပါတီအလံတွေ၊ ပါတီအကျီတွေ၊ ဝတ်တာတွေ၊ တချို့နေရာတွေမှာ တွေ့ရတယ်။ ညွှန်ကြားချက်ထဲတော့ မပါဘူး။ ရှုံးနိုင်တဲ့ပါတီတွေက ဒါတွေကို အထောက်အထားအနေနဲ့ တင်ရင် ကော်မရှင်ကနေ ရလဒ် ကြေငြာပြီးတဲ့အခါမှာ ဘယ်လိုဆုံးဖြတ်မလဲဆိုတဲ့ဟာကလည်း ပရိပက္ခ တခု ဖြစ်လာနိုင်တယ်လို့ မြင်တယ်ပေါ့နော်။"

လွတ်လပ်မျှတတဲ့ အခြေအနေ မရှိဘူးဆိုပြီး မဲဆန္ဒနယ်မြေ တော်တော်များများကို ပယ်ဖျက်ထားတဲ့ ရခိုင်ပြည်နယ်မှာတော့ မဲပေးခွင့်ရမယ့်သူ ၃ ပုံ ၁ ပုံသာ ကျန်ပေမဲ့ ကပ်ရောဂါနဲ့ စစ်ဘေးဒဏ်ကြား မဲပေးခွင့် အပြည့်အဝ ရနိုင်ပါ့မလား စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ တချိန်တည်းမှာပဲ ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ အားနည်းချက်တွေကိုလည်း တွေ့နေရတယ်လို့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့က ခိုင်ကောင်းစံက ပြောပါတယ်။

"ရွေးကောက်ပွဲတခုက လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အရမ်းအရေးကြီးပါတယ်။ ရခိုင်မှာတော့ ရွေးကောက်ပွဲက လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲမဖြစ်နိုင်ဘူး။ မဲဆန္ဒရှင် ၃ ပုံ၁ ပုံမဲမပေးနိုင်ဘူး။ မဲတွေကရော လုံခြုံမှု ရှိလား။ ပလက်စတစ်အိတ်ကို ကပ်ပြီးပို့လိုက်တယ်။ အဲဒီကပ်တာ အချိန်မရွေးဖြုတ်ရတယ်။ သော့ခလောက်စနစ် တောင်မဟုတ်ဘူး။ အဲ့ဒီတော့ လာမယ့်ရွေးကောက်ပွဲရလဒ်၊ ကြိုတင်မဲ သမာသမတ်ကျမှု ရာခိုင်နှုန်းကို ပြောမယ်ဆိုရင် တော်တော်လေးနည်းမယ်လို့ထင်ပါတယ်။"

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာတော့ နိုင်ငံရေးပါတီပေါင်း ၉၀ ကျော်နဲ့ တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်တွေ ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး မဲပေးခွင့်ရှိသူ ၃၇ သန်းကျော် ရှိမယ်လို့လည်း ရွေးကောက်ပွဲ ကော်မရှင်က ခန့်မှန်းထားပေမဲ့ လွတ်လပ်မျှတတဲ့ အခြေအနေမရှိဘူးဆိုပြီး တိုင်းနဲ့ပြည်နယ် ၆ ခုက မဲဆန္ဒနယ်မြေတွေကို ရွေးကောက်ပွဲ မကျင်းပဖို့ ကြေညာထားတဲ့အတွက် မဲဆန္ဒရှင် ခန့်မှန်းခြေ ၁,၀၀၀,၀၀၀ ကျော် မဲပေးခွင့်ဆုံးရှုံးမယ့် အခြေအနေမှာ ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG